ဦးရဲထွဋ့်က သေချာရှင်းပြလိုက်တယ် မိတ်ဆွေတို့ ယုံလား သူစကားကို ယုံလိုက်ပါ ယုံနေကျပဲလေ………

ထုံးစံအတိုင်းပဲ…………
မြန်မာပြည်က မွတ်စလင်တွေအတွက်ကတော့ ဒီလိုစကားမျိုးးတွေကို ခံရပါများလို့ရိုးနေပြီ ဒီစကားမျိုးက လိမ်သည်ဖြစ်စေ မှန်သည်ဖြစ်စေ ဘာမှလုပ်လို့မရဘူး မကောင်းတက်လို့ ပြောပြတာပဲရှိပါတယ် နိုင်ငံတကာက သူတို့လုပ်ရပ်တွေကိုသိမှာ စိုးလို့. ပြည်သူအချင်းချင်းဖြစ်တဲ့ အထိကရုဏ်းကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖြေရှင်းတဲ့ ဒီဇိုင်းဖမ်းထားတာပါ အခုဦးရဲထွဋ့်က သေချာရှင်းပြလိုက်တယ် မိတ်ဆွေတို့ ယုံလား သူစကားကို ယုံလိုက်ပါ ယုံနေကျပဲလေ………
တချိန်က စားဖို့တောင်အနိုင်နိုင် စုတ်ပြက်နေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးနဲ့ရှို့ပါတယ် ပြောတုန်းက ယုံခဲ့တယ်လေ
မိတ္ထီလာမှာ သာမန်ရောင်းမှားဝယ်မှာပြသနာကို မွတ်စလင်တွေက စပြီးရန်ရှာအကြမ်းဖက်တယ်ပြောတုန်းကလည်း ရောပြီးယုံပေးလိုက်တာပဲ


တစ်တိုင်းပြည်လုံးလူသတ်အကြမ်းဖက်မှုတွေ ကိုပေါ်တင်ကျူးလွန်နေတာတောင် ပဋိပက္ခ အဆင့်ပါပဲလို့ပြောတုန်းကလည်း ယုံတာပဲလေ
မွတ်စလင်ဖြစ်ရုံနဲ့ ကရင်ဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ် နိုင်ငံသားကဒ်ကို လွယ်လွယ်မရ ရရင်လည်း သူများထက် အစပေါင်းများစွာ ပိုက်ဆံပေးပြီးလုပ်ရတဲ့အနေအထားကို ဘာသာရေးလွတ်လပ်ခွင့်ရှိပါတယ်ပြောတုန်းကလည်း ယုံကြတာပဲလေ
မြန်မာ့သမိုင်းတစ်လျောက်လုံးရခိုင်ပြည်နယ်မှာနေလာပြီး ကမ္ဘကပါ သိနေတဲ့ ရိုဟင်ဂျာကို မရှိဘူး တိုင်းရင်းသားမဟုတ်ဘူးလို့ ပြောတော့လည်း အခုထိဖင်ပိတ်ပြီးယုံနေကြတယ် မလား
ဒီတော့ ကိုပါကြီးသေနက်လု တယ်ဆိုလည်းယုံလိုက်ပါ ကချင်က ဆရာမနှစ်ယောက် ဝတ်လစ်စလစ်ဖြစ်ပြီး အရှက်ကနေ သွေးတစ်တောက်တောက်ကျနေတာတောင် မုဒီမ်းမကျင့်ဘူးဆိုလည်းယုံလိုက်ပါ
ဗမာလူမျိုး လက်ချိုးရေလို့ရတဲ့ ဆူးလေမြို့တော်ခန်းမရှေ့မှာ ဒေသခံတွေက မခံနိုင်လို့ထွက်ရိုက်တယ်ဆိုတဲ့ပုံစံမျိုးပြောနေတာတွေကိုလည်း …………
ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုကိုယ်မီးနဲ့ ရှို့တယ် ပြောတုန်းကလို ရိုဟင်ဂျာ နိုင်ငံသားတိုင်းရင်သားမဟုတ်ဘူး လုံးဝမရှိဘူးလို့ပြောတုန်းကလိုပဲ ယုံပေးကြပါလို့ ပြောလိုက်ပါရစေ…………..
လူရွေးပြီး သနားတက်တဲ့ စိတ်ကင်းဝေးပါစေ
သရဲငိုဓားသမား…..

စွမ်းအားရှင်မရှိဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ယတိပြတ်ငြင်းဆို
ရွှေအောင်

ဦးရဲထွဋ်က “ခင်ဗျား စွမ်းအားရှင်လို့ သုံးတဲ့ စကားလုံးကို ဒီခေတ်မှာ မရှိတော့ဘူး၊ ဒုတိတချက်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက သူတို့ ဒေသရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စအတွက် လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရပ်ဝတ်နဲ့ပါနေတဲ့ သူတွေဟာ ဘယ်အဖွဲ့အစည်းလဲ၊ ဘယ်လို မူဝါဒလဲ ဆိုတာက—–”

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂၀ လောက်စီခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ ———

သတင်းနှင့်ဓာတ်ပုံများ အပြည့်အစုံ ကြည့်ရှုရန်
http://burmese.dvb.no/?p=84352

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: