ဟိုးတုန်းစစ်တပ် အခုစစ်တပ် အတူတူပါဘဲ

စစ်တပ်က ဟိုးတုန်းက စစ်တပ်နဲ့ မတူဘူး
အခုစစ်တပ်ကိုမုန်းတာ
ဟိုတုန်းကစစ်တပ်ကိုမမုန်းဘူး-လို့ပြောနေတဲ့သူတွေကို

ဟိုးတုန်းစစ်တပ် အခုစစ်တပ် အတူတူပါဘဲဆိုတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကလေးတခုပြောပြမယ်

ဟိုခေတ်က သတင်းတခု တနေရာက တနေရာရောက်ဖို့ ဆိုတာ မလွယ်ဘူး

တော်တော် တန်တန်သတင်းဆိုရင် ပျောက်သွားတာ များတယ်

အဲ့ဒီတော့ စစ်တပ်မကောင်းသတင်း သတင်းမှန်တွေက တောထဲတောင်ထဲတင် ပျောက်ဆုံးသွားကြတယ်

ကျွန်တော် ငယ်ငယ်တုန်းက ကလောမှာနေခဲ့တာလေ

အသက် ၄နှစ်တောင် မပြည့်သေးတဲ့ ဘဝ မှာ စစ်သားဆို တာကို ပထမဆုံးမြင်ခဲ့ရပြီး သူတို့ရဲ့ ရိုင်းစိုင်းရမ်းကားမှု ကို တခါထဲတွဲ တွေ့ခဲ့ရတာ အသဲထဲကို စွဲ နေတာဘဲ

တရက် ကလောမြို့ နတ်စင်လမ်းမှာရှိတဲ့ ကျွန်တော့်အိမ် ရှေ့ ကွက်လပ်မှာ ကျွန်တော့်အစ်ကိုတွေနဲ့ ဆော့ကစား နေခဲ့ပါတယ်

အဖေ နဲ့ အမေက အိမ်ဘေးက ဂိုဒေါင်ထဲမှာ အလုပ် သမားတွေနဲ့ အတူ အသီးအနှံတွေ ရွေးဆယ် သန့်ရှင်း လုပ်နေကြတယ်

အဖေက ဌာနဆိုင်ရာတွေကို အသီးအနှံ ဆပ်လိုင်းသွင်း တဲ့လုပ်ငန်းလုပ်တာလေ

ကလောမြို့မှာ ဗာကင်စည်သွတ်ဘူးစက်ရုံရှိတယ်လေ
အဲ့ဒီ စက်ရုံက ရာသီပေါ်သီးနှံတွေကို စည်သွတ်ဘူးတွေ ထုတ်တယ်လေ

နောက် -ကလောဆိုတာက တပ်မြို့ ဆိုတော့ စစ်တပ်တွေအတွက် ကုန်စိမ်းတွေပေးသွင်းရတယ်-လားတပ်အတွက် မြက်အစိုတွေ ပေးသွင်းရတယ်

တနှစ်တခါ ထောက်/ပို့ တပ်မှာ တင်ဒါပေးသွင်းရပြီး တင်ဒါအောင်တဲ့ ပစ္စည်းအမျိုးအစားကို တင်ဒါတင်သွင်းစဉ်က သတ်မှတ်ပေးထားတဲ့ အမျိုးအစား အရေအတွက် အတိုင်း သူ့အချိန်နဲ့ သူ မပျက်မကွက် ပေးသွင်းရတာပေါ့

ဒါတွေက နောက်မှ အစ်ကိုတို့ အမေတို့ ပြောပြလို့ သိရ တာပါ

၃နှစ်ခွဲ လေးနှစ်ဆိုတဲ့ အသက်အရွယ်လေးမှာ ကျွန်တော့် အသဲထဲစွဲနေခဲ့တဲ့ အဖြစ်အပျက်ကိုပြောပြမယ်

ကျွန်တော်တို့ အိမ်ရှေ့ မြေကွက်လပ် ကျွန်တော်တို့ဆော့ ကစားနေတဲ့နေရာကို စစ်ဂျစ်ကားတစီး အရှိန်နဲ့ ထိုးဝင်လာပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ ရပ်လိုက်တယ်

ကျွန်တော်တို့ ညီအစ်ကိုတွေတောင် အရှောင်ကောင်းလို့ နို့မဟုတ်ရင် တိုက်မိမှာ သေချာတယ်

စစ်သား၂ယောက် ဆောင့်ကြီးအောင့်ကြီးနဲ့ ကျွန်တော့် အဖေရဲ့ နံမယ်တတ်ပြီး အော်ဟစ်ဆဲဆို ခေါ်ကြတယ်

နှစ်ယောက်စလုံးလဲ မူးနေကြတယ်

ကျွန်တော့်အဖေ ဆိုတာ ရပ်ကွက်ထဲမှာ လူရိုသေ ရှင်ရိုသေရှိတဲ့သူပါ-ဘယ်သူဘဲဖြစ်ဖြစ် အကူအညီ တောင်းလာရင် လူအားရော ငွေအားရော အိမ်က မော်တော်ကားပါ မနေရအောင်ကူညီတတ်သူပါ

အဖေ့ကို ဒီလို မိုက်မိုက်ရိုင်းရိုင်းဆဲဆိုခေါ်ဝေါ်နေတော့ တအံ့တသြော် ဖြစ်သွားတာပေါ့

စစ်သား နှစ်ယောက်စလုံးကလဲမူးလို့ သေနတ်ကိုယ်စီနဲ့ ဆိုတော့ ကျွန်တော်ကတော့ ကြောက်တာ လန့်တာဘဲသိတယ်

ကျွန်တော်တို့ အစ်ကိုကြီးက ကျွန်တော်တို့ကို ဖက်ထားပြီး ရပ်ကြည့်နေကြတယ်

အဖေနဲ့ အမေ အိမ်ထဲက ထွက်လာပြီးစစ်သား အမူးသမား လက်နက်ကိုင်နှစ်ယောက်ကို စကားတွေပြောကြတယ်

ဘာတွေပြောကြမှန်းဘယ်သိမလဲ

စစ်သားတယောက်က စာရွက်တရွက်ထုတ်ပြပြီး အဖေ့ကို မေးမြန်းနေတယ် လူလိုသူလို ကောင်းကောင်း မွန်မွန် မေးတာမဟုတ်ဘူး

မူးမူးနဲ့ အမျိုးစုံ ဆဲဆိုပြီးမေးနေတာ

အဖေကတော့ အေးအေးဆေးဆေး ကောင်းကောင်းမွန် မွန်ပြန်ရှင်းပြနေတယ်

အမေက ဝင်ရှင်းပြတော့ စစ်သားတွေက အမေ့ကို စကား အပြောမခံဘူး သေနတ်နဲ့ ချိန်ပြီး ပါးစပ်ပိတ်ထားခိုင်းတယ်

ကျွန်တော်တို့ ကတော့ ကြောက်ပြီးရင်း ကြောက်ပေါ့

အပြန်အလှန်စကားပြောပြီးတော့(စကားပြောတယ်လို့ သာ ပြောရတာပါ-စစ်သားနှစ်ယောက်ကတော့ ဆဲနေတာပါဘဲ) အဖေ့ကို တရားခံတယောက်ဖမ်းသလို ဆွဲဖမ်းပြီး ကားပေါ်ဆွဲတင်ကြတယ်

အဖေ့ကို ဂျစ်ကား ရှေ့ခုံမှာထိုင်ခိုင်းပြီးတော့ အမူးသမား စစ်သားတယောက်က ဂျစ်ကားနောက်ခုံကနေ သေနတ် ကို မောင်းတင်ပြီး ဂုတ်ပေါ်မှာ ထောက်ထားတယ်

နောက်အမူးသမား စစ်သားက ကားကို ဆောင့်ကြီး အောင့်ကြီး မောင်းချသွားတယ်

နှစ်ယောက်စလုံး ပါးစပ်ကလဲ အော်ဟစ်ဆဲဆိုပြီးတော့ စကားတွေပြောသွားကြတယ်

ဘာအကြောင်းအရာတွေပြောတယ်တော့ မသိပါဘူး
“သေမယ်” “သတ်ပစ်မယ်” ဆိုတာတွေဘဲ သတိထားမိတယ်

ကလောမြို့က လမ်းကျဉ်းလေးတွေမှာက ဂျိုင့်တွေ ခွက်တွေ ကမူတွေ ကုန်းစောင်းတွေနဲ့ အမူးသမားတယောက်က ရိုင်ဖယ်သေနတ်ကို မောင်းတင်ထားပြီး ဂုတ်ပေါ်မှာအထောက်ခံပြီး လိုက်သွားရတဲ့ အခြေအနေ မြင်ကွင်း

ဒီမြင်ကွင်းနဲ့ ဒီအဖြစ်အပျက်ကို ကျွန်တော် သေတောင် မေ့မှာမဟုတ်တော့ဘူး

ကျွန်တော့် စိတ်ထဲမှာ စွဲနေတဲ့ “စစ်တပ်ဆိုတာ အမူးသမား အရိုင်းအစိုင်းတွေနဲ့ ဖွဲ့ စည်းထားတာဘဲ” ဆိုတဲ့ ထင်မြင်ချက်ကို ဘယ်သူက ဖြေရှင်းပေးနိုင်မှာလဲ

နောက်မှ အစ်ကိုတွေက ရှင်းပြတော့မှ အကြောင်းစုံသိရ တော့တယ်

ရှမ်းပြည်နယ်ဆိုတော့ စစ်တပ်က ဗိုလ်ကျနေကျ

အရပ်သားကားတွေ လိုင်းကားတွေဆိုတာ လူစီးကားရော ကုန်တင်ကားပါ စစ်တပ်က လိုရင် အမြဲ ချောဆင့်ပြီးသုံးနေကျ

ပုံမှန်အချိန်ဆိုရင် တရက် နှစ်ရက်နဲ့ ပြီးတယ် ပြန်လွှတ်ပေးတယ်

စစ်ဆင်ရေးရှိတယ် တပ်အပြောင်းအရွှေ့ရှိတယ် တပ်အသစ်တည်မယ်ဆိုရင်တော့ ကားပိုင်ရှင်တွေမှာ ကားရော ဒရိုင်ဘာရော စပယ်ယာရော တလ နှစ်လ ချောအဆွဲခံကြရတယ်

လမ်းမှာ ကားပျက်ရင် ပျက်တဲ့နေရာလိုက်ပြီး ကိုယ့်ကား ကိုယ်ပြင်ပေးရသေးတယ်

စစ်ဆင်ရေးထဲပါသွားလို့ တဖက်အဖွဲ့ အစည်းက ပစ်တာခတ်တာ ကိုယ့်ကားထိလို့ မှန်လို့ ပျက်စီးသွားရင် လဲ ဘာရော်ကြေးမှမရဘူး ကိုယ်ဖြစ် ကိုယ်ခံဘဲ

သူတို့ စိတ်အခန့်မသင့်ရင် ဒရိုင်ဘာရော စပယ်ယာပါ အရိုက်အနှက်ခံရသေးတယ်

ဒီတော့ ကားသမားတွေ ကားပိုင်ရှင်တွေမှာ လုပ်ကိုင်စား သောက်ဖို့ကို မလွယ်ကြဘူး

ဒီတော့ ဌာနဆိုင်ရာတွေ စစ်တပ်တွေကို ကုန်ပစ္စည်းပေး သွင်းနေရတဲ့သူတွေအတွက် ကုန်ပစ္စည်း အချိန်မှီပေးသွင်းနိုင်ဖို့ အတွက် ကုန်သည်တွေ အသုံးပြုတဲ့ ကားတွေကို ချောကင်းလွတ်ခွင့် လက်မှတ် ထောက်/ပို့ တပ်က တဦး နှစ်စောင်နှုန်းစီ ထုတ်ပေးထား တယ်-ထိုက်သင့်တဲ့ ပေးကမ်းမှုတော့ လုပ်ရတာပေါ့

ကုန်ကားတွေကို ပြေးဆွဲနေစဉ် လမ်းတွေပေါ်မှာ လိုက်ချောဆွဲတဲ့အခါ ချောအဆွဲခံရတဲ့နေရာမှာ လက်ရှိ ကားပေါ်က ကုန်ပစ္စည်း လမ်းဘေးချပြီး ခေါ်တဲ့နောက် လိုက်သွားရတာကိုး

အဲ့ဒီနေ့က ကျွန်တော်တို့ အဖေရဲ့ ကုန်ပစ္စည်းတွေ သယ် ပို့ပေးနေတဲ့ကားကို စစ်သား အမူးသမားနှစ်ယောက်က ချောဆွဲတယ်-တဲ့

ကားသမားက ချောကင်းလွတ်ခွင့် စာရွက် ထုတ်ပြတော့ ကျွန်တော့်အဖေ အမည်နဲ့ လိပ်စာကို တွေ့ သွားပြီး ချောစာရွက်ကို အတုလုပ်ထားတယ်ထင်ပြီး ပြသနာလာရှာတာတဲ့လေ

အဖေ့ကို ထောက်/ပို့ တပ်ခေါ်သွားပြီး ချောကင်းလွတ်ခွင့် စာရွက်ဟာ မှန်ကန်မှု ရှိ မရှိ သွားစစ်ဆေးတာ-တဲ့

စာရွက်က အမှန်အကန်ဖြစ်နေတာကို ဆဲဆိုပြီး အဖေ့ကို ထောက်/ပို့ တပ်မှာ ထားပစ်ခဲ့တယ်ဗျာ

စစ်တပ်ဆိုတာ ဟိုးအရင်အချိန်အခါ ကထဲက ပြည်သူကို လူလို့ကို သဘောမထားခဲ့ကြတာပါ

ဟိုးအရင်ခေတ်က ဆက်သွယ်ရေးကရိယာတွေ ခုလို ခေတ်မမှီသေးတော့ သတင်းတခု ဘယ်မှမရောက် ဘယ်မှမပြန့် ဘယ်သူမှမသိလိုက်ကြတာပါ

အခုခေတ်များတော့ ဒီလိုမဟုတ်တော့ဘူးလေ

ဒီနေ့ ပြသနာတခုလုပ်လိုက် မတရားတာ တခုလုပ်လိုက်
(တောကြိုအုံကြားမှာဖြစ်နေပေ့စေ) မနက်ဖန် အင်တာနက်ပေါ်ရောက်ပြီး တကမ္ဘ္ဘာလုံး မပြောနဲ့ တခြားကမ္ဘာက ဂြိုလ်သားတွေပါ သိသွားမယ်

အဲ့ဒီတော့ ကျွန်တော် အဓိကပြောချင်တာက စစ်တပ်-(မြန်မာ့တပ်မတော်) ဟာ ဟိုတုန်းကလဲ ဒီလိုပါဘဲ
အခုလဲ ဟိုတုန်းကလိုပါဘဲ
ဘာမှအပြောင်းအလဲမရှိပါဘူး-လို့ပါဗျာ—။

One Response to “ဟိုးတုန်းစစ်တပ် အခုစစ်တပ် အတူတူပါဘဲ”

  1. drkokogyi Says:

    Minn Michael ဗမာ့တပ်မတော်ဆိုတာ

    “ဗမာ့တပ်မတော်ဆိုတာ
    လကွယ်ဥပုသ်နေ့ညတစ်ညမှာ
    ဘုရားဝတ်ကျောင်းအတွင်းမှာ
    ပြည့်တန်ဆာမတစ်ဦးကို
    သူခိုးတစ်ယောက်က
    မတရားကျင့်လို့ မုဒိမ်းကျင့်လို့
    ရလာတဲ့ သားဖြစ်တယ်။
    အမေနဲ့ အဖေ ဇာတိမမှန်ဘူး။
    ပဋိသန္ဓေတည်တဲ့နေရာနဲ့
    အချိန်ကလည်းမကောင်းဘူး။
    အမှန်တစ်ခုမှ လုပ်မှာမဟုတ်ဘူး”
    #သခင်စိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: