Balkanization of Myanmar နောက်ဆုံးတနေ့ သိပ်မဝေးတော့တဲ့ တနေ့မှာတော့ အဲ့ဒီလိုတွေ .ဖြစ်ကုန်ကြတော့မှာပါဘဲ….

ရေစီးကမ်းပြို-

မြန်မာနိုင်ငံသားတွေ ဟာ နိုင်ငံရေး ဝေါဟာရ- Annexation ဆိုတာကို နားလည်ရင်- မဟာ ဗုဒ္ဓဘာသာ ဗမာ စိတ်ကို အချိန်မှီ သတ်ပစ်ဘို့ လိုလိမ့်မယ်။

ကိုးကန့်တို့ ၀ တို့ဟာ တရုတ်မျိုးနွယ်တွေ မှန်တယ်- သို့သော် သူတို့က နဂိုရှိရင်းစွဲ ဗမာပိုင်ထဲကို ကျူးကျော်လာသူတွေ မဟုတ်ဘူး- ဗမာကို ဗြိတိသျှ အုပ်ချုပ်တဲ့ ကာလမှာမှ British-Burma အုပ်ချုပ်မှုအောက်မှာ သူတို့နယ်မြေတွေကို Annexation (တွဲဆက်ခြင်းဖြင့် ဧရိယာပိုင်ခြံဝန်းချဲ့ခြင်း) လုပ်ခဲ့တာပါ။ အဲ့ဒီလို Annexation လုပ်ခံရတာမှာ ကချင်နယ်တွေလည်း ပါခဲ့တယ်။ ဒါကြောင့် သူတို့ဟာ လူမျိုးရှိပြီးသား နယ်မြေလိုက် Burma ဆိုတဲ့ အုပ်ချုပ်မှု နယ်ထဲကို ရောက်ခဲ့တာပါ။ တစ်ချိန်က ဗြိတိသျှဟာ Burma တစ်ခုလုံးကိုလည်း India အောက်မှာ အဲ့လို Annex လုပ်ထားခဲ့တာက- Decolonize ပြန်လုပ်ပေးခဲ့တယ် ဆိုတာ-၊ သိဘို့ ခံယူဘို့ လိုပါမယ်။

Annex လုပ်ယူခံရတဲ့ လူမျိုးအားလုံးဟာ- မဟာဗမာဝါဒရဲ့ ပြင်းထန်စွာ ဖိနှိပ်မှုကို မခံမရပ်နိုင်တော့ တဲ့ ကာလမှာ-“ကျွန်ုပ်တို့သည် လူမျိုးတုံးသတ်ဖြတ် ဖိနှိပ်နေသော ဗမာများဖြင့် အတူပူးတွဲ မနေတော့ပါ-၊ ဗမာဖြင့် နှိုင်းယှဉ်လျှင် ဖိနှိပ်မှု သက်သာပြီး- စီးပွားရေးပိုမိုတိုးတက်အောင် လုပ်ပေးနိုင်သော- တရုတ်ဖြင့်သာ Annex လုပ်ပါတော့မည်လို့ Referendum လေး တစ်စောင်ထုတ်ပြန်လိုက်ယုံပါပဲ- မြန်မာနိုင်ငံဆိုတာ ရေစီးကမ်းပြို ဖြစ်သွား ဖြစ်သွားလိမ့်မယ်။

မြန်မာရဲ့ ပတ်လည်တစ်ခုလုံး- လူမျိုးကိုယ်စီဟာ ဟိုဘက်ဒီဘက် နှစ်ဘက်ခွနေ လူမျိုးစုများ ရှိနေတဲ့ အပြင်- သမိုင်းကြောင်းကိုယ်စီလည်း ရှိနေခဲ့တယ် ဆိုတဲ့ အချက်ကို မမေ့ဘို့လိုပါမယ်။ ဒီနေ့ ကိုးကန့်၊ ၀ တို့က တရုတ်ပြည်နဲ့ Annex လုပ်မယ်လို့- Referendum ထုတ်ပြန်လိုက်တာနဲ့- ၂၄ နာရီ အတွင်း- ချင်းတွေက မီဇိုဇန်ပြည်ကို အကြောင်းပြက- အိန္ဒိယနဲ့ Annex ဘို့ Referendum ထုတ်နိုင်တယ်။ ဒါဆိုရင် ဗမာက အိန္ဒိယနဲ့ တရုတ်ကို စစ်တိုက်နိုင်မလား။ အဲ့ဒီ အခြေအနေမှာ ကချင်၊ ရှမ်း၊ ကရင်၊ မွန် တို့က တစ်ပြိုင်နက် နီးစပ်ရာနိုင်ငံတွေနဲ့ Annex လုပ်ဘို့ Referendum လုပ်ဘို့ ကြေငြာမယ်၊ ရခိုင်က ဘင်္ဂလားနဲ့ Annex လုပ်ဘို့ ကြေငြာမယ်-၊ ဆိုတာ ရက်ပိုင်း အတွင်း ဖြစ်သွားမယ်။ ဗမာဟာ ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား ရှိသမျှ ပတ်လည်ကို တိုက်နိုင်မလား- သို့မဟုတ် ရှိသမျှ ပတ်လည်က ဗမာကို အမှုန့်ကြိတ်ပစ်မလား- ဆိုတာလောက် တော့ စဉ်းစားဘို့ လိုမယ်။ ကိုယ်ပိုင် လူမျိုးနဲ့ သမိုင်းရှိတဲ့ လူမျိုးအုပ်စုတိုင်းက Referendum လုပ်ပြီး annex လုပ်ခြင်းကို ဘယ်အင်အားကြီးနိုင်ငံကမှ မကာကွယ်ပေးနိုင်ဘူး။ လက်ရှိ အခြေအနေမှာ ဗမာနဲ့ Annex လုပ်ပြီး အတူနေရတာထက် ပတ်ဝန်းကျင်နိုင်ငံများက လူ့အခွင့်အရေး၊ စီးပွားရေး၊ ပညာရေး၊ ဘ၀ရှင်သန်ရေး ပိုမိုကောင်းမွန်တယ်လို့ လူမျိုးစု အများစု က မြင်နေကြပါပြီ။ ဗမာများ ကိုယ်တိုင် ထိုထိုသော တိုင်းပြည်များမှာ စီးပွားလုပ်ကိုင် စားသောက် နေရတဲ့ အဆင့်ကိုလည်း အဆိုပါ လူမျိုးစုများက မြင်တွေ့ ခံစားနေရပါပြီ။

လူမျိုးစုတစ်ခုက ကိုယ်ပိုင် Referendum နဲ့ Annex လုပ်ခြင်းဟာ- တရုတ်က ဖြစ်စေ၊ အိန္ဒိယက ဖြစ်စေ ကျူးကျော် သိမ်းပိုက်တာ မဟုတ်လို့- ကမ္ဘာက သူတို့ကို ပြစ်ဒဏ်ပေးဘို့လည်း မဖြစ်နိုင်ဘူး-

မြန်မာနိုင်ငံ- ရေစီးကမ်းပြို မဖြစ်စေချင်ရင် “တန်းတူညီမျှ အခွင့်အရေးနဲ့ လူနည်းစု ကာကွယ်စောင့် ရှောက်ရေး ဥပဒေ” ကို အချိန်မဆွဲဘဲ အလျှင်အမြန် ရေးဆွဲဘို့ လိုပါမယ်။ အဲ့ဒီ ဥပဒေကို တိကျစွာ လေးစား လိုက်နာဘို့လည်း လိုပါမယ်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

One Response to “Balkanization of Myanmar နောက်ဆုံးတနေ့ သိပ်မဝေးတော့တဲ့ တနေ့မှာတော့ အဲ့ဒီလိုတွေ .ဖြစ်ကုန်ကြတော့မှာပါဘဲ….”

  1. drkokogyi Says:

    Maung Maung Skw shared Htay Lwin Oo’s post.
    1 hr ·

    Balkanization of Myanmar….. ဆိုတဲ့အဖြစ်မျိုး….မဖြစ်စေလိုပါ…..
    ×××××××××××××××××××××××××××××××××××××××××××××××

    ဒါပေမဲ့ …အဲ့ဒီ…ခရီးကို…မြန်မာနိုင်ငံကြီးက….ဦးတည်သွားနေပါပြီ…..
    ×××××××××××××××××××××××××××××××××××××××××××××××××

    ဒီလိုအဖြစ်အပျက်မျိုး…ဖြစ်မလာအောင်….သတ္တိပြောင်မြောက်တဲ့…ခေါင်းဆောင်ငယ်တွေ….. လိုအပ်လာပါပြီ……
    ခေါက်ရိုးကျိုးနေတဲ့…လူကြီးတွေကို…ဖယ်ရှားပစ်ရပါမယ်….အနာဂတ်တိုင်းပြည်မှာ…သူတို့ရဲ့ လုပ်ရည်ကိုင်ရည်တွေ…အကျင့်တွေ…စိတ်သဘောထား ညံ့ဖျင်းမှုတွေကို…နေရာပေးလို့…မရပါဘူး……
    စိတ်ရင်းသဘောထား…ဖြောင့်မှန်တဲ့…တိုင်းရင်းသား…ခေါင်းဆောင်တွေကို…ဖိတ်ခေါ်လက်တွဲပါ…
    နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့…တိုင်ပင်ဆွေးနွေးပြီး….ရနိုင်သမျှ(ကောင်းမွန်သင့်လျှော်တဲ့) အကြံဥာဏ်တွေကို…အလေးအနက်ထား…ခံယူပါ…..
    တိုင်းပြည်ထဲမှာရှိတဲ့…လူမျိုးစုငယ်လေးတွေရဲ့…အခန်းကဏ္ဍတွေကိုလဲ…အလေးအနက်ထားပါ…
    လူမျိုးဘာသာ…မခွဲခြားဘဲ…နိုင်ငံသားတိုင်းကို…တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်…တာဝန်ပေး ပါ…တိုင်းပြည်အတွက်…အသုံးချပါ…..

    ကမ္ဘာပေါ်မှာ…အသွေးအရောင်စုံ….လူမျိုးစုံ….ယဉ်ကျေးမှုအစုံအလင်နဲ့….ရာသီဥတုပါစုံတဲ့…… နေထိုင်ချင်စရာအကောင်းဆုံး…နိုင်ငံကြီးတနိုင်ငံဖြစ်လာမှာ…မလွဲပါဘူး…..

    ဒီတာဝန်တွေကို…အမြန်ဆုံး…အကောင်အထည်ဖော်…ဆောင်ရွက်နိုင်တဲ့စွမ်းရည်ဟာ….လက်ရှိ အခြေအနေမှာ….တပ်မတော်အရာရှိငယ်တွေရဲ့ လက်ထဲမှာ…အသေအချာရှိနေပါတယ်….

    သိပ်အမြင်မတော်လာလို့….နိုင်ငံတကာက…ဝင်လုပ်သွားရင်….သူတို့အတွက်…အကျိုးအမြတ်ကြည့်တာတွေ…ပါလာရင်….တိုင်းပြည်အတွက်…တအား…နစ်နာသွားနိုင်ပါတယ်…..

    တိုင်းပြည်ကို…အမှန်တကယ်…ချစ်လို့ပြောတယ်…လို့..မှတ်ပါ…..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: