Civil Rights Movement ဆို ဒါကြီးကို အစိုးရက နဲနဲဖြုံလာတာသတိထားမိတယ်

Civil Rights Movement ဆို ဒါကြီးကို အစိုးရက နဲနဲဖြုံလာတာသတိထားမိတယ်။
သူ့လက်တန် ဘယ်လောက်ရှည်သလဲဆိုတာ သေချာမသိ ပေမဲ့ သူပြောတာတွေက တချို့ဖြစ်မလာသေးတာတွေရှိနေတာတောင် ရိုက်ခပ်နေတာ
ဆိုတာ နိုင်ငံရေးအရမြင်ရတယ်။
သူလက်ထဲ့ပြီ စပြောတဲ့ ကချင်ဆရာမလေး၂ ယောက် ကျောင်းသားလှုပ်ရှားမှု့ကို ဒုက္ခမပေးဖို့သတိပေးတာတွေ။
ခုနောက်ဆုံးပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ရှေ့ပြေး တာဝန်လက်ပါတ်ဆင် ထမလေ အုပ်စု နဲ့ ခိုင်းတဲ့သူတွေ တာဝန်ရှိသူတွေကို Terrorist စာရင်းသွင်းဖို့ပြော လိုက်တော့  အောက်ကကြေညာချက်ထွက်လာပါတယ်။

Update:

အင်အားသုံးဖြေရှင်းမှု ပြည်ခိုင်ဖြိုးပါတီ လက်မခံ၊ ပါတီဝင်တွေ မပါဖို့ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ သဘောထားကွဲလွဲမှုတွေကို မျက်နှာစုံညီဖြေရှင်းတဲ့နည်းလမ်းကို သုံးစွဲနေပြီး အင်အားသုံးဖြေရှင်းတာတွေကို မထောက်ခံတာကြောင့် ပညာရေးဥပဒေကြမ်းဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုတွေကို အင်အားသုံးဖြေရှင်းရာမှာ ပါတီဝင်တွေ မပါဝင်ဖို့ကို မတ်လ ၆ရက်နေ့ရက်စွဲနဲ့ အာဏာရပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေးအတွက် ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကိုသာသုံးကြဖို့ တိုက်တွန်းတဲ့အကြောင်းနဲ့ ပါတီဝင်တွေကိုလည်း ညွှန်ကြားထားပြီးသားဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

Reporter’s Account: Hledan Protest March 6, 2015

လှည်းတန်းမှာ လူထုက စွမ်းအားရှင်တွေကို အနီးကပ်စောင့်ကြည့်ပြီး ကျောင်းသားကို ဝန်းရံခဲ့ပြီ

ဆန္ဒပြပွဲ မစခင်မှာ ဒိုင်နာ ၃စီးနဲ့ စွမ်းအားရှင် ၅ဝလောက်ဟာ ကျောင်းသားဆန္ဒပြပွဲ မတိုင်ခင် နေ့လည် ၃နာရီလောက်မှာ လှည်းတန်းစိန်ဂေဟာအနီးမှာ ကားတွေရပ်ထားလိုက်ပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မာဇဒါဂျစ်နဲ့ရောက်လာပြီး အဲဒီလူအုပ်ကို ညွှန်ကြားချက်တွေ ပေးပြီး ကိုယ်ယောင်ဖျောက်၊ လူခွဲနေဖို့ ပြောပါတယ်။ လက်ပတ်အနီတွေ မပတ်ထားကြဘူး။

ရပ်ကွက်နေပြည်သူတွေ၊ ဈေးသူဈေးသားတွေ ရာပေါင်းများစွာ လှည်းတန်းလမ်းမပေါ်ကို အကုန်ထွက်လာပြီး စွမ်းအားရှင်တွေကို စောင့်ကြည့်လိုက်ပါတယ်။ ပြည်သူတစ်ထောင်လောက်ဟာ စွမ်းအားရှင်တွေကို မျက်စိဒေါက်ထောက်ကြည့်နေတာကို သိနေတဲ့ စွမ်းအားရှင်တွေကလည်း နေရာကနေ မရွှေ့ဘဲ လူစုစု စုစုနဲ့ ရပ်နေကြပါတယ်။ အဲဒီအချိန်မှာ ကျောင်းသား ၄ဝလောက်ဟာ ၄နာရီခွဲမှာစိန်ဂေဟာထဲကထွက်လာပြီး ခွပ်ဒေါင်းအလံကိုလွှင့်လိုက်တယ်။

အကြမ်းဖက်မှုရပ်ဆိုတဲ့ ဗီနိုင်းကို ဖြန့်ချလိုက်တဲ့အချိန်မှာ အနီးအနားက ပြည်သူလူထု ၁ဝဝလောက်က ဝင်ရောက်ကြွေးကြော်ပြီး ကျောင်းသားဆန္ဒပြမှုနဲ့ ပူးပေါင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ ကျောင်းသားတွေက တရားဟောပြီး Hledan Center ဆီဦးတည်လမ်းလျှောက်ချိန်မှာ ပြည်သူတစ်ထောင်လောက်ဟာ စွမ်းအားရှင် ၅ဝလောက်ကို စောင့်ကြည့်နေကြတဲ့အတွက် စွမ်းအားရှင်တွေဟာ ကိုယ်ယောင်ဖျောက်ပြီး ပျောက်သွားပါတယ်။ စိန်ဂေဟာဘေး လမ်းခြားထဲမှာ ရာနဲ့ချီစုဝေးနေတဲ့ စွမ်းအားရှင်တွေကို ဆန္ဒပြပွဲ ဖြိုခွင်းနှိမ်နင်းဖို့ လုံးဝထွက်မလာခဲ့ပါဘူး။

ပြည်သူလူထုအများစုက ကျောင်းသားဆန္ဒပြမှုကို မပူးပေါင်းဘဲ စွမ်းအားရှင်တွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေဟာ Hledan Center မှာရှိတဲ့ အီးယူရုံးခန်းရှေ့မှာတော့ ကျောင်းသားတွေက မြန်မာရဲတွေကို လေ့ကျင့်သင်ကြားပေးတဲ့ အီးယူ (ဥရောပသမဂ္ဂ) ကို ကန့်ကွက်ရှုတ်ချပြီး စွမ်းအားရှင်နဲ့ ရဲတွေရဲ့ မတ်လ ၅ရက် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အီးယူမှာလည်း တာဝန်မကင်းဘူးလို့ ပြောပါတယ်။

အဲဒီမှာ ကမာရွတ်မြို့နယ် ထွေအုပ်အရာရှိနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရောက်လာပြီး ဥပဒေနဲ့ မညီညွတ်လို့ လူစုခွဲပေးဖို့ ပြောတယ်။ ကျောင်းသားတွေက ဆန္ဒထုတ်ဖော်ခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ ပြန်ပြောတဲ့အခါမှာ ရဲနဲ့ထွေအုပ်တို့ ပြန်လည်ထွက်ခွာသွားပါတယ်။

ကျောင်းသားတွေဟာ အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြမှုကို ရုတ်သိမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာ အနီးအနားက ပြည်သူထောင်နဲ့ချီပြီး လက်ခုပ်လက်ဝါးတီး အားပေးချိန်မှာပဲ လူစုခွဲ အဆုံးသတ်လိုက်ပါတယ်။

(ကမာရွတ်မီဒီယာသတင်းထောက်ရဲ့ မျက်မြင်ကိုယ်တွေ့မှတ်တမ်း)

8 Responses to “Civil Rights Movement ဆို ဒါကြီးကို အစိုးရက နဲနဲဖြုံလာတာသတိထားမိတယ်”

  1. drkokogyi Says:

    Nay Myo Wai uploaded a new video.
    3 hrs ·

    ဦးဌေးဦးပြောတာက ရှင်းပါတယ်
    အကြမ်းဖက်တာ မဖက်တာကို ကျွန်တော်မပြောတက်ဘူး။ သို့သော်လည်း ဒီလက်ပက်တွေနဲ့ ပါနေတယ်ဆိုတော့ သူ့အမှတ်အသားတွေနေမှာပေါ့။ ပါလာတဲ့အဖွဲ့အစည်းတွေနဲ့ လုပ်တယ်လို့ထင်ပါတယ်။ ကျွန် တော်ထင်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ဒါတရားဥပဒေလမ်းကြောင်းထဲက သွားကြတာပဲလေ။ လုပ်နည်းလုပ်ဟန်နဲ့ ပက်သက်လို့ တရားဥပဒေအတိုင်း မဟုတ်ဘူး၊ ဟုတ်တယ်။ ဆိုတာတော့ သူတို့နားလည်ပါ လိမ့်မယ်။

  2. drkokogyi Says:

    Mg Lu Gri ပြောချင် သလိုပြော၊။ ကျောင်းသား သပိတ် နဲ့ပတ်သက်ပြီး ရန်ကုန် မြို့တော်ခန်းမ မှာ စုဝေးတဲ့ပြည် သူတွေ ကို ဖြေ ရှင်းပုံ ဖြေရှင်း နည်း က လက် ရှိ အာ ဏာရ ကြံ့ ခိုင်ရေးပါတီ ရဲ့ ၂၀၁၅ ပါ လီမန် ရွေးကောက်ပွဲ မှာ အခြေအနေ ဆိုးတစ်ခု ကို ရောက်သွား စေ နိုင် တယ်၊ ဒေါင်းသွားပြီလို့ပြောလို့ရတယ်။ ။ တကယ်လို့စစ် တပ် က အာဏာသိမ်း ရင်တောင် ခု လက် ရှိ ဦးသိန်းစိန် နဲ့ ၀န်ကြီးများ အဖွဲ့ ကိုယ့် အိမ်ကို ပြန် တော့။စစ်တပ်က လည်းပြန် လက်ခံတော့မှာ မဟုတ် ဘူး။ ရွေးကောက်ပွဲမှာ လည်း အချီ ကြီးရှုံးမယ်။ ဆုပ်လည်းစူး၊စားလည်းရူး အဆင့်ကိုရောက် နေပြီလို့ပဲ ဝေဖန်သုံးသပ် မိပါ တယ်။ မှတ်ချက် ။ ကျွန်တော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုအား ပေးသူလည်း မဟုတ် ပါဘူး၊ ကြံ့ခိုင်ရေးပါတီကို အား ပေးသူလည်း မဟုတ် ဘူး။ ပကတိ အခြေအနေကို ဝေဖန်ခြင်းသာဖြစ်ပါ တယ်။
    ဦးလေးကြီး သမာဓိ တာဝန်စိုပြီလက်ပတ်ပတ်ထားတဲ့ကေါင်တွေရဲ့ရုပ်တွေကိုလည်းကြည့်ကြပါဗျာငမူးငရူးရုပ်တွေနဲ့တိုင်းပြည်ကိုဖြတ်စီးမဲ့ကေါင်တွေပါဗျာ။

  3. drkokogyi Says:

    အကြမ်းဖက်တာ မဟုတ်ကြောင်း ၀န်ကြီး ဦးရဲထွဋ် ပြောကြား LIES
    ဆန္ဒပြကျောင်းသားတွေကို လိုအပ်ချက်အရ အင်အားသုံးဖြေရှင်းတာဖြစ်ပြီး အကြမ်းဖက်တာမဟုတ်ကြောင်းနဲ့ အရပ်သားတွေကို အသုံးပြုတာဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနဲ့အညီ ကျင့်သုံးတာဖြစ်ကြောင်း သမ္မတရဲ့ ပြော ခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

    ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်ထဲမှာ ကျောင်းသားတွေ ဆွေးနွေးခွင့်ရနေချိန်မှာ ဆန္ဒပြတာတွေကို ဆက်လုပ်နေမယ်ဆိုရင် မလွှဲမရှောင်သာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိလာမှာဖြစ်ကြောင်းနဲ့ စိတ်မကောင်းစရာလို့ ပြောရမှာဖြစ်ကြောင်း မနေ့က မြို့တော်ခန်းမရှေ့က ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင်ပုံစံမျိုး အရပ်ဝတ်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ဆက်စပ်ပြီး မေးမြန်းရာမှာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောတာဖြစ်ပါတယ်။

    “ဥပမာဆိုပါတော့ ပညာရေးဥပဒေကိစ္စဆိုရင် လွှတ်တော်ထဲမှာ ဆွေးနွေးနေပြီဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကျောင်သားတွေ ဆန္ဒပြမယ့်အစား လွှတ်တော်မှာသွားပြီးတော့မှ မိမိတို့ရဲ့အယူအဆတွေကို ပြည် သူ့လွှတ်တော်ရဲ့ကိုယ်စားလှယ်တွေက လက်ခံနိုင်အောင်သွားပြီးတော့ ကြိုးစားဖို့အခွင့်အရေးလည်း ရှိနေပြီ၊ လုပ်လို့လည်းရနေပြီ သို့သော် ဒါပေမယ့် ဆန္ဒပြမှုပဲလုပ်နေမယ်ဆိုရင်တော့ မလွဲမရှောင်သာ မနေ့ကဖြစ်သလိုမျိုး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမှာပဲ၊ ဒါစိတ်မကောင်းစရာဖြစ်လို့ပဲ ကျနော်တို့မြင် တယ်”

    မနေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ရာမှာတော့ ကျောင်းသား ၅ ဦးနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ၃ ဦး စုစုပေါင်း ၈ ဦးပါသွားပြီး ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ဒီနေ့မနက် လက်ပန်းတန်းမြို့မှာ ဆန္ဒပြကြတဲ့ ကျောင်းသား ၅ ဦးကိုလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေက အင်အားသုံးဖမ်းဆီးသွားခဲ့ပါတယ်။

    သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။ http://www.rfa.org/burmese/news/violence-not-minister-ye-htut-said-03062015113356.html/1021101e10361016102d102f10041039-1014102c103810311011102c10041039101b10141039101410321094-101b101a1030101b10141039

  4. drkokogyi Says:

    Maung Maung Skw
    16 hrs · Edited ·

    ၂၀၀၅ခုနှစ်လောက်ကပေါ့……..

    မန္တလေး အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက် ကျွန်တော်နေတဲ့..ရပ်ကွက် မှာ ပေါ့…

    တရက်…ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တွေ့တော့…ကျွန်တော်က…”အုပ်ကြီး…..ခင်ဗျားရပ်ကွက်ရုံး… ထဲမလဲဗျာ…ခင်ဗျား…ခေါ်ခိုင်းထားတဲ့ကောင်တွေက….အရက်သမားရယ်…ကျပ်မပြည့်တဲ့ကောင်.. ရယ်…ဆေးကြောင်နေတဲ့ကောင်တွေချည်းဘဲ….ပြောရဆိုရတာ…အဆင်ကို..မပြေဘူး….” ဆိုတော့….

    ရပ်ကွက်အုပ်ချုပ်ရေးမှူးက…” ကိုမောင်မောင်….ကျပ်ပြည့်တဲ့သူ…လူကောင်းသူကောင်း တွေက ဘယ်လိုလုပ်ပြီး…ကျွန်တော်တို့ရုံးလာ…ကျွန်တော်တို့…ခိုင်းတာ..လုပ်ပါ့မတုန်း….ဒီလိုဘဲ…ကျပ်မပြည့်တဲ့ကောင်တွေ…ဆေးကြောင်နေတဲ့ကောင်တွေ…အရက်စွဲနေတဲ့ကောင်တွေ ဘဲ…ရုံးလာကပ် နေတော့…သူတို့ကိုဘဲသုံးနေရတာဘဲ..သူတို့က…ဦးနှောက်မရှိတော့…ကြိုက်တာ…ခိုင်းလို့ရတယ်…ဟောက်ဆို…ဟောက်လိုက်တာဘဲ…ဆဲဆို…ဆဲလိုက်တာဘဲ…ရိုက်ဆို…ရိုက်လိုက်တာဘဲ…..ဒါမျိုးဘယ်လူကောင်း…သူကောင်းကို ခိုင်းလို့…ရမှာလဲ…” တဲ့

    အင်း…ဒါလဲ…ဟုတ်ပေသားဘဲ….

  5. drkokogyi Says:

    Htay Lwin Oo
    7 hrs ·

    မျိုးစောင့်

    မျိုးစောင့် ဆိုတဲ့ စကားလုံးနဲ့ ရိုဟင်ဂျာ အပါအ၀င် လူနည်းစုတွေကို ဖျောက်ဖျက်ဘို့ ကြိုးစားတယ်-

    မျိုးစောင့် ဆိုတဲ့ စကားလုံးနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကို ဖျက်သိမ်းဘို့ ကြိုးစားတယ်-

    မျိုးစောင့် ဆိုတဲ့ စကားလုံးနဲ့ လူနည်းစုတွေကို မဲပေးခွင့် ပိတ်ဘို့ ကြိုးစားတယ်-

    မျိုးစောင့် ဆိုတဲ့ စကားလုံးနဲ့ အနာဂါတ်မျိုးဆက်များရဲ့ ပညာရေးကို စွံ့အသွားစေဘို့ ကြိုးစားတယ်-။

    မျိုးစောင့်ကို ကာကွယ်ဘို့ မျက်ကန်းများ၊ သံဃာတု သင်္ကန်းဝတ်များ၊ ဆေးမှင်ကြောင် ရုပ်ပျက်ဆင်းပျက်ထိုးထားတဲ့ ဘိန်းစား ထောင်သား စွမ်းအားရှင်တွေကို ကြံ့ဖွတ်က အသုံးချခဲ့ကြောင်း ရုပ်လုံးပေါ်သွားခဲ့တယ်။

    ဖြစ်ခဲ့သမျှ အကြောင်းတွေမှာ ဒီမိုကရေစီကို တစ်ကယ်လိုလားတဲ့ ပြည်သူတစ်ရပ်လုံးက စုပေါင်း မတွန်းလှန်ဘဲ၊ အမြင်မှန် မရသေးကာ လူနည်းစုတွေကို ဖိထောင်းပေးနေဦးမယ် ဆိုရင်-

    လာမယ့် ရွေးကောက်ပွဲတွေမှာ မျိုးစောင့်အုပ်စုက မဲရုံတွေကိုပါ စီးနင်း အနိုင်ယူသွားပါလိမ့်မယ်။

    မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
    ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
    Civil Rights Movement

  6. drkokogyi Says:

    Al Khon Bransai
    1 hr ·

    ဆူးလေမြို့တော်ခန်းမအရှေ့ အကြမ်းဖက်ဖြိုခွင်းရာတွင်
    ပါဝင်ခဲ့သော စွမ်းအားရှင်ကွန်ယက်ပါ လူတချို့
    ============================
    ဘိုကလေးဈေးလမ်း၊ ကိုမောင်ကြီး ရွှေပန်းထိမ်မှ စွမ်းအားရှင် ၁၀ယောက်။
    ၄၁လမ်း၊ ၄၂လမ်း၊ ၄၃လမ်းမှာဆိုင်ခွဲတွေဖွင့်ထားတဲ့ ကိုမောင်ငယ်ရွှေပန်းထိမ်မှ ဆိုင်ခွဲတဆိုင်လျှင် ၁၀ယောက်ကျစီ- စုစုပေါင်း စွမ်းအားရှင် အယောက် ၃၀။
    သိမ်ဖြူမီးရထားဝင်းထဲမှ အခြေအနေမဲ့စွမ်းအားရှင် စုစုပေါင်း ၁၀ယောက်။
    အဖွဲ့ခေါင်းဆောင် မြင့်အောင်နဲ့ အတူ လက်အောက်ငယ်သားစွမ်းအားရှင် ၁၀ယောက်။ မြင့်အောင်ဆိုတဲ့စွမ်းအားရှင်က တနိုင်ငံလုံးအဆင့်ရှိတဲ့
    စွမ်းအားရှင်ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ ၄၃လမ်းထိပ်မှာသူဖွင့်ထားတဲ့ထမင်းဆိုင်ရှိပါတယ်။ ဘိုကလေးဈေးလမ်းမှာကျောင်းသားတွေကို ရိုက်တုန်းကလည်း မြင့်အောင်ဦးဆောင်ခဲ့တာပါ။
    တခြားဆောက်လုပ်ရေး Site တွေကအလုပ်သမားတွေကိုလည်း လုပ်အားပေးလိုက်ရမယ်၊ မလိုက်မနေရဆိုပြီး ခေါ်တာမျိုးတွေရှိပါတယ်။
    မသိဘဲ အူကြောင်ကြောင်လိုက်ပြီးမှ အဖျက်အမှောင့်လုပ်ရပ်တွေလုပ်ခိုင်းတာမျိုးပါ။
    လူမျိုးရေး ပြဿနာမဟုတ်သောကြောင့် ဘာလူမျိုး ဆိုတာကို
    သေချာ ချန်လှပ် လိုက်ပါသည် ။

    ( သတင်း ပေးပို့လာတဲ့ …. ကို ကျေးဇူးပါ )
    မီဒီယာများ ဆက်စပ် စုံစမ်းနိုင်ရန် ရည်ရွယ်သည်။

  7. drkokogyi Says:

    Alibabatlb Ali ဆရာပြောတဲ့ ပန်းထိမ်ဆိုင်တွေ
    ကျနော်ရောက်ဖူးတယ်
    အဲဒီဆိုင်တွေ အားလုံးက
    အမျိုးသားသစ္စာဖောက် ခွေးရခီးတွေပါ

  8. drkokogyi Says:

    Thetdwe Aung
    4 hrs · Edited ·

    ဘာသာသာသနာအတွက် တကယ့်ကိုအန္တရယ်ကြီးတဲ့စကားပါ..

    အမျိုးဘာသာသာသနာကို စောင့်ရှောက်ရမယ်ဆိုပြီး အသံကုန်ဟစ်နေတဲ့ နေမျိုးဝေဆိုတဲ့ကောင်က

    ထောင်ထွက် ဒမြ လူဆိုးသူခိုး မုဒိန်းကောင် အရက်သမား ကလေကချေ တေလေဂျပိုးတွေကို

    သာသနာဘောင်ထဲဝင်ပုန်းရှောင်ဖို့တိုက်တွန်းနေပြီဗျ…အပြစ်တွေကိုရှောင်ဖို့ သာသနာဘောင်ထဲဝင်ပုန်းခိုင်းနေပြီး

    ဗုဒ္ဓသာသနာကို လူဆိုးသူခိုးတို့ရဲ့ ကျက်စားရာနယ်မြေ ပုန်းကွယ်ရာနယ်မြေဖြစ်အောင်လုပ်နေပြီ..

    ကဲ…ဒီကောင်က သာသနာကိုကာကွယ်မှာလား…ဖျက်မှာလားဆိုတာရှင်းတယ်နော်.,

    ရှင်တော်ဘုရားက အကြွေးရှိသူ ပြစ်မှုရှိသူတွေကို သာသနာဘောင်ဝင်ခွင့်ကိုတားမြစ်တော်မူခဲ့တာ

    အဲလို နေမျိုးဝေတို့လို လူဆိုးသူခိုးတို့ ပုန်းကွယ်ရာနေရာဖြစ်မစိုးလို့ဗျ…

    ဒီတော့ သာသာသာသနာအကြောင်းတောင် သောက်မှန်းကန်းမှန်းမသိတဲ့ကောင်က

    ဘာသာသာသနာကိုကာကွယ်မယ်ဆိုတော့ သူခိုးဘဏ္ဍာစိုးအပ်တာထက်ဆိုးပြီ..

    ရှင်းတယ်နော်…သူ့စကားဟာ သာသနာအတွက်အကြီးမားဆုံး အန္တရယ်ပဲဆိုတာ…

    မရှင်းရင် တကယ့်သံဃာစစ်စစ်တွေကို သွားလျှောက်ထားမေးမြန်းကြည့်ပေတော့….

Leave a reply to drkokogyi Cancel reply