မင်းတို့ တိုင်းပြည်အပေါ် တကယ် စေတနာရှိရင် ပညာရေးကို မြှင့်တင် တော်သူကို ချီးမြှောက် ဘာသာ လူမျိုးမခွဲနဲ့

ခ်ခ်
စင်ကာပူကို အမှီလိုက်မယ်
ကျော်တက်မယ်နဲ့ ကြိမ်းဝါးနေတာ

အဲ့ဒိ စင်ကာပူက ကျွန်းနိုင်ငံသေးသေးလေး
ဘာမှလည်း မထွက် ဘာမှလည်း မပေါက်
စိုက်ပျိုးစရာ မြေ နေနေသာသာ
လူတောင်မှ အနိုင်နိုင် နေရလို့ အာ့ကြောင့်
လူဦးရေ ကန့်သပ်တာ
အမြဲနေမယ့် နိုင်ငံသားကိုနော်

ကျွန် လာလုပ်ချင်ရင် လာခဲ့ ပိုက်ဆံပေးမယ် တန်အောင်ခိုင်းမယ်

အဲ့လိုနိုင်ငံငယ်လေးက ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ပြီး စီးပွားရေး ကုန်သွယ်ရေး ထိပ်ဆုံးရောက်ရတယ်
သူ့ထက် အကျယ်အဝန်း လူဦးရေ ထွက်ကုန် သယံဇာတ သာလွန်တဲ့ မြန်မာအပါအဝင် နိုင်ငံတွေက ဒူးထောက်ရတယ် လာပါ လာပါ ခေါ်ရတယ်
လာပါရစေ လာပါရစေ ခိုင်းပါ ကြိုက်တာ လုပ်ပါရစေ နဲ့

စင်ကာပူနိုင်ငံသားဆိုရင် ဘယ်နိုင်ငံက ဖြစ်ဖြစ် ပြည်ဝင်ခွင့်ပေးတယ် သံသယ နဲ့ အကြည့်မခံရဘူး အလုပ်လုပ်မလား ပေးတယ်
နိုင်ငံတကာကို အပေါ်စီးက ဆက်ဆံနိုင်တာ ဘာ့ကြောင့်လဲ ?

ရှင်းပါတယ်

အုပ်ချုပ်သူ ကောင်းလို့
စီမံခန့်ခွဲမှု ကောင်းလို့
လူ့စွမ်းအား အရင်းအမြစ်ကို နားလည်လို့
အဲ့ဒိ နိုင်ငံသေးသေးလေးမှာ
ကုလား တရုတ် မလေး လူမျိုးပေါင်းစုံ နေထိုင်တယ် အားလုံး တပြေးညီ နိုင်ငံသားဘဲ ဘယ်သူက ဌာနေ တိုင်းရင်းသား ဘာညာမခွဲဘူး တန်းတူဘဲ
နိုင်ငံသားဘဲ

ဘယ်မှာခွဲသလဲ ?
ပညာရေး မှာ ခွဲတယ်
ပညာရေးကို ဦးစားပေးတယ် အသုံးချခွင့်လည်း ပေးတယ်

ဟေ့ ကုလား အိန္ဒိယနွယ်ဖွား မင်းဘာတတ်သလ?ဲ
ဟေ့ တရုတ်
မင်း က ရော ?
မလေးနွယ်ဖွားလေး မင်း ဘာလုပ်ပေးနိုင်သလဲ ?

အဲ့လိုနဲ့ လီကွမ်းယု က နိုင်ငံကို ထူထောင်ခဲ့တာ
ပညာတတ် လုပ်နိုင်ကိုင်နိုင် အကျိုးပြု(နိုင်ငံကိုနော် အစိုးရအဖွဲ့ဝင်ကို မဟုတ်ဘူး)နိုင်သူ ရှေ့တက်ဘဲ
ဒါကြောင့် နိုင်ငံတိုးတက် သွားတာ

ခရိုနီ မမွေးချင်လို့ သူလောက်င အောင် လခ ယူပြီး လုပ်သွားတာ

နိုင်ငံတော်ဘာသာဆိုတာ မရှိဘူး
တိုင်းရင်းသားဆိုတာ မရှိဘူး

ပညာနဲ့ နိုင်ငံထူထောင်ပြီး တိုးတက်အောင် လုပ်သွားတာ

အဲ့ဒါနဲ့များ အမှီ လိုက်မယ် ကျော်တက်မယ် ပြောရဲသေး

ခ်ခ်

ဘာလဲ ?
အတုယူရမှာ တပည့်ခံရမှာ ကို အောက်ကျနောက်ကျလို့ ထင်နေသလား ?
စင်ကာပူ က မြန်မာကို အတုယူပြီး တည်ထောင်ခဲ့တာ မမေ့နဲ့

လူ ပါး မဝ နဲ့

မဝိုက် ချင်နဲ့

တတိုင်းတပြည်လုံး ကောင်းစားရင် မင်းတို့သားစဉ်မြေးဆက်ပါမယ်

မပိန်းနဲ့

ဘာသာ လူမျိုးပေါင်းစုံ ရဲ့ အားကိုယူပြီး နိုင်ငံကို တည်ဆောက် တိုးတက်အောင်လုပ်

လီကွမ်းယုက ဘာသာမခွဲ လူမျိုးမခွဲဘဲနဲ့
စင်ကာပူကို အားလုံး အင်အားကိုယူပြီး ဖေါက်ထွက်သွားတာကွ

မြင်အောင်ကြည့်ကွ

အခု ဒီနှစ် ၂၀၁၅ အရင် ၂၀၁၄ ထက် ၄၀ရာနှုန်း အနည်းဆုံး ပိုပူမယ်လို့ ဦးထွန်းလွင်က ခန့်မှန်းတယ်

ဘယ်သူ့ကြောင့်လဲ ?
ဘယ်သူ့ အပြစ်လဲ ?

အေး
မင်းတို့ တိုင်းပြည်အပေါ် တကယ် စေတနာရှိရင် ပညာရေးကို မြှင့်တင် တော်သူကို ချီးမြှောက် ဘာသာ လူမျိုးမခွဲနဲ့

ပါချုပ် ရာထူးကို ထိုက်တန်လွန်းလို့ ဗုဒ္ဓဘာသာဝင် ပါမောက္ခတွေက ထောက်ခံပေမယ့် ဘာသာက မွတ်စလင်မ်ဖြစ်နေလို့ ပယ်လိုက်တဲ့
ဆေး ပညာရေးက အဖြစ်အပျက်မျိုး ရှိနေသ၍ ဘယ်လိုလုပ်ပြီး ပညာရေးက ကောင်းလာမှာလဲ ?
ပဒိုင်းသီးသာ
ဖင်ခုထိုင်ထားကြပါကွာ

ဟေ့
ငါတို့ ဘာ လူမျိုး ဖြစ်ပါစေ
ဘာ ဘာသာကိုးကွယ်ပါစေ
ငါတို့သည်
မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်း၍ မြန်မာ့မြေနေ မြန်မာ့ရေ သောက်သော မြန်မာနိုင်ငံသားများဖြစ်ကြသည်

မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေး တို့အရေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: