” ရာဇဝတ်မှုခင်း ပွဲတော်” တွေကို ” နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်”

” ရာဇဝတ်မှုခင်း ပွဲတော်”

(သိပ်မကြာလှသေးတဲ့) တချိန်တုန်းကတော့ ” ဒေါသထွက်နေသော လူအုပ်ကြီး” ဆိုတဲ့ ဝေါဟာရကို တွင်တွင်သုံး ခဲ့ကြတယ်..။ အဲဒီ လူအုပ်ကြီး ဘယ်ကရောက်လာမှန်း လဲ မသိကြဘူး..။ ဘယ်ကို ပြန်သွားကြသလဲ ဆိုတာလဲ မသိကြဘူး..။ ချက်ချင်း ရောက်လာ .. စိတ်တိုင်းကျ ဖျက်ဆီးပြီး ပြန်ပျောက်သွား ဆိုတာ ပြေက (ပြည်မြို့  ) ကဝေ ပုံပြင် လို ဖြစ်ခဲ့ရတယ်..။

တခါ ” နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်” ဆို တဲ့ ဝေါဟာရ ကလဲ တွင်ကျယ်ခဲ့ပြန်တယ်..။ ပဋိပက္ခ တွေ မဖြစ်ဖြစ်အောင် လုပ် .. ။ ဖြစ်လာတဲ့ အခါ လုယက် ဖျက်ဆီး မီးရှို့  လူသတ် စတဲ့ “ရာဇဝတ်မှုခင်း ပွဲတော်” တွေကို အဖေါ် အပေါင်းတွေ စုံညီစွာနဲ့ ပျော်ပျော်ကြီး ဆင်နွှဲခဲ့ကြပြန်တယ်..။ သေသူသေ .. ဘဝပျက်သူပျက်..။ စီးပွားပျက်သူပျက်..။ အိမ်ခြေယာမဲ့ ဖြစ်သူတွေဖြစ်..။
အခု တခါ ဆန္ဒပြပွဲ (ဖေါ်ထုတ်ပွဲ) တွေ သပိတ်မှောက်ပွဲတွေ.. ချီတက်ပွဲတွေ တောင်းဆိုပွဲတွေ နဲ့ ဘာလုပ်လုပ် ” ပွဲ ” ဆိုတဲ့ ခေါင်းစဉ် အောက် ကို အရောက်ပို့ တတ်ကြတဲ့ နိုင်ငံတော်ကြီးမှာ ” ပွဲ ” တွေနဲ့ စည်ပင် ဝပြောလို့ နေလေရဲ့..။ ( အသက်ချင်း လဲရတဲ့ စစ်တိုက်တဲ့ပွဲ လဲ ပါတယ်နော်)
အခု နောက်ဆုံး ကတော့ “လူဖမ်းပွဲ” …။
လူစည်ကားလှတဲ့ Metropolitan မြို့ လယ်ခေါင် ကြီးမှာ
ဖရိုဖရဲ နဲ့ လူဖမ်းတဲ့ ပွဲပါ..။
ရဲနီ လက်ပတ်တွေ ကိုယ်စီ နဲ့
နီကျင်ကျင် မိုးကြိုး လွှဲ ဆံပင် နဲ့ မောင်မွှေးနီတို့
ကွမ်းသွေးနီတို့
တက်တူးညီတို့
သရဲသဘက် စီးသလို ရန်စွယ်ငေါငေါနဲ့ ငါတကောကောပြီး ဖမ်းနေလိုက်ကြတာ..။
ဝေသာလီပြည် ဘီလူးစီးသလို..
သူတို့ အတွက်တော့ ပျော်စရာ “တပေါင်းပွဲတော်” ကြီးပေါ့..။
လုပ်အားရှင်အတွက် ဆုလဘ်အဖြစ်
တစ်ယောက်ဖမ်းပေးရင် ဘယ်လောက်ဆိုပြီး အူစိုစေမယ့်
လုပ်အားခကလဲ စား ” ပွဲ ” သောက် ” ပွဲ ” ကျင်းပနိုင်လောက်မယ် ထင်ရဲ့။

အေးငြိမ်းချင်တာ ပြည်သူပါ။
သက်သက်သာသာ လုပ်ကိုင်စားသောက်ချင်တာ ပြည်သူပါ။
ကျီးလန့်စာစား မနေချင်တာ ပြည်သူပါ..။
“ရာဇဝတ်မှုခင်းပွဲတော်” တွေနဲ့ မကြုံ ချင်တာ ပြည်သူပါ။
အခုတော့
” မကြုံ ချင်တာတွေလဲ…. မယုံ ကြည်နိုင်လောက်အောင်… ကြုံ ကို ကြုံ ဖြစ်တယ် ဆိုပဲ” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်း တစ်ပုဒ်ကိုသာ ရည်ညွှန်း ချင်ပါတော့တယ်..။

ချစ်ခင်စွာဖြင့်
ကောင်းလွန်း

One Response to “” ရာဇဝတ်မှုခင်း ပွဲတော်” တွေကို ” နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်””

  1. drkokogyi Says:

    This BIGOT CRIMINAL “Khet Than” is inciting to create a religious riot.
    Deep Dive

    (ခက်ထန် ကို တွေ့ ရင် ဖမ်းကြ ဗျာ)

    မနေ့က ဆူးလေမှာ ကုလား စည်သူမောင် နဲ့ ကုလားတစ်စု ခြေရှုပ်တဲ့ပွဲ

    မဆူဆူအောင် အနောက်က လုပ်တဲ့ တရားခံက ဒင်းတို့ပဲ.. ကျောင်းသား ကနည်းနည်း သူတို့က များများ.. ရဲကို အလံတိုင်း ဝါးလုံးနဲ့ပစ်တာ စည်သူမောင်.. . မြန်မာတွေ အချင်းချင်း အခုလို ဖြစ်နေ ကုလားက ကြိုက်လေပဲ…

    န တဲ့ မြန်မာတွေ ကုလားခိုင်းတာလုပ်ကြ… အ တဲ့ မြန်မာတွေ ကုလားပြောသမျှယုံကြ.. မနပ်တဲ့သူတွေ ခံကြ

    သခင် ခက်ထန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: