ခိုးဝင် ကျူးကျော် ကူမင်တန်များသည်. ဗုဒ္ဓဘာသာဝင်ပါဟု ကွကိုခံယူလိုက်ကြသည့်အခါတွင် ကိုးကန့် ဝ စသည့် မွေးရာပါတိုင်းရင်းသားစစ်စစ် (အိမ်ရှင်)များဖြစ်သွားကြ

ခိုးဝင် ကျူးကျော် ( now ကွန်မြူနစ် previously CAPATILISTS) ကူမင်တန်များသည်…မြန်မာ့တပ်မတော်၏တိုက်ခိုက်မှုကြောင့် ထိုင်ဝမ်ကျွန်းသို့ အရွှေ့ပြပြီး ကျန်ရစ်သူများ အားလုံး ဗုဒ္ဓဘာသာဝင်ပါဟု ကွကိုခံယူလိုက်ကြသည့်အခါတွင် ကိုးကန့် ဝ စသည့် မွေးရာပါတိုင်းရင်းသားစစ်စစ် (အိမ်ရှင်)များဖြစ်သွားကြပါသည်….

ပုဂံခေတ် အနော်ရထာလက်ထက်ကတည်းက မင်းမှုထမ်းအဖြစ် စစ်ရေးဘက်တွင် တာဝန်ထမ်းဆောင်ရင်း ပင်းယအင်းဝမှသည် တောင်ငူခေတ်အဆက်ဆက် ညောင်ရမ်းခေတ် ဘုရင်နောင်လက်ထက်တွင် တပ်မှူး ပုဂံမင်းမင်းတုန်းမင်းသီပေါမင်းလက်ထက်တို့တွင် တပ်ချုပ်…. ကိုယ်ရံတော်တပ်မှူး အမြှောက်တပ်မှူး အင်္ဂလိပ်ခေတ်တွင် နယ်ချဲ့ဆန့်ကျင်ရေးဗိုလ်ကြီး ဆရာစံသူပုန်အဖွဲ့ အသေခံတပ်သားအဖြစ်လည်းကောင်း ဂျပန်ခေတ်တွင် ဘီအိုင်အေ ဘီဒီအေ ဗိုလ်ကြီးများအဖြစ်လည်းကောင်း လွတ်လပ်ရေးရပြီးတွင် ပြည်တွင်းသောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နှင်းခဲ့သော မြန်မာ့တပ်မတော် ဗိုလ်မှူးအဖြစ်လည်းကောင်း….. ချန်ကေရှိတ်ကို အသက်စွန့်တိုက်ခိုက်ခဲ့သော ဗိုလ်ကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မိမိတို့၏ ဘိုးဘေးဘီဘင် များမှ ဆင်းသက်လာသော မိမိတို့မှာ ကိုးကွယ်ရာဘာသာမတူညီသည့်အတွက် ဧည့်သည်(ဧည့်သည်)များ ဟု သတ်မှတ်ခြင်းခံခဲ့ရပါသည်

ငှက်မသိတော့ဇရက် ဂျိုး ထင်
သမိုင်းမသိတော့ ပထွေး အဖေထင်သူများ ကျန်းမာကြပါစေ လူချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ စာမဖတ်ပေမတတ်နလပိန်းတုန်းမျက်ကန်းမျိုးချစ်ခြင်းမှ ကင်းဝေးကြပါစေ ပြောသမျှယုံ စုံလုံးကန်း အသိဥာဏ်ကန်းခြင်းကင်းပါစေ
ပုံ/ ခေတ်အဆက်ဆက်သူပုန်မထ မပုန်ကန် အာဏာမလု သော သစ္စာရှိမင်းမှုထမ်း နိုင်ငံချစ် နိုင်ငံသားများ၏ မျိုးဆက်

လက်ရှိအချိန်တွင် အရက်မရောင်း ဘိန်းမစိုက် လယ်မြေမသိမ်းပဲ သမာအာဇီဝအလုပ်လုပ်ကိုင်ရင်း အခွန်အပြည့်အဝထမ်းဆောင်နေသောနိင်ငံသား(ဤကားစကားချပ်)

My COMMENT>>>ခိုးဝင် ကျူးကျော် ( now ကွန်မြူနစ် previously CAPATILISTS) ကူမင်တန်များသည်…..They are adapatble…previously against the Commust Chinese Gov but now collaborating with the Communist Gov…But still doing the Capatilist ways…Opium trading, paying bribes to Myanmar and Chinese authorities…etc.

2 Responses to “ခိုးဝင် ကျူးကျော် ကူမင်တန်များသည်. ဗုဒ္ဓဘာသာဝင်ပါဟု ကွကိုခံယူလိုက်ကြသည့်အခါတွင် ကိုးကန့် ဝ စသည့် မွေးရာပါတိုင်းရင်းသားစစ်စစ် (အိမ်ရှင်)များဖြစ်သွားကြ”

  1. drkokogyi Says:

    Yemin Nyinyi
    February 9 2015

    1920 ဝန်းကျင်တုန်းက တောင်တွင်းကြီးမြို့နယ်မှာ ဝက္ကသေးဆိုတဲ့ရွာလေး တစ်ရွာရှိတယ်….အဲ့ရွာနဲ့ မလှမ်းမကမ်းမှာ ဆတ်သွားဆိုတဲ့ မြို့လေးတစ်မြို့ ရှိတယ်….တနေ့တော့ ဆတ်သွားသူမြန်မာမလေး တစ်ယောက်က အင်္ဂလိပ်ဝန်ထောက်တစ်ယောက်နဲ့ အိမ်ထောင်ကျရော….ဘိုကတော် ဖြစ်သွားတာပေါ့…..အဲ့မိန်းကလေးရဲ့ အမေက သားမက် ဝန်ထောက်ဘို ကိုရတာ ဧရာမဂုဏ်လို့ ထင်ပြီး မာန်ဝံ့နေကြတယ်…..ဒါပေမဲ့ အဲ့ခေတ်က အင်္ဂလိပ်တွေ ကို မြန်မာတွေက သခင်ကြီးလို့ ခေါ်ရတဲ့ခေတ်ဆိုတော့ ကိုယ့်အိမ်ပေါ်ခေါ်တင်ထားရတဲ့ ဘို သမက်ကို သခင် သခင်နဲ့ ခေါ်နေရတာပေါ့…..ဝက္ကသေးရွာသားတွေက ဆတ်သွားမြို့သွားပြီး ဈေးဝယ်တိုင်း အဲ့အိမ်ရှေ့က ဖြတ်လျှောက်ရတော့ ဗိုလ်သားမက်ကို သခင် သခင် နဲ့ခေါ်နေရတဲ့ ဗမာ ယောက်ခမတွေကို အမြင်ကပ်လာကြတယ်…..ဒါကြောင့် အရွဲ့တိုက်ပြီး သူရို့အချင်းချင်းသခင် သခင် လို့ခေါ်ကြသတဲ့…..တချို့ဆို သခင်နာမည်တပ်ပြီး ဆိုင်းဘုတ်တောင် ချိတ်ထားသေး….
    ကိုဘသောင်း ကိုသိန်းမောင် ကိုအုံးခင် ကိုယာကွတ် တို့ ကာကာလက်ဘက်ရည်ဆိုင်မှာ တို့ဗမာအစည်းအရုံး အတွက်တိုင်ပင်ကြတော့ မြန်မာပြည်စာအုပ်အသင်းဝင် ကိုသိန်းမောင်က ဝက္ကသေးရွာအကြောင်းပြောပြပြီး နာမည်ရှေ့မှာ သခင်တပ်ဖို့ အကြံပြုခဲ့တယ်….. အဲ့မှာတင် တို့ဗမာအစည်းအရုံး ခြံအမှတ် ၃၃ ရေတာရှည်လမ်း ဗဟန်း တာဝန်ခံ – သခင် ဘသောင်း……. ဆိုတာကြီး ပေါ်ပေါက်လာခဲ့တယ်………

    ဘာရယ်မဟုတ်ပါဖူး အခုချိန်များ ကိုဘသောင်းတို့ ကိုသိန်းမောင်တို့ တွေ သက်ရှိထင်ရှားရှိနေသေးရင် တို့ဗမာအစည်းအရုံးဆိုပြီး ဖွဲ့ ကြမှာဘဲ …..နာမည်တွေရှေ့မှာ သခင်တော့တပ်မှာ မဟုတ်တော့ဖူး…..ခေတ်နဲ့အညီပေါ့…..
    သာကောဘသောင်း
    သာကောသိန်းမောင်…..ဆိုပြီးတပ်လေမလား…..
    .လောပန်းဘသောင်း ဆိုလဲခေါ်လို့ ကောင်းတာပဲ
    ……ကျေးဇူးရှင် ဘသောင်း ဆိုတာကတော့ အသင့်တော်ဆုံးပဲ……

    ဆောင်ပုဒ်တွေလဲ ခေတ်နဲ့အညီပေါ့
    “ဗမာပြည်သည် ဒို့ပြည်
    ဗမာစာသည် ဒို့စာ
    ဗမာစကားသည် ဒို့စကား
    ဒို့ပြည်ကို ရောင်းစားပါ
    တရုပ်စာ သင်ယူပါ
    ဗမာစကားဖြင့် ဆဲကြပါ ”

    စာချိုးတွေလဲ ပေါ်လာနိုင်တယ်
    “လောပန်းပေါက်စ ထောင်ခြောက်လ ”
    ဆန္ဒပြရင်လဲ အသစ်အဆန်းလေးပေါ့
    “ဝမ်ပေါင်မျိုးဟေ့ ဝေါတို့ ဗီမာ”
    “အရေးတော်ပုံ ကျားရုံ ကျားရုံ”

  2. drkokogyi Says:

    Yemin Nyinyi
    January 31 ·

    မမျိုးချစ်တစ်ယောက် ဈေးခြင်းတောင်းလေးဆွဲ ပြီး ဈေးသို့ထွက်လာခဲ့တယ်…..ဆူဖြိုးနေတဲ့ ငါးသလောက်တွေ ဝယ်မလို့စိတ်ကူးနေတုန်း ဘေးနားက တစ်ပေလောက်ရှိတဲ့ ငါးရံ့တစ်ကောင်ကိုတွေ့တော့ အဲ့ငါးရံ့ပဲဝယ်ဖို့ စိတ်ကူးလိုက်ပြီး ချိန်တွယ်ခိုင်းဖို့ လက်ညှိုးနဲ့ ထောက်ပြလိုက်တာနဲ့ ငါးကဖလတ် ဖလတ် ခနဲ့ ထခုန်တော့ …….
    “အမလေး အရှင်ကြီး…… ငါးက ”
    “ယူမလားအမ အရှင်ဆိုတော့လတ်ဆတ်တာပေါ့. အခုသတ်ပေးမယ်လေ ”
    “မယူပါရစေနဲ့ ငါးကအရှင်ကြီး …ဘုရား ဘုရား …….စောစီး….အကုသိုလ်မများပါရစေနဲ့ …”
    ငါးဆိုင်ရှေ့ကနေ မြန်မြန်ပြေးထွက်ရင်း စိတ်ထဲကနေ ငါးသည်ကိုကျိန်ဆဲနေမိတယ်……
    ” ငါးစိမ်သည်တွေ များ တော်တော်အကုသိုလ်များတာပဲ စောစီး သူများအသက်ကိုသတ်ဖို့ လုပ်နေကြတယ် ကိုယ့်တဝမ်းတခါးအတွက်နဲ့ သူများအသက်ကို သတ်ချင်တာ ငရဲ ကျမဲ့ဟာမတွေ ….တော်သေး….ငါ့ကြောင့် အသက်တစ်ချောင်း သေတော့မလို့ ….”
    တချိန်ထဲမှာပဲ နေမကောင်းတဲ့ ယောက်ျားရဲ့ ငါးရံ့ဆန်ပြုတ် စားချင်တယ်လို့ ပြောတာလေး ပြန်သတိရမိပြန်တယ်….
    “ဟင်း…..ငါးဆိုင်တွေပေါပါတယ် သေပြီးသားငါးရံ့ လေးတစ်ကောင်ကတော့ဝယ်မှကို ဖြစ်မယ်”
    တဈေးလုံးပတ်ကြည့်ပေမဲ့ ခုနာက တစ်ပေလောက်ရှိတဲ့ ငါးရံ့ လောက် အကြိုက်မတွေ့ပြန်တော့ ….
    “ခုနာက ငါးရံ့လေးက ခုလောက်ဆို သေချင်သေနေလောက်ပြီ ….ငါ…ပြန်သွားကြည့်ရင်ကောင်းမယ်ထင်တယ်” လို့ တွေးပြီး ငါးရံ့ သည်ဆီပြန်လျှောက်လာခဲ့တယ်
    ငါးရံ့သည် က မမျိုးချစ် ပြန်လာတာကို လှမ်းမြင်တော့ ဘေးနားက ငါးစိမ်းသည်မကို လှမ်းပြောတယ်….
    “ဟဲ့ ဟိုမယ် ခုနာက အကုသိုလ်ကြောက်တဲ့ ကောင်မ ပြန်လာနေပြီ ….တဈေးလုံး ပတ်ပီး…..မတွေ့တော့ ငါ့ဆီပြန်လာဝယ်ပြီ….”
    “အေး ဟုတ်တယ်ဟ ….ဟဲ့….အဲ့ကောင်မ မရောက်ခင် ငါးကိုရိုက်ထားလိုက်လေ ညဉ်းကလဲ”
    “အေး အေး” ငါးစိမ်းသည်က ပါးစပ်ကပြန်ဖြေရင်း လက်ကငါးရံ့ ခေါင်းကို ပိဿလေးနဲ့ ဖျောင်းခနဲ့ ရိုက်လိုက်တော့ ငါးရံ့လေး က ခေါင်းဟတ်တက်ကွဲပြီး သွေးတွေ ရွှဲခနဲ့စို ပြီး သေသွားတော့တယ် …….
    “အမ အမ ခုနာက ….ငါးရံ့ ကြည့်သွားတဲ့ အမ….ငါးကသေနေပြီအမရဲ့ ယူချင်ယူသွားလေ ”
    မမျိုးချစ်လဲ ငါးကိုမရဲတရဲ အသာလေးကိုင်ကြည့် လိုက်ပြီး….
    “ကဲ ကဲ ချိန်လိုက်ပါ ညီမ….အမ ယူလိုက်တော့မယ်….”
    ဈေးခြင်းတောင်း လေးဆွဲရင်း အိမ်အပြန်လမ်းတစ်လျှောက် ကြည်ကြည်နူးနူး ဖြစ်နေတဲ့ မမျိုးချစ်မျက်နှာက ခုနာကငါးရံ့အရှင်ကိုတွေ့လိုက်ရတုန်းက ဖြစ်ပျက်ခဲ့တဲ့ မျက်နှာနဲ့ မတူ …..ရွှင်လို့လန်းလို့….ပါးစပ်ကလဲ ရေရွတ်နေသေး………

    “….မယ်မင်းကြီးမ ငါးစိမ်းသည်မလေး ကျန်းမာပါစေ ချမ်းသာပါစေ ….ကုသိုလ်လဲရ ဝမ်းလဲဝ ပါစေ…..”

    Ref: သာဓု

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: