ကိုလှဆွေ ရေးထားသမျှထဲမှာ အရူးဆယ်ခွန်းပြော အခွန်းတရာမကတော့ဘူးမှန်လို့

ကိုလှဆွေ ရေးထားသမျှထဲမှာ ဒီတခုတော့ like ရော share ရော လုပ်လိုက်ပါတယ်
အရူးဆယ်ခွန်းပြော တခွန်းမှန် ဆိုလို့ စောင့်ကြည့်နေတာ ပြောနေတာ အခွန်းတရာမကတော့ဘူး
ကြာတော့ အားတောင်နာလာတယ်

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် စာအုပ်ဖတ်ကြည့်တော့ စာကြီးပေကြီး စာရင်း မဝင်နိုင်ဘူး လို့ တွေးမိတယ် ၊ ဦးထွန်းကြည် တို့ ဦးစိုးဝင်း တို့ အဆက်အပေါက် ပါဘဲ ၊ သဏ္ဍန်တူတယ် ၊ တခုပြောခြင်တာက ၈၈ မှာတပ်ကဝင်မထိမ်းရင် မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးရလဒ် တွေ ဖြစ်လာနိုင်တယ် ဆိုတဲ့အထိ လက်ခံတယ် ။ ကျနော့်အမြင်က အာဏာ အကြာကြီး ယူထားမိတာ မဟာအမှားဘဲ ၊ ဦးနေဝင်း စတိုင်ဖြစ်သွားရော ၊ ဦးနေဝင်းကို မကြိုက်တော့တာ ၈၈ မှာသိသာတယ်လေ ၊ ဒါကိုဆက်မှားတာပေါ့ ၊ မယူသင့်တဲ့ မော်ဒယ် ပုံစံကို ယူမိတာ ၊

ဒါပေမဲ့ အဲဒါကို မှန်တယ်လို့ သုံးသပ်ထားတာပေါ့ မမှားဘူးဆိုတဲ့ သဘော ရေးထားတာပါ ၊ အဲဒါလွဲတာဘဲ ၊ နိုင်ငံကြီးကို သိပ်ပြီးလဲ သံယောဇဉ်ထားပြီး သူတို့လုပ်ရင်ဖြစ်မှာမဟုတ်ပါဘူးကွာ ဒို့လုပ်မှဖြစ်မှာ ဆိုတာ သက်သက် ရမယ်ရှာ အကြောင်းပြတာဖြစ်ပြီး စစ်တိုက်ဘူးတဲ့စစ်သားစစ်စစ် မှ ဟုတ်မှဟုတ်ရဲ့လားလို့ထင်စရာဘဲ ၊ ဘာလို့လဲဆိုတော့ စစ်သားစစ်စစ်တွေက တဗိုလ်ကျသွားရင် တဗိုလ်တက်လာမယ် ငါကျသွားရင် ငါ့တပည့်တွေ သူငယ်ချင်းတွေ ဆက်တိုက်လိမ့်မယ် ဆိုပြီး မဆုတ်တန်း အသေခံ တိုက်တယ် ၊ ငါသေလို့မဖြစ်သေးပါဘူး တပည့်တွေအတွက် စိတ်မအေးဘူး တိုင်းပြည်ကြီးပျိုကွဲ လိမ့်မယ် ဘာညာ ဆိုတာ တကယ်တော့ သူရဲဘောကြောင်တဲ့ ဘော်ကြော့စစ်မင်းသားအကျင့်စရိုက် လို့ဘဲမြင်တယ် ။ အာဏာကြာကြာယူထားတော့ တဖြည်းဖြည်းနဲ့ နိုင်ငံတော် ဆိုတာ ငါကိုယ်တိုင်ကြီးဖြစ်နေပါလား ဆိုတဲ့ over confidence ဖြစ်လာတော့တာပေါ့ ၊ အဲလိုဖြစ်လာတာ သူ့ဟာသူတော့ မမြင်ဘူး ဘေးလူကမြင်တယ် ၊ တချို့ကပြောရဲတယ် တချို့ကမပြောရဲဘူး ၊ ပြောခွင့်မရှိတာလဲ ပါမှာပေါ့ ၊ ရဲရဲဝေဘန်ထောက်ပြတဲ့လူဆိုရင် ရာထူးမပေးတာ ချောင်ထိုးတာ စစ်သံပို့တာ စသဖြင့် lift and kick ထဲပါသွားတော့ မြန်မာပြည်ကြီးရဲ့ဇာတ်က မြောနေတော့တာပေါ့ ၊ အဲတော့ ပြည်နာတာပေါ့ ၊ ဒါကိုဘဲ အခွင့်ကောင်းယူပြီး ပြည်နာမှ ငွေရှာ ကောင်းသဗျို့ ဆိုတဲ့အုပ်စုကြီးတခုက ကွက်တိ ပေါ်လာတာပါဘဲ ၊ လောကဓမ္မတာအရပေါ်ထွက်လာရတာပေါ့ ၊ အဲ့မှာ အကြီးအကျယ် အကျင့်ပျက်မှု့က ထပ်ချပ်လိုက်လာတော့တာဘဲ ၊ လျှာပေါ်မျက်ပေါက်ပါစေ ရိက္ခါနဲ့ဘဲစားမယ် ဆိုတဲ့ကောင်မျိုးက ဒီကောင် လူ့ဂွစာပါကွာ ပြဿနာကောင် ဆိုပြီးအကျဉ်ခံရတော့တာပါဘဲ ။
အကယ်ရွေ့သာ ၈၈ မှာ အာဏာသိမ်းပြီး တနှစ် နှစ်နှစ် အတွင်း ရွေးကောက်ပွဲလုပ် ၊ အာဏာလွှဲလိုက်ရင် တပ်ကိုခုထက်ပို လူချစ်မှာ ၊ အာဏာရတဲ့ နိုင်ငံရေးအဖွဲ့အစည်းက နိုင်ငံအုပ်ချုပ်ရာမှာ တစုံတရာမှားယွင်းမှု့ရှိလာရင် ပြည်သူတွေက မနေပါဘူးဗျာ ကဲကဲ မျိုးချစ်တပ်မတော်ကြီး နိုင်ငံတော်အာဏာကိုထိမ်းပေးပါဦးဗျာ လို့လာခေါ်မှာပါ ။အဲဒါမှ ပရော်ဖက်ရှင်နယ် အစစ်ဘဲ ။ ထိုင်း က ခုမှ မြန်မာ့ အမှားသရုပ်ပြကို အားကျနေဟန်ရှိနေတယ် ၊ အာဏာ မသိမ်းရဘူးမဆိုလိုဘူး မကြာဘို့ပြောတာ ၊ ခု ၂၀၀၈ ခြေ/ဥ မှာပါတဲ့ အာဏာသိမ်းရင် တနှစ်ဘဲရမယ် လွန်ရောကျွံ့ရော ထပ်တိုး ခြောက်လနှစ်ကြိမ် ဆိုတာကို သဘောကျတယ် ။
ဒီစာအုပ်ထဲမှာ အဓိက ရှာဖတ်ခြင်တာက “ဒို့ဘယ်အချိန်လောက် ကျရင် အာဏာကို ဘယ်ပုံစံနဲ့လွှဲရအောင် ” ဆိုပြီးဘယ်သူကစပြောတာ ဘယ်လိုတွေ ဆွေးနွေးခဲ့တာ ဆိုတာပါဘဲ ၊ တခြားဗိုလ်ချုပ်တွေ ရေးတဲ့ထဲမှာလဲ ရှာကြည့်တာ လုံးဝ မပါပါဘူး ။
နောက်ထွက်လာလတ္တံ့သော စာအုပ်တွေကို ရေးမည့်သူများကိုစောင့်ဖတ် ရပါတော့မယ်လို့ ထင်မိပါကြောင်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: