ကိုးကန့်အဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက်နေသည့် ရခိုင်တပ်မတော်ကို မေးမြန်းချက်

ကိုးကန့်အဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက်နေသည့် ရခိုင်တပ်မတော်ကို မေးမြန်းချက်

By 22 February 2015

ကိုးကန့်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တရုတ်စစ်သည်ဟောင်းတွေ ပါဝင်မှုရှိကြောင်း မြန်မာ့တပ်မတော်ရဲ့ ပြောဆိုချက်ဟာ လူထုရဲ့ မျိုးချစ်စိတ်ကို တဖက်လှည့်နဲ့ အသုံးချနေတာ ဖြစ်တယ်လို့ အေအေလို့ ခေါ်တဲ့ ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်ပါတယ်။

မြန်မာတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုးကန့်တိုက်ပွဲတွေမှာ တရုတ်စစ်သားဟောင်းတွေက စစ်ရေး အကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ရခိုင့်တပ်မတော်ဘက်က တုံ့ပြန်လိုက်တာပါ။

ရခိုင့်တပ်မတော်ဟာ ကိုးကန့်တပ်တွေဘက်ကနေ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဒီဗွီဘီသတင်းထောက် မျိုးဇော်လင်းက မေးမြန်းထားပါတယ်။

ကိုးကန့်တိုက်ပွဲမှာ ရခိုင် မပါဘူး။ ရခိုင် မပါဘူး။ မပါဘူး။ ပါဘူး။ ဘူး။

ဟူး ဟူး ဟူး

အမလေး ကယ်ကြပါဗျ။

ရခိုင် လုံးဝ မပါဘူးဗျ။

ကျနော်တို့ တပ်မတော်ကို ယုံကြပါဗျ။

အဖေကြီး တရုတ်လည်း လုံးဝ မပါပါဘူးဗျ။

အဖေလေး ရခိုင်လည်း ပိစိလေးတောင် မပါပါဘူးဗျ။

ကချင်တွေ၊ ဝတွေ၊ ရှမ်းတွေ ပါပါတယ်ဗျ။

ကချင်တွေ၊ ဝတွေ၊ ရှမ်းတွေက လိမ်နေကြတာပါဗျ။

ကျနော်တို့ တပ်မတော်က ဘယ်တော့မှ မလိမ်ပါဘူးဗျ။

အီး ဟီး ဟီး ဟီး။

သူများပြောရင် သူတို့က ဘယ်တော့မှ မယုံကြဘူး။

အီး ဟီး ရွှတ် ဘွတ် (အီးထွက်သွားသည်။)

———————-

ကိုးကန့်အဖွဲ့နှင့် ရခိုင်တပ်မတော်က ပူးပေါင်းတိုက်ခိုက်နေပါတယ်လို့ ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က အကြိမ်ကြိမ် သတ္တိရှိရှိ ပြောင်ပြောင်တင်းတင်း DVB ကို ပြောပြနေတာ နားဆင်နိုင်ပါတယ်။

မျိုးဇော်လင်း (DVB)

One Response to “ကိုးကန့်အဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက်နေသည့် ရခိုင်တပ်မတော်ကို မေးမြန်းချက်”

  1. drkokogyi Says:

    ရက္ခ ဇာနည်

    ‪#‎သွီးရောမပါ‬ ရက္ခိုင်တပ်မတော်

    ရက္ခိုင်တပ်မတော် မှ နိုင်ငံနှင့် လူမျီုးအတွက် ခံယူအပ်သော သစ္စာအဓိဌာန် ( ၅ ) ချက်
    ****************************
    ၁။ ငါရို့သည် နိုင်ငံနှင့် လူမျီုးအတွက် ထာဝရသစ္စာ ဟိပါမည်။
    ၂။ ငါရို့သည် အသက်နန့်ခန္ဒာ တည်မြဲနီသရွိ့ နိုင်ငံနှင့် လူမျီုးအတွက် အသက်ပီး ကာကွယ်လားပါမည်။
    ၃။ ငါရို့သည် တပ်မတော် မှ ပီးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျီပွန်စွာ လိုက်နာဆောင်ရွက်ပါမည်။
    ၄။ ငါရို့သည် နိုင်ငံနှင့်လူမျီုးအတွက် အသက်စွန့်လွတ်ခကတ်သော အာဇာနီတိအပေါ် သစ္စာဟိပါမည်။
    ၅။ ငါရို့သည် ဇာခါလေ့သင့် လက်နက်မချပါ။
    ထမင်းတလုပ်စားတိုင်း ရက္ခိုင်တပ်မတော်ကို
    ကူညီထောက်ပံပီးထားရေ ကျေးဇူးရှင်တိကို
    ထမင်းစီလုံးနန့်အမျှ ကျေးဇူးဆပ်ဖို့
    သစ္စာအဓိဌာန် ပြုထားရေ တပ်မတော်
    သွီးရောမပါ ရက္ခိုင်တပ်မတော် Arakan Army..
    ရက္ခ ဇာနည် ။ ။
    Aung Tin shared ရက္ခ ဇာနည်’s video.
    8 hrs ·

    ရက္ခိုင်တပ်မတော်မှ နိုင်ငံနှင့် လူမျိုးအတွက် ခံယူအပ်သော သစ္စာအဓိဌာန် (၅) ချက်

    မြန်မာနိုင်ငံအတွက် ဖြစ်မှာပါ။

    ရခိုင်နိုင်ငံအတွက် မဖြစ်နိုင်ဘူး။

    စိတ်မပူကြပါနဲ့။

    ကျောချမှ ဓါးပြမှန်းသိ။

    နောက်ကျသွားပြီဗျ။

    မောင်သိန်းစိန် ခံရပြီ။

    ကိုယ့်အတတ် ကိုယ်စူး။

    စေတနာ အကျိုးပေး။

    နည်းတောင် နည်းသေး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: