“ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေးအယူဝါဒ”

“ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေးအယူဝါဒ”

ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ပါလီမန်ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက် ကွန်မြူနစ်မဟုတ်ဘူး လို့ ကောက်ချက်ဆွဲ ကွန်မန့်တခု တက်လာလို့ ကျနော့်အမြင် ကို ပြန်ဆွေးနွေးချင်ပါတယ်။

ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နိုင်ငံရေးအယူဝါဒ ကို ဘာလဲ သိချင်ရင်၊ အကောင်းဆုံး လေ့လာလို့ရတဲ့ စာအုပ်က ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သမျှထဲ သူ့နိုင်ငံရေးခံယူချက်၊ သူ့အယူဝါဒသဘောတရားတွေကို တိတိလင်းလင်း ပါဝင်မြင်တွေ့နိုင်ပါတယ်။

ဒီမှာ ရှင်းချင်တာက ပါလီမန်ဒီမိုကရေစီ ဆိုတာ စနစ်ပါ။ အယူဝါဒ မဟုတ်ပါဘူး။
အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသဖြင့် အယူဝါဒတွေက နိုင်ငံရေးယုံကြည်ချက်တွေပါ။
လက်ဝဲ ဆိုတာ ဆိုရှယ်လစ်၊ ကွန်မြူနစ် စ တဲ့ ၀ါဒတွေ ဖြစ်ပြီး၊ အရင်းရှင်၊ တနည်းအားဖြင့် လစ်ဘရယ် ဆိုတဲ့ ယုံကြည်မှုတွေကတော့ လက်ယာဝါဒတွေ လို့ ယျေဘူယျသတ်မှတ်ပြန်ပါတယ်။
လစ်ဘရယ်မှာတောင် ၀ဲ လစ်ဘရယ်နဲ့ ယာလစ်ဘရယ် လဲ ကွဲပြန်ပါသေးတယ်။

ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေပြုပြီး၊ ဖွဲ့စည်းတဲ့ ကွန်မြူနစ်ပါတီတွေ၊ အစိုးရ တွေ ဒီကနေ့ကို ကမ္ဘာပေါ်မှာ ရှိနေပါတယ်။ မနေ့တနေ့ကမှ နီပေါနိုင်ငံမှာ အာဏာရသွားတဲ့ မော်ဝါဒီပါတီဟာ ရွေးကောက်ပွဲ နဲ့ အနိုင်ယူ အာဏာရခဲ့တာပါ။ ဒီလိုပဲ ဥရောပနိုင်ငံတွေမှာ မာ့ခ်စ်ဝါဒီပါတီတွေဟာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ကို ရပ်တည်နေကြဆဲပါ။

အရင်းရှင်ဝါဒ ဆိုတာ လက်တဆုပ်စာ အရင်းရှင်တွေရဲ့ အကျိုးအမြတ်ကို အဓိက ရှေ့ရှုတဲ့ ၀ါဒ ဖြစ်ပါတယ်။
ဆိုရှယ်လစ်၊ ကွန်မြူနစ် လက်ဝဲ၀ါဒကတော့ အဓိက အခြေခံ လူတန်းစား၊ အလုပ်လုပ်သူ လူတန်းစားတွေ ရဲ့ အကျိုးစီးပွားကို သက်သာချောင်ချိရေး ကို၊ တရားမျှတရေးကို အဓိက ရှေ့ရှုတဲ့ ၀ါဒ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် ဒီမိုကရေစီစနစ်ကို အခြေပြုပြီး၊ ရီပတ်ဘလီကန် က အရင်းရှင်ဘက် ပိုယိမ်း၊ ဒီမိုကရက် က လက်ဝဲယိမ်း လို့ သတ်မှတ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တသက်လုံး ပေါင်းသင်း၊ ယုံကြည်၊ ရပ်တည်ခဲ့တာ၊ မာ့ခ်စ်ဝါဒ ဖြစ်ပါတယ်။
ဖဆပလ တပ်ပေါင်းစု ထဲ ရောက်ကာမှ လက်ယာအုပ်စုနဲ့ ပို အနေနီးသွားတယ် လို့ သူ့ဘ၀ ကောက်ကြောင်းကို ဆွဲ လို့ ရပါတယ်။

ကျောင်းသားဘ၀၊ ကျောင်းကထွက်ပြီး နိုင်ငံရေးသမားပေါက်စ ဘ၀၊ အခန်းအတူစု ငှားတာကအစ၊ ကွန်မြူနစ်တွေနဲ့ချည်း ပေါင်းသင်း၊ နေထိုင်စားသောက်ခဲ့ပါတယ်။

သူနဲ့ ဗကပ နဲ့ အယူကွဲတာက စစ်ကြိုခေတ်က စ မယ် ထင်တယ်။ စစ်ကို ကြိုပုံ ကြိုဟန် ကွဲပါတယ်။ နယ်ချဲ့ ကို တော်လှန်ဖို့ ဖက်ဆစ်နဲ့ ပေါင်းတာကို ကွန်မြူနစ်က ပြင်းပြင်းထန်ထန် ရှုတ်ချ ခဲ့တယ်။ ဒါ ဟာ နိုင်ငံရေးအရ လုံးဝ မလုပ်သင့်တဲ့ အလုပ် လို့ မြင်ပါတယ်။
အရင်းရှင်ကို ဆန့်ကျင်ဖို့၊ ဖက်ဆစ်နဲ့ မပေါင်းသင့်ဘူး လို့ ကွန်မြူနစ်အုပ်စု က မြင်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းကတော့ အမျိုးသားရန်သူ အင်္ဂလိပ်ကို တိုက်ဖို့ လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကို အဲဒီအတွက်လဲ မျက်ကန်းမျိုးချစ် လို့ ကွန်မြူနစ်အုပ်စု က သတ်မှတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဆုံးဖြတ်ချက်ဟာ သူ့ပုဂ္ဂိုလ်ရေးကံကောင်းလို့သာ မတိမ်းမစောင်းခဲ့တယ် ဆိုတာ၊ ကမ္ဘာအရပ်ရပ်မှာ ဖက်ဆစ်တို့ စစ်ရှုံးတဲ့အခါမှာ ဖက်ဆစ်နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေး ရ အောင် အားထုတ်ခဲ့တဲ့ ခေါင်းဆောင်တိုင်း စစ်ရာဇ၀တ်ကောင်တွေ အနေနဲ့ အပြစ်ပေးခံရတာနဲ့ယှဉ်ပြီး သုံးသပ်ရင် တွေ့ပါလိမ့်မယ်။
ကမ္ဘာချီပြီး သုံးသပ်တဲ့ နိုင်ငံရေးအမြင်အရ ကွန်မြူနစ်တွေ ရဲ့ အမြင် က တည့်မတ်မှန်ကန်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ (ကျနော့်ဘကြီး ပြည်သူ့ရဲဘော်ဟောင်းကြီးကတော့ အဲသလို ပြောမိလို့ တညလုံး မအိပ်ဘဲ ငြင်းခုန်ပြီး နောက်နေ့ နေမကောင်းဖြစ်သွားရှာတယ်)

ကျနော် က အရှိ အရှိ အတိုင်း သုံးသပ်တာပါ။

ဖဆပလ တပ်ပေါင်းစု ထဲက ဆိုရှယ်လစ် ကွန်မြူနစ် တိုက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း က အသုံးချ ခံခဲ့ရတယ်။ နောက်ပိုင်း လက်ဝဲညီညွတ်ရေး ပြန်လုပ်ချိန်မှာ တမင်ကို လုပ်ကြံခံခဲ့ရတယ် လို့ပဲ မြင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သာ သက်ရှိထင်ရှား ရှိမယ် ဆိုရင် သူ က နစ် ဆို တနိုင်ငံလုံး နစ် ကြမှာကို
အင်္ဂလိပ်၊ အမေရိကန် အရင်းရှင်နိုင်ငံကြီးတွေဟာ စစ်ပြီးခေတ်၊ စစ်အေးခေတ်ဆန်းကတည်းက
ကြိုကန်ခဲ့၊ ချက်မိတ် လုပ်ခဲ့ပုံပါပဲ။

သေသေချာချာ ပြောနိုင်တာ ဘယ်တုန်းကမှ ဗိုလ်ချုပ်အောင်ဆန်းဟာ လူတစုကောင်းစားရေး ဖြစ်တဲ့ အရင်းရှင်ဝါဒီ နိုင်ငံရေးသမား မဖြစ်ခဲ့ပါဘူး။
ဆိုရှယ်လစ်လစ်၊ ကွန်မြူနစ်နစ်၊ အခြေခံလူတန်းစားတွေ ရဲ့ အကျိုးစီးပွားပဓါန၀ါဒ ဖြစ်တဲ့ လက်ဝဲ၀ါဒီနိုင်ငံရေးသမားတယောက်သာ စိုက်လိုက်မတ်တပ်ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ချိုတူးဇော်

တည်မြဲသန့်ရှင်း အာဏာလုပွဲတွေမှာ ဖြုတ်ထုတ်သတ်တွေ အများကြီးကို လုပ်ခဲ့တယ်။ တောထဲက ဗကပ ဖြုတ်ထုတ်သတ်ပွဲတွေထက်ကို မြို့ပေါ်မှာလဲ လူသတ်ပွဲတွေ အများကြီးကို ဖြစ်ခဲ့ပါတယ်။ နောက် ခုခေတ် စွမ်းအားရှင် ဆိုတာလဲ သူတို့က စ ခဲ့တာပေါ့။ လဲဗီးတပ်တွေ၊ ပြူစောထီးတပ်တွေနဲ့ သန့်ရှင်း၊ တည်မြဲအာဏာလုပွဲတွေဟာ မြို့ရွာအနှံ့မှာ ပြည်သူတွေ ကျီးလန့်စာစား ဖြစ်ခဲ့တယ်။ ဦးနု အာဏာသိမ်းခံရပြီး နောက်ပိုင်း တောခိုတော့ကော ဘာလို့မအောင်မြင်ခဲ့သလဲ။ သူ့လက်နက်ကိုင်ပုန်ကန်မှုဟာ ဘယ်လို လူမှုရေးဖေါက်ပြန်မှုများစွာ၊ အလွဲသုံးစားမှုများစွာနဲ့ ကျဆုံးခဲ့သလဲ သေချာ လေ့လာကြည့်ပါ။ အဲဒါဆိုရင် ဒေါ်ခင်ကြည်ပြောတဲ့ လက်ယာနိုင်ငံရေးသမားတွေရဲ့ ဖေါက်ပြန်မှု ဆိုတာကို သဘောပေါက်လာမှာ ဖြစ်သလို၊ ဗကပ ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်ကျင့်တရားတွေ၊ ခံယူချက်အပေါ် မယိမ်းမယိုင် မဖေါက်မပြန်တော်လှန်ရေးကို သေသည်အထိ ပေးဆပ်ခဲ့ကြတာတွေနဲ့ ယှဉ်ကြည့်ပါ။ သူတို့တွေ မရှိကြတော့ပါဘူး။ တနည်းအားဖြင့် သူတို့သမိုင်းတွေ ပြီးဆုံးခဲ့ပါပြီ။ ပြီးဆုံးသွားတဲ့ သူတွေရဲ့ သမိုင်းဟာ ကောက်ချက်ဆွဲလို့ ရပါပြီ။ ဘယ်သူတွေက တကယ်ပေးဆပ်၊ ဘယ်သူတွေက တကယ်မဖေါက်မပြန် ခဲ့ ဆိုတာကို ကျနော်တို့ မြင်နေရပြီ။ ယှဉ်ကြည့်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း တကယ်ပေါင်းသင်းခဲ့တဲ့ လက်ဝဲကွန်မြူနစ်တွေက မဖေါက်ပြန်ခဲ့ဘဲ၊ ဖဆပလထဲရောက်မှ တွဲဖြစ်ခဲ့တဲ့ လက်ယာအုပ်စုတွေက မြို့ပေါ်လဲ ဖေါက်ပြန်၊ တောထဲလဲ ဖေါက်ပြန်ခဲ့တာကို မြင်ရမယ်။ ဒါကြောင့် ဗိုလ်ချုပ်လွန်ခေတ်မှာ သူ့အကို ဦးအောင်သန်းက နိုင်ငံရေးလုပ်ဖို့ ဘယ်ပါတီ ၀င်ရကောင်းမလဲ ဖြစ်တဲ့အခါ ပုဂ္ဂိုလ်ရေးအရ သန်းထွန်းက အပေါက်ဆိုးလို့ ကွန်မြူနစ်ပါတီ မ၀င်၊ ကျော်ငြိမ်းက သဘောကောင်းလို့ ဆိုရှယ်လစ်ပါတီဝင် ခဲ့တယ် ဆိုတော့ ဒေါ်ခင်ကြည် က ကျမယောက်ျားပြောတာ မာ့ခ်စ်ဝါဒ က ပိုကောင်းတယ် လို့ ပြောရင်း၊ စကားများကြတယ် ဆိုတာက အစ လေ့လာကြည့်ပါလေ။ ဒါဆို

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: