မ.ဘ.သ စာရေးဆရာ မောင်သွေးချွန်ဦးစီးတဲ့ ဗုဒ္ဓသာသနာပြုဂျာနယ်တွေရဲ့ စော်ကားရေးသားမှုတွေအပေါ် သက်ဆိုင်ရာက ပါအားပေးကူညီသူတွေရှိနေ

 

“ သူတို့ပဲမြောက်ပေးနေတာလားလို့ ကျွန်တော်တို့အဲ့သလိုထင်ရတယ် “

(အစ္စလာမ်အပေါ်စော်ကားရေးသားမှုတွေအပေါ် အရေးယူခြင်းမရှိတာနဲ့ ပတ်သက်လို့ ခလီဖွှာဦးသိန်းဝင်းအောင်ရဲ့ မှတ်ချက်စကား)

ကိုပေါက်(Myanmar Muslim Media CJ)
မတ် ၂ ၊ ၂၀၁၅

အစ္စလာမ်ဘာသာဝင်တွေအပေါ်အပေါ် မ.ဘ.သ စာရေးဆရာ မောင်သွေးချွန်ဦးစီးတဲ့ ဗုဒ္ဓသာသနာပြုဂျာနယ်တွေရဲ့ စော်ကားရေးသားမှုတွေအပေါ် သက်ဆိုင်ရာက တစ်စုံတစ်ရာအရေးယူဆောင်ရွက်ခြင်းမရှိတာဟာ သက်ဆိုင်ရာထဲမှာပါအားပေးကူညီသူတွေရှိနေတာကြောင့်လို့ ထင်မြင်ရကြောင်းနဲ့အဆိုပါကိစ္စရပ်တွေကို ကိုချင်းစာနာစိတ်နဲ့ မျှတစွာအရေးယူပေးဖို့လိုအပ်တယ်လို့ ခလီဖွှာဦးသိန်းဝင်းအောင်က ပြောကြားလိုက်ပါတယ်။(ထင်ရှားတဲ့ မြန်မာမွတ်စလင်မ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခလီဖွှာဦးသိန်းဝင်းအောင်(K A F T G ဃာရာနာရဲ့ ပြောကြားချက်အပြည့်အစုံကို အောက်ပါရုပ်သံဖိုင်မှာ ဆက်လက်ကြည့်ရှု့ နိင်ပါတယ်)


မေး။ ။ ဟုတ်ကဲ့ဆရာ အခုလက်ရှိကျွန်တော် ပထမဆုံးပေါ့ စပြီးမေးချင်တာက အခုလက်ရှိ ဒီမြန်မာနိုင်ငံမှာဆိုရင် အစ္စလာမ်ဘာသာနဲ့ တမန်တော်မြတ်(ဆွ)ကို တလွဲပုံဖော်ပြီးတော့ ရေးသားနေတဲ့ အောင်ဇေယျတုဂျာနယ်ကို ကျွန်တော်တို့ဖက်က အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေက အကြိမ်ကြိမ်တိုင်ကြားမှု ပြုခဲ့တယ် အခုလက်ရှိထိ သုံးကြိမ်ရှိပြီ။ ဒါပေမဲ့ အခုလက်ရှိထိကို အစိုးရဘက်ကနေပြီးတော့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့မှုမရှိပေါ့နော်။ အဲ့တော့ ဒီအပေါ်မှာ အစ္စလာမ့်ဘာသာရေးခေါင်းဆောင်တစ်ယောက်လဲဖြစ်တဲ့ ဆရာ့အနေနဲ့ ဘာများပြောဖို့ရှိပါသလဲ။

ဖြေ။ ။သူတို့ ဒီ ကြွေးကြော်နေတာက အေးချမ်းသာယာရေး ဟုတ်တယ်မဟုတ်လား ဖွံ့ဖြိုးတိုးတက်ရေး အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘာသာတွေကိုစော်ကားပြီးတော့ကျမှ ဒီလို Conflict(ပဋိပက္ခ)တွေ ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့အေးချမ်းသာယာရေးလဲ ဖြစ်မှာမဟုတ်ဘူး ဖွံ့ဖြိုးတိုးတက်ရေးလဲ ဖြစ်လာမှာမဟုတ်ဘူး။နော်။ အဲ့တော့ ဒါမျိုးတွေစော်ကားနေတယ် ဒါမျိုးတွေရေးနေတယ်ဆိုတာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ အဖြစ်တွေဖြစ်တဲ့အတွက် ဒါမျိုးတွေကို မလုပ်သင့်ဘူး။နော်။
အဲ့တာမျိုးတွေကို ကျွန်တော်တို့ ကောင်းမွန်စွာနဲ့ သတင်းစာလွတ်လပ်ခွင့် မီဒီယာလွတ်လပ်ခွင့် ကို အခွင့်အရေးယူပြီး သူတစ်ပါးကိုစော်ကားတယ်ဆိုတာ ဘယ်ဟာမှခွင့်မလွှတ်ဘူး ဘယ်ဥပဒေကမှလဲခွင့်မလွှတ်ဘူး။ကျွန်တော်တို့ နော် ဒီ ပြဌာန်းဥပဒေ ၂၉၅(ခ)မှာလဲ ဒါမျိုးတွေကိုစော်ကားရင် ဟုတ်တယ်မဟုတ်လား ယုံကြည်ချက်ကိုစော်ကားတာ (Believing) နောက်ကျတော့ Assembling ကျွန်တော်တို့ ဒီ အုပ်စုကိုစော်ကားတာ Place ပေါ့နော် နေရာတွေကိုစော်ကားတာတွေက ၂၉၅ အရ ထောင်ဒဏ်(၂)နှစ်ထိ အပြစ်ပေးလို့ရတာတွေ ပါပေမဲ့လဲ အဲ့ဒီဟာ ဥပဒေထဲက ရှိပြီးတော့ကျမှ ဒါမျိုးတွေကိုဆက်လက်ပြီးတော့ လုပ်နေတယ်ဆိုတာဟာ ကျွန်တော်တို့ မွတ်စလင်ကိုပြောပြီးတော့ကျမှ မဲရအောင်ဖန်တီးနေတာလား။ မဲကိုလိုချင်ပြီးတော့မှ မွတ်စလင်တွေကိုပြောပြီးကျမှ ဒီနေ့ဒါတွေလုပ်နေတာလား။အဲ့လိုဖြစ်အောင်ပဲ သူတို့ပဲ ဖန်တီးနေတာလားလို့ ကျွန်တော်ယုံကြည်တယ်။ ဘာလို့တုန်း အကြိမ်ကြိမ်တိုင်ပြီးပြီး အကြိမ်ကြိမ်ပြောဆိုပြီးပြီ ဒါပေမဲ့ ဒါတွေအရေးမယူဘူးဆိုတာက သူတို့ပဲမြောက်ပေးနေတာလားလို့ ကျွန်တော်တို့ အဲ့လိုထင်ရတယ်။

မေး။ ။ အဲ့တော့ ဆရာအနေနဲ့ဆိုရင် ဆရာရဲ့သဘောထားအရာဆိုရင် ဒီလိုမျိုးကိစ္စတွေဟာ ဘယ်အတိုင်းအတာထိ ဆိုးကျိုးတွေဖြစ်နိုင်တယ်လို့ သုံးသပ်မိသလဲ။ ပြီးရင် ဒီကိစ္စတွေကို နိုင်ငံတော်အနေနဲ့ဆိုရင် ဘယ်လိုမျိုးဆောင်ရွက်ပေးသင့်တယ်လို့ ဆရာ့အနေနဲ့ သဘောထားမှတ်ချက်ပေးဖို့ရှိပါသလဲ။

ဖြေ။ ။အဲ့တော့ ကျွန်တော်တို့ ဒီဟာတွေက ဘယ်လိုအခြေအနေလဲဆို ဒီ ကျွန်တော်ပြောပြမယ် မိထ္တီလာမြို့မီးလောင်သွားပြီးတော့ ပြန်ပြီးနလန်မထူတော့ဘူးဗျာ လာရှိုးမြို့လဲနလန်မထူတော့ဘူး ဟုတ်တယ်မဟုတ်လား အဲ့တော့ ဒါမျိုးတွေဟာ တိုင်းပြည်ကို ဆုတ်ယုတ်ပြီးတော့ကျမှ တိုင်းပြည်ကို ကျွန်တော်တို့ နောက်ပြန်ဆွဲတဲ့အခြေအနေထိ ရောက်သွားနိုင်တယ်။ဒါတွေက ဟုတ်တယ်မဟုတ်လား နောက်ပြန်လှည့်ပြီးရောက်သွားနိုင်တယ်။အဲ့တာမျိုးတွေကို မဖြစ်စေဖို့အတွက်က ဒါမျိုးတွေကို တစ်ယောက်နဲ့တစ်ယောက်ကို မစော်ကားဖို့ ဘာသာတစ်ခုနဲ့တစ်ခုလွတ်လပ်ခွင့်ကို ကျွန်တော်တို့အကြောင်းပြုပြီးတော့ကျမှ တစ်ယောက်နဲ့တစ်ယောက် အဲ..ကျွန်တော်တို့ ဒီ တစ်ယောက်ယုံကြည်တဲ့ မြတ်နိုးတဲ့ဟာကို ကျွန်တော်တို့ မစော်ကားဖို့ပေါ့ဗျာ နော် ထိခိုက်ပြီးမရေးဖို့ ဟုတ်တယ်မဟုတ်လား တစ်ချို့ဆိုရင် စာရေးဆရာထင်လင်းဦးကိုလဲ သူတို့ ဒီလိုလုပ်လိုက်တယ် ဟုတ်တယ်မဟုတ်လား အဲ့တော့ အဲ့လိုနာသလို တစ်ချို့ဘာသာတွေမှာလဲ နာမှာပဲ အဲ့တော့ အဲ့လိုနာတဲ့ဟာတွေကို ကိုယ်ချင်းစာနာပြီးတော့ မျှတစွာ အရေးယူဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်။နော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: