ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ

ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ

၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြိမ်းချမ်းရေးအထူးဒေသ (၁) လို့ ၁၉၈၉ ခုကတည်းက နာမယ်ပေးထားတဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) က လက်မခံ လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖုံကျားရှင်းခေါင်းဆောင်တဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ကို အပြုတ်ချေမှုန်းခိုင်းခဲ့ပါ တယ်။

ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ

February 18, 2015
 ==================================
ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး  (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅

၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြိမ်းချမ်းရေးအထူးဒေသ (၁) လို့ ၁၉၈၉ ခုကတည်းက နာမယ်ပေးထားတဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) က လက်မခံ လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖုံကျားရှင်းခေါင်းဆောင်တဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ကို အပြုတ်ချေမှုန်းခိုင်းခဲ့ပါ တယ်။

ဖုံကျားရှင်း ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ ၈ လေးလုံးအရေးအခင်းအပြီး နဝတ အာဏာသိမ်းပြီးစ ၁၉၈၉ ခုမှာ စစ်အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး ပထမဆုံးလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး အဲဒီအချိန်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတဲ့အတွက် မကြာခင်မှာ စစ်အစိုးရက တရားဝင်ငြိမ်းအဖွဲ့ ၁၇ ဖွဲ့ကို စာရင်းပြ ထုတ်ကြွားနိုင်ခဲ့ပါတယ်။ MNDAA ဟာ အပစ်အခတ်ရပ်စဲကာစမှာ အဲ့ဒီတုံးက အပစ်မရပ်သေးတဲ့ KIA ကို နဝတ စစ်အစိုးရကခိုင်းလို့ လိုက်တိုက် ပေးခဲ့ရသေးတယ်။ ဒါပေမဲ့ သိတ်မကြာခင်မှာဘဲ မတိုက်သင့်ဘူးလို့မြင်ပြီး ကိုယ့်ဒေသ ကိုယ်ပြန်နေခဲ့တယ်။

ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့ကြတဲ့ အထူးဒေသ-၁ ကိုးကန့်အဖွဲ့ MNDAA ၊ အထူးဒေသ-၂ ဝ အဖွဲ့ UWSA ၊ အထူးဒေသ-၄ မိုင်းလားအဖွဲ့ NDAA-ESS နဲ့ ကချင် အထူးဒေသ-၁ NDA-K တို့ဟာ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ဦး PDF ဆိုတာကို ၁၉၈၉ နိုဝင်ဘာလမှာ တည်ထောင်ပြီး နိုင်ငံရေး-စစ်ရေးမဟာမိတ်ပြုခဲ့ကြတယ်။ နောင်မှာ ဆေထင် ခေါင်းဆောင်တဲ့ အထူးဒေသ-၃ ရှမ်းအဖွဲ့ SSA (အခု SSA-မြောက်ပိုင်းအဖွဲ့လို့ ခေါ်ခံရ) နဲ့ ရှမ်းပြည်တောင်ပိုင်းက တာကလယ် ခေါင်းဆောင်တဲ့ အထူးဒေ သ-၁၃ ပအိုဝ်းအနီအဖွဲ့ (ရလလဖ) လဲ PDF ထဲပါခဲ့တယ်။ ဒီတပ်ဦးရဲ့မူတခုက ကိုယ့်ဘက်က သေနတ်သံစ,မပေါက်ရေး ဖြစ်တယ်။

အဲဒီကာလတွေတုံးက ငြိမ်းအဖွဲ့တွေထဲမှာ ကိုးကန့် အထူးဒေသ-၁ ဟာ ဖွံ့ဖြိုးရေးလုပ်ငန်း အအောင်မြင်ဆုံးဒေသ၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး အအောင်မြင်ဆုံးဒေသလို့ နတလဝန်ထမ်းတွေက ပြောခဲ့ကြတယ်။

အဖွဲ့အားလုံးဟာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားအခွင့်အရေးအတွက် နိုင်ငံရေးစကားပြောချင်ကြတာဖြစ်တော့ ညောင်နှစ်ပင်အမျိုးသားညီလာခံကို တက်ခဲ့တယ်။ ညောင်နှစ်ပင် သွားတက်တဲ့အထဲမှာ အခု MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ကိုထွန်းမြတ်လင်းလဲ ပါခဲ့သေးတယ်။ ဒါပေမဲ့ ညောင်နှစ်ပင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆိုပြု ချက်တွေကို ပယ်ချခဲ့ပြီး “ဒါတွေလိုချင်ရင် ပြန်တိုက်ယူ” လို့ မိုက်မိုက်ရိုင်းရိုင်းပြောတာကိုဘဲ ခံခဲ့ရတယ်။ ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေ မူကြမ်းကို တဖက်သတ်အတည်ပြုလိုက်လို့ တိုင်းရင်းသားအဖွဲ့တွေ လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတယ်။

ဒီနောက်မှာ ကိုယ်သဘောမတူခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်တခုတည်းရှိရမယ်ဆိုပြီး နိုင်ငံရေးအခွင့် အရေး ဘာမှအာမခံချက်မရှိဘဲ BGF နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်တွေအဖြစ် အတင်းဖိအားပေး အသွင်ပြောင်း ခိုင်းခဲ့တယ်။ အဲဒီမှာ MNDAA နဲ့ သန်းရွှေစစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တော့တယ်။

ဒါပေမဲ့ ၂၀၀၉ မတိုင်ခင်ကတည်းက MNDAA အပေါ် စပါးကြီးမြွေလို တရစ်ချင်းညှစ်လာခဲ့တာတွေကလဲ သက်သေ အထင် အရှားရှိနေတယ်။ ၁၉၉၇ နှစ်လယ်မှာ MNDAA အဖွဲ့အတွင်း သပ်သျှိုမှုကြောင့် အချင်းချင်းတိုက်ကြတဲ့အချိန်မှာ နအဖ တပ်တွေက အခွင့်ကောင်းယူပြီး ကိုးကန့်ဒေသမြို့တော် လောက်ကိုင်းမြို့နဲ့ တခြားနေရာတွေကို အမြန်ဝင်လာပြီး တပ်စွဲလိုက်တယ်။ ဒါပေမဲ့ MNDAA က ပြန်မတိုက်ဘဲ သည်းခံပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့တယ်။ နအဖ စစ်တပ်ဟာ မကြာခင်မှာဘဲ ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် လို့ခေါ်တဲ့ ဒကစ(လောက်ကိုင်း)ကို ဖွင့်လိုက်ပြီး၊ ၁၉၆၉ ခုနှစ်ကစလို့ ဗမာစစ်တပ် လုံးဝမရှိတော့ဘဲလွတ်မြောက်နေခဲ့တဲ့ ကိုးကန့်ဒေသအတွင်း ကုန်းကြမ်း၊ ပါစင်ကျော်၊ ညံခွမ်း၊ လောက်ကိုင်း၊ စီအော တို့မှာ ခလရ ၁၂၅၊ ၁၂၈၊ ၁၂၉၊ ၂၃၉ နဲ့ ခမရ ၃၂၂ ဆိုတဲ့ တပ်ရင်းအသစ်တွေ လာထိုင်လိုက်တယ်။ အမြောက်တပ်ရင်း ၅၀၆ ကိုလဲ လောက်ကိုင်းမှာ အသစ်ဖွင့်လိုက်တယ်။

ဒီမတိုင်ခင်ကလဲ ၁၉၉၂ ခုနှစ်အကုန်တုံးက MNDAA ထိန်းချုပ်ထားတဲ့ သံလွင်အနောက်ခြမ်း တရုတ်နယ်စပ်က မုံးကိုး ဒေသကို MNDAA လက်အောက်ကခွဲထွက်ပြီး သီးခြားရပ်တည်အောင် သပ်သျှိုပေးခဲ့သေးတယ်။ ၂၀၀၀ ခုနှစ် နိုဝင်ဘာလကျ တော့ မုံးကိုးဒေသကို နအဖ စစ်တပ်က အပြီးအပိုင်သိမ်းပိုက်လိုက်ပြီး ဒေသခံအပစ်ရပ်တပ်ဖွဲ့ဝင် ၂၅၀ လောက်ကို ပစ်သတ်ခဲ့တယ်။

၂၀၀၉ ခု သြဂုတ်လမှာ BGF ပြဿနာပေါ်လာတဲ့အခါ လောက်ကိုင်းမှာအသင့်ရှိနေတဲ့ နအဖ စစ်တပ်တွေဟာ မူးယစ် ဆေး အကြောင်းပြပြီး MNDAA ကို အလွယ်တကူဘဲ တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့တယ်။ ဖုံကျားရှင်းတို့အနေနဲ့ အခုလို စစ်ရေးနည်းလမ်းအရ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်မထားတဲ့အတွက် ပြင်ဆင်မှု ရှိမထားတော့ အချိန်တိုအတွင်း စစ်ရှုံး သွားခဲ့တယ်။ အဲဒီအချိန်တုံးက ကစထမှူးဖြစ်နေတဲ့ မင်းအောင်လှိုင်နဲ့ တပ်မ ၃၃ ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်း ဆောင်ချက် အဖြစ် ကြွားလုံးထုတ်နေပေမဲ့ တကယ့်အခြေအနေက ဖုံကျားရှင်းတို့ဘက်က စစ်အစိုးရကိုယုံပြီး ပြင်ဆင်မှု မရှိတာကြောင့် သာ ဖြစ်တယ်။

စစ်ရှုံးတာမှာ အရေးပါတဲ့အကြောင်းရင်း နောက်တချက်က တရုတ်နိုင်ငံဟာ ဖုံကျားရှင်းဘက်ကမရပ်ဘဲ သန်းရွှေဘက် က ရပ်လိုက်တာလဲပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ကိုးကန့်တပ်ကိုကိုင်တဲ့ ဖုံကျားဖူးကို တရုတ်ပြည်ဘက် ခြမ်းမှာ နှစ်ရက်နီးပါးချုပ်ထားလို့ ကိုးကန့်တပ်ကို ဦးစီးမယ့်လူ သေချာမရှိဖြစ်ခဲ့ရတယ်။ UWSA က ဖုံကျားရှင်းဘက်က ဝင်တိုက်ဖို့ လုပ်တာကိုလဲ တရုတ်ကတားခဲ့တယ်။ အဲဒီကာလက တရုတ်အစိုးရဟာ သန်းရွှေနဲ့လုံးပြီး မြစ်ဆုံ၊ ကျောက်ဖြူ၊ လက်ပန် တောင်းတို့ လက်ထဲရောက်ဖို့ဘဲ ခေါင်းထဲရှိတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် တရုတ်က တရားဝင် ပေါ်လစီဖြစ်တဲ့ သူများပြည် တွင်းရေး မစွက်ဖက်ရေးမူကို ဖောက်ဖျက်ပြီး ဖုံကျားရှင်းနဲ့ UWSA ကို ဖိအားပေးခဲ့တာ ဖြစ်တယ်။ တရုတ်ရဲ့စွက်ဖက်မှုကြောင့်ဘဲ PDF တပ်ပေါင်းစုဖွဲ့ထားပေမဲ့ လက်တွေ့ ဘာမှမလုပ်နိုင်ဘဲ သားလျှောခဲ့ရတာ ဖြစ်တယ်။

ဒီလိုနဲ့ ဖုံကျားရှင်းရဲ့လက်ထောက် ပိုင်စောက်ချဉ်ဟာ နအဖ စစ်တပ်အကူအညီနဲ့ အာဏာရသွားပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရတယ်။

၂၀၀၉ ခုမှာ စစ်အစိုးရလက်အောက် လုံးလုံးလျားလျားကျရောက်သွားပြီးတဲ့နောက် ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး လုပ်ငန်း အရင်ထက်ပိုပျံ့နှံ့ကြီးထွားလာတယ်။ ကိုးကန့်လူငယ်လူကြီးတွေထဲမှာ ဘိန်းစွဲသူတွေ တအားများလာတယ်။ ပိုင်စောက်ချဉ်ဟာ ဗမာစစ်တပ်နဲ့ပေါင်းပြီး ဘိန်းလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်းတွေကို အထိန်းအကွပ်မရှိ လုပ်နေလို့ ထိပ်ပိုင်းက ကြံ့ဖွတ်ပါတီဝင်ကိုးကန့်ခေါင်းဆောင်တွေနဲ့ ဗမာတပ်မှူးတွေ ချမ်းသာကြပေမဲ့ အောက်ခြေ ကိုးကန့်လူထု ထဲမှာတော့ ဆင်းရဲတွင်းထဲပိုနစ်ပြီး ဆေးစွဲ ဘိန်းစွဲသူတွေ များသထက်များလာတယ်။ ဖုံကျားရှင်းလက်ထက်က မူးယစ်ဆေး လုပ်ငန်းက အထိန်းအချုပ်တစုံတရာရှိလို့ ဒေသခံတွေ ဒါလောက်ဒုက္ခမရောက်ခဲ့တာကို ကိုးကန့်လူထုက ပြန်တမ်းတနေ တယ်။ ကိုးကန့်နယ်မှာတော့ ဖုံကျားရှင်းဟာ အစဉ်အလာသြဇာလဲရှိတဲ့အပြင် ပိုင်စောက်ချဉ်နဲ့ယှဉ်ရင် လူထုအကျိုးပိုကြည့်တဲ့ ခေါင်းဆောင်အဖြစ် ကိုးကန့်လူထုက ထောက်ခံကြတယ်။ ဖုံကျားရှင်းကို ပြန်လာစေချင် ကြတယ်။

MNDAA စစ်ရှုံးပျောက်ကွယ်သွားတဲ့ ၂၀၀၉ နောက်ပိုင်းကာလ ကိုးကန့်ဒေသဟာ PSLA ပလောင်အပစ်ရပ်အဖွဲ့ လက် နက် ဖြုတ် ဖျက်သိမ်းခံရတဲ့ ၂၀၀၅ ခုနောက်ပိုင်းကာလ ပလောင်ဒေသနဲ့ သွားတူနေတယ်။ ကိုယ့်အမျိုးသား လက်နက်ကိုင်အဖွဲ့ အစည်းမရှိတော့တဲ့အခါ ဒီဒေသနှစ်ခုစလုံးမှာ ဘိန်းလုပ်ငန်း အဆီးအတားမရှိ ကြီးထွားသွားတယ်။ လူထုတွေထဲမှာ ဘိန်း စားတွေ မတရားများလာတယ်။ ဒါကို လူထုတွေ၊ အထူးသဖြင့် စဉ်းစားဥာဏ်ရှိတဲ့လူငယ်ပိုင်းတွေက မကျေမနပ်ဖြစ်လာပြီး လက်နက်ကိုင်အဖွဲ့အစည်း ပြန်ထူထောင်မှရမယ်၊ အမျိုးသားမာန် ပြန်ထူထောင်မှရမယ်လို့ သဘောပေါက်လာကြတယ်။ ဒီလိုနဲ့ TNLA ပလောင်တပ်ဖွဲ့ ပြန်ပေါ်လာသလို MNDAA ကိုးကန့်တပ်ဖွဲ့လဲ ပြန်ထ လာတာ ဖြစ်တယ်။

ဖုံကျားရှင်းဟာ ဘိန်းဘုရင်ဖြစ်တာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။ ဘိန်းလုပ်ငန်း လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ပုန်ကန်ခွဲထွက်ခဲ့တာဖြစ်ပြီး အဲဒါကို စောမောင်-သန်းရွှေ-မောင်အေး-ခင်ညွန့်တို့က အပစ်အခတ် ရပ်စဲရေးနာမယ်နဲ့ လိုက်လျောခဲ့တာ နှစ်ဆယ်နဲ့ချီ ကြာခဲ့တယ်။ ဒါပေမဲ့ သန်းရွှေရဲ့ ၂၀၀၈ အခြေခံဥပဒေ စစ်ကျွန် စီမံကိန်း အောက်မှာ ရာနှုန်းပြည့်လက်အောက်ခံလုပ်ဖို့ ဖိအားပေးလာတော့ ဖုံကျားရှင်းအနေနဲ့ နိုင်ငံရေး၊ အမျိုးသားရေးကို အပြီးအပြတ် မစွန့်လွှတ်နိုင်ဘဲ ပြန်တိုက်ခဲ့တာဖြစ်တယ်။

ဒီလိုနဲ့ ဖုံကျားရှင်းဟာ အာဏာလက်မဲ့ နယ်မြေလက်မဲ့ဖြစ်သွားတော့ စီးပွားရေးလက်မဲ့လဲ ဖြစ်သွားပြီး ဖုံကျားရှင်း တပည့် ဟောင်းတွေကတော့ သန်းရွှေစစ်အစိုးရဆီ ဒူးထောက်လိုက်လို့ ကြံ့ဖွတ်ပါတီဝင် ဘိန်းဘုရင်အသစ်တွေ ဖြစ်လာတယ်။ နိုင်ငံရေး၊ အမျိုးသားရေးကို လုံးဝစွန့်လွှတ်လိုက်တဲ့ ပိုင်စောက်ချဉ်၊ ဝေ့ချောက်ယင်၊ လူကိုးရှိ၊ ဟိုရှောက်ချန်း၊ ဝေဆန်းတို့ဟာ ဗမာစစ်တပ်နဲ့ပေါင်းပြီး ဖုံကျားရှင်းလုပ်တုံးကထက် ပိုကြီးကျယ်တဲ့ မူးယစ်ဆေး အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့ကြတယ်။ အဆင့်မြင့်မူးယစ်ဆေးဖြစ်တဲ့ Ecstasy ဆေးပြားကိုပါ ထုတ်လိုက်နိုင်ပြီး ဗမာစစ်တပ်နဲ့စရဖ၊ လားဟူ BGF ၊ ကရင် BGF တို့နဲ့တွဲပြီး နိုင်ငံတကာကို ဖြန့်နိုင်ခဲ့တယ်။

အခုအချိန်မှာတော့ ဗမာစစ်တပ်ရဲ့ ရာနှုန်းပြည့်လက်အောက်ခံတွေဖြစ်ကြတဲ့ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ ကောင်ခါး၊ တာမိုးညဲ၊ မုံးစီး၊ မန်ပန်ပြည်သူ့စစ်တွေ၊ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်ပြည်သူ့စစ်နဲ့ BGF တွေ၊ ရှမ်းပြည်တောင်ပိုင်းက မိုင်းကိုင်၊ မိုင်းစစ်၊ နောင်တရား-ကျောက်တလုံး၊ ဟိုမိန်း ပြည်သူ့စစ်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပေါ်ပေါက်လာတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေါင်းဆောင်တွေ နဲ့အတူ ဗမာပြည်ရဲ့ နောက်ဆုံး ပေါ် ဘိန်းဘုရင်တွေ ဖြစ်နေတာကို ရှမ်းပြည်မှာ ဒေသခံလူထုတွေနဲ့ နယ်မြေခံ ဗမာ စစ်တပ်တွေ ကောင်းကောင်းသိကြပါတယ်။

ကိုးကန့်ဒေသထဲက ဒေသခံကိုးကန့်နဲ့ ဒေသခံပလောင်လူထုထောက်ခံမှုရှိတဲ့ ဖုံကျားရှင်းရဲ့ MNDAA နဲ့ TNLA အပါအဝင် ဖက်ဒရယ်ပြည်ထောင်စုတပ် FUA ကို ကိုးကန့်ဒေသမှာ မင်းအောင်လှိုင်က တပ်မ ၃၃၊ စကခ-၁၆၊ စကခ-၁ နဲ့ ရမခ တိုင်းတပ တွေသုံးပြီး တပ်ရင်း ၂၀ ကျော်သုံးလို့ အသဲအသန်တိုက်နေရတယ်။ ဒါပေမဲ့ ဗမာစစ်တပ်ဘက်က အကျအဆုံးများနေတဲ့အပြင် ကိုးကန့်ဒေသ မှာရှိတဲ့ တပ်မိသားစု၊ ရဲမိသားစု၊ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေကို လုံခြုံရေးမပေးနိုင်တော့လို့ လားရှိုးရွှေ့ရတဲ့အထိ ပတ်တုပ်လို့မရအောင် အခြေအနေဆိုးနေတယ်။ ဗမာစစ်တပ် ထုံးစံအတိုင်း မြေနေရာသိမ်းပိုက်ရေးကိုဘဲ အဓိက ထားနေတော့ FUA အဖွဲ့ဝင် ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ကချင်နဲ့ ရှမ်းတော်လှန်ရေးအဖွဲ့တွေရဲ့ ပျောက်ကျားစစ်ကို တပန်းရှုံးနေတယ်။ FUA ရဲ့ စစ်ဦးစီးကွပ်ကဲမှုကြောင့် မေမြို့ကနေ လောက်ကိုင်းအထိ ဆက်သွယ်ရေး-ထောက်ပံ့ရေး လမ်းကြောင်းရှည်ကြီးဟာ ဘယ်လိုမှ မလုံမခြုံဖြစ်နေတယ်။

ခမရ ၅၂၂ တပ်ပျက်သွားအောင်ခံလိုက်ရတဲ့ မော်ထိုက်/ဖုံကျည်စန်းကုန်းကို လေကြောင်းပစ်ကူနဲ့ ပေါင်းတိုက်တာ တောင် တပတ်ကြာပေမဲ့ မရသေးဘဲဖြစ်နေတယ်။ တပ်မ ၃၃ အောက်က ခလရ ၄၂ နဲ့ ထပ်ထိုးတော့လဲ ထပ်ခံရပြန် တယ်။ ဗမာ့တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် ယူနီဖောင်းဆင်၊ ဘက်တံဆိပ်တပ်၊ လခနဲ့ ရာရှင်ပေးထားတဲ့ BGF နယ်ခြား စောင့်တပ်ရင်း အမှတ် ၁၀၀၆ ကစစ်သည်အများအပြား သေနတ်ချန်ပြီး ထွက်ပြေးသွားသလို တပ်ရင်းမှူး ဗိုလ်မှူးအဆင့် ပေးထားတဲ့ ယန်ရှောက်ကျင်းက ကျန်တဲ့တပ်ရင်းတရင်းလုံးမပြီး MNDAA ကို ကူးပြောင်းသွားလိုက် တယ်။ BGF တပ်ပြေး တွေ ချန်ထားတဲ့သေနတ်တွေကို MNDAA နဲ့တိုက်ပြီး သိမ်းရတဲ့သေနတ်တွေအဖြစ် တိုင်းပြည်နဲ့ တပ်ကို လိမ်ပြသေးတယ်။

လောက်ကိုင်ကိုချုပ်ကိုင်နိုင်ပြီပြောပေမဲ့ MNDAA ရဲ့သေနတ်သံ ညတိုင်းကြားနေရတယ်။ နေ့ဘက်မှာတော့ ဗမာစစ် တပ်ရဲ့သေနတ်သံတွေကို နေ့တိုင်းကြားနေရတယ်။ အဲဒါကတော့ တွေ့သမျှ သက်ကြီးရွယ်အို ကျား-မ ဘုစုခရု ကလေးမကျန် ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့သေနတ်သံတွေဖြစ်တယ်။

မင်းအောင်လှိုင်ဟာ တပ်အင်အားသုံးပြီး စစ်ရေးအသာစီးရအောင် မထိန်းနိုင်တဲ့အခါ terror tactics လို့ခေါ်တဲ့ အကြမ်းဖက် နည်းဗျူဟာ ကျင့်သုံးပြီး လူထုတွေခြောက်ခြား ကြောက်လန့်သွားအောင် လူတအားသတ်တဲ့နည်းကို အကြီးအကျယ်ကျင့် သုံးနေတယ်။ ၂ ရက်အတွင်း အရပ်သား ၈၀ သေတဲ့အထိ အကြမ်းဖက်ခဲ့တယ်။ တကယ်တော့ ဒီနည်းဟာ ဒုတိယကမ္ဘာ စစ်တုံးက ဟစ်တလာရဲ့နာဇီဂျာမဏီ နဲ့ ဖက်ဆစ်ဂျပန်တို့ကျင့်သုံးခဲ့တဲ့နည်းဖြစ်သလို ဒီဘက် ခေတ်မှာလဲ ကမ္ဘောဒီးယားက ပေါလ်ပေါ့၊ အရှေ့အလယ်ပိုင်းက IS တို့ သုံးတဲ့လမ်းစဉ်ဖြစ်တယ်။ ဘယ်လိုမှ ရေရှည် မထိန်းနိုင်တာကို သမိုင်းမှာ သက် သေပြပြီးဖြစ်တယ်။

တပ်အရည်အချင်းကို အားကိုးလို့မရတော့ မင်းအောင်လှိုင်ဟာ တပ်ရင်း ၂၀-၃၀ ဆိုတဲ့ အရေအတွက်နဲ့ ဖိဖို့ ကြိုးစား ပေမဲ့လဲ ဒီကနေ့ကာလမှာ တပ်ရင်းတရင်းကို လူ ၁၀၀ မပြည့်၊ အရာရှိနဲ့အခြားအဆင့် အချိုးအစားမှာလဲ အရာရှိက မတန်တဆများနေ တော့ ရဲဘော်တွေအဖို့ အဖေများနေတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် ကွပ်ကဲအုပ်ချုပ်မှု ရှုပ်ထွေးပြီး ဖွာထွက် လျော့လျဲနေတယ်။

မင်းအောင်လှိုင်နဲ့ တပ်မ ၃၃ ဟာ ၂၀၀၉ ခုတုံးကလို လွယ်လွယ်လေးနိုင်ပြီး စစ်ကိုင်းကို ခိုးရာပါပစ္စည်းတွေ အမြန်ပြန် သယ်သွားနိုင်တဲ့ အခြေအနေ မရှိတော့ ဗမာပြည်လူထုရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အသုံးချပြီး ကျောင်းသား အရေးကိုလဲ အာရုံလွှဲဖို့၊ ဗမာစစ်တပ်ကိုလဲ ဗမာလူထုထောက်ခံမှုရဖို့ လုပ်နေတယ်။ ဒါကိုလဲ ဗြောင်လုပ်ရဲတာ မဟုတ်ဘဲ စစ်လော်ဘီတွေကတဆင့် မယားငယ်ဂျီကျသလို ဂျီကျနေတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြန် ထားတဲ့သတင်း မြေပုံမှာတော့ သံလွင်အနောက်ဖက်ကမ်းက ကူးလာတဲ့ကူးတို့ဆိပ်တွေနဲ့ ဝင်လာတဲ့လမ်းကြောင်း တွေကို မျှားထိုးပြထား တယ်။ တကယ်တော့ သန်းရွှေ၊ အောင်သောင်း၊ ရွှေမန်း၊ လော်စစ်ဟန်၊ တေဇတို့က တရုတ်ဆီက ကော်မရှင် တနင့်တပိုးစားပြီး လုပ်ငန်းတွေခွင့်ပြုထားတာကို မထိရဲပါဘူး။

သိန်းစိန်-အောင်မင်းတို့ဟာ PSLO နဲ့ PSLA တို့ကို ၂၀၀၅ ခုမှာ ဖျက်သိမ်းပြီးဖြစ်တဲ့အတွက် အသစ်ပြန်ပေါ်လာတဲ့ TNLA ကို အသိအမှတ်မပြုနိုင်ဘူး၊ အပစ်ရပ်ကိစ္စ ငြိမ်းချမ်းရေးကိစ္စ မဆွေးနွေးနိုင်ဘူး၊ အားလုံးလက်နက်ချတဲ့လမ်း တခုတည်းရှိတယ်လို့ အစောပိုင်းက တင်းတင်းမာမာတောင်းဆိုခဲ့သေးတယ်။ ဒါပေမဲ့ TNLA ကို တပ်မ ၁၁ တပ်မ ၇၇ တပ်မ ၈၈ တပ်မ ၉၉ စကခ-၁ စကခ-၁၆ တွေသုံးပြီး ၃ နှစ်ကျော်အောင်တိုက်ခဲ့တာ ပလောင်လူထုက TNLA ကို ပိုထောက်ခံလာ၊ အင်အားပိုကြီးလာပြီး ဗမာတပ်မတွေကိုတောင် အထိနာအောင် ပြန်တိုက်နိုင်လို့ အခုတော့ အပစ်ရပ် ဆွေးနွေးရ၊ လွတ်လပ်ရေးနေ့ဖိတ်ရ၊ ပြည် ထောင်စုနေ့ဖိတ်ရ ဖြစ်လာတယ်။

အလားတူဘဲ BGF ဖြစ်ပြီးမှ ဗိုလ်နှုတ်ခမ်းမွှေးနဲ့ ပြန်ပေါင်းပြီး DKBA အဖြစ် ပြန်လည်ခံယူလိုက်တဲ့ ဗိုလ်ဘိတို့ကိုလဲ အစပိုင်းမှာ အသိအမှတ်မပြုနိုင်ဘူး၊ ဗမာ့တပ်မတော်က တပ်ပြေးတွေ ဖြစ်သွားပြီ၊ တပ်မတော်အက်ဥပဒေအတိုင်း အရေးယူခံရမယ်၊ ဒါကြောင့် ပြန်လက်နက်ချမှရမယ်လို့ တောင်းဆိုခဲ့ပေမဲ့ တိုက်လို့လဲမနိုင်၊ ကရင်လူထုကလဲ ဗိုလ်ဘိတို့ကို တခဲနက်ထောက် ခံတော့ DKBA ကို KKO လို့ ကိုယ့်ဟာကိုယ် အရှက်ပြေနာမယ်ပြောင်းပြီး ပြန်လက်ခံလိုက်ရတယ်၊ အပစ်ရပ်စကား ပြောလာရတယ်။

အခုလဲ သိန်းစိန်-အောင်မင်းတို့ဟာ MNDAA ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ်၊ အမျိုးသားရေးအဖွဲ့အဖြစ် အသိ အမှတ်မပြုနိုင်ဘူး၊ အားလုံးလက်နက်ချရမယ်လို့ဘဲ တောင်းဆိုပြီး အပြုတ်ချေမှုန်းရေးလမ်းကြောင်းကို လိုက်နေ ကြတယ်။ ဒါပေမဲ့ စစ်မြေပြင်အခြေအနေတွေ၊ ဒေသခံလူထုအခြေအနေတွေက ဗမာစစ်တပ်ဘက်မှာ မရှိတာကို ပြနေတယ်။

တိုင်းရင်းသားလူထုအကျိုးနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို သစ္စာမဖောက်ဘဲ မဟာလူမျိုးကြီးစစ်ဝါဒီတွေကို အထိ နာ အောင်တိုက်နိုင်သရွေ့ လူထုထောက်ခံမှုရပြီး အင်အားကြီးထွားလာမှာ ဖြစ်ပါတယ်။

သိန်းစိန်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သဘောတူတယ်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လိုချင်တယ်လို့ လူကြားကောင်းအောင် ပါးစပ်ကပြောနေပေမဲ့ လက်တွေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ စစ်တပ်အပေါ် ဘာမှ သြဇာမသက်ရောက်နိုင်ဘဲ အရုပ်တရုပ်ဘဲ ဖြစ်နေတာကို KIA TNLA AA MNDAA တို့နဲ့ စစ်ပွဲအနေအထားကို ကြည့်ရင် သိသာတယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIB ကို ပြန်အသက်သွင်းမယ့် သမတလက်အောက်ခံ လုံခြုံရေးနှင့်သတင်း ဌာန OSI တည်ထောင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ SB နဲ့ စသုံးလုံး BSI ကို သမတရုံး လွှဲပေးဖို့ ညွှန်ကြားခဲ့တာကိုတောင် မင်းအောင်လှိုင်ခန့်ထားတဲ့ ဗိုလ်ချုပ်ကိုကိုက အရေးမလုပ်ခဲ့တာ ကျော်မကောင်း ကြား မကောင်း ဖြစ်နေတယ်။

အာချောင်ထားပြီးသားဖြစ်လို့ ပြည်ထောင်စုနေ့မှာ စာရွက်တခုခု မဖြစ်မနေ လက်မှတ်ထိုးဖို့လိုလာတော့ ဟိုမရောက် ဒီမ ရောက် ကတိပြုချက်ဆိုတာကို ကရင်တသိုက်၊ ရှမ်းတခြမ်းနဲ့ဘဲ ထိုးလိုက်ရတယ်။ မင်းအောင်လှိုင်တောင် လက်မှတ်ဝင် မထိုးခဲ့ဘူး။
ဒါတွေကိုကြည့်ရင် စာဖတ်နေသူကြီးချပေးခဲ့တဲ့ အတွေးလိုင်းအတိုင်း လှုပ်ရှားနေတဲ့ သမတသိန်းစိန်ရဲ့ အပေါ်ယံ ဟန်ပြ နိုင်ငံရေး-ငြိမ်းချမ်းရေးလိုင်းလဲ အလုပ်မဖြစ်၊ ကာချုပ် မင်းအောင်လှိုင်ရဲ့ အပြုတ်တိုက်ရေး စစ်ရေးလိုင်းလဲ အလုပ်မဖြစ်လို့ ဗမာပြည်စစ်အုပ်စု ဘေးကြပ်နံကြပ်ဖြစ်နေတာ တွေ့နေရပါတယ်။ တိုင်းရင်းသားတွေတောင်းဆိုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်မခံမချင်း ဗမာပြည်ရဲ့အကျပ်အတည်းဟာ ပြေလည်နိုင်မယ့် အလားအလာ မရှိပါ။

ဂါမဏိ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: