မြန်မာ စစ်သားတွေဟာ တကယ်တော့ စစ်သားတွေ မဟုတ်ဘူး.. အကြမ်းဖက် သမား တွေပါ Myanmar soldiers just terrorists

They are not soldiers but terrorists…

နိုင်ငံခြားသား သတင်းထောက် တစ်ယောက် ပြောသွားတဲ့ စကားလေး တစ်ခွန်း ကို သတိရ နေဆဲ ပါ။

မြန်မာ စစ်သားတွေဟာ တကယ်တော့ စစ်သားတွေ မဟုတ်ဘူး.. အကြမ်းဖက် သမား တွေပါ… တဲ့။

စစ်သား စစ်စစ်တွေက အထက်က ပေးတဲ့ အမိန့် အရ မူ (စနစ်) တခုခု အတွက် စစ်တိုက်ရတာ သဘာဝ ပါ။ ဒါပေမယ့် ကိုယ် တိုက်နေတဲ့ ရန်သူဖက်က စစ်သား ကိုတော့ လူပုဂ္ဂိုလ် အရ မုန်းလေ့ မရှိပါဘူး။ ဖမ်းမိရင် ကောင်းကောင်း ပြုစုမယ်၊ တရားဟော ပြီးရင် ပြန်လွတ်မယ်။ (ကေအိုင်အေ တွေ လုပ်နေကျ စတိုင်လ် ဆိုပါစို့။)

ဒါပေမယ့် ဗမာ စစ်ဗိုလ်ချုပ်တွေဟာ ဖက်ဆစ်ဂျပန်တွေရဲ့ ၀ါဒကို လက်ဝယ်ထားသူများ ဖြစ်သည့် အားလျှော်စွာ… ငါနဲ့ မတူ ငါ့ ရန်သူ၊ ဘာသာမတူ ငါ့ရန်သူ… ၀ါဒမတူ ငါ့ရန်သူ.. လူမျိုးမတူ ငါ့ ရန်သူ…. ဆိုတဲ့ ရန်သူမုန်း စနစ် ဖြစ်ပါတယ်။

လွတ်လပ်ရေး ရခါစက ဗမာသူပုန်များ ဖြစ်တဲ့ အလံနီ အလံဖြူ၊ ရောင်စုံ သူပုန် ခေတ်က ရန်ကုန် အစိုးရ ဗမာ ဗိုလ်ချုပ်တွေဟာ လူမျိုးမတူတဲ့ ချင်း နဲ့ ကချင် စစ်သားတွေကို ဗမာ သူပုန် နှိမ်နင်းခိုင်းခဲ့တယ်။ ကြူပင်ခုတ်၊ ကြူငုတ်ပါမကျန် ဆိုတဲ့ မူဝါဒနဲ့ ဗကပ တပ်စွဲထားတဲ့ အညာဒေသ က ဗမာရွာတွေကို သုတ်တင်ခိုင်းတယ်။ ကြာလာတော့ ကချင် လက်နက်ကိုင် တပ်ရင်း (၁) တွေက အမိန့် မနာခံပဲ ကချင်ပြည်နယ်ကို လှည့် ပြန်တက်သွားတယ်။ အဲဒါကို တောခိုပြီ ဆိုပြီး ကချင်တပ်ရင်း (၄) ကို ခံပစ်ခိုင်းခဲ့တယ်။

ဂျပန်တွေလဲ ကိုရီးယား နဲ့ တရုတ် ကို သိမ်းပြီး ကိုရီးယား၊ တရုတ် လူမျိုးတွေကို ဗုဒ္ဓအချင်းချင်းဖြစ်သော်လည်း လူမျိုးမတူလို့ စစ်သုန့်ပန်းတွေကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ အမျိုးသမီး တွေကို မဒိမ်းကျင့်တယ်၊ စစ်တပ်မှာ အတင်းအဓမ္မ လိင်ကျွန် လုပ်ခိုင်းခဲ့တယ်။

မြန်မာပြည်ဝင်တော့ ခရစ်ယာန် ဖြစ်တဲ့ ကရင် နဲ့ ကချင် ရွာ တွေကို ဖျက်ဆီးခဲ့တယ်။ အပြစ်မဲ့ ရွာသားတွေကို အနောက်တိုင်းလူယုံတွေ ဆိုပြီး သတ်ခဲ့တယ်။ ဒီတော့ ကချင်တွေက ၁၉ ၄၂ ခုနှစ် ဂျပန်တွေ မြစ်ကြီးနား ဘူတာ ၀င်ကတည်းက စတော်လှန်ခဲ့တာပါ။ (http://www.oss-101.com/history.html) ချင်းတောင် ကတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု ကြောင့် ဂျပန် ရဲ့ ဒဏ် သိပ်ပြီး မခံစားလိုက်ရ ဘူး လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ချင်း တွေလဲ ဂျပန် ကို တော်လှန်ခဲ့ပါတယ်။

စစ်ရေး အကဲခပ်သူတွေရဲ့ အဆိုအရ.. ဂျပန်တွေ ဒုတိယ ကမ္ဘာစစ် အာရှ စစ်မျက်နှာမှာ စစ်ရှုံးခဲ့တာဟာ သူတို့ ရဲ့ ရက်စက်တဲ့ ဖက်ဆစ် စနစ် ကြောင့် ဖြစ်တယ် လို့ သုံးသပ် ကြပါတယ်။ အာရှသားတွေ တော်တော်များများက လူဖြူတွေကို စိတ်ကုန် နေတဲ့ အချိန် အာရှသားချင်း ဂျပန် ကို မျော်ခဲ့ကြတာ အမှန် ပါ။ ဒါပေမယ့် ထင်သလို ဖြစ်မလာတော့ ပုန်ကန် တာ ခံ ရတယ်။ သူတို့ ကို ဆရာတင်ပြီးသားဟာကို ပိုပြီး သူကြီးလုပ်ချင်လာတဲ့ အတွက် ပုန်ကန်တာ ခံရတဲ့ သဘော ပါ။

ဒီနေ့ ပြည်ထောင်စု အစိုးရ စစ်တပ် ပါ လို့ ကိုယ့်ဟာကိုယ် သမုတ်လာတဲ့ ဗမာစစ်တပ်ကြီးဟာလဲ ဖက်ဆစ် သဘောတရား အတိုင်းပါပဲ။ သူတို့ အချင်းချင်း သွေးညီကြတာ တော်တော်များများ တွေ့ ရမှာပါ။ သူတို့နဲ့ မတူလို့ကတော့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲမယ်.. သတ်မယ်… ဘယ်သူ့မှ အားနာတတ်လေ့ မရှိဘူး… မြန်မာ စစ်တပ်မှာ သွန်သင်တဲ့ သမိုင်း၊ စာပေတွေဟာလဲ လူမျိုးရေးတွေ ရောထွေးနေတယ်။ စစ်သွေးကြွစေတဲ့ စကားတွေကို ၀ါဒ အဖြစ်သုံးထားတယ်။

တကယ်တော့ တိုင်းရင်းသား တိုင်းက ဗမာ ကို ဆရာတင်ထားပြီးသားပါ။ ဒါပေမယ့် တဆင့်တက်ပြီး သူကြီးလုပ်ချင်တဲ့ ရောဂါ က မြန်မာပြည်ကို ငရဲ အိုး ဖြစ်စေတယ်။

ဒါဟာ ဒီနေ့ မြန်မာပြည်ရဲ့ ပြဿနာ အရင်းအမြစ် ပါ။

ဘာကြောင့် စစ်ဖြစ်နေသလဲ ဆိုတာ ထပ်မမေးနဲ့။

References;

http://en.wikipedia.org/wiki/Japanese_war_crimes
http://www.insigne.org/OSS-101.htm
http://www.history.army.mil/books/wwii/70-42/70-425.html
http://www.militaryphotos.net/forums/showthread.php…
https://www.cia.gov/…/studi…/fall_winter_2001/article07.html
https://www.cia.gov/…/kent-…/vol4no3/html/v04i3a11p_0001.htm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: