အရပ်သားအများကို Human-shield လုပ်ခိုင်းခြင်းနှင့် မိုင်းရှင်းခိုင်းခြင်း ( mine – sweeper ) များမှာ စစ်ရာဇ၀တ်မှုမြောက်ပါသည်

ယခုအချိန်၌ မြန်မာပြည်အနယ်နယ် အရပ်ရပ်၌ အရပ်သားများကို ဗမာစစ်တပ်မှပေါ်တာဆွဲနေသည်ဟု သိရသည်။

 ပြည်သူပေးသောလစာစားနေသည့် ငါးသိန်းသောတပ်မတော်သားများ လုပ်ရမည့် အလုပ်ကို အရပ်သားများအား မတရားဇွတ်အတင်း အခမဲ့စေ ခိုင်းခြင်းမှာ မတရားပါ။

လူ့ အခွင့်အရေးဖောက်မှုပင်ဖြစ်သည်။

အရပ်သားအများကို Human-shield လုပ်ခိုင်းခြင်းနှင့် မိုင်းရှင်းခိုင်းခြင်း ( mine – sweeper ) များမှာ စစ်ရာဇ၀တ်မှုမြောက်ပါသည်။

 ပေါ်တာအမျိုးသမီးများကို ဗမာစစ်သားများက မုဒိမ်းကျင့်ခြင်များ မှာ လူမဆန်ပဲ တိရစ္ဆာန်ကဲ့သို့ အောက်တန်းကျ၍ အကြီးမားဆုံး ရာဇ၀တ်မှုများ ကျူးလွန်ခြင်းပင်ဖြစ်၏။

ပေါ်တာဆွဲခြင်းမှာ အတင်းအဓမ္မလုပ်အားရယူ စေခိုင်းခြင်း forced-labour ဖြစ်သဖြင့်  နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က အရေးယူနိုင်ပါသည်။

ILO အနေနှင့် ၄င်းကောင်းအဖွဲ့ ဝင်နိုင်ငံများအား မြန်မာ့ထွက်ကုန်/သွင်းကုန်များကို သပိတ်မှောက်ခိုင်းပြီး လေယျာဉ်၊ သဘောင်္ဆိပ်များ၌ ကုန်တင်ကုန်ချ လုပ်မပေးကြပါက မြန်မာစီးပွားရေးကို များစွာထိခိုက်နိုင်ကြောင်း မြန်မာအစိုးရအား အသိပေးအပ်ပါသည်။

လက်နက်ကိုင် လခစားစစ်တပ်က လက်နက်မဲ့အရပ်သား များကို အတင်းအဓမ္မပေါ်တာဆွဲအနိုင်ကျင့်ခြင်းပြစ်မှုများကို ၄င်းတို့ ၏တာဝန်ခံအထက်အရာရှိ အုပ်ချုပ်သူများက တာဝန်ယူရမည်။

အာဏာပိုင် အထက်အရာရှိများဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှစ၍ အဆင့်ဆင့်ထိပ်တန်း စစ်တပ်အရာရှိများ သာမာ – အရပ်ဖက်အစိုးရက ၄င်းတို့ ခွင့် ပြုထားသဖြင့် သမတကြီးဦးသိန်းစိန်၏ အစိုးရတဖွဲ့ လုံးအနေနှင့်တာဝန်ရှိသည်။

တာဝန်ခံအထက်အရာရှိအဆင့်ဆင့်ကို နိုင်ငံတကာ တရားဥပဒေအရ အရေးယူအပြစ် ပေးနိုင်ကြောင်း သတိပေးအပ်ပါသည်။ ၄င်းကို COMMAND RESPONSIBILITY ဟုခေါ်၍ ဒုတိယကမ္ဘာစစ်အပြီး၌ ရာပေါင်းများစွာသော ဂျာမာန်နှင့် ဂျပန်စစ်ဗိုလ်ချုပ်များ ၀န်ကြီးများကို ၄င်းတို့ ၏ငယ်သား များ၏စစ်ရာဇ၀တ်များအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်၍ သေဒဏ်ပေးခဲ့သည်။

FORCED Porter (carrier) of civilians by the SALARIED 500,000 strong Myanmar Military is not fair. It is the violation of Human Rights and Forced Labour. ILO should boycott all the Myanmar Goods: export and import from carrying by its members.

Using Civilian Porters as human shields or human mine-sweeper ahead of coward Bama Buddhist soldiers is a CRIME AGAINST HUMANITY and WAR CRIME.

And RAPING the porter girls and women is worse than animal.

Myanmar Military leaders and Civilian leaders could be held responsible for the Bama Buddhist army’s Human Rights Crimes and War Crimes on the Forced Labourer Civilian Porters.

Not only top leaders like Senior General Min Aung Hlaing but all his subordinate Generals, Lieutenant Generals, Brigadier Generals down to the Majors and Captains would be held responsible at ICC War Crime Tribunals.

President U Thein Sein led civilian government leaders would also be held responsible of the crimes committed by the Myanmar soldiers.

Please note that hundreds of German and Japan Generals and Government Ministers were charged, found guilty and punished accordingly for the crimes committed by their soldiers with the Doctrine of Command Responsibility.

3 Responses to “အရပ်သားအများကို Human-shield လုပ်ခိုင်းခြင်းနှင့် မိုင်းရှင်းခိုင်းခြင်း ( mine – sweeper ) များမှာ စစ်ရာဇ၀တ်မှုမြောက်ပါသည်”

  1. drkokogyi Says:

    Myanmar Military leaders and Civilian leaders could be held responsible for the Bama Buddhist army’s Human Rights Crimes and War Crimes on the Forced Labourer Civilian Porters.

    Not only top leaders like Senior General Min Aung Hlaing but all his subordinate Generals, Lieutenant Generals, Brigadier Generals down to the Majors and Captains would be held responsible at ICC War Crime Tribunals.

    President U Thein Sein led civilian government leaders would also be held responsible of the crimes committed by the Myanmar soldiers.

    Please note that hundreds of German and Japan Generals and Government Ministers were charged, found guilty and punished accordingly for the crimes committed by their soldiers with the Doctrine of Command Responsibility.

  2. drkokogyi Says:

    တိုင်းရင်းသားတွေ မြန်မာကို ဘာကြောင့် ရွံ့ မုန်း ကြောက် မယုံကြသလဲ။

    ဒီစစ်သားတွေက မှောင်ရီမပျိုးခင်မှာ အိန္ဒြတွေရသေးတယ်။ မှောင်ချိန်ရောက်တော့မယ်ဆိုရင်
    လမ်းမှာတွေ့တဲ့ ယောင်္ကျား၊မိန်းမ ပျိုပျိုအိုအိုတွေကိုစပြီး လူချောဆွဲပေါ်တာယူတော့တာပဲ။ လမ်းမှာတွေ့သမျှလူကို ပြသာနာအမျိုးမျိုးရှာနေတာ တွေ့မြင်နေရတယ်ဗျာ။

    အဆိုးဆုံးကတော့ လမ်းမှာတွေ့တဲ့ဈေးဆိုင်က ပစ္စည်းတွေကို ငွေမရှင်းဘဲယူကြတာ တွေ့ရမြင်ရ
    တော့ ကျနော်သာ သက်ဆိုင်သူလူမျိုးဖြစ်နေခဲ့ရင် ရရာလက်နက်နဲ့ ကိုင်ပေါက်မိမှာပဲ။

    သြော်..မြေပြန့်ကလူကို တိုင်းရင်းသားတွေအမြင်မကြည်၊ မုန်းတာကို ကျနော်အခုမှ သဘောပေါက်လာရတယ်။ ဒီလောက်တောင်ငတ်ပြတ်နေတာကို မင်းအောင်လှိုင်တို့က ဘာလို့လှည့်
    မကြည့်ခဲ့သလဲ။ တပ်မမှူးတွေကကော ဘာမှမကျွေးဘဲ ခွေးနဲ့တကိုင်းထဲထား ကိုယ့်လူကို ဒီတိုင်းပဲပစ်ထားရသလားလို့ပေါ့။

    အခုထပ်ပြောပြမယ့်အကြောင်းကတော့ ပိုလို့တောင်ဆိုးပါသေးတယ်။ ကွန်ကော့ရွာ၊ပန်နားရွာနဲ့
    စယ်အူရွာနားတဝိုက်မှာရှိတဲ့ ပြည်သူတွေရဲ့ကြံခင်းတွေကို လုပ်ဇာတ်ခင်းပြီး သေနတ်နဲ့ပစ်၊ဒီရွာကြောတဝိုက်မှာရှိတဲ့ လမ်းဘေးကြံခင်းတွေကို အားလုံးဖျက်စီးပြီး မီးရှို့ပစ်တာမြင်ရတော့ ဗမာဖြစ်ရတဲ့ကျနော့်ကို ကျနော်တောင် ပြန်သနားမိပါတယ်။

    ဘယ်လက်နက်ကိုင်အဖွဲ့မှ ပုန်းခိုနေတာ မဟုတ်ပါဘဲနဲ့ ဘာ့ကြောင့်ပြည်သူတွေရဲ့
    စီးပွားဖြစ်လုပ်ငန်းကို သွားဖျက်ဆီးပစ်ရသလဲ။ အခု အကုန်မီးရှို့ပစ်ပြီးပြီ။ ဒါကို ဒီကိစ္စက မင်းအောင်လှိုင် တာဝန်ယူဖြေရှင်းပေးပါ။ ချစ်စကို အရှည်သဖြင့်ဆွဲဆန့်နိုင်အောင် ပြန်တာဝန်ယူပေးပါ။

    သိန္နီမြို့နားက ရွာသူရွာသားတွေ မြို့ထဲကို အားကိုးရာမဲ့မျက်နှာနဲ့ ထွက်ပြေးတိမ်းရှောင်လာကြတဲ့
    ပုံပန်းသဏ္ဍန်တွေကို ကျနော်ဖြင့်တော်တော်ခံပြင်းဒေါသဖြစ်မိပါတယ်။

    အကြောင်းက ကျနော်ကအထက်ကပြောခဲ့သလိုဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မရှိဘဲနဲ့ သေနတ်တွေနဲ့ ရမ်းရမ်းပစ်နေလို့ ထွက်ပြေးလာကြတာတဲ့။ သူတို့ရွာက အိမ်ရှစ်အိမ်နဲ့ ကားတစ်
    စီး ပျက်စီးသွားရတာတဲ့။ အခု သူတို့ထွက်ပြေးလာကြတာက ရွာကလူလေးဦးကို ပေါ်တာချောဆွဲ ခေါ်သွားကြတယ်လို့ပြောပါတယ်။ကျနော်သိရတာက နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ပြန်မလွှတ်ပေးသေးဘူးလို့ သိရတယ်။ဒီအခြေအနေက မင်းမဲ့တိုင်းပြည်ပုံစံပေါက်နေပါပြီ။ ရောက်တော့မယ်ဆိုတဲ့အရိပ်အယောင်ကို မီးမောင်းထိုးပြနေလိုက်တာ ပြန်ထိန်းပေးပါ သမ္မတ
    ဦးသိန်းစိန်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့။

    ကျနော် ဒီစာရေးပို့နေချိန်ကတော့ ခုနကပြောတဲ့ရွာသားတွေကတော့ မနေ့ကပဲ အိမ်ပြန်သွား
    ခဲ့ကြပါပြီ။ စစ်သားတချို့က ကျနော့်မိတ်ဆွေအသိတွေ ပါဝင်ပါတယ်။

    သူတို့ပြောတာကတော့ လောက်ကိုင်ကို မသွားချင်ဘူးလို့ လွန်ခဲ့တဲ့ ၁၉ ရက်နေ့က ပြောပါတယ်။ မသွားချင်ဘူးဆိုတော့ မသေချင်ဘူးဆိုတဲ့ သဘောပေါ့။ သူတို့ကိုလည်း ကိုယ်ချင်းစာနာပါတယ်။

    ဒါဆို မရှိတဲ့တိုက်ပွဲကို အတင်းဖန်တီး၊နေစရာတစ်ခုခြေကုတ်ယူလိုက်တဲ့သဘောပေါ့။ နေမယ်ဆို စည်းကမ်းရှိရှိနဲ့ တပ်စည်းကမ်းအတိုင်းပြစ်ဒဏ်ပြန်ပေးေ

    မင်းအောင်လှိုင် စစ်အုပ်စုသည် ရှမ်းပြည်မြောက်ပိုင်းကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နိုင်ရန်
    စာမျက်နှာအသစ်ဖြစ်တဲ့ အရင်စာမျက်နှာဟောင်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ကြံရွယ်နေပါသည်။

    အားလုံးကို လေးစားလျှက်
    ပြည်သူ့ဝန်ထမ်းတစ်ဦး
    (၂၅.၂.၂၀၁၅)(၇း၂၃)pm

  3. drkokogyi Says:

    San Lwin

    ရှက်တက်ကြပါစေ
    ********************
    ကျွန်တော်ဒီနေ့မြန်မာ့အလင်းသတင်းစာဖတ်ကြည့်တော့(တပ်မတော်သားများအတွက်အလျှူ
    ငွေနှင့်ပစ္စည်းများဆက်သွယ်လျှူ ဒါန်းနိုင်)ဆိုတဲ့ကြော်ငြာတွေ့တယ်ဗျ ။နဲနဲတော့လွဲနေပြီဗျ။
    ကာကွယ်ရေးအသုံးစရိတ်အများဆုံးယူထားတဲ့
    စစ်တပ်ကဒုက္ခတွေဝေနေတဲ့ပြည်သူ့ဆီကဘာ
    လိုချင်သေးလို့လည်း၊

    ကိုယ့်ဘာသာကိုယ်အဆို
    တင်၊ ကိုယ့်ဘာသာကိုယ်အတည်ပြု ပြီးပြည်သူ့
    ဘဏ္ဍာငွေကိုလိုသလိုမတရားသုံးနေတဲ့စစ်တပ်
    ပြည်သူ့မျက်ရည်နဲ့ရေချိုးချင်တာလား။နေရာတ
    ကာဦးပိုင်၊ဦးပိုင်ရှယ်ယာရှင်တစ်ဦးဖြစ်ဖို့သိန်း
    ပေါင်း၁၀၀၀၀ရှိရင်တောင်အနားကပ်လို့မရပါ
    ဘူး၊ဦးပိုင်မှာထိပ်ပိုင်းရှယ်ယာတွေကိုဗိုလ်ချုပ်ကြီးတွေကသာပိုင်တာပါ၊ပြည်သူ့ဘဏ္ဍာတွေ
    ကဗိုလ်ချုပ်ကြီးတွေရဲ့အကောင့်တွေဖြစ်သွား
    တာပါ။သူတို့ကပြောသေးဦးပိုင်ဆိုတာတပ်မတော်သားတွေရဲ့သာရေးနာရေးအတွက်ဆိုပဲ၊
    ဒါဆိုဦးပိုင်ရဲ့ငွေတွေကိုတပ်မတော်သားတွေအ
    တွက်ဘာကြောင့်မသုံးသလဲ။မင်းအောင်လှိုင်ဦး
    ဆောင်တဲ့ဗိုလ်ချုပ်ကြီးတွေကသူတို့ကိုယ်ကျိုးစီး
    ပွားအတွက်တပ်မတော်သားတွေကိုအသုံးချနေ
    တာ၊အမျိုးသားရေးကိုအကြောင်းပြပြည်သူ့မေတ္တာကိုမတရားခံယူချင်နေကြတယ်။ပြည်သူ
    ကိုဒုက္ခပေးပြီးမေတ္တာလိုချင်လို့ရမလား။
    သဘာဝမကျတာကိုနီတိလုပ်ချင်လိုမရဘူးဆို
    တာကိုနားလည်ပါ။စစ်ခွေးတွေရှက်တက်ကြပါ
    စေ…….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: