လက်ရှိအစိုးရ နဲ့ ပြည်ထဲရေးဝန်ကြီးဌာန (၀ါ) တပ်မတော်ကို လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အကြမ်းဖက်သမား ရာဇ၀တ်ကောင်များအနေနဲ့ နိုင်ငံတကာ ခုံရုံးကို တင်နိုင်တဲ့အထိ တရားစွဲဆိုကြဖို့ အားထုတ်ကြစေချင်ပါတယ်

“နိုင်ငံတကာ ရာဇ၀တ်ကောင်တွေ အနေနဲ့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်တာပါပဲ”

ဆန္ဒပြသပိတ်မှောက်နေတဲ့ လူထု၊ လူစုလူဝေး ကို ရဲတပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စနစ်တကျ ဖမ်းဆီး၊ ဖြိုခွဲမှုလုပ်တယ် ဆိုတာ ကမ္ဘာအ၀ှမ်းပါပဲ။ မှားသည်၊ မှန်သည် ခဏထား၊ ဒါဟာ သမရိုးကျ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပေမဲ့၊ ခုလို ခါးပိုက်ဆောင် စွမ်းအားရှင်တွေနဲ့ အကြမ်းဖက်မှု လုပ်တာဟာ ဥပဒေမဲ့ လုပ်ရပ်ပဲ ဖြစ်သလို၊ ပြီးခဲ့တဲ့ တောင်ကုတ်၊ မိတ္ထီလာ၊ မန္တလေး အရပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်အကြမ်းဖက်မှုများရဲ့ အမှု ကွင်းဆက်များကိုပါ တဆက်တည်း ချိတ်ဆက်မိသွားစေပါတယ်။

သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အဲဒီလူစုလူဝေးများရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာချီထားတဲ့ ရာဇ၀တ်မှုတွေပဲ ဖြစ်ပါတယ်။
လက်ရှိ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ လူစုလူဝေးတွေကို အစိုးရ ဟာ သူ့စီမံကွပ်ကပ်မှု လို့ ၀န်ခံလိုက်တာနဲ့ တပြိုင်နက်၊ ဒီလူစုလူဝေးတွေရဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေရဲ့ အဆက်အစပ်တွေ၊ သက်သေတွေနဲ့တကွ၊ ပြီးခဲ့တဲ့ ရာဇ၀တ်မှုတွေရဲ့ နောက်ကွယ်က တရားခံဟာလဲ
အစိုးရ ပါပဲ ဆိုတာကို ကျနော်တို့ ဖေါ်ထုတ်နိုင်သွားပြီ ဖြစ်ပါတယ်။

ကျွမ်းကျင်သော မီဒီယာသမားများ၊ သတင်းထောက်များ၊ ဥပဒေပညာရှင်များ ပိပိရိရိနဲ့ ၀ိုင်းဝန်းဖေါ်ထုတ်ဖို့ လိုသလို၊ နိုင်ငံတကာသံတမန်အသိုင်းအ၀ိုင်း ကို ပေါက်ရောက်သူများက ဒီဖြစ်ရပ်၊ ဖြစ်စဉ်တွေကို ပေးပို့ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တဆင့် လက်ရှိအစိုးရ နဲ့ ပြည်ထဲရေးဝန်ကြီးဌာန (၀ါ) တပ်မတော်ကို လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အကြမ်းဖက်သမား ရာဇ၀တ်ကောင်များအနေနဲ့ နိုင်ငံတကာ ခုံရုံးကို တင်နိုင်တဲ့အထိ တရားစွဲဆိုကြဖို့ အားထုတ်ကြစေချင်ပါတယ်။

ချိုတူးဇော်

တာဝန်

တာဝန်လက်ပတ်နှင့် လူဆိုးလူမိုက်လူရမ်းကားလူသတ်သမားတွေ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးကိုထိပါး စော်ကားတယ်။

ဒီတာဝန် ဘယ်သူပေးထားတဲ့ တာဝန်လည်း။ ဘယ်ဌာနဆိုင်ရာ အောက်ကလည်း။ ဘယ်သူတွေက အမိန့်ပေးတာလည်း။ အစိုးရဌာနဆိုင်ဝန်ထမ်းတွေလား။

ဒါမှမဟုတ်ရင် ဘယ်သူတွေ ဖွဲ့စည်းထားတဲ့ မာဖီးယား လူမိုက်အဖွဲ့လည်း။

ပြည်သူလူထုက သူတို့အနိုင်ကျင့်တိုင်းခံနေရမှာလား။ ဒီအဖွဲ့က ရဲ စစ်သား တွေထက်သြဇာကြီးမားနေတာလား။

ဒီလက်ပတ်နှင့် လူ့တိရိစ္ဆာန်တွေ ဘယ်သူဘယ်ဝါဆို ဦးသိန်းစိန် အစိုးရက တရားဝင်ကြော်ငြာသင့်တယ်။

ဒီတာဝန်ဆိုတဲ့လူတွေအတွက် တာဝန်အရှိဆုံးက ဦးသိန်းစိန်အစိုးရပဲ။

Bellah Maxic

စွမ်းအားရှင် ဒေါသထွက်နေတဲ့ လူမိုက်လူဆိုး လူသတ်ကောင်အုပ်စု တောင်သာတပ် ဒါတွေအားလုံး တစ်ဖွဲ့တည်းပဲ။

အမည်သာ ကွဲရင်ကွဲမှာ လူတွေကတော့ ဒီလူတွေပဲ။ နောက်ကွယ်က လက်မဲလည်း အတူတူပဲ။

ဘယ်သူ့ ဘယ်ဝါလို့တောမပြောတော့ပါဘူး။ ကုလားကိုပြဿနာရှာလည်း သူတို့။ ဘုန်းကြီးကို ရိုက်နှက်တာလည်းသူတို့။ ဒီပဲရင်းတုန်းကလည်း ဒီကောင်တွေ။ မြေယာသိမ်းခံ ပြည်သူတွေကို အနိုင်ကျင့်တာလည်း သူတို့ပဲ။ အခုကျောင်းသားတွေကို ခွေးဆွဲသလိုဆွဲတာလည်း ဒီကောင်တွေ။

ဒါတွေကိုဘယ်သူတွေ လုပ်နေလည်းဆိုတာတော့ ထွေထွေထူးထူး ပြောစရာမလိုတော့ဘူးထင်ပါတယ်။

မြေခွေးမျိုးတွေ။

Bellah Maxic

7 Responses to “လက်ရှိအစိုးရ နဲ့ ပြည်ထဲရေးဝန်ကြီးဌာန (၀ါ) တပ်မတော်ကို လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အကြမ်းဖက်သမား ရာဇ၀တ်ကောင်များအနေနဲ့ နိုင်ငံတကာ ခုံရုံးကို တင်နိုင်တဲ့အထိ တရားစွဲဆိုကြဖို့ အားထုတ်ကြစေချင်ပါတယ်”

  1. drkokogyi Says:

    Kamayut Media

    Reporters’ Account: Yangon

    အရက်မူးနေတဲ့ စွမ်းအားရှင် အကြမ်းဖက်သမားတွေက ကျောင်းသားနဲ့ ပြည်သူတွေကို စတင်တိုက်ခိုက်၊ ရဲတွေ လက်ပိုက်ကြည့်နေခဲ့

    မြို့တော်ခမ်းမရှေ့မှာ ညနေ ၄နာရီ ခွဲလောက်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈နဲ့ အညီ လူစုခွဲသွားမယ်လို့ ကြေညာပြီး လူစုခွဲဖို့ အချိန် မိနစ် ၃ဝပေးခဲ့ပါတယ်။

    အဲဒီအချိန်မှာပဲ မြို့တော်ခမ်းမထဲကနေ ထွက်လာတဲ့ အရပ်ဝတ်နဲ့ လက်ပတ်နီပတ်ထားတဲ့ စွမ်းအားရှင်တွေဟာ အင်အားများလာပြီး ရဲနဲ့ ဆန္ဒပြကျောင်းသားတွေရဲ့ကြားကို ဝင်ရပ်လိုက်ပါတယ်။

    အဲဒီမှာ အရက်တွေမူးနေတဲ့ စွမ်းအားရှင် အကြမ်းဖက်သမားတွေဟာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေဆီ အိမ်ပြန်ကြဖို့ စတင်အော်ဟစ်ပါတယ်။ ကျောင်းသားတွေက စွမ်းအားရှင်တွေကို ခင်ဗျားတို့ဒီလိုပြောပိုင်ခွင့်မရှိဘူးလို့ အပြန်အလှန် ပြန်ပြောတဲ့အခါမှာ စွမ်းအားရှင်တွေက ကျောင်းသားတွေကို စထိုးကြိတ်ပါတယ်။ အဲဒီလို စွမ်းအားရှင်တွေက အင်နဲ့အားနဲ့ ဝင်ထိုးတာကြောင့် ဘေးနားမှာရှိနေတဲ့ ပြည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝင်ရောက်ဆွဲဖြန်ခဲ့လို့ နှစ်ဖက်စလုံး လူကွဲသွားခဲ့ပါတယ်။

    နောက်ထပ်တစ်ခါ စွမ်းအားရှင်တွေက ကျောင်းသားနဲ့ ပြည်သူ၊ အရပ်ဖက်အဖွဲ့တွေဆီ ပြေးဝင်လာပြီး ကန်ကြောက်၊ ထိုးကြိတ်နေပြီး ရဲတပ်ဖွဲ့က ၁ဝမိနစ်လောက်ထိ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေပါတယ်။

    အဲဒီအချိန်မှာ ၈၈မျိုးဆက်က အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ကို အခုလို အကြမ်းဖက်တိုက်ခိုက်နေတဲ့အပေါ် လက်ပိုက်ကြည့်နေလို့ ပြောချိန်မှာတော့ ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ အပြင်းအထန် အကြမ်းဖက်ဖြိုခွဲတိုက်ခိုက်လိုက်ပါတယ်။

    အဲဒီအချိန်မှာ စွမ်းအားရှင်တွေဟာ မြို့တော်ခမ်းမဘက်ကို ပြန်ဆုတ်သွားကြသလို ရဲတွေက ရပ်ထားတဲ့ ဒိုင်နာကား ၃စီးထဲက တစ်စီးပေါ်ကို ၈၈မျိုးဆက်က မနီလာသိန်းအပါအဝင် ၇ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

    စွမ်းအားရှင်တွေဟာ ကမ္ဘာပျက်မတတ်အော်ဟစ်တိုက်ခိုက်နေပြီး သတင်းမီဒီယာတွေကိုပါ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ သတင်းထောက်တွေ အများအပြား ကစဥ့်ကလျားဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်တစ်ခုလုံးက ဆယ်မိနစ်သာသာလောက်ပဲကြာမြင့်ခဲ့ပါတယ်။

    (ကမာရွတ်မီဒီယာရဲ့ သတင်းထောက် ၂ယောက်ရဲ့ ကိုယ်တွေ့မျက်မြင်)

  2. drkokogyi Says:

    The Voice Weekly

    ရန်ကုန်မြို့လယ် ဆန္ဒပြကျောင်းသားများကို ဖြိုခွဲ

    ရန်ကုန်၊ မတ် ၅

    ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကျောင်းသားငါးဦးနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦး ဖမ်းဆီးခံရကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ သိရှိရသည်။

    မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေသည့် ကျောင်းသားများကို ညနေ ၄ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်ဝတ် လူအင်အား ရာဂဏန်းတို့က ယင်းသို့ ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

    ဖမ်းဆီးခံရသည့် ကျောင်းသားငါးဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်နီလာသိန်း၊ ဒေါ်နုနုအောင်နှင့် ဦးမျိုးသန့်တို့သုံးဦး ဖမ်းဆီးခံရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောကြားသည်။

    လူစုခွဲရန် နောက်ဆုံးအကြိမ် ကြေညာပြီး ၁၀ မိနစ်ခန့်အကြာတွင် အရပ်ဝတ်လူများက ကျောင်းသားများကို လက်သီးဖြင့် ထိုးကြိတ်ရာမှ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ပွားခဲ့ပြီးနောက် အရပ်ဝတ်များက ကျောင်းသားများကို ဖမ်းဆီးကာ ဒိုင်နာယာဉ်များပေါ်သို့ ဆွဲတင်ခဲ့ကြသည်။
    အရပ်ဝတ်နှင့် ကျောင်းသားများ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်တွင် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြကျောင်းသားများကို ပတ်ပတ်လည်တွင် ဝိုင်းရံလိုက်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မိနစ်ပိုင်းအကြာတွင် ရဲတပ်ဖွဲ့ဝင်များကလည်း နံပါတ်တုတ်များဖြင့် ကျောင်းသားများကို ဝင်ရောက်ရိုက်နှက်ခဲ့သည်။

    “ကျောင်းသားတစ်ယောက်ကို ရဲ ၁၅ ဦးလောက်က ဝိုင်းရိုက်ကြတယ်။ အဲဒီကျောင်းသား လဲသွားတယ်။ ပြီးတော့ ဆွဲခေါ်သွားကြတယ်” ဟု ရုန်းရင်းဆန်ခတ်မှုကို မျက်မြင်တွေ့ရှိခဲ့သည့် ဓာတ်ပုံသတင်းထောက် တစ်ဦးက ပြောကြားသည်။

    “စွမ်းအားရှင်လို့ပဲ ခေါ်ရမယ့် ဒီ တာဝန်ဆိုတဲ့ လက်ပတ်တွေကို ဝတ်ထားတဲ့ ဆံပင်အရောင်မျိုးစုံ၊ အရက်နံ့ တထောင်းထောင်းနဲ့ လူတွေက စပြီးတော့ ဝင်ဆွဲပါတယ်၊ အဲဒီမှာ ကျွန်တော်တို့ကို လုံခြုံရေးအရ ဘေးက ကာပေးထားတဲ့ အစ်မတွေ အစ်ကိုတွေ အရိုက်ခံရပါတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုမင်းသူကျော်က ပြောသည်။

    အဆိုပါ ဖြိုခွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

  3. drkokogyi Says:

    Eleven Media Group

    ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်သူများအား ဖြိုခွင်းမှုသတင်း အစိုးရသတင်းစာဖော်ပြမှု အဖြစ်မှန်နှင့် ကွဲလွဲနေ

    အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်နေသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံခဲ့သည့် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်သူများအား ဖြိုခွင်းမှုသတင်းကို မတ်လ ၆ ရက်ထုတ် အစိုးရသတင်းစာများ၏ ဖော်ပြချက်မှာ အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း သိရသည်။

    အစိုးရသတင်းစာ သတင်းတွင် “ဆန္ဒပြသည့်အဖွဲ့မှ ပြန်လည်ရန်ပြုခဲ့သဖြင့် လူစုခွဲ ရှင်းလင်းကာ ဆန္ဒပြသူအချို့အား ထိန်းသိမ်းခဲ့ကြောင်း သိရသည်”ဟု ဖော်ပြထားရာ ထိုအချက်မှာ ကွဲလွဲနေခြင်းဖြစ်ကြောင်း သိရသည်။

    “အစိုးရသတင်းစာမှာ ဖော်ပြထားသလို မဟုတ်ဘူး။ အရပ်သား စွမ်းအားရှင်တွေက အရင်စလုပ်တာ။ ကျောင်းသားတွေက တစ်ယောက် တစ်လှည့် မိန့်ခွန်းပြောတယ်။ Campaign ပုံစံလုပ်ဖို့ ပထမ စီစဉ်ထားတယ်။ အဲဒီမှာပဲ မိနစ် ၃ဝ အတွင်း လူစုခွဲပေး။ မိနစ် ၃ဝ လို့ ပြောတယ်။ သူတို့ အော်ပြီး ၁ဝ မိနစ် မကြာဘူး။ ကျောင်းသားတွေက ပြီးခါနီးပြီ။ အဲဒီအချိန်လောက်မှာ ဝင်လုပ်တာ။ မိနစ် ၃ဝ မပေးဘဲ ၁ဝ မိနစ်လောက်မှာ ဝင်လုပ်တာ။ ပထမဦးဆုံး ဝင်လုပ်တာက စွမ်းအားရှင်ပုံစံ လူတွေက အရင်ဝင် လုပ်တာ။ ပထမ ဝင်ရိုက်တယ်။ ဝင်ရိုက်တော့ ကျောင်းသားတွေကို ထောက်ခံတဲ့သူတွေက တားတယ်။ တားတော့ လူစုနည်းနည်း ပြန်ခွဲသွားတယ်။ ခွဲသွားပြီး ငါးမိနစ်လောက်ကြာတော့ ထပ်ပြီးဝင်လုပ်တယ်။ ဒီတစ်ကြိမ်မှာ အမျိုးသမီးတွေကို အရင်ဝင်ဆွဲတယ်။ သူတို့ဆွဲလို့ ပါသွားတဲ့သူတွေကို ကျောင်းသားတွေက ပြန်ဆွဲတယ်။ အဲဒီလို ပြန်ဆွဲချိန်မှာ ရဲတွေက နံပါတ်တုတ်တွေနဲ့ ဆန္ဒထုတ်ဖော်သူတွေကို ဝင်ရိုက်တယ်”ဟု အခင်းဖြစ်စဉ်ကို စောင့်ကြည့် သတင်းရယူခဲ့သော သတင်းထောက်တစ်ဦးက ပြောကြားသည်။

    အခြားသော မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရသူများ၏ ပြောကြားချက်အရလည်း ဆန္ဒထုတ်ဖော်သူများကို အရပ်သား စွမ်းအားရှင်များနှင့် ရဲတပ်ဖွဲ့က စတင်ရိုက်နှက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည့်နည်းတူ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များတွင် ပါရှိချက်များအရလည်း အရပ်သား စွမ်းအားရှင်များက စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ထိုအပြင် ဖြိုခွင်းမှုတွင် ဥပဒေမဲ့ ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့သော အရပ်သား စွမ်းအားရှင်များထဲတွင်အချို့မှာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ အချို့မှာ အခြေအနေမဲ့ အလုပ်ကြမ်းသမားများ၊ လေလွင့်ဆိုးသွမ်းနေသူများ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူများ ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းတို့၏ နေရပ်လိပ်စာများနှင့် မည်သူမည်ဝါဆိုသည်များကို ပြည်သူလူထုက ဖော်ထုတ်၊ ပြောကြားမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

    အစိုးရသတင်းစာသတင်းတွင် အရပ်သား စွမ်းအားရှင်များ အသုံးပြုပြီး အင်အားသုံး ဖြိုခွင်းခဲ့ခြင်းအချက်အား ဖော်ပြမှုမရှိသည်ကို တွေ့ရှိရသည်။

  4. drkokogyi Says:

    Maung Zarni
    16 hrs ·

    ‪#‎Myanmar‬ military regimes since 1990’s have established a pattern of the use of Brown Shirt-like thugs to attack any group that demands freedom and democracy

    စွမ်းအားရှင် မျိုးဆက်သစ်တွေ

    ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ .

    “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂၀ လောက်စီခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေ တွေ့ရတယ်။ ကျနော်တွေ့ဖူးသမျှ ဒီတခါ အငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင် မျိုးဆက်သစ်တွေပေါ့။”

    http://burmese.dvb.no/archives/84352

  5. drkokogyi Says:

    Moethee Zun

    ဆူးလေ ဆန္ဒပြပွဲကို နိမ်နင်းတဲ့နေရာမှာ လူဆိုးလူမိုက်တွေ ကို သုံးတာဟာ Failed State ဖြစ်နေတာ ကို ပြသလိုက်တာဖြစ်တယ်။ အစိုးရထဲက တချို့ ဟာ သူတို့ ဖေစ်ဘုတ်တွေမှာ လူဆိုးလူမိုက်တွေကို ၀ှက်ဖဲ လို သုံးမယ်ဆိုပြီး တလျောက်လုံးခြိမ်းခြောက်နေတယ်။ ဒီပဲယင်းတုံးက ဗီဒီယို ဖိုလ် တွေ ၊ ဓါတ်ပုံတွေမရကြဘူး။ အခုက ခေတ်ပြောင်းသွားပြီ ။ မှတ်တမ်းတွေအများကြီးထွက်လာတယ် ။ ဒီလိုလူဆိုးလူမိုက်တွေကို အစိုးရက သုံးလာရင် နိင်ငံတကာဥပဒေ နဲ့ ဆန်ကျင်နေတယ်ဆိုတာ သတိပေးလိုက်ပါတယ်။ ဒီလုပ်ရပ်ကို ပြင်းပြင်း
    ထန် ထန် ဆန် ကျင့် ပါတယ်။ ရှုံချတယ်။

  6. drkokogyi Says:

    Al Khon Bransai
    19 mins ·

    လက်ပတ်နီတွေကို မီဒီယာတွေက ဖော်ထုတ် ပေးပါ …

    ကဲ မီဒီယာတောင် မလိုပါဘူး ဗျာ ခု ဖွဘုတ်အွန်လိုင်း

    မှာတင် ဘယ်သူဘယ်ဝါ ဆိုတာ အပြင် တိုင်းအတွင်းက

    စွမ်းအားရှင် ခေါင်းဆောင်တွေကိုလည်း သိပါပြီ …။

    သိတော့ ဘာလုပ်မှာလဲ … သူတို့ကို အရေးယူ ပြရမှာလား

    အရေးယူပြ ပြန်လွှတ် … နောက် ထောက်ပံ့ကြေးလေးပေးပြီး

    ပြန်မွေးထား … နောက်တခါ ဖြစ် ။ နောက်တခါ လာမှာပဲလေ ။

    ထူးခြားမလာပါဘူး … အဓိက တရားခံကို မြင်အောင်

    ကြည့်ဖို့ လိုပါတယ် … ဒီလူတွေကို ဘယ်သူက တာဝန်

    လက်ပတ် ပတ်ပေးပြီး ခိုင်းစေခဲ့ပါသလဲ …။

    ပြည်ထဲရေးကလား ၊ တိုင်းဒေသကြီး အဖွဲ့ကလား …

    တာဝန်ယူ ရမယ် လေ ။ သူတို့ တာဝန်မယူရင်

    သမ္မတ တာဝန်ယူရပါမယ် … ။

    ကျနော်တို့ လိုချင်တာ အစွယ်အပွား လူရမ်းကားကို

    မဟုတ်ဘူး ။ အဓိက ခိုင်းစေသူ တရားခံကို ဖော်ထုတ်

    ပေးစေလိုတယ် …။ မဖော်ထုတ် နိုင်ရင် …

    ပြည်ထဲရေး ကော ။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ပါ

    အားလုံး နှုတ်ထွက်ပါ … ဒါပဲ …။

    ဒီလို တောင်းဆိုမှုမျိုးလောက်တော့ မျှော်လင့်ခဲ့မိတာ

    အမှန်ပဲ အန်တီ …။

  7. drkokogyi Says:

    Al Khon Bransai
    4 hrs ·

    ပုံထပ်မတင်တော့ပါဘူး … အားလုံး မမြင်ချင်မှ အဆုံး

    နေမှာပါ … အော် … မနေ့က “ တာဝန် ” “ စည်းကမ်း ”

    လက်ပတ်တွေနဲ့ လူတွေလေ … အဲဒီသူတွေက

    “ ရပ်မိရပ်ဖ ” တွေတဲ့ ခမျ … ရပ်ကွက်ဖွံ့ဖြိုးရေး အဖွဲ့ တဲ့ ။

    ဒါကြောင့်လည်း ဒီတိုင်းပြည်ကြီး ဒီလောက်ထိ

    “ သာယာစည်ပင်ဖွံ့ဖြိုး ငြိမ်းချမ်း ” နေတာကိုး ခင်ဗျ ။

    လေးစားကြည်ညိုမိပါတယ် အစိုးရ မင်းများ ခင်ဗျာ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: