အစၥလာမ္ဘာသာကုိ Printed media က နေပါမစ်ယူပြီးစော်ကားနေသောသူတွေကိုဘာကြောင့်အရေးမယူတာလဲ နေမျိုးဝေတို ဥူးဝိရသူ တို ကိုဘာကြောင့်အရေးမယူတာလဲ

Maung Maung
11 hrs ·

အင်တာနက်မှာ ပုံတင်လို့တဲ့ဖမ်းတယ်တဲ့

နိုင်ငံတော်အစိုးရလူကြီးတွေရဲ့ပုံကိုphoto shop လုပ်ပြီး ပြောင်လို့တဲ့။

စွဲတဲ့ပုဒ်မကလည်း အနည်းဆုံး၇ နှစ်တဲ့။

online ပေါ်က စာရေးသူတွေလည်းသတိထား ပါအုံး

စာရေးဆရာစည်သူအောင်မြင့် တောင် အရင်ဆို သူ့ဆောင်းပါးမှာ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ ဘင်္ဂလီဆိုပြီးတွဲသုံးတယ်။

ဒီတစ်ပတ်မဇ္ဈိမသတင်း စာက ဆောင်းပါး မှာ ဘင်္ဂလီ တစ်မျိုးဘဲသုံးထားတာတွေ့ရတယ်သတိထားဖို့ပါ။

သူတောင်ကြောက်နေလားမသိဘူး။

ဖမ်းတဲ့ကိစ္စကို နားမလည်းလို့မေးပါရစေ။

အခုရုပ်ပြောင်ဆွဲသူကိစ္စတော့ဘာမှမပြောလိုဘူး။

ဒါပေမယ့် လူပုဂ္ဂိုလ်တစ်ချို့ကိုရုပ်ပြောင်ဆွဲလို့ဖမ်းတယ်ဆိုရင်

ကမ္ဘာသန်းနဲ့ချီပြီး ကိုးကွယ်သောအစ္စလာမ်ဘာသာကို Printed media က နေပါမစ်ယူပြီးစော်ကားနေသောသူတွေကိုဘာကြောင့်အရေးမယူတာလဲ။

online ပေါ်မှာ နေမျိုးဝေတို့ဦးဆောင်သော အမျိုးသားရေးကွန်ယက်က လူတွေအစ္စလာမ်ဘာသာကိုပေါ်ပေါ်တင်တင်စော်ကားတာဟာ
၂၉၅ က မမြောက်လို့လား။

ဆရာတော်ဥူးဝိရသူနဲ့အပေါင်းအပါ ဘုရားသားတော်တစ်ချို့မှ အစွလာမ် မုန်းတီးရေးကို ရပ်ကွက် ကျေးရွာတိုင်းမှာ ဟော နေတာကိုဘာကြောင့်အရေးမယူတာလဲ။

အွန်းလိုင်းပေါ်မှာ အစ္စလာမ် ဘာသာကိုစော်ကားသူတွေကိုဘာကြောင့်အရေးမယူတာလဲ။

online ပေါ်က အမုန်းတရားဖြန့်ဖြူးသူတွေကိုဘာကြောင့်အရေးမယူတာလဲ

ရခိုင်အဓိကရုဏ်း မှစ၍ နောက်ဆုံး

မန္တလေးအဓိကရုဏ်း တွေမှာ online ပေါ်က ပြဿနာဖြစ်အောင်လှုံ့ဆော်သူတွေကိုဘာကြောင့်အရေးမယူတာလဲ။

နည်းနည်းလောက် လူကြီးတွေကိုမေးချင်တာပါ။

ဒီမိုကရေစီအမည်ခံ ယူနီဖောင်းချွတ်ပြီးကမ္ဘာပတ်တောင်းနေရတဲ့သမ္မတကို ကြည်ညိုလို့ဒီpostကိုတင်ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို ၂၀၀၈နာဂစ်အခြေခံဥပဒေမှာ အတိအလင်းပြဒါန်းထားတယ်။
ပုဒ်မ ၅၀၅(ခ)နဲ့ မိချောင်းကန်သပိတ်တုန်းကလို ကျုပ်ကိုမခြောက်ပါနဲ့။ ကြည်ညိုစေချင်ရင် ကြည်ညိုအောင်နေပါ။ ကျည်၁၃ချက်သင့်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံးဗိုလ်ချုပ်သွေးတွေ နိုင်ငံအဝှမ်းမှာစီးဆင်းနေတယ်။ မျိုးချစ်အဖွဲ့ခေါင်းဆောင်ဂဠုန်စောနဲ့ လက်ပါးစေတစ်စုကြောင့် လူ့သက်တမ်း၃၂နှစ်၅လ၆ရက်နဲ့ ဗမာပြည်အတွက်အကောင်းဆုံးပေးဆပ်ခဲ့သူ၊ ခင်ဗျားတို့စစ်အစိုးရအဆက်ဆက်ထပ်ပြီးသတ်နေတဲ့လူ၊ တိုင်းတပါးမှာငွေစက္ကူပြတိုင်းအမြဲလှောင်ပြောင်ခံရအောင် ခင်ဗျားတို့သူ့နေရာမှာ တိရစ္ဆာန်ငွေစက္ကူတွေနဲ့ အစားထိုးပြီး ထပ်လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံးဗိုလ်ချုပ်သွေးတွေ တနိုင်ငံလုံးမှာစီးဆင်းနေတယ်။ ဒီနိုင်ငံအေးချမ်းသာယာဖို့အတွက် ကျပ်ပြေးကို ထောင်တံတိုင်းခတ်လိုက်ရင် သူခိုး၊ ဒမြရန်ကကာကွယ်ပြီးဖြစ်နေမှာပါ။
smile emoticon smile emoticon smile emoticon smile emoticon smile emoticon

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: