ပြည်သူများစွာအသက်အိုးအိမ်စတေးလိုက်ရသော မိတ္တီလာအပါဝင် အကြမ်းဖက်မှုကြီးများသည်.. အစိုးရ၏ နိုင်ငံရေးထောင်ခြောက်အတွက်.. စတေးမှုများသာဖြစ်ပါကြောင်း..

ရွှေဝါရောင် Saffron

သူ့အလိုလို ကွာကျသွားသော မျက်နှာဖုံးတစ်ခု
=======================

(၁)

၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်းများစတင်ဖြစ်ပွားချိန်တွင်
နိုင်ငံတော်သမ္မတရုံးမှ Hmuu Zaw Account မှ
ရေရှည်တိုက်ပွဲဟူသောစကားလုံးကို ထူးခြားစွာအသုံးပြုပြီး
ကြိမ်းဝါးခဲ့ပါသည်..

ထိုအချိန်က မှူးဇော်မှာ သမ္မတ၏ပြောခွင့်ရ ရာထူးကိုရယူထားပြီး
ဦးရဲထွတ်မှာ ပြန်ကြားရေးဒုဝန်ကြီးအဆင့်သာရှိပါသေးသည်၊
ထိုသို့ Facebook တွင်လှုံ့ဆော်ပြီးနောက် မှူးအားမှေးမှိန်စေပြီး
ရဲထွတ်နှင့် အစားထိုးလိုက်သည်ကိုသတိထားမိပါသည်၊

ထို့နောက် ဘာသာရေးအရေးအခင်းများ ကြီးကျယ်စွာ
စတင်ဖြစ်ပွားခဲ့ကြပါသည်၊
ရခိုင်ပြည်နယ်မြို့ကြီးများ မီးဟုန်းဟုန်းတောက်ခဲ့ကြသည်၊

ဒီကြားထဲ ထူးခြားမှုတစ်ခုအနေဖြင့်..
သမ္မတရုံးမှ ရခိုင်အရေးနှင့်ပတ်သက်သော
သုံးသပ်ချက်တစ်ခုကို လွှတ်တော်သို့ ပေးပို့ခဲ့ရာ
ရခိုင်ပါတီမှဦးဆောင်ကာ ကိုယ်စားလှယ်များက
ချက်ချင်းကန့်ကွက်ခဲ့ပါသည်၊

ထိုစာမှာ..
ရခိုင်လူမျိုးများကို ဖိနှိပ်ရေးသားခဲ့ခြင်းဖြစ်ပြီး
မည်သူက ဦးသိန်းစိန်လက်မှတ်ထိုးသောသုံးသပ်ချက်ကို
ရခိုင်တွေဘက်ဖိနှိပ်ရေးသားခဲ့သနည်းဆိုသည်ကို..
ကာယကံရှင်များသာသိမည်ဖြစ်သည်၊
ထို့နောက် မကြာမီ သမ္မတရုံးမှ ညွှန်ချုပ်များအား
ဝန်ကြီးဌာနအချို့သို့ပြောင်းရွှေပစ်လိုက်သည်ကိုလဲ..
သတိထားမိပါသည်၊

ထို့ကြောင့်…
ရခိုင်ပြည်နယ်တွင်အစပျိုးနေသော
ဘာသာရေးမီးစတစ်စကို ဓာတ်ဆီလောင်းပေးနေသူများ
မည်သူဖြစ်သည်ကို..
သတိထားမိသူများကသတိထားမိကြသည်၊

———————-

(၂)

အဓိကကျတာကိုဆိုပါမည်..

လွန်ခဲ့သည် နှစ်နှစ်ကျော်က…မိတ္တီလာမြို့တွင်..
ဘာသာရေးအရေးအခင်းစတင်ဖြစ်ပွားခဲ့ပါသည်..၊
ထုံးစံအတိုင်း အမှိုက်ကစ ပြဿာဒ်မီးလောင်သော
ကိစ္စများပင်ဖြစ်သည်၊

မြို့တစ်မြို့လုံးနီးပါး ပြာကျသွားသည်..၊
ဘာသာမတူသူအချင်းချင်းခုတ်ထစ်ကြသည်၊
အရှင်လတ်လတ် မီးရှို့ကြသည်..၊
ဘာသာမတူသူများ တုတ်ဓါးကိုင်ကြသည်..၊
ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးကြသည်၊

ထိုအချိန်တွင်..တရားဥပဒေစိုးမိုးရေးအတွက်..
တာဝန်ရှိသူများမှာ..ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ
ရဲတပ်ဖွဲ့ ပင်ဖြစ်သည်၊

ထိုအရေးအခင်းမဖြစ်ခင်ကတည်းက..
Online မှရော ပြင်ပတွင်ပါ လှုံ့ဆော်နေသူများရှိသည်..၊
အပီအပြင် ဇာတ်လမ်းထွင်နေသူများစွာရှိသည်၊
ဒါကို သိသိချည်းနှင့်.. အစိုးရနှင့်ရဲတပ်ဖွဲ့သည်..
ပြင်ဆင်ချိန်အများကြီးရခဲ့သည်…၊

ထိုစဉ်ကာလသည်..
ရခိုင်အရေးအခင်းဖြစ်ပွားခဲ့သည်မှာလဲမကြာသေးပေ၊
ထို့အတွက် ရဲတပ်ဖွဲ့သည် အကောင်းဆုံး ထိန်းချုပ်ရန်
အခြေအနေကောင်းများစွာရှိပြီးဖြစ်နေရမည်..၊

သို့သော်…

အရေးအခင်းများသာဖြစ်ပွားပြီး…
လူများစွာသေကြေကာ မြို့ကြီးပါမီးဟုန်းဟုန်းတောက်ခဲ့သည်၊
ရဲတပ်ဖွဲ့ကြီးကား ထိရောက်သောနှိမ်နင်းမှု မပြုခဲ့ကြချေ..၊

ပြည်သူများအတွက်..
စဉ်းစားစရာဖြစ်လာခဲ့သောအချက်ပင်ဖြစ်သည်၊

————————–

(၃)

နောက်မြို့ကြီးများလဲ ထို့အတူပင်..

ဥက္ကံမြို့ နှင့်လားရှိုးမြို့အပါဝင်..
မြို့အချို့ တွင်လည်း..
ဘာသာရေးအဓိကရုဏ်းများဖြစ်ပွားခဲ့သည်..
မီးဟုန်းဟုန်းတောက်ခဲ့ကြသည်..၊
ဖျက်ဆီးမှုများစွာဖြစ်သည်..၊
လူများသေကြပြန်သည်..

ထူးခြားချက်တစ်ခုက..
လူစိမ်းမျက်နှာစိမ်းများမှ..
အ၀င်အထွက်ညက်ညောစွာ..
လက်ရဲဇက်ရဲ လုပ်ကိုင်သွားကြသည်ကို
ပြည်သူများ မြင်တွေ့လာရသည်..၊

ဒီ့ထက် ဆိုးသည်က..
ပြည်သူ့ရဲများပင်ဖြစ်သည်..၊
ပြည်သူ့ရဲများမှာ…
အကြမ်းဖက်သတ်ဖြတ်မှုများအား..
နှိမ်နင်းမည့်အနေအထားမရှိပဲ
အခြေအနေကိုစောင့်ကြည့်ပြီး..
အကြမ်းဖက်သမားများ၏
Body Guard များသဖွယ်ဖြစ်နေကြသည်ကို
ပြည်သူတို့ ခါးသီးစွာ မြင်တွေ့ခဲ့ကြသည်..၊

ထုံးစံအတိုင်း အဲဒီမြို့များမှာလဲ..
အဆောက်အဦးတစ်ချို့ပြာကျခဲ့ပြီး..
လူအချို့သေကြေခဲ့ကြကာ..
ပြည်သူများ ဒုက္ခရောက်ခဲ့ကြသည်..၊

———————————

(၄)

ထို့နောက်တွင်..

ဘာသာရေးမီးသည်….
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးသို့
ကူးစက်လောင်ကြွမ်း ပါတော့သည်..၊

မန္တလေးအဖြစ်အပျက်သည်..
ရဲတပ်ဖွဲ့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေသည်..

ထိုစဉ်က ဘာသာရေးလှူံ့ဆော်မှု
လူသိရှင်ကြားလုပ်သူများကို..
ရဲတပ်ဖွဲ့မှ အလှကြည့်နေရုံမျှမက..

ထိုလှုံ့ဆော်မှုကြောင့် ဖြစ်လာသော..
မုဒိန်းမှုအတုကြောင့် မန္တလေးမြို့တွင်..
မျိုးနှစ်အမည်ခံများ စုဝေးလှုံ့ဆော်ရာသို့
ပြည်သူအချို့နားယောင်နေသည်ကိုလဲ..
ပြန်လည် ဆွဲခေါ်ခြင်းမပြုပဲ..
လက်ပိုက်ကြည့်နေခဲ့ကြပါသည်၊

မန္တလေးမြို့ မှ ပြည်သူအများစု၏ နိုင်ငံရေးအမြင်ကျယ်မှုနှင့်
မြို့ကိုအထိခိုက်မခံသောပြည်သူအများစု၏ ဖိအားများကြောင့်
ထိုအရေးအခင်း မီးကိုငြိမ်းသတ်နိုင်ခဲ့ပြီး..
လုပ်ကြံမုဒိန်းမှုကိုပါဖေါ်ထုတ်နိုင်ခဲ့သည်၊

သို့သော် ယခုအချိန်အထိ..
ဆူပူမှုဖြစ်စေရန်လှုံ့ဆော်သူများကို..
ရဲတပ်ဖွဲ့မှာ ယောင်လို့တောင် သတိမပေးခဲ့ချေ

————————————

(၅)

ယခု ကျောင်းသားသပိတ်တွင်မူ..
ရဲတပ်ဖွဲ့၏ အနေအထားသည်..
ထူးခြားလှပါသည်၊

ထိုစဉ်ကတုတ်ဓားလက်နက်များဖြင့်..
ဆူပူအော်ဟစ်ခုတ်ထစ်သောင်းကျန်းနေသာ
လူအုပ်ကြီးများအား…
တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာတည်ငြိမ်ရေးဟု
အာခေါင်ခြစ်အော်ဟစ်နေသော..
အစိုးရအပါဝင် ရဲတပ်ဖွဲ့ကြီးက…
မ၀ံ့မရဲဖြစ်နေခဲ့သော်လည်း..

လွယ်အိတ်၊ စာအုပ်၊ ဘောပင်နှင့်
လက်နက်ဆို၍ အပ်တိုတစ်ချောင်းမပါဝင်ပဲ
ငြိမ်းချမ်းစွာ အခွင့်အရေးတောင်းဆိုနေသော..
ကျောင်းသားလူငယ်များကိုမူ..

တောက်ရှောက် သတိပေးသည်..
တားမြစ်သည်…၊
အင်အားကြီးမားစွာအသုံးပြုသည်..၊
စနစ်တကျ အတားအဆီးများဖြင့်တားဆီးသည်၊
သတိပေးမှုများ မကြာခဏပြုလုပ်သည်၊
အချိန်မရွေးနှိမ်နင်းမည့်အနေအထားကိုတွေ့ရပါသည်၊

မကြာသေးခင်က…မန္တလေးမြို့တွင်း..
တုတ်ဓါးကိုင်ဆူပူအော်ဟစ်လှည့်လည်သူများကို
သူတို့၏ သားသမီးများဆော့ကစားနေသည့်အလား
အလှကြည့်နေခဲ့ကြသော အစိုးရနှင့် ရဲတပ်ဖွဲ့သည်..၊
ကျောင်းသားများနှင့်…
လယ်သမားများ၊
ပြည်သူများ၊
အလုပ်သမားများအားနှိမ်နင်းရာတွင်မူ
လက်သံပြောင် သွေးအေးလှသည်ကို..
ထူးထူးခြားခြားတွေ့ရပါသည်၊

—————————

(၆)

ထိုအခြေနေများကိုသုံးသပ်ရလျှင်..
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်..

၂၀၁၂ မှ ၂၀၁၃ အတွင်းဖြစ်ပွားခဲ့သော..
ဘာသာရေးအရေးအခင်းများ နှင့်
ဆူပူသတ်ဖြတ်မီးရှို့မှုများနှင့်ပတ်သက်၍..

ထိရောက်စွာနှိမ်နင်းရန်အတွက်
အစိုးရ၏ တိကျသော ညွှန်ကြားချက်မရရှိခဲ့သည်မှာ..
ထင်ရှားလွန်းလှပါသည်။

ပြည်သူများ၏ အသက်အိုးအိမ်းစည်းစိမ်ကို..
ဖျက်ဆီးနေသူများအား..
အင်အားသုံးပစ်ခတ်နှိမ်နင်းခြင်းနှင့်
အကြမ်းဖက် ဖြိုခွဲရန်..

မည်သူက အမိန့်မပေးသနည်း..?
ဘာ့ကြောင့် အမိန့်မပေးသနည်း?
စဉ်းစားစရာပင်ဖြစ်သည်..၊

ရဲတပ်ဖွဲ့အနေဖြင့်..
ထိုအရေးအခင်းများတွင်..
ဟန်ရေးပြသည့်အဆင့်သာသာရှိခဲ့ပါသည်..၊

ထိုအဖြစ်အပျက်များကိုကြည့်လျှင်..

အစိုးရသည်…
ဘာသာရေး ဆူပူမှုများကို..
တမင်တကာ ပိုမိုကြီးထွားစေရန်..
လုပ်ဆောင်ခဲ့ကြောင်း သိသာစေပါသည်၊

ပြည်သူများအတွင်း
ဘာသာရေးမုန်းတီးမှု Tempo တက်အောင်လုပ်ပြီးမှ
အတိုက်အခံပါတီများနှင့်ကျောင်းသားများကို..
ကုလားတံဆိပ်ကပ်အောင်လုပ်သည့်…
ဇာတ်ကွက်ကို ထပ်မံဖန်တီးခဲ့သည်ကိုလဲ..
ထင်ထင်ရှားရှားတွေ့ရပါသည်..

ထို Plan များထဲတွင်..
ရဲတပ်ဖွဲ့ဝင်များသည်..
အဓိကသရုပ်ဆောင်များဖြစ်ခဲ့ပါသည်။

သူတို့ဘယ်ဘ၀ရောက်နေကြောင်းကို..
ရဲအချို့သည်…သိမည်တောင်မထင်ပေ..၊

—————————-

(၇)

ဘာပဲပြောပြော..

ကျောင်းသားလူငယ်များကို..
နည်းစနစ်ကျကျအင်အားသုံးနှိမ်နင်းလေ..
လယ်သမားများ၊ အလုပ်သမားများ၊
ပြည်သူများနှင့် သံဃာတော်များကို..
အင်အားသုံး အကြမ်းဖက်လေ..၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏…
ဘာသာရေးအရေးအခင်းများတုန်းက..
လျော့ရဲခဲ့မှုများကို..
ထင်ထင်ရှားရှားတွေ့ ရလေဖြစ်ပါသည်၊

ဘယ်လိုမှ ဖုံးဖိဖါထေးလို့ ရမည်မထင်ပါ၊

သတိပေးလိုသည်ကတော့..

ရဲနှင့်စစ်တပ်၏ အလုပ်သည်..
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို
အကာအကွယ်ပေးဖို့သာဖြစ်သည်..
ထို့ကြောင့်သာ..ကမ္ဘာတွင်..
ရဲနှင့်စစ်တပ် ပေါ်ပေါက်လာရခြင်းဖြစ်သည်..

ခါးပိုက်ဆောင်တပ်၊
လက်ကိုင်တုတ်တပ်၊
ကြေးစားတပ်များနှင့်
ရည်ရွယ်ချက်ခြင်းအပြတ်အသက်ကွာသည်၊

အနေအထားကိုကြည့်ပါက…

ပြည်သူများစွာအသက်အိုးအိမ်စတေးလိုက်ရသော
မိတ္တီလာအပါဝင် အကြမ်းဖက်မှုကြီးများသည်..
သဘာဝကျကျ သာမန်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ကြောင်းနှင့်
အစိုးရ၏ နိုင်ငံရေးထောင်ခြောက်အတွက်..
စတေးမှုများသာဖြစ်ပါကြောင်း..
ထင်ရှားစွာ ဖေါ်ထုတ်ရရှိခဲ့ပါသည်..၊

ရဲတပ်ဖွဲ့၏ အပြုအမူများကြောင့်..

အစိုးရ၏..မျက်နှာဖုံးသည်..
သူ့အလိုလို ကွာကျခဲ့ပြီးဖြစ်ပါသည်..၊

( Pa Yit)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: