မြို့လယ်ခေါင်မှာ တုတ်တွေ ဓားတွေ ကိုင်ပြီး ကုလားတွေကို ဆဲနေကြတာ အမျိုးကို ချစ်လို့ ဆဲနေကြတာပါတဲ့ ချာ မ

ဆရာမ ။ ။ ကဲ သားသားတို့ မီမီးတို့ ဆရာမမေးခွန်းလေးတွေ မေးမယ် လိုက်ဖြေကြနော်
ကလေးများ ။ ။ ဟုတ်ကဲ့ပါ ချာမ
ဆရာမ။ ။ ကဲ ပထမဆုံးမေးခွန်း မေးမယ် တရားပွဲသွား တရားနာရင် ဘာဖြစ်မလဲ ။
ကလေးများ ။ ။ လူသတ်ချင်ပါတယ်ချာ မ
ဆရာမ။ ။ ဟဲ့ ပလုတ်တုတ် ဘယ့်နှဲ့လူသတ်ချင်တာတုန်း
ကလေးများ ။ ။ဟုတ်ပါတယ်ချာ မ တနေ့က တားတားဖေကြီး ဟိုဘုန်းကြီးတရားနာရင်းနဲ့ ဒေါသတွေထွက်လာပြီး လူသတ်ချင်တယ်လို့ ပြောပါတယ် ချာ မ


ဆရာမ ။ ။ ဟယ် မဟုတ်တာ နိဗ္ဗာန်ရောက်မယ် လုပ်ပါကွဲ့
ကဲ ကဲ အာ့ဆိုနောက်တခုဖြေ
တရုတ်နိုင်ငံက ဆရာမတို့နိုင်ငံရဲ့ဘယ်ဘက်မှာ ရှိသလဲကွဲ့
ကလေးများ။ ။ အလယ်ပိုင်းမှာပါ ချာ မ
ဆရာမ။ ။ ဘယ်ကအလယ်ပိုင်းကမှာလဲ အရှေ့ဘက်မှာပါ ကွဲ့
က ။ ။ဟာဂျာ ချာမကလဲ မန်းရေး က တားတို့နိုင်ငံ အလယ်ပိုင်းဟုတ်ဘူးလား လို့
ဆရာမ ။ ။ဟင် !! ကဲ ပါ နောက်တစ်ခုဖြေ
ယိုးဒယားကိုသွားသိမ်းခဲ့တာဘယ်သူတွေလဲ ကွဲ့
က ။ ။မြန်မာ အိမ်ဖော်တွေပါ ချာ မ
ဆ ။ ။ဟဲ့ ဘယ်ကမြန်မာအိမ်ဖော်တွေတုန်း
ကလေးများ ။ ။ဟုတ်ပါတယ် ချာ မ
တားတားတို့ မမ အဲ့နိုင်ငံမှာ အိမ်ဖော်သွားလုပ်တာ ပန်းကန်တွေသိမ်း အိပ်ယာတွေသိမ်း အမှိုက်တွေသိမ်းရပါတယ်ချာမ အဲ့ဒါ ယိုးဒယားသွားသိမ်းတာပေါ့ချာမရဲ့
ဆရာမ ။ ။ ဆရာမမေးတာ အဲ့လို ဟုတ်ပါဘူးကွယ် တော်ပြီ တော်ပြီ ဒီတခါ သင်္ချာမေးခွန်းလေးမေးမယ်
သစ်တစ်ပင်ခုတ်ရင် ထောင် ဘယ်နှနှစ်လဲကွဲ့
ကလေးများ ။ ။သုံးနှစ်ပါ ချာ မ
ဆရာမ ။ ။ကဲ အာ့ဆို အများကြီးခုတ်ရင်ရောကွယ်
ကလေးများ ။ ။ ဂုဏ်ထူးဆောင်ဆု ရပါတယ် ချာ မ
ဆရာမ ။ ။ဒါက ဒီလိုရှိတယ်လေကွယ် ကဲ ထားပါတော့ ထားပါတော့ ဆရာမတို့ နိုင်ငံမှာ အပေါဆုံးအရာက ဘာတွေလဲကွဲ့
ကလေးများ ။ ။ သူခိုးတွေပါ ချာ မ
ဆရာမ ။ ။ ဟဲ့ သဘာဝသယံဇာတ တွေ လုပ်ပါကွယ်
ကလေးများ။ ။ အဲ့ဒါတွေက ခုနသူခိုးတွေ ခိုးလို့ကုန်တွားပါပြီ ချာ မ
ဆရာမ ။ ။ဟင် (ဟုတ်သလိုလိုဘဲဟဲ့)
သားသားတို့မီးမီးတို့ အမျိုးဘာသာကိုချစ်ရင် ဘာလုပ်ရမလဲကွယ်
ကလေးများ ။ ။ကုလား ကို အော်ဆဲရပါမယ် ချာ မ
ဆရာမ ။ ။ဟဲ့ ဘယ်ကဟုတ်ရမှာလဲကွယ်
ကလေးများ ။ ။ ဟုတ်ပါတယ် ချာ မ
ဟိုတလောက မြို့လယ်ခေါင်မှာ တုတ်တွေ ဓားတွေ ကိုင်ပြီး ကုလားတွေကို ဆဲနေကြတာ အဲ့ဒါ တားဖေဖေကိုမေးကြည့်တော့ အမျိုးကို ချစ်လို့ ဆဲနေကြတာပါတဲ့ ချာ မ
ဆရာမ။ ။ကဲ တော်ပြီ တော်ပြီ နောက်ဆုံးတခုဘဲ မေးတော့မယ် ဒီတခါ မှန်အောင်ဖြေကြနော်
ဘုရား တရား သံဃာ အပြင် တခြား ဘယ်သူတွေကို ကြည်ညိုရမလဲကွဲ့
ကလေးများ။ ။ နိုင်ငံဒေါ် ပါ ချာ မ
ဆရာမ ။ ။ဟဲ့ ဘယ်ကနိုင်ငံတော်က ပါလာရတာတုန်း မိဘရယ် ဆရာရယ် မဟုတ်ဘူးလား ဟဲ့
ကလေးများ ။ ။မိဘဆရာ မကြည်ညိုလို့ ဘာမှ မလုပ်ပါဘူး ချာ မ
နိုင်ငံတော်က သူ့မကြည်ညိုရင် ထောင်ထဲ ထည့်ပါတယ် ချာ မ
ဆရာမ ။ ။သေစမ်းဟဲ့ ရပ်ကွက်လူကြီးတွေ gasp emoticon gasp emoticon gasp emoticon
Al Khon Bransai

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: