ဆန္ဒပြပွဲတွေ မဟုတ်ရင် ဒီနိုင်ငံက ပြည်သူ ဘာလုပ်ကြရမှာလဲ …?

သပိတ်တွေ ဆန္ဒပြပွဲတွေဟာ ရိုးအီလာပြီ …

ပေါပေါပဲပဲ နိုင်လာပြီလို့ မြင်သူတချို့ ရှိလာပါတယ် …

ဒါ ဘာကြောင့်ပါလဲ …

လက်ရှိ အစိုးရဟာ … ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ

ဥပဒေက စလို့ … ပြည်သူ့ သဘောထားကို

အလေးမစိုက်ဘဲ သူတို့သဘောနဲ့သူတို့ ပြဌာန်း

ခဲ့ကြတယ် ….။

တရားဥပဒေ စိုးမိုးမှု မရှိဘူး ။ တရားစီရင်ရေး မဏ္ဍိုင်က

ယိုင်ရွဲ့နေတယ် … လာဘ်ပေးလာဘ်ယူမှုက တရားဝင်

ပြဌာန်းထားသလို ဖြစ်နေတယ် … ဥပမာ သမဒကြီး

စကားအရဆိုရင် သုံးသိန်းအထက်မှ လာဘ်စားတယ်

ဆိုတော့ စဉ်းစားသာ ကြည့်ကြပါ …

ငြိမ်းချမ်းရေး ခုချိန်ထိ မရဘူး … လက်ရှိ တိုင်းရင်းသားနဲ့

ပြည်တွင်းစစ်ကို တခြိမ်းခြိမ်းကျင်းပနေကြတယ်လေ …

ဒုက္ခသည်တွေသာ များလာတယ် … ဘယ်မလဲ

အမျိုးသား ရင်ကြားစေ့ရေး …

ပြည်တွင်းမှာလည်း ဘာသာရေး အကြောင်းပြပြီး

ထစ်ကနဲ့ရှိ လှုံ့ဆော်ပြီး ပဋိပက္ခကို ဖန်တီးနေတယ် …

လွှတ်တော် ဆိုတာကကော … ပြည်သူလက်မခံတဲ့

ဥပဒေတွေကို ဇွတ်တရွတ်ပြဌာန်းဖို့လောက်သာ

သိတယ် … ပြည်သူ့အကျိုးစီးပွားအတွက် တင်ပြ

ထားတဲ့ ဥပဒေမူကြမ်းတွေ တခုမှ ဥပဒေအဖြစ်

ထွက်မလာခဲ့ဘူး …

ပညာရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူထု ဖွံ့ဖြိုးရေး

ဘက်ပေါင်းစုံက ချွတ်ချုံကျနေတယ် …

အစိုးရ တောင်းဆိုသမျှ ပြည်သူ့လိုလားချက်တွေ

ဘာတခုမှ အရေးလုပ်ဖော် မရဘူး … ဒီတော့

အစိုးရနဲ့ လွှတ်တော်ကို အားမကိုး ရမှတော့

ပြည်သူက ဘာလုပ်မလဲ … ဆန္ဒဖော်ထုတ်မယ် ၊

သပိတ်တိုက်ပွဲ ဆင်နွှဲမယ် … ဒါပဲ ရှိတော့တာပေါ့ …

ဟေ့ မရမှသာနေရော .. ဒါ ပြည်သူ့ ဆန္ဒကွ ” လို့

ကမ္ဘာက သိစေချင်တယ် … အဖြေက ဒါပဲ …

ဘယ်မလဲ သူတို့ အော်အော်နေတဲ့ ..

“ စစ်မှန်တဲ့ ဒီမိုကရေစီ ” ထစ်ကနဲ့ ဖမ်းမယ် တကားကား

“ အကြည်ညို ပျက်စေမှု ” တဲ့ … ဇွတ်ကို ကြည်ညို စေချင်

နေတော့တာပဲ နော် … ငြိမ်းစုစီ ဆိုတာ ဘာလဲ …

ခုချိန်ထိ ၅ ည ပုဒ်မတောင် တွင်တွင်ကြီး သုံးနေလေရဲ့ …။

အလုပ်သမား ၊ လယ်သမား ၊ ကျောင်းသား ၊ ရဟန်းနဲ့

ပြည်သူ ဒုက္ခရောက်မယ်မှန်းသိသိကြီးနဲ့ …

ဒီ တော်လှန်ရေးတွေ ၊ သပိတ်တွေ ၊ ဆန္ဒပြပွဲတွေကို

ဆင်နွှဲ နေကြရတာပါ …။

ဒီလိုမှ မဟုတ်ရင် ဒီနိုင်ငံက ပြည်သူ ဘာလုပ်ကြရမှာလဲ …

ပြော ….။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: