မြန်မာမွတ်စလင်မ်စာရေးဆရာတွေ

Please don’t forget Maung Thaw Ka @ Bo Mhu Ba Thaw. I used to read his articles in Myawaddy since I was in early primary ( std 2) i.e. in late 50’s. (Note I was allowed to read his articles, cartoons, photo competition, Kyar Ba Nyein (Muslim) and Bo Myint’s airplane related articles. By the way Kyar Ba Nyein’s brother U Chit Nyo and their descendents are also quite famous Muslim authors.

မြန်မာမွတ်စလင်မ်ပုဂ္ဂိုလ်ကျော်တွေအများကြီးပါပဲ။ သူတို့စာပေတွေက ခေတ်အဆက်ဆက်အကျိုးပြုတာပါပဲ
(တိုင်းရင်းမွတ်စလင်မ် စာဆိုတော်များအပေါ် ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ မှတ်ချက်)
အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရှင် ဆရာမောင်ခင်မင်(ဓနုဖြူ) ပါမောက္ခ၊ ဌာနမှုး အငြိမ်းစား မြန်မာစာဌာန ၊ရန်ကုန်တက္ကသိုလ် ရဲ့ တိုင်းရင်းမွတ်စလင်မ်စာပြုစာဆိုတော်တွေရဲ့ မြန်မာစာပေအပေါ်အကျိုးပြုခဲ့ပုံတွေနဲ့ မြန်မာစာပေလောကတိုးတက်ဖို့အတွက် မှတ်ချက်စကားတွေကို Myanmar Muslim Media ကဖေါ်ပြပေးလိုက်ပါတယ်။

ကိုပေါက်( Myanmar Muslim Media Cj)
မတ် ၅၊ ၂၀၁၅
မြန်မာနိင်ငံက မြန်မာစာပေလောကကို မြန်မာမွတ်စလင်မ်စာရေးဆရာတွေရဲ့ အခန်းကဏ္ဍပေါ့ မြန်မာစာပေလောကကို ဘယ်လောက်အကျိုးပြုခဲ့တာရှိလဲ မြန်မာစာပေအပေါ်ရော ဘယ်လောက်အထောက်အကူပြုခဲ့တာရှိသလဲ။
အဲဒါတော့အရင်တုန်းကတည်းက မြန်မာစာပေလောကမှာ ရေးသားပြုစုတဲ့ ထင်ရှားတဲ့စာရေးဆရာကြီးတွေထဲမှာ မွတ်စလင်မ်ဘာသာဝင်(ဖြေကြားသူ၏ မူရင်းအသုံးအနှုန်း) တွေပါတာပဲလေ။ မြန်မာမွတ်စလင်မ်တွေပဲဆိုပါတော့။ အဲဒီ့ပုဂ္ဂိုလ်တွေက ရှေးရှေးတုန်းကတည်းက စာကောင်းပေကောင်းတွေလည်း အများကြီးရေးခဲ့တာပဲလေ။ ဆရာကြီးဦးနုတို့လို ရှေးရှေးကတည်းက ဘင်္ဂလားသွားမှတ်တမ်းလင်္ကာကြီးတွေရေးခဲ့တဲ့ ကဗျာဆရာကြီးတွေပေါ်ခဲ့တယ်။ ဆရာ ရဟ်မန်တို့လို ပသီပုံပြင်အရေးကောင်းတဲ့စာရေးဆရာကြီးတွေ ပေါ်ခဲ့တယ်။ ပဉ္စရူပံ ဦးခ ဆိုတဲ့စာရေးဆရာကြီး ခြွေတာခြင်းတို့ဘာတို့ရေးတဲ့ ..ဟိုခေတ်က နှစ်ပေါင်းများစွာ ကျောင်းသုံးစာအုပ်အဖြစ်ပြဌာန်းခဲ့တယ်ဆိုတော့ ဒီမြန်မာစာပေသမိုင်းတစ်လျောက်ပေါ်ခဲ့တဲ့ စာရေးဆရာတွေထဲမှာ မြန်မာမွတ်စလင်မ်ပုဂ္ဂိုလ်တွေလဲ တော်တော်များများပါတာပေါ့ သူတို့စာပေတွေက ခေတ်အဆက်ဆက်အကျိုးပြုတာပါပဲ။ ကနေ့လက်ရှိ အခြေအနေမှာလဲ ကနေ့ပတ်ဝန်းကျင်ကြည့်ရင် ပညာရှင်တွေ ဒီ ဒေါက်တာအောင်ဇော်တို့လို ပုဂ္ဂိုလ်တွေက အစပေါ့ စာပေလောကမှာ သူ့နည်းသူ့ဟန်နဲ့ အကျိုးပြုနေတဲ့ ပုဂ္ဂိုလ်တွေအများကြီးပေါ့။ ကွယ်လွန်သွားတဲ့ သမိုင်းပညာရှင်ဆရာဗိုလ်မှူးဘရှင်တို့ ဆရာမကြီးဒေါက်တာဒေါ်ရီရီတို့ စသဖြင့် ဒီပုဂ္ဂိုလ်တွေလဲ မြန်မာ့သမိုင်းဘက်က စာတမ်းတွေ သုတသနစာတမ်းတွေ ရေးသားပြုစုပြီးတော့ အကျိုးပြုတာပဲ စာရေးဆရာတွေထဲဆိုလဲ ဆရာတို့ကတော့ အတ္ထုပ္ပတ္တိဖတ်ကြည့်တော့မှ မွတ်စလင်မ်ဘာသာဝင် ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ သိတာကိုး တစ်ချိန်တုန်းက ၀တ္ထုအရေးကောင်းတဲ့ ဆရာကြီးတက္ကသိုလ်နန္ဒမိတ် ဘာတို့ဆိုရင် သူ့ဝတ္ထူတွေအင်မတန်ကောင်းတာပဲ နန္ဒာပုလဲတို့ဘာတို့ ဟုတ်လား ဒီဘက် စစ်ပြီးခေတ်မှာ ၀တ္ထူအင်မတန်အရေးကောင်းတဲ့စာရေးဆရာကြီး ၀တ္ထူနဲ့ပတ်သတ်လို့လမ်းညွှန်တဲ့ဆရာကြီး ဒီပုဂ္ဂိုလ်လဲ သူ့စာတွေနဲ့အကျိုးပြုတာပဲဆိုတော့ ခေတ်အဆက်ဆက်မှာ ရှိတာပါပဲ။ ခေတ်အဆက်ဆက် ကဗျာရေးတဲ့လူ ၀တ္ထူရေးတဲ့လူ တစ်ခြားကျမ်းရေးတဲ့လူ သမိုင်းသုတေသီပညာရှင်တွေထဲမှာ မွတ်စလင်မ်ဘာသာကိုးကွယ်တဲ့ မြန်မာမွတ်စလင်မ် ပုဂ္ဂိုလ်ကျော်တွေအများကြီးပါပဲ။ သူတို့စာပေတွေက ခေတ်အဆက်ဆက်အကျိုးပြုတာပါပဲ။

မေး။ ။ အခုလက်ရှိ မြန်မာစာပေလောကနဲ့ပတ်သတ်ပြီးလို့ရော အကယ်၍နိုင်ငံတကာစာပေလောကနဲ့ ယှဉ်မယ်ဆိုရင် ဘယ်လိုမျိုးကွက်လပ်တွေဖြည့်ပြီးလုပ်အုံးမယ်လို့ ဆရာအနေနဲ့…………..။

ဖြေ။ ။ နိုင်ငံတကာစာပေလောကနဲ့ယှဉ်မယ်ဆိုရင်တော့ ကိုယ့်ဥစ္စာသူ့များသိအောင်လုပ်ရမှာပေါ့ကွယ် ကိုယ့်ဥစ္စာသူ့များသိအောင်လုပ်ဖို့အတွက် ကနေ့ပြောနေကျတာ နည်းလမ်းအဓိက နှစ်မျိုးပေါ့ တစ်မျိုးက မြန်မာလိုရေးရင်တော့ အပြင်ကလူကသိမှာမဟုတ်ဘူး အဲ့တော့ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အနည်းဆုံး အင်္ဂလိပ်စာနဲ့ပေါ့ အင်္ဂလိပ်လို ကိုယ့်အမြင် ကိုယ့်အတွေးတွေ မြန်မာမွတ်စလင်မ်ပဲဖြစ်ဖြစ် တစ်ခြားဘာသာဝင်ပဲဖြစ်ဖြစ် မြန်မာ့အတွေးအခေါ်အယူအဆ မြန်မာ့စိတ်ကူးစိတ်သန်း ဒါတွေ ၀တ္ထုတွေ ကဗျာတွေ အင်္ဂလိပ်လိုရေးရင် ပြန့်နိုင်တာပေါ့ ဒါတစ်မျိုးပေါ့။ နောက်တစ်မျိုးကတော့ မြန်မာလိုရေးပြီးသားရှိတဲ့ စာအုပ်တွေကို အင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ ကမ္ဘာပြန့်အောင်ဖြန့်ပေါ့။ ဒီ ၂နည်းနဲ့ မြန်မာစာပေ ကမ္ဘာ့စာပေလောကထဲဝင်အောင် လုပ်နိုင်တယ်လို့အများက ဒီလိုပဲနားလည်ထားတာပေါ့ လုပ်သလောက်လဲ လုပ်ကိုင်နေကျတာပဲ ဒါ့ထက်ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပဲ လိုတာပဲလေ။

မေး။ ။ ဟုတ်ကဲ့။ ဒါပေမဲ့လို့ လက်ရှိမြန်မာစာပေလောကအတွက် ဆရာ့အနေနဲ့ နောက်ဆုံးအမှာစကားပြောချင်တာ ဘာများရှိပါသလဲ။

ဖြေ။ ။ ယနေ့စာပေလောကမှာ ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ ဆရာတို့အမြဲပြောနေတဲ့ စာဖတ်ပရိတ်သတ်ပိုများလာဖို့ပါပဲ။ စာဖတ်ပရိတ်သတ်ပိုများလာပြီးတော့ စာဖတ်အားပိုကောင်းလာရင် တစ်ဖက်က စာပေလဲ ဖွံ့ဖြိုးမှာပေါ့။နော်။ စားသုံးတဲ့လူများရင် ထုတ်လုပ်တဲ့ပစ္စည်းလဲ ပွားများလာမှာပေါ့။ ဒီလိုပဲ ဒီနေ့စာပေဖွံ့ဖြိုးဖို့အတွက် ဖတ်တဲ့လူတွေများများရှိဖို့လိုတယ်။ အထူးသဖြင့် ယနေ့လူငယ်တွေ ယနေ့ထက်ပိုပြီးတော့ စာဘက်ကိုပိုအာရုံစိုက်လာပြီးတော့ စာဖတ်တဲ့ အလေ့အကျင့်၊ အတွေ့အကြုံ၊ ၀ါသနာ စသဖြင့် ဒါတွေပိုပြီးတော့ အချိန်ပေးပြီးတော့ စာဖတ်တဲ့အင်အားများလာရင် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်တယ်လို့ သဘောရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: