တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း လုပ်မယ် မစဉ်းစားဘူး ကုလားတစ္ဆေ လိုက်ခြောက်နေကြတယ်

မွတ်စလင်တွေဟာ မြန်မာနိုင်ငံဖြစ်တည်မှုသမိုင်းမှာ နေရာစုံ ဒေါင့်စုံ အဖွဲ့အစည်းစုံမှာပါခဲ့တယ်

လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာလဲ ဘက်ပေါင်းစုံက ပါခဲ့တယ်

ဖဆပလ ထဲမှာလဲ ပါခဲ့တယ်
သန့်ရှင်း တည်မြဲ ကွဲခဲ့တော့လဲ နှစ်ဖက်လုံးမှာ မွတ်စလင်တွေပါခဲ့တယ်

ကွန်မြူနစ်တွေထဲမှာလဲပါခဲ့တယ်
ကွန်မြူနစ်တွေ ရဲဘော်ဖြူ ရဲဘော်ဝါ ကွဲခဲ့တော့လဲ နှစ်ဖက်လုံးမှာ မွတ်စလင်တွေပါခဲ့တယ်

ကရင်တွေ တော်လှန်တော့ ကရင်တော်လှန်ရေးသမား တွေဘက်မှာလဲပါခဲ့တယ်
ကရင်တွေကိုတိုက်တဲ့ အစိုးရတပ်တွေဖက်မှာလဲ မွတ်စလင်တွေပါခဲ့တယ်

ကချင်တပ်ထဲမှာလဲ မွတ်စလင်တွေပါတယ်
ရှမ်းတပ်ထဲမှာလဲ မွတ်စလင်တွေပါတယ်
တော်လှန်ရေးအဖွဲ့အစည်း အားလုံးလိုလိုမှာ မွတ်စလင် တွေပါတယ်

အဲဒီ တော်လှန်ရေးအဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့တဲ့ တပ်မတော်လို့ခေါ်တဲ့အဖွဲ့အစည်းထဲမှာလဲ မွတ်စလင် တွေပါတယ်

လယ်သမားလှုတ်ရှားမှုထဲမှာ မွတ်စလင်တွေပါခဲ့တယ်

အလုပ်သမားလှုတ်ရှားမှုထဲမှာ မွတ်စလင်တွေပါခဲ့တယ်

ကျောင်းသားလှုတ်ရှားမှုထဲမှာ မွတ်စလင်တွေပါခဲ့တယ်

နိုင်ငံ အာဇာနည်ထဲမှာ မွတ်စလင်တွေ ပါခဲ့တယ်

မဆလ ပါတီထဲမှာ မွတ်စလင်တွေပါခဲ့တယ်

ပြည်ပြေးပါတီထဲမှာ မွတ်စလင်တွေပါခဲ့တယ်

အေဘီအက်စ်ဒီအက်ဖ်ထဲမှာလဲ မွတ်စလင်တွေပါခဲ့တယ်

နဝတ တွေထဲမှာ မွတ်စလင်တွေပါဝင်လက်တွဲခဲ့ကြတယ်

ကြံ့ခိုင်ရေးထဲမှာ မွတ်စလင်တွေပါခဲ့တယ်

စွမ်းအားရှင်တွေထဲမှာ မွတ်စလင်တွေပါခဲ့တယ်

မီးသတ်ထဲမှာ မွတ်စလင်တွေပါခဲ့တယ်

ကြက်ခြေနီထဲမှာ မွတ်စလင်တွေပါခဲ့တယ်

မသိခဲ့ကြဘူးလား

မမြင်ခဲ့ကြဘူးလား

မကြားခဲ့ကြဘူးလား

အဲ့ဒီတော့

အခု အဖွဲ့ချုပ်ထဲမှာ မွတ်စလင်ပါတယ် ဘာဖြစ်တုန်း

ပြည်ခိုင်ဖြိုးပါတီမှာ မွတ်စလင်တွေပါတယ် ဘာဖြစ်တုန်း

ကျောင်းသားသပိတ်မှာ မွတ်စလင်တွေပါတယ် ဘာဖြစ်တုန်း

တန်ပြန်သပိတ်မှာ မွတ်စလင်တွေပါတယ် ဘာဖြစ်တုန်း

ဒီနိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံလေ

ဗမာနိုင်ငံမှမဟုတ်တာ(ဗမာတဦးထဲပိုင်မှမဟုတ်တာ)

ဘာဖြစ်လို့ မွတ်စလင်တွေ ဟိုနေရာပါတယ် ဒီနေရာပါတယ်နဲ့ လိုက် ပြသနာရှာနေရတာလဲ

ခင်ဗျားတို့ ဦးနှောက်ကလေးသုံးစမ်းပါ

အကွဲကွဲ အပြားပြားဖြစ်နေတဲ့ မွတ်စလင်တွေ အားလုံး တစုထဲ တစည်းထဲ ဖြစ်သွားရင်———————

ဟင်း-ဟင်း- အားလုံး ဒုက္ခ ရောက်သွားမယ်နော်

ဘာမှမလုပ်ဘဲ

အမြင်ကပ်ကပ်နဲ့ မွတ်စလင်တွေ အကုန် ဂတုန်း တုန်းပြီး သင်္ဃန်းစီးပစ်လိုက်ရင်တောင် ခင်ဗျားတို့ ဆွမ်းကပ်ရတာ နဲ့ ဘာမှ လုပ်စားဖို့ အချိန်ရမှာမဟုတ်ဘူး

ခေါင်းသုံးစမ်းပါဗျာ

နေစမ်းပါစေ သူ့ဟာသူ ဗိုလ်နေမြဲ ကျားနေမြဲ

အလကားနေရင်းထိုင်ရင်း ပြသနာကို မီးထွန်းရှာနေတယ်

တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း လုပ်မယ် မစဉ်းစားဘူး

ကုလားတစ္ဆေ လိုက်ခြောက်နေကြတယ်-

ဦးနှောက်သုံး

ဦးနှောက်သုံး——————-။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: