အံ့သြလွန်းလို့ … သေတော့မယ် မဟန…

အံ့သြလွန်းလို့ … သေတော့မယ်
————————–
ပြည်တွင်းစစ်တွေဖြစ်နေတာကို ရပ်တံ့ပေးဖို့
မေတ္တာမရပ်ခံခဲ့တဲ့ မဟန…

ရခိုင် မိတ္ထီလာ ဥကံ္က မန်းလေး အစရှိတဲ့ မြို့ကြီးတွေမှာ
လူမျိုးရေးအကြောင်းပြ မီးဟုန်းဟုန်းတောက်ပြီး
ဆူပူအကြမ်းဖက် အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့ကြစဉ်က
နှုတ်ဆိတ်တော်မူပြီး မေတ္တာမရပ်ခံခဲ့တဲ့ မဟန…

လယ်တီသိမ်တော်ကို မိုင်းခွဲပြီး ဖျက်ဆီးခဲ့စဉ်က
ကိုယ်နဲ့မဆိုင်သလို မေတ္တာမရပ်ခံခဲ့တဲ့ မဟန…

လက်ပံတောင်းတောင် သံဃာတွေကို မီးလောင်ဗုံးနဲ့ ထုတုန်းက
ကိုယ့်အသားမထိသလို မေတ္တာမရပ်ခံခဲ့တဲ့ မဟန……

ဘုန်းကြီးကျောင်းတွေကို တပ်ပိုင်သိမ်းပြီး သံဃာတွေကို
ကျူးကျော်အဖြစ် တရားစွဲခဲ့တဲ့တုန်းက တိုက်ကျောင်းကြီးပေါ်ကနေ
မေတ္တာမရပ်ခံခဲ့တဲ့ မဟန…

ဝီရသူက စင်ပေါ်တက်ပြီး ဖာသည်မလို့ ကမ္ဘာသိအောင်
ဆဲခဲ့တုန်းက မေတ္တာမရပ်ခံခဲ့တဲ့ မဟန…

အဲ့လို မေတ္တာတုံး မေတ္တာမဲ့နေတဲ့ မဟနဆိုတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အစည်းကြီးက

အကြမ်းဖက်ဖို့ လုံးဝမရှိတဲ့
လက်နက်မပါတဲ့ သပိတ်မှောက်ကျောင်းသားတွေကို
တည်ငြိမ်မှုမပျက်ပြားဖို့ အခုကျမှ ထူးထူးဆန်းဆန်း
မေတ္တာအကြီးကြီးရပ်ခံလိုက်တာ

အံ့သြလွန်းလို့ပါါါါါါါ………

သက်နှင်း သုန္ဒရီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: