ပိုငွေကို လုပ်ငန်းလုပ်ချင်တဲ့ မုစ်လင်မ်တွေကို အတိုးမဲ့ချေးဗျာ။ ကာလတစ်ခုအတွင်း အရစ်ကျ ပြန်ဆပ်ခိုင်း

ဗလီတစ်ခုရဲ့ အပေါ်ထပ် အသံပတ်လည်စနစ် တပ်ဆင်ဖို့ ကုန်ကျငွေ စာရင်းတစ်ခု မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။ အမ်ပလီဖိုင်ယာ နှစ်လုံး 4,500,000 ကျပ်။ စပီကာ ကိုးလုံး 6,300,000 ကျပ်။ မျက်စေ့ပွတ်ပြီး ပြန်ကြည့်တယ်။ သုညတွေကို သေချာပြန်ရေတယ်။ ခုဆယ်ရာထောင် ဗမာလို ပြန်တွက်ကြည့်တယ်။ သေချာတယ်။ ပထမ လေးဆယ့်ငါးသိန်း၊ ဒုတိယ ခြောက်ဆယ့်သုံးသိန်း။ ထပ်မေးတယ်။ ဟုတ်တယ်ဘိုင်။ ဒါက အမှန်အကန်တွေ တပ်ထားတာ။… တဲ့။ ဗမာပြေ ရန်ကုန်မြို့က မောင်ထော်လေးလမ်းမှာ ပြည်တွင်းဖြစ် ဝယ်တပ်ရင် အားလုံးပေါင်း ငါးသိန်းလောက်ပဲ ကျမယ်။ ထန်ကုန် ဆယ်သိန်းပေါ့။ ပိုငွေကို လုပ်ငန်းလုပ်ချင်တဲ့ မုစ်လင်မ်တွေကို အတိုးမဲ့ချေးဗျာ။ ကာလတစ်ခုအတွင်း အရစ်ကျ ပြန်ဆပ်ခိုင်း။ အဲလိုမျိုးကျ ဘယ်သူဌေးမှ မတွေးဘူး။ အလုပ်လုပ်ချင်တဲ့ မုစ်လင်မ်တွေခမျာ ဟိန္ဒူနဲ့ တရုတ်တွေဆီက သုံးကျပ်တိုး၊ ငါးကျပ်တိုး၊ ခုနစ်ကျပ်တိုး၊ တစ်ဆယ်တိုးနဲ့ ပိုက်ဆံချေးပြီး အလုပ်လုပ်နေရရှာတယ်။

ဒါက တစ်ခုပဲပြောပြတာ။ တစ်သောင်းတန်ကြွေပြားတို့၊ သိန်းခုနစ်ရာတန် မင်မ်ဗရ်တို့၊ သိန်းတစ်ရာတန် မီးဆိုင်းတို့၊ တစ်ချပ်ကို ဆယ်သိန်းတန် ကော်ဇောတို့ ကျန်သေးတယ်။ ဗလီတွေကို စည်ကားချင်ရင် မတ်စ်ဂျိဒ်ဝါးလ်မဟ်နသ်မှာ အချိန်ပေးပါ။ ကြွေပြားကပ်၊ မီးဆိုင်းတပ်၊ အဲကွန်းဖွင့်၊ ဒစ္စကို ဆောင်းဘောက်တပ်၊ ကော်ဇောခင်းလို့ မတိုးတက်ဘူး။ အဲဒီပိုက်ဆံတွေထဲမှာ (အလ္လာဟ်မလုပ်ပါစေနဲ့) ဟရာမ်ပါရင် မီးစာဖြစ်သွားဦးမယ်။ သူဌေးတွေ လှူပါ။ သိပ်ကောင်းပါတယ်။ ရှရီအသ်က လူတွေရဲ့ တိုးတက်မှုကို ဦးစားပေးတယ်။ ဗလီကို မီးဆိုင်းနဲ့ အလှဆင်လို့ အစ္စလာမ် မတိုးတက်သွားသလို မုစ်လင်မ်တွေလဲ မတိုးတက်သွားဘူး။ ဗလီမှာ အသံပတ်လည်ပြေး ဒေါ်လ်ဘီစစ္စတမ် တပ်လို့ အစ္စလာမ် မတိုးတက်ဘူး။ မုစ်လင်မ်တွေလဲ မတိုးတက်ဘူး။ ဗလီမှာ တစ်ချပ်တစ်သောင်းတန် ကြွေပြားကပ်လို့လဲ အစ္စလာမ်မတိုးတက်ဘူး။ မုစ်လင်မ်တွေလဲ မတိုးတက်ဘူး။ တကယ်တိုးတက်အောင်လုပ်ချင်ရင် မုစ်လင်မ်တွေရဲ့ လူမှုဘဝ စီးပွားရေး ပညာရေး တိုးတက်အောင်လုပ်ပေး။ မုစ်လင်မ်တွေ တိုးတက်ရင် တိုင်းပြည်လဲတိုးတက်တယ်။ အစ္စလာမ်က ပြတဲ့ တိုးတက်မှုကိုလိုလားရင် ဆင်းရဲသားတွေကို လိုက်ရှာ၊ သူတို့လိုတဲ့ ငွေကြေးထုတ်ပေး၊ ခုန မီးဆိုင်းလိုမျိုး ဆောင်းဘောက်လိုမျိုးတွေ ဝယ်မဲ့အစား မုစ်လင်မ် တစ်ယောက်မဆိုကို ကားတစ်စီး ဝယ်ပေးလိုက်။ တိုက်ခန်းတစ်ခန်းဝယ်ပေးလိုက်။ ပညာဆက်သင်နိုင်ဖို့ ပိုက်ဆံပေးလိုက်။ ဗလီရှေ့ ရင်ပြင်မှာ တောင်းစားနေတဲ့ သူတောင်းစားတွေကို ပြောတာမဟုတ်ဘူးနော်။ သူတို့က တောင်းစားတဲ့ စီးပွားရေး လုပ်နေတာ။ မတောင်းစားဘဲ ပုံမှန်နေတဲ့သူ၊ စီးပွားရေးလုပ်ငန်း ထောင်ချင်သော်လည်း ငွေမရှိလို့ မထောင်နိုင်သူတွေကို ကိုယ့်လို သူဌေးဖြစ်အောင် လုပ်ပေးဖို့ပြောတာ။ တကယ်လို့ တခြားသူကြီးပွားမှာ မလိုလားရင်တောင် ကိုယ့်အမျိုးထဲမှာ ဘယ်သူကြိုးစားလဲ၊ ဘယ်သူ ရေသာခိုလဲ သိနေတာပဲ၊ ကြိုးစားတဲ့သူကို မြေတောင်မြှောက်ပေးလိုက်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် အရာဝတ္ထုတွေမှာ ခမ်းနားအောင်လုပ်တာထက်စာရင် လူတွေကို ခမ်းနားအောင်လုပ်ပေးပါ။ မုစ်လင်မ်တွေကို တိုးတက်အောင် လုပ်ပေးပါ။ မုစ်လင်မ်တွေ စီးပွားရေးပြေလည်ရင် ပညာကို အေးဆေး သင်ယူလို့ရမယ်။ အတွေးအခေါ်ထက်မြက်မယ်။ နောင်တစ်ချိန် ကိုယ့်အသိုင်းအဝိုင်းအတွက် ၊ တိုင်းပြည်အတွက် အားကိုးရတဲ့လူတွေဖြစ်လာမယ်။ အခြားဘာသာဝင်များလည်း အလားတူလုပ်ကြပါ။ ဘုရားတွေ၊ ချာ့ခ်ျတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ရွှေပြား၊ ကြွေပြား၊ မီးဆိုင်း၊ စပီကာ ကော်ဇော ဈေးကြီးကြီးတွေ လှူမယ့်အစား သင့်တော်ရုံသုံးပြီး ကိုယ့်အမျိုးထဲက၊ ကိုယ့်အသိုင်းအဝိုင်းထဲက လိုအပ်နေတဲ့သူတွေကို ကိုယ့်လို သူဌေးတွေဖြစ်လာအောင် မြေတောင်မြှောက်ပေးကြပါ…. လို့ တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: