ဦးဝီရသူကို ဘယ်လိုမြင်သလဲ

 Credit – Ko Wi

ဦးဝီရသူကို ဘယ်လိုမြင်သလဲလို့ အသိတယောက်က မေးဖူးတယ်။ မဖြေပါဘူး။ ဒီနေ့တော့ စတေးတပ်စ်ကလေးရေးပြီး ဖြေချင်ပါတယ်။ သဘောမတူလို့ ဖေ့စ်ဘွတ်သူငယ်ချင်းဘဝကနေ ရပ်ဆိုင်းသူများကို နားလည်ပေးပါတယ်။

(၁) အထွေထွေ
ဦးဝီရသူဟာ ထောင်ကျဖူးတယ်။ ဘုန်းကြီးဆိုပေမယ့် ဘာသာရေးထက် နိုင်ငံရေးပိုပြီးလုပ်တယ်။ အမျိုးသားရေးလုပ်တာလို့ သူ့ကိုယ်သူခံယူတယ်။ ဘာသာရေးအကြောင်းတွေပြောတာ စည်းလွတ်ဝါးလွတ်တွေပါ။ သူဟာ နိုင်ငံရေးနားမလည်ပါဘူး။ (နိုင်ငံရေးနားမလည်ရုံတင်မကပါဘူး နိုင်ငံရေးစနစ်တွေနဲ့ နိုင်ငံတော်ထူထောင်ရေး (nation buidling) နဲ့ပတ်သက်ရင် တလုံးမှ မသိသူဖြစ်ပါတယ်) မွတ်စလင်မုန်းတီးတာနဲ့ အမျိုးသားရေးလုပ်တာကို ခွဲခြားမသိသူဖြစ်ပါတယ်။

(၂) မျိုးစောင့်ဥပဒေ
ဦးဝီရသူနဲ့ မျိုးစောင့်ဥပဒေနဲ့ ခွဲခြားလို့မရပါဘူး။ ဥပဒေပြဌန်းခြင်းနဲ့ပတ်သက်လို့ နကန်းတလုံးမှ မသိတဲ့သူတယောက်က ဥပဒေကို လွှတ်တော်ကိုတင်သွင်းတာဟာ (၄) တန်းကျောင်းသားကို ဝန်ကြီးချုပ်ခန့်လိုက်သလိုပါပဲ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ မျိးစောင့်ဥပဒေဟာ မြန်မာ့သမိုင်းမှာ အလွန်တရာရှက်စရာကောင်းတဲ့ အဖြစ်သနစ်ပါပဲ။ ရည်ရွယ်ချက်၊ အနှစ်သာရ၊ လုပ်ထုံးလုပ်နည်း အစအဆုံးကျရှုံးတဲ့ ဥပဒေဖြစ်ပါတယ်။ (မကျေနပ်သူရှိပါက ဆွေးနွေးငြင်းခုန်ချင်ပါတယ်)။

မျိုးစောင့်ဥပဒေဟာ ဖေ့စ်ဘွတ်မှာ ၁၅ နှစ်သမီးတယောက် ဂူဂယ်ကနေ ကူးထားတဲ့ အချစ်အကြောင်း စာတိုပေစအဆင့်ပဲရှိပါတယ်။ ဥပဒေပြုမှုဟာ အဲဒီလောက်လွယ်ရင် ဘာဖြစ်လို့များ လူတွေ law school သွားစရာလိုသေးလဲ။ စိတ်မှန်းနဲ့ ထင်ရာမြင်ရာ ဥပဒေပြုကြပေါ့။

မျိုးစောင့်ဥပဒေဟာ စစ်အာဏာရှင်တွေရဲ့ အသုံးချခံ ဥပဒေသက်သက်ပါပဲ။ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်တွေပဲ ဥပဒေပြုတာပါ။ ဦးဝီရသူက သူဟာ ချွင်းချက်လို့ ထင်နေတယ်။ တကယ်တော့ ဘုန်းကြီးထဲမှာ ဦးဝီရသူ၊ စစ်သားမဟုတ်တဲ့အထဲမှာ Myanmar Peace Center က မင်းဇော်ဦးတို့ဟာ စစ်အစိုးရဲ့ ဝက်အူအဆင့်ပဲရှိပါတယ်။ စက်ကြီးတခုလုံးကို မောင်းနှင်တာက ဗိုလ်ချုပ်တွေဖြစ်ပါတယ်။

(၃) အခြားဘာသာဝင်များကို နှိပ်ကွပ်မှု
ခရစ်ယာန်ဘာသာ၊ Islam ဘာသာတွေအကြောင်း မကောင်းပြောခြင်းဟာ အမျိုးသားရေးလုပ်တာမဟုတ်ပါဘူး။ သူဟာ အောက်တန်းကျတဲ့ စကားလုံးအသုံးအနှုံးတွေနဲ့ လူပိန်းကြိုက်မိန့်ခွန်းတွေပြောပြီး ရှေ့တန်းရောက်လာသူပါ။ (ကဗျာဆန်ဆန် သူများစကား အငှားသုံးရရင် အဲဒါ လူညံ့တို့ရဲ့ခေါင်းဆောင်ပါပဲ)။ မွတ်စလင်ကို မုန်းတီးမှ အမျိုးသားရေးလုပ်တာလို့ထင်ရင် အဲဒါဟာ တိုင်းပြည်အတွက် အလွန်တရာအကျိုးယုတ်မယ့်အရေးဖြစ်သွားပါပြီ။

အခြားဘာသာဝင်တွေကို နှိပ်ကွပ်မှုဟာ တရားဝင်အာဏာမရှိပေမယ့် နောက်လိုက်ရှိသူတယောက်အတွက်တော့ ဒါဟာ တိုင်းပြည်ကို အဓိကရုန်းဖြစ်စေတယ်။ အာဏာရှိတဲ့သူက အခြားဘာသာဝင် (သို့မဟုတ်) တိုင်းရင်းသားတွေကို နှိပ်ကွပ်ရင် ဒါဟာ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ်ပါပဲ။ ဒါ့ထက် အဆင့်တက်သွားရင် မျိုးတုံးတောင် သတ်ဖြတ်တဲ့ Genocide အသွင်ပြောင်းမှာပါ။

အခြားဘာသာဝင်တွေကိုနှိပ်ကွပ်တာဟာ အခုအချိန်မှာ အွန်လိုင်းတိုက်ပွဲသာသာဆိုပေမယ့် အချိန်ကြာလာရင် ဒါ့ထက်သွေးချောင်းစီးမယ် တိုင်းပြည်ကျက်သရေတုံးမယ်။

(၄) ဦးဝီရသူနဲ့စစ်အစိုးရ
ဦးဝီရသူဟာ စစ်အစိုးရအတွက် အလွန်တရာအကျိုးရှိစေသမို့ ထောင်မချသေးပဲ အစိုးရက အပစားပေးထားတာပါ။ သူပြောတဲ့စကားတွေဟာ ရေရှည်မှာတိုင်းပြည်နစ်နာရုံ၊ တိုးတက်မှုနှောင့်နှေးရုံကလွဲရင် ဘာအကျိုးမှ ရှိစေမှာမဟုတ်ပါဘူး။

အရေးအကြီးဆုံးအရာက ဦးဝီရသူကို အစိုးရကလွှတ်ပေးထားတာဟာ မြန်မာလူမျိုးတွေကြားမှာ မျက်ကန်းမျိုးချစ်တွေကို အသိညဏ်ရင့်သန်တဲ့အသိုင်းအဝိုင်းနဲ့ မပူးပေါင်းစေချင်လို့ပါ။ အခုရေပန်းစားတဲ့စကားနဲ့ ထပ်ရှင်းရရင် မျက်ကန်းမျိုးချစ် (ကွန်ဆာဗေးတစ်)တွေကို ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့သွေးခွဲချင်လို့ပါ။

မျိုစောင့်ဥပဒေကို ပြဠန်းပေးရလောက်အောင် စစ်အစိုးရက ဦးဝီရသူကို မချစ်ပါဘူး။ အဲဒီလောက်လုပ်ပေးစရာမလိုမှန် ဦးသိန်းစိန်သိပြီးသားပါ။

(၅) နိဂုံး
တိုင်းပြည်မအုပ်ချုပ်တတ်တဲ့ စစ်အစိုးရရဲ့ကောင်းမှုကြောင့် တိုင်းပြည်အကျိုးဆုတ်ယုတ်တာ ဆယ်စုနှစ်အများကြီးရှိခဲ့ပါပြီ။ နိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေပြဠန်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးရာ အစရှိတဲ့ပညာ နကန်းတလုံးမှ မသိတဲ့ ဦးဝီရသူရဲ့ဦးဆောင်မှုနောက်ကိုလိုက်ကြသူတွေဟာ တိုင်းပြည်ကို ပိုမိုဆုတ်ယုတ်စေမယ်ဆိုတာ ရခိုင်အရေးကနေပြီး ဒီနေ့အထိအဖြစ်သနစ်တွေက သက်သေခံပါတယ်။ မွတ်စလင်မုန်းတီးရေးနဲ့ အမျိုးသားကာကွယ်စောင့်ရှောက်ရေးနဲ့ဟာ တူသယောင်ယောင်နဲ့မတူကြောင်း ဦးဝီရသူမသိပါဘူး။

ဦးဝီရသူနဲ့ပတ်သက်လို့ အခြားဆွေးနွေးစရာ ဘာမှမရှိပါ။ ဘာဖြစ်လို့လဲဆိုတော့သူလုပ်ကိုင်နေတာက စိတ်ထဲထင်တာစွတ်စက်လုပ်နေလို့ ပညာရပ်ဆိုင်ရာ ဆွေးနွေးစရာ တခုမှ မရှိလို့ပါ။

(၆) နိဂုံး (၂)
ဒါဖတ်ပြီး ဖေ့စ်ဘွတ်မိတ်ဆွေအဖြစ်မှ ရပ်စဲချင်သူများကို နားလည်ပေးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: