အေးချမ်းတဲ့ ငြိမ်းချမ်းတဲ့ သီလယူ ဘုရားစာရွတ်ရမဲ့ နေရာကို ဖရုသဝါစာတွေ အစားထိုးသွားခဲ့တယ်…

ဒုတိယကမ္ဘာစစ်အပြီးမှာ သန်းနဲ့ချီတဲ့ နာဇီပါတီဝင်တွေကို ဘာလုပ်ကြလဲ….ရာဇဝတ်မှုမကင်းတဲ့ ပါတီဝင်တွေ ခေါင်းဆောင်ပိုင်းတွေ ကိုရှာဖွေဖော်ထုတ်ပြီး ခုံရုံးတင် စစ်ဆေးအပြစ်ပေးခဲ့တယ်….ပါတီဝင်တိုင်းကိုတော့အရေးမယူခဲ့ပါဖူး…..ဆာဘ်.. ခမာနီ…နာဇီ စတဲ့ခေါင်းစဉ်တစ်ခုအောက်က လူ့အဖွဲ့အစည်းတစ်ခုလုံး ပါတီဝင်အားလုံး ဝန်ထမ်းအကုန်လုံးကို…..သိမ်းကြုံးပြီးအရေးမယူပဲ ကျူးလွန်သူတစ်ဦးခြင်းစီကို သာထိရောက်အောင် အပြစ်ပေးခဲ့ကြပြီး…ကျန်တဲ့သူတွေကို လူ့အသိုင်းအဝိုင်းထဲမှာ ပြန်လည်နေဆံ့အောင် ကြိုးစားပေးခဲ့ကြတယ်…… နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပြီး…….ကုလသမဂ္ဂကနေ ဂျီနိုဆိုက် လုပ်ခဲ့တယ်လို့ သတ်မှတ်ခဲ့ပြီး….. နူလ်ရင်ဘတ်မှာ သည်ဟိတ်လ်မှာ စစ်ခုံရုံးတင်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့နောက်လိုက်တွေတောင် သိမ်းကြုံးပြီးအစော်ကားမခံခဲ့ရဖူး……..


အရင်တုန်းက…….KKK ဂိုဏ်းဝင်ခဲ့ဖူးတဲ့သူအချို့တွေဟာ….KKK ဂိုဏ်းပြိုကွဲပြီးတဲ့အချိန် လုံးဝအဖမ်းဆီးမခံရပဲ ဘာအနှောက်အယှက်မှမရှိပဲ အေးအေးချမ်းချမ်းနေနိုင်ခဲ့တယ်…..ရာဇဝတ်ဂိုဏ်းကို ဝင်ခဲ့ပေမဲ့ ရာဇဝတ်မှု ကို ကိုယ်တိုင်ကိုကျ မကျူးလွန်ခဲ့သူတွေ ဟာ လုံးဝအစော်ကားမခံရပဲ သက်ထက်ဆုံးနေထိုင်သွားနိုင်ခဲ့တယ်…..

လူဦးရေ သန်း ၁၇၀၀ ကျော်ရှိတဲ့ ဘာသာတစ်ခုကို …….နှစ်သိန်းမပြည့်တဲ့ အစွန်းရောက်တွေကြောင့် အကုန်လုံးအစွန်းရောက်လို့ ပြောနိုင်မလား……အကုန်လုံးကိုသိမ်းကျူံးပြီးစော်ကားဆဲဆိုနေတာ လက်ခံဖြစ်တည်ခွင့်ပေးနေကြအုံးမှလား….

အဲ့ဒီ့ အစွန်းရောက်တွေထဲမှာတောင်….
—နယ်မြေပိုင်ဆိုင်မှုပြဿနာ အရ အကြမ်းဖက်ခံရ၍ အစွန်းရောက်ခြင်း (သိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေ အနီး ဒုက္ခသည်စခန်းမှာ မွေးတဲ့ ပါလက်စတိုင်းတဦး နှစ်နှစ်ဆယ်ကြာလာတဲအချိန်ထိ အဲ့စခန်းမှာပဲနေ နေရဆဲဆိုရင် အဲ့ကလေး….ဘာဖြစ်လာနိုင်မလဲ…….ရုရှားလက်အောက်မှာ ဘဝတူတွေဖြစ်ခဲ့ဖူးတဲ့ ကာဇက်တွေ တာဂျစ်တွေ တတ်မင်န်တွေ နိုင်ငံသီးသန့်ဖြစ်နေချိန် မလွတ်လပ်သေးတဲ့ ချေချင်းလူမျိုးတွေ လွတ်လပ်ရေးလိုချင်လို့ တိုက်ရင်း ချေချင်းလူငယ်တွေ ဘာတွေဖြစ်လာနိုင်မလဲ)
—စစ်စခန်းချလို့ တုန့်ပြန်အကြမ်းဖက်မှု(ပင်လယ်ကွေ့စစ်ပွဲအပြီးစခန်းမရုတ်သိမ်းတဲ့ ဆော်ဒီမှ အမေရိကန်စစ်စခန်း)…..
စစ်လက်နက်ပစ္စည်းထောက်ပံ့လို့တုန့်ပြန်အကြမ်းဖက်မှု (us မှ Israel သို့ တနှစ် ဒေါ်လာသန်းနှစ်ထောင်ဖိုးလက်နက်နဲ့နည်းပညာ အလကားပေး …ပါလက်စတိုင်းအတွက် တနှစ်သန်းနှစ်ဆယ်ဖိုး ဆေးဝါးထောက်ပံ့….)
—နယ်မြေခွဲထွက် အကြမ်းဖက်မှု…(မလေးစကားပြော စော်ဘွားအုပ်ချုပ် နယ်မြေကို ဒုတိယကမ္ဘာစစ်အပြီး ထိုင်းလက်အောက်ထဲ့ပေးမှုကစတင်တဲ့ နယ်မြေခွဲထွက်ဖို့တောင်းဆိုမှု…… အဲ့နယ်မြေဟာ မြန်မာဘုရင်သွားသိမ်းဖူးတဲ့ဒေသဖြစ်ခဲ့ဖူးသလို မလေးစော်ဘွားသစ္စာခံ …ထိုင်းသစ္စာခံ ….လွတ်လပ်တဲ့နေမြေ စသဖြင့် ပတ်ဝန်းကျင်ကစားကျက်လုရာနေရာဒေသ ဖြစ်ခဲ့ဖူးပါတယ်…..သမိုင်းဝင်တိုက်ပွဲပေါင်းများစွာဖြစ်ခဲ့တဲ့ဒေသပါ……စာမဖတ်တဲ့ ဗဟုသုတမရှိတဲ့ နလပိန်းတုန်းမြန်မာနိုင်ငံသားတချို့ကတော့မလေးမျိုးနွယ်စုအများစုနေထိုင်ပြီး လူအများစုမလေးစကားပြောတဲ့ ထိုင်းတောင်ပိုင်းကိစ္စကို ……ဘာသာရေးခေါင်းစဉ်တပ်….အကြမ်းဖက်မှုခေါင်းစဉ်တပ်ပြကြတယ်….ပုံစံတူအနေနဲ့ ခရစ်ယာန်အများစုရှိတဲ့ တီမောက အင်ဒိုကနေ ခွဲထွက်ခွင့်ရပြီးဖြစ်နေတာမျိုး ကိုယ့်နိုင်ငံမှာတောင် ဝ ကိုးကန့် တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာပေးထားရတာမျိုးတွေ ကို …နှိုင်းယှဉ်မကြည့်တတ်ကြဖူး….လေ့လာနှိုင်းယှဉ်ကြည့်နိုင်လောက်တဲ့ ဗဟုသုတနဲ့ အသိတရားတွေ မရှိလောက်အောင်ကို တုံးအနေကြ တုန်းပဲ……

အဲ့ဒီ့နိုင်ငံတွေက ရာခိုင်နှုန်းအနည်းငယ် လူဦးရေ တွေ ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဟာ ကျန်တဲ့ သန်း ၁၇၀၀ ဘာသာတစ်ခုကို ကိုယ်စားပြုနိုင်မလား…..အကုန်လုံးတူတူပဲလို့ သတ်မှတ်နိုင်မလား…….

၂၀၁၃ မြန်မာနိုင်ငံမှာ မုဒိန်းမှု ၇၀၀ကျော်ဖြစ်ခဲ့ပါတယ်…..ဘာသာမတူ တဲ့သူကျင့်တဲ့ ငါးမှုခွဲ (ခွဲ လို့ထည့်ရေးတာက ကြေးစားမိန်းကလေးမှ ငွေညှစ်မှု တစ်မှု ပါဝင်လို့ပါ)…… ဒါပေမဲ့ ဘာသာခြားကျူးလွန်မှု ခြောက်မှုအတွက်ပဲ လူတွေက ဒေါသတွေထွက်ပြကြ ဆဲဆို နေကြပြီး ကျန်တဲ့ အမှု ၆၉၀ လောက်ကတော့ တရားခံနဲ့ ကိုးကွယ်တဲ့ဘာသာ မဖော်ပြမသိရပဲ ဖြစ်သွားကြတယ်….ဘာသာတူခြင်းကျင့်တာကျင့်ပစေဆိုတဲ့ စိတ်ဓါတ်မျိုး ဝင်သွားကြသလိုပဲ…အကုန်လုံးကိုသိမ်းကြုံးစော်ကားဆဲဆိုမှုကတော့ ထမင်းစားရေသောက် သလို အလေ့အကျင့်တွေဖြစ်နေပီး…..ဘုရားစာရွတ်ရမဲ့ နေရာကို ဖရုသဝါစာတွေ အစားထိုးသွားခဲ့တယ်…… အေးချမ်းတဲ့ ငြိမ်းချမ်းတဲ့ သီလယူရမဲ့နေရာတွေက အမုန်းတရားတွေနှိုးဆော် ပဋိပက္ခမြစ်ဖျားခံတဲ့နေရာတွေ ဖြစ်ကုန်ကြပြီး…..ရက်ကွက်ထဲက တရားရေအေးတိုက်ကျွေးရမဲ့နေရာတွေ မှာ ဘီယာဆိုင်အရက်ဆိုင်တွေ အစားထိုးဝင်ရောက်လာခဲ့တယ်( မန္တလေးမြို့ မှာ အောင်မြေသာဇံ အရက်ဆိုင် ၃၉၇ ဆိုင်၊ ချမ်းအေးသာဇံ ၄၇၀၊ မဟာအောင်မြေ ၃၇၃၊ ချမ်းမြသာစည် ၄၇၀၊ပြည်ကြီးတံခွန် ၄၀၇၊ အမရပူရ ၃၄၈ …အဲ့ဒါ အစိုးရအသိအမှတ်ပြု လိုင်စင်ရ တရားဝင်အရက်ဆိုင် စာရင်းပါ ထမင်းရောင်းရင်းနဲ့တရားမဝင်ခိုးရောင်းတာတွေ လမ်းဘေးအရက်ဖြူ ဘီအီးဆိုင်တွေ ဟိုတယ်ဘားတွေ မပါသေးပါဖူး)

လက်တလောအကြမ်းဖက်ခံရတဲ့ နိုင်ငံက လူတွေက…..လူနည်းစုတွေနဲ့ ရထားအတူစီးဖို့ ကားအတူစီးဖို့ ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေလုပ်ဖို့ ကြိုးစားရင်း လူနည်းစုတွေရဲ့ စိုးရိမ်မှုတွေ ကြောက်ရွံ့စိတ်တွေ ပပျောက်အောင် ကူညီနေတဲ့ အချိန်မှာ…..မြန်မာနိုင်ငံက တချို့ ( တချို့လူတွေဆိုတဲ့အထဲမှာ အတိုက်အခံပါတီကလူတွေပါ ပါဝင် ) လူတွေကတော့ ဘာသာတစ်ခုကို အောက်တန်းတကျနဲ့ ဆဲဆိုပုတ်ခတ်ဖျက်ဆီးနေဆဲပဲ……သတင်းအမှားတွေပေါ်အချက်အလက်အမှားတွေပေါ် အခြေခံပြီး ပေါ်ပေါ်ထင်ထင် စော်ကားပြောဆိုမှုတွေကို သေသေချာချာ လေ့လာသုံးသပ်ပြီး ထောက်ပြဝေဖန်မဲ့ တားဆီးပိတ်ပင်မဲ့ ဥပဒေအရ တိကျစွာအရေးယူမဲ့(သို့) ဥပဒေအရတိကျစွာအရေးယူဖို့ တောင်းဆိုပေးမဲ့ ပြည်သူတွေ လုံးဝမရှိသေးတာကလဲ နိုင်ငံအတွက် အရှက်ကြီးစွာရနေရတဲ့ ဝမ်းနည်းစရာ ဖြစ်စဉ်တခုပါပဲ……

မာတင်လူသာကင်း ပြောခဲ့သလိုပေါ့

” ဒီအပြောင်းအလဲကာလကြီးရဲ့ အကြီးမားဆုံးသော ဝမ်းနည်းဖွယ်ရာ ဟာ လူဆိုးလို့ ခေါ်ရမဲ့သူတွေရဲ့ ဆူဆူညံ့ညံ့ ကျယ်ကျယ်လောင်လောင် လုပ်နေတာတွေမဟုတ်ဖူး…လူကောင်းလို့ ခေါ်ရမဲ့သူတွေရဲ့ ကြောက်ခမန်းလိလိ ငြိမ်သက်နေမှုသာ ဖြစ်တယ်….”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: