မြို့တော်ခန်းမရှေ့ နိုင်ငံတော် အကြမ်းဖက်မှုကို ဖေါ်ထုတ်ခြင်း

*** မြို့တော်ခန်းမရှေ့ နိုင်ငံတော် အကြမ်းဖက်မှုကို ဖေါ်ထုတ်ခြင်း***

မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ တင်းတင်းမှာ ဖြစ်သွားတဲ့ နိုင်ငံတော် အကြမ်းဖက်မှု ဖေါ်ထုတ်ပါရစေ
******ဖေါ်ဝါရီလ ၂၈ နေ့ ညတွင် မအူပင် ထောင်က လွတ်ရက် ရောက်ရန် အနည်းငယ်သာ ကျန်တော့သည့် အကျဉ်းသား (၁၄) ဦးကို ပြည်ထဲရေးမှ သွားရောက်ခေါ်ယူသည်။

******မတ်လ (၁) နေ့တွင် အင်းစိန်ထောင်မှ အလုပ်ဘုတ် ထွက်ရန် ရှိသူများဟု ဆိုကာ လူဦးရေး အကျဉ်းသားပေါင်း (၄၂) ဦး ကို ပြည်ထဲရေးမှ ထပ်မံ ခေါ်ယူသည်။။

******မတ်လ (၃) ရက်နေ့တွင် ရန်ကုန်တိုင်း မြို့နယ်ပေါင်း (၈) ခုမှ အမှုမတင်ရသေးပဲ ရဲစခန်းတွင် ချုပ်နှောင်ထားသော ခိုး ဆိုး ကျော်ကြား နှစ်လုံးထီ နှင့် မူးယစ် သုံးစွဲသူ ရောင်းဝယ်သူများဟု အမည်ပေါက်သူများ စုစု (၈၁) ဦး အား ခေါ်ယူသည်။။

******မတ်လ (၄) ရက်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ် (၆)ခုမှ ရပ်ကွက် အုပ်ချုပ်ရေးမှုနှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေး မှူး အဖွဲ့ဝင် (၂၁) ဦးအား ပြည်ထဲရေးမှ ကားဖြင့် မင်္ဂလာဒုံတပ်ဆွယ် စစ်သား စုဆောင်းရေးသို့ ရောက်ရှိလာသည်။

******မတ်လ (၄) ရက်နေ့ ညနေ (၃) နာရီမှ ညနေ (၅) နာရီအထိ အမိန့်နာခံရန် လိုက်နာရန် အချက်ပေးခရာ သံများကို နားထောင် တတ်ရန် သင်ကြားသည်။

********မတ်လ (၅) ရက်နေ့ နံနက် (၁၁) နာရီတွင် အဖွဲ့လိုက် လူပေါင်း (၂၀) အဖွဲ့ တစ်ဖွဲ့ ဖြင့် အဖွဲ့ (၆) ဖွဲ့ အား ဖွဲ့စည်းကာ ရဲထရပ်ကား(၃) စီး အရပ်ဘက် ချောဆွဲထားသော ကား (၃) စီးဖြင့် မင်္ဂလာဒုံ တပ်ဆွယ် စစ်သားစုဆောင်းရေး မှ ညနေ (၁နာရီ ၃၀မိနစ်)နာရီတိတိတွင် ရန်ကုန် မြို့တော် ခန်းမနောက်သို့ မောင်းလာသည်။

*******ရန်ကုန်မြို့တော် ခန်းမ အနောက်ပေါက်မှ အဆိုပါ ခိုးဆိုးခါ မူးယစ် နှင့် နှစ်လုံးထီသမားများအားလုံးတို့အား ခေတ္တချထားခဲ့သည်။ ထိုမြို့တော် ခန်းမ၏ အနောက်ဝင်းတွင် စုပုံထားသော ၀ါးဆစ်ပိတ် သုံးဆစ်ခန့် အနည်းဆုံးပါသော ၀ါလုံး အကျစ်များကို ပေးသည် အချို့က ယူသည် ချို့က မယူပါ။

********မြို့တော် ခန်းမ အဆောင်၏ အောက်ထပ်သို့ ဆင်းလာသော ရဲမှူး တစ်ဦးက ၄င်းဆွဲလာသည့် အညိုရောင် အိတ်ထဲမှ တာဝန်ဆိုသော လက်ပတ် နှင့် တွယ်ချိပ်များ ဝေငှသည်။

******မတ်လ(၅) ရက်နေ့ ညနေ (၃နာရီတိတိတွင် သတ်မှတ်ထားသော အဖွဲ့လိုက် ယူနီဖေါင်းဝတ်ထားသော ရဲများအကြားမှ အရှေ့သို့ တိုးထွက်၍ နေရာဝင်ယူသည် ။ အချို့မှာ တာဝန်လက်ပတ်များကိုပင် ၀တ်ဆင်၍ မပြီးသေးပဲ တို့လို့ တန်းလန်းနှင့် ရောက်ရှိလာသည်။

*******အဆိုပါ မတ်လ (၅) ရက်နေ့ ညနေ ၃ နာရီ ၃၀ ခန့်တွင် ဒီမိုကရေစီ ပင်မသပိတ်စစ်ကျောင်းအား အကြမ်းမဖက်ရန် ဆန္ဒထုတ်ဖေါ်သော တ.က.သ ကျောင်းသားများနှင့် တက်ကြွ လှုပ်ရှား ပူးပေါင်းသူ (၂၀၀) ခန့်မျှ မြို့တော် ခန်းမရှေ့သို့တဖွဲဖွဲ ရောက်ရှိလာသည်။

******မတ်လ (၅) ရက်နေ့ ညနေ (၄နာရီ) တင်းတင်းတွင် ကြိုတင်ရောက်ရှိနေသော အကျဉ်းထောင် နှင့် အချုပ်ခန်းများမှ ထုတ်ယူလာသော အကြမ်းဖက်သမားနှင့် စစ်ပြေးအချို့ အပြင် ယခင် စစ်အစိုးရ လက်ထက်တွင် တောက်လျောက် လူငယ် စွမ်းအားရှင်အဖွဲ့ဝင်လည်းဖြစ်ခဲ့ဘူးပြီး ယခု အုပ်ချုပ်ရေး အဖွဲ့ဝင် ယယက များတွင် ၀င်ရောက်လုပ်ကိုင်နေကြသော သူများနှင့် ကြိုတင် သတ်မှတ် ချိန်ကိုက်ထားသည့်အတိုင်း မျက်နှာချင်းဆိုင် နေရာယူကာ ထိပ်တိုက်တိုးသည်။

******ဆန္ဒထုတ်ဖေါ်သူများကိုင်ဆောင်လာသော ကြော်ငြာများ ခွတ်ဒေါင်း အလံများနှင့် ကဒေါင်း ဆိုင်းပုဒ်များကို ယုတ်တရက် အားအင်ဖြင့် ၀င်ရောက် လုယူ ချိုး ဖျက်ရန် အချက်ပေးခရာ ရှည် (၃) ချက် မှုတ်၍ အချက်ပေးကာ အကြမ်းဖက်မှုအား စတင်စေသည်။

******အဆိုပါ အကြမ်းဖက် လူမိုက်များ၏ အနောက်တွင် ပြည်ထဲရေး ရဲဝန်ထမ်းများနှင့် လုံထိန်း အမှတ် (၁၁) တပ်ရင်း တခုလုံး အသင့် ကျားကန် ၀န်းရံလျက် နံပတ်တုတ်များ ၀ါးဆစ်ပိတ် တုတ်လုံးများဖြင့် ရိုက်နက် သည်။

*******လုံထိန်းအင်အား (၂၆၀ ) နှင့် ရဲအင်အား ၁၂၆ ယောက် အသုံးပြုသည်။

********၄၈ ယောက်ထက်မနည်း ဒဏ်ရာရ၍ ၁၅ ယောက်အား ညနေ (၄ နာရီ ၂၆) မိနစ်တွင် ဖမ်းဆီးကာ လုံထိန်းတပ်ရင်းကားပေါ်သို့ တင်ဆောင်စေခဲ့သည့်။

*****ဖမ်ဆီးခံရသော အကြမ်းမဖက် ဆန္ဒပြသူများအား ရန်ကင်းဆရာအတတ်သင် ကျောင်း၏ အနောက်တွင် ရှိသော အချုပ်ခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။

*******မတ်လ (၅)ရက် ညနေ ၅ နာ၇ီ ၂၀ တွင် ရန်ကုန်မြို့တော်၏ မြို့တော် ခန်းမရှေ့တွင် နိုင်ငံတော်မှ စနစ်တကျ ဆောင်ရွက်ခဲ့သော အကြမ်းဖက် မှုကြီး ရှင်းလင်း ပြီးဆုံးသည်။

*******သမ္မတရုံးမှ ပြန်ကြားရေး ၀န်ကြီး ရဲထွဋ်မှ ၄င်းတို့ မသိကြောင်း သတင်းများတွင် အခိုင်မာ ငြင်းဆိုနေသည်။

*******သို့သော် မတ်လ (၃)ရက်နေ့ ညနေ ၅ နာရီ မှ (၇နာရီ) ထိ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့် ပြည်ထဲရေးဝန်ကြီး အပါဝင် အထူးရဲထောက်လှမ်းရေး အရာရှိများ တွေဆုံ၍ ကြိုတင် ကြံစည် အကွက်ချမှုများအား သမ္မတရုံး မှ ဖြောင့်ကွယ် ထားကြောင်းပါ…..

တစုံတရာ ငြင်းချက်ထုတ်လာပါက ဆက်လက် တင်ပြပေးမည်။

******အားလုံး ရှယ်ယူ၍ ဖြန့်ဝေ နိုင်ပါသည်*****

2 Responses to “မြို့တော်ခန်းမရှေ့ နိုင်ငံတော် အကြမ်းဖက်မှုကို ဖေါ်ထုတ်ခြင်း”

  1. drkokogyi Says:

    တာဝန်ဆိုတဲ့လက်ပတ်အနီကိုပတ်ပြီး သူ့ဆန္ဒကို ထုတ်ဖော်ရေးသားလိုက်တဲ့ ဦးဇင်ဝိုင်းရဲ့ ခံစားချက်ကို ဖတ်စေချင်ပါတယ်… like emoticon

    “ကျနော့ စိတ်ကူးဆိုတာထက် ကျနော့နောက်ကြောင်း သိရင်ပိုကောင်းမယ်ထင်ပါတယ်။

    ကျနော့ဖခင်က ဘီအိုင်အေ ခေတ်ကတည်းက တပ်မတော်ထဲကို အသက် ၁၄ နှစ်မှာ တပ်မတော်သားဘ၀နဲ့ ၀င်လာပြီးတော့မှ နောက်ဆုံး တပ်ရင်းမှူးဘ၀နဲ့ တပ်ကထွက်ခဲ့တဲ့ စစ်သားဟောင်းကြီးပါ။

    အဖေဟာ တပ်ကထွက်တဲ့ အချိန်မှာ ကျနော်တို့မှာ နေစရာအိမ်၊ စီးစရာ ကား ဘာမှ မရှိခဲ့ပါဘူး။
    အဖေဟာ ရိုးသားတဲ့ စစ်သားကြီး တဦးဖြစ်တဲ့အတွက် ကျနော်တို့ကို တခြားအမွေလည်း မပေးနိုင်ပါဘူး။ ပညာအမွေရယ်၊ တိုင်းပြည်ကို ချစ်တတ်တဲ့စိတ်လေးရယ်ပဲ ပေးခဲ့ပါတယ်။
    ဒီ စိတ်နှစ်ခုတည်းနဲ့ပဲ ကျနော့အဖေကျေးဇူးကို ဆပ်လို့မကုန်ဘူးလို့ ယူဆပါတယ်။

    ၈၈ ကာလတုန်းက ကျနော့အဖေဟာ စမ်းချောင်းမြို့နယ်မှာ တရားသူကြီးလုပ်နေရသူပါ။ အဖေက ကျောင်းတ၀က်တပြတ်နဲ့ တပ်မတော်ထဲ ၀င်ခဲ့ရတဲ့အတွက် ၇ တန်းတောင် မအောင်ခဲ့ပါဘူး။ ဒါပေမယ့် တရားသူကြီးခေါင်းပေါင်းကြီးပေါင်းပြီး ဘာမှ နားမလည်ဘဲနဲ့ တကယ်နားလည်တဲ့ တရားရေးပညာရှင်တွေ ၀န်ထမ်းတွေက ဒီအမှုကို ဒီပုဒ်မနဲ့ ဒီလောက် ချနိုင်ပါတယ် ဆိုရင် ဒီလောက်ချစေ ဆိုပြီး အဖေက လုပ်ရပါတယ်။ အဲ့မှာ

    အဖေ ကျနော့ကိုပြောဖူးတယ်။ မှားတော့ မှားနေကြပြီဆိုတဲ့ ကိစ္စပေါ့နော်။
    နောက်တခါ အရေးအခင်းကာလ ပစ်ကြ ခတ်ကြပြီဆိုတော့ ၁၈ ရက်နေ့ အာဏာသိမ်း၊ အဲ့ဒီ ညတင်ပဲ ကျနော့အိမ်ကို အ၀တ်အစားပြန်ယူတော့ အမေက အိမ်ကို သော့ခတ်ထားပါတယ်။
    ပြန်မထွက်ရအောင်ပါ။
    သို့သော် အဖေက သော့ကို ယူပြီးဖွင့်ပေးပါတယ်။ သားတဲ့ .. အဖေတို့ ခေတ်တုန်းကလည်း အဖေတို့ယုံကြည်ရာကို တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ခဲ့ပြီးပြီ။
    မင်းလည်း မင်းခေတ်မှာ မင်းယုံကြည်တာကို လုပ်တာပဲတဲ့။
    မှန်တယ်မှားတယ်ဆိုတာ တချိန်မှာ သမိုင်းက အဆုံးအဖြတ်ပေးသွားလိမ့်မယ်တဲ့။
    ငါ့သား သွားတဲ့။
    မင်းဘာဖြစ်ဖြစ် မင်းအတွက် အဖေ ဂုဏ်ယူမယ်လို့ပြောပါတယ်။

    အဲ့တော့ အဖေပေးတဲ့ စိတ်နဲ့ပဲ ကျနော်နေပါတယ်။ ကျနော် ဒီနေ့အထိ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ဘယ်သြဇာခံမှလည်းမဟုတ်ပါဘူး။
    တိုင်းပြည်ကို ကောင်းအောင်လုပ်တဲ့သူတွေကို ကျနော်ကောင်းရင်ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး ထောက်ခံပါမယ်။ တိုင်းပြည်အကျိုးကိုယုတ်အောင် ပြည်သူ့အကျိုးကိုယုတ်အောင်လုပ်ရင် ကျနော် ပြည်သူ့ ဘက်ကပဲ အော်ပါမယ်။

    ဘာကြောင့်လည်းဆိုတော့ ကျနော်သည် ဘာစီးပွားရေးမှမလုပ်တတ်တဲ့ အနုပညာ သမားပါ။ ကျနော့ကို ကျွေးသော ထမင်းသည် မည်သူကမှ မျက်ရည်ပေါက်ကြီးငယ် မကျဘဲနဲ့ စေတနာ မေတ္တာနဲ့ ကျွေးတဲ့ သန့်စင်တဲ့ ထမင်းကို ကျနော်စားပါတယ်။
    ဒီအတွက် ကျနော်မှာ တာဝန်ရှိတယ်ထင်လို့ ကျနော်ပြောပါတယ်။

    အခု ဒီကျောင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာတခုမှ ၀င်မပါပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်က တောင်းဆိုတာရယ်၊ ဟိုဘက်က ညှိနှိုင်းတာရယ်၊ ဒီညှိနှို်င်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေ ရင်ထဲမှာ သံသယတွေဆိုတာ ရှိကြပါတယ်။

    ကျနော်ဆိုရင် မဆလ ခေတ်မှာ ကြီးပြင်းတာပါ။ ကျနော်တို့ ဖြတ်သန်း လာခဲ့တဲ့ ဘ၀တလျှောက်လုံးမှာ အကြိမ်ကြိမ် ကတိတွေပေးပြီး အကြိမ်ကြိမ် ကတိတွေဖြတ်ခဲ့တာ ကျနော်ကြုံခဲ့ဖူးပါတယ်။ ဒီနေ့ ဖြူတယ်လို့ပြောပြီး နောက်နေ့ မဲပါတယ်လို့ပြောတယ်။

    ဒီနေ့ပေးမယ်ပြောပြီး နောက်နေ့မပေးဘူးဆိုပြီး အုပ်ချုပ်သူအစိုးရများ လုပ်ခဲ့ပါတယ်။
    အခါပေါင်း မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးပါတယ်။
    အဲ့တော့ ကျနော်ကိုယ်တိုင်ပင် သံသယတွေ ရှိပါတယ်။ မယုံရဲသေးပါဘူး။

    ဒီသံသယတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင် ကျနော်တို့ ပြည်သူဘက်ကရော တိုင်းပြည် ကောင်းရာကောင်းကျိုးကို လုပ်ဆောင်မယ်ဆိုတဲ့ အစိုးရမင်းများဘက်ကရော တကယ့်ကို ပွင့်ပွင့်လင်းလင်း စေတနာ အမှန်နဲ့လုပ်ကြဖို့လိုမယ်လို့ ယူဆပါတယ်။

    ဖြေရှင်းတဲ့နေရာမှာလည်း တပ်မတော်သားဆိုရင် တပ်မတော်မှာ ကျင့်ဝတ်အစုံရှိပါတယ်။ ဥပဒေရှိပါတယ်။
    တပ်မတော်သားသည် သူ့အမိန့်အရ အာဏာအရ လုပ်ပိုင်ခွင့်အရ လုပ်ရတာ ရှိပါတယ်။
    ပြည်သူ့ရဲဆိုလည်း ပြည်သူ့ရဲအလျှောက် မီးသတ်လည်း မီးသတ်အလျှောက် သူ့တာဝန် သူ့ကိုယ့်စီ လုပ်ကြရတာရှိပါတယ်။

    အခုတော့ ဘာမှန်းမသိတဲ့သူတွေကို လက်ပတ်ပတ်ပေးပြီးတော့မှ ဒီလိုလုပ်တယ်ဆိုတော့ ဒါကို ကျနော်တို့က လက်မခံနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းကမှန်းမသိ ဘယ်သူ ကပေးမှန်းမသိတဲ့ တာဝန်ကို လက်ပတ်ပတ်လိုက်ရုံနဲ့ ဒီလိုလုပ်ပိုင်ခွင့်ရှိသွားပြီလားဆိုတာက ကျနော်တို့ ပြည်သူ့ဘ၀လုံခြုံမှု နည်းပါးပါတယ်။

    ကျနော် တောင်းဆိုတဲ့ သူတွေကို ထောက်ခံခြင်းလည်းမဟုတ်ဘူး။
    တာဝန်အရ လူစုခွဲတာကို ဆန့်ကျင်ခြင်းလည်းမဟုတ်ဘူး။ တောင်းဆိုတဲ့သူက တောင်းဆိုမှာပဲ။
    သက်ဆိုင်ရာ အစိုးရကလည်း ပြသနာမကြီးထွားအောင် သူ့နည်းသူ့ဟန်နဲ့ ထိန်းသိမ်းရမှာပဲ။
    ဒါပေမယ့် နည်းစနစ်သည် ဥပဒေနဲ့ အညီ ဖြစ်စေချင်ပါတယ်။

    နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိသူက အကြမ်းဖက်ဖြိုခွင်းခြင်းလုပ်မှာမဟုတ်ဘူး လို့ပြောတယ် ကဲ အခုဖြစ်ပြီ။
    ဖြစ်တဲ့အခါကျတော့ ရန်ကုန်တိုင်းအစိုးရကြီးရဲ့တာဝန်ပါ။ သမ္မတနဲ့မသက်ဆိုင်ဘူး ဆိုတဲ့ ကိစ္စမျိုးကို ပြောလာတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ရန်ကုန်တိုင်းဝန်ကြီးက သမ္မတ လက်အောက်ခံ မဟုတ်ဘူးလားဗျာ။

    ကျနော်တို့နိုင်ငံက ပြည်နယ်နဲ့တိုင်းတွေက သူတလူ ငါတမင်းများ ဖြစ်သွားပြီလား။ ကိုယ် လုပ်ချင်တာ လုပ်လို့ရပြီလား။ ဒါတွေကိုလည်း သိချင်တယ်။ ဒီ့အတွက် ကျနော်က စာနဲ့ ရေးပြောတာထက် ကျနော့ရုပ်ကိုပါ တင်ပြီးတော့ အခုလို လုပ်လိုက်ခြင်းပါ။

    ဒါကိုလည်း တချို့က သဘောမပေါက်ကြပါဘူး။ ဒါလည်း ကျနော်နားလည်ပါတယ်ဗျာ။
    ကျနော်တို့ ပြည်သူပြည် သားတွေမှာ မျက်စိပိတ်နားပိတ်နဲ့ နေခဲ့ကြတော့ ကျနော်ပဲ ဒီတာဝန်ရှိတဲ့သူအစိုးရဘက်က ဖားတဲ့သူလိုလို ဘာလိုလို ဖြစ်သွားပါတယ်။

    ကျနော် တပ်မတော်ကို မုန်းတဲ့သူလည်းမဟုတ်ပါဘူး။ အစိုးရကို မုန်းတဲ့သူလည်း မဟုတ်ပါဘူး။ ကျနော်မုန်းတာက တချိန်က ဖခင်ဗိုလ်ချုပ်က ပြည်သူက မွေးဖွားလာတဲ့ တပ်မတော်ဆိုတာကို မိမိရဲ့ အာဏာ တည်မြဲရေး၊ လက်တဆုပ်စာ လူထု ကောင်းစားရေးအတွက် တပ်မတော်သာအမိ၊ တပ်မတော်သာ အဖတို့၊ ဘေးပြောတာမယုံနဲ့ သွေးပြောတာယုံ ဆိုပြီး ခွဲထုတ်ခဲ့တာဘယ်သူလဲ။ ပြည်သူနဲ့ တပ်မတော်သားကို တပ်မတော်သားနဲ့ ကျောင်းသားကို တပ်မတော်သားနဲ့ သံဃာကို ရန်သူတွေလိုဖြစ်အောင် လုပ်ခဲ့တာ ဘယ်သူတွေပါလဲ။

    စစ်သားရော ကျောင်းသားရော သံဃာရော ပြည်သူရော တိုင်းပြည်ကို ချစ်တဲ့ စိတ်ချင်း သူရဲကောင်းတွေချင်း၊ တူရက်နဲ့ ဒီ ချစ်တဲ့စိတ်တွေမပေါင်းစီးနိုင်အောင် ခွဲခြားခဲ့တာ ဘယ်သူပါလဲ။

    ဒီလူတွေကို ပေါင်းစည်းစေချင်ပါပြီ။ တကယ်တမ်းအစိုးရပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သွားအောင်ဆိုရင်တော့ ဒီလူတွေဟာ တ ယောက်နဲ့ တယောက်နဲ့ ကျောချင်းကပ် ရပ်ချင်းအပ် လက်တွဲမှဖြစ်မှာပါ။

    အဲ့လိုဖြစ်ဖို့ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာကို ရင်ထဲ နှလုံးထဲကနေ ပွင့်ပွင့်လင်းလင်း လုပ်ကြဖို့လိုပါပြီ။
    ပါးစပ်က ဟန်ပြပြောပြီး လက်က တခြားဟာလုပ်ရင်တော့ အမျိုးသားရင်ကြားမစေ့ဘဲနဲ့ ပိုပြီး ဝေးရာကို ကျောခိုင်းသွားမှာဆိုးပါတယ်။

    ဒီအတွက် တာဝန်ဆိုတဲ့ လက်ပတ်ပတ်လိုက်ရုံနဲ့ ကြိုက်သလို ရိုက်ခွင့်ရှိတယ်၊ ဆွဲခွင့်ရှိတယ်၊ ထိုးခွင့်ရှိတယ်၊ ဖမ်းခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုးကို ဆန့်ကျင်တဲ့အနေနဲ့ တင်ခြင်းဖြစ်ပါတယ်။ ဒါမျိုးကို ကျနော်လက်မခံနိုင်ပါဘူး။”

    ဇင်ဝိုင်း

  2. drkokogyi Says:

    Nay Sat Paing
    6 hrs ·

    ခုရကိပိုင်းမှာ စွမ်းအားရှင်အဖွဲ့ နာမည်ကြီးလာခြင်းနဲ့အတူ သူတို့ရဲ့ မကောင်း သတင်း များ လည်း ပုပ်စော်နံလာခဲ့တယ် …ဒေါ်အောင်ဆန်း စုကြည်ဒီပဲယင်း တိုက် ခိုက်ခံရမှု့အစ ရနိကုန် ဝန်ထမ်း ဆန္န္ဒပြမှု့ ဖြိုခွဲတိုက်လိုက်မှု့အဆုံး အလုံး စုံ (တော်တော်များ များ)ရေးသားဟဖော် ပြခဲ့ကြပါတယ် . ..ဒါပေမယ့်ကိစ္စတစ်ခု ကို ချန်ထားတယ်..အရေး ပဲ မကြီး တာလား ,
    အရေး ပါရဲ့သားနဲ့ အရေးမပါ ဟန် ထားခဲ့တာလား … ဘာcaseလဲဆိုတော့ မိတ္ထီလာူ လူသတ် ညှင်းပန်း နှိပ်စက် လုယကိ ပွဲကြီး မှာ သူတို့ ပါ ဝင်ခဲ့တယ် ဆိုတာ ဘာလို့ ဖော် မပြခဲ့ကြတာ လဲ ..အဲ့ဒီသေခဲ့တဲ့လူတွေက မြန် မာ လူမျိုး တွေပါဘဲ ..ဘာသာ မတူ ရုံပါ .
    အရေးမကြီး တာလား …ဟိုတလောမန်း လေးတစ်ဖက်သက်ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာလညါ်း သူတို့ အဖွဲ့ တစိတ်တဒေသ ပါဝင် နေတယ်ဆိုတာ ကို လည်း အား လုံး သိရဲ့နဲ့ ဘာလို့ အဲ့အကြောင်း ကိုမှ ဖုံး ကွယ် ရေး နေကြ ရတာလဲ,… ဘာလို့.?..လဲ ?
    N.S.P

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: