ဆရာတော် အရှင် ဆန္ဒာဓိက က … ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တဲ့ သံဃာတော်ပါ

ဆရာတော် အရှင် ဆန္ဒာဓိက က …

“ကျောင်းသားနဲ့ပြည်သူတွေကြောင့်ဆူပူအကြမ်းဖက်မှုဖြစ်စရာမရှိဘူး
နေ့စားကြေးယူပြီးခိုင်းတာလုပ်တဲ့လူတစ်စုကြောင့်သာ ဆူပူအကြမ်းဖက်မှု ဖြစ်နိုင်တာပါ
သက်ဆိုင်ရာက ဒီလိုလူတွေကို အဲဒီလိုမခိုင်းဖို့ဘဲ အရေးကြီးပါတယ်။ မေတ္တာကြီးကြီးထားပြီး နားလည်ခွင့်လွှတ်ပေးလိုက်ရင် ကျောင်းသားသပိတ်ဟာ အေးအေးချမ်းချမ်းနဲ့ အမြန်ဆုံးပြီးဆုံးသွားပါလိမ့်မယ်။”

“အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ကိုယ့်သားသမီးအရွယ် ကျောင်းသားလူငယ်တွေကို သားသမီးချင်းကိုယ်ချင်းစာပြီး အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်းကြဖို့ အထူးမေတ္တာရပ်ခံချင်ပါတယ်။
နိုင်ငံမှာဒီမိုကရေစီစနစ်အမှန်တကယ်ထွန်းကားစေချင်တယ်ဆိုရင် ဒီမိုကရေစီပညာရေးအတွက် ဒီမိုကရေစီစိတ်ဓာတ်နဲ့ အပင်ပန်းအဆင်းရဲခံပြီး ချီတက်လမ်းလျှောက်ကြတဲ့ ကျောင်းသားကျောင်းသူတွေကို နိုင်ငံ့အကြီးအကဲအားလုံးက ဂုဏ်ယူဝမ်းမြောက်စိတ်နဲပ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆိုသင့်ပါတယ်။
ရန်ကုန်မြို့ထဲဝင်လာတဲ့ သပိတ်စစ်ကြောင်း ကျောင်းသား၊ ကျောင်းသူတွေကို ဒေသဆိုင်ရာအကြီးအကဲတွေက အောင်စံပယ်ပန်းကုံးတွေစွပ်၊ အောင်သပြေပန်းစည်းတွေကမ်းပြီးတော့တောင် အပြုံးပန်းတဝေေ၀နဲ့ ကြိုဆိုသင့်တာပါ”

လို့ပြောခဲ့တယ်။

သီတဂူဆရာတော်လို မိဘရင်ခွင်ကို အေးအေးချမ်းချမ်းပြန်ပါတော့လို့မပြောသွားဘူး။ ဆရာတော်အရှင်ဆန္ဒာဓိကပြောသွားတာရှင်းတယ်။ အစိုးရကိုပဲ တိုက်ရိုက်ရည်ညွှန်းသွားတာ။ ကျောင်းသားတွေဘက်က အပြည့်အ၀ကာကွယ်ပြီးပြောသွားတယ်။ ကျောင်းသားလေးတွေကို မိဘပြည်သူတွေတင်မကပဲ ဒေသဆိုင်ရာအကြီးအကဲတွေကိုတောင် အောင်စံပယ်ပန်းကုံးတွေစွပ်၊ အောင်သပြေပန်းစည်းတွေကမ်းပြီး အပြုံးပန်းတဝေေ၀နဲ့ ကြိုဆိုခိုင်းသွားတယ်။

ဘယ်သူက ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တဲ့ သံဃာတော်ပါလဲ။ အဖွဲ့အစည်းအနှောင့်အသွားလွတ်တာ ဘယ်သံဃာတော်ပါလဲ။ အရှင်ဆန္ဒာဓိကဟာ နေရာတိုင်းမှာ လူစွာဝင်မလုပ်တတ်ဘူး။ မှတ်မှတ်ရရ ၄၃၆တုန်းက တစ်ခါပြောတယ်၊ အခု ကျောင်းသားသပိတ်မှာတစ်ခါပြောပါတယ်။

သူ့မျက်နှာလေးကြည့်ရင် အေးချမ်းတယ်။ အပူအလောင်ကင်းတယ်။ အဆီတ၀င်းဝင်းနဲ့ မို့အစ်မနေဘူး။ ကျနော်လေးစားရတဲ့ သံဃာတော်တစ်ပါးလည်းဖြစ်ပါတယ်။

One Response to “ဆရာတော် အရှင် ဆန္ဒာဓိက က … ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တဲ့ သံဃာတော်ပါ”

  1. Rebuttal to the Racist Bama Buddhist attacking my fellow Muslim doctor cum Human Rights Activist | Dr. Abdul Rahman Zafrudin @ Ko Ko Gyi Says:

    […] […]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: