#‎Myanmar‬ misusing ‪#‎RedCross‬ in its violent operations ဆန္ဒပြတာကိုဖြိုခွဲတဲ့နေရာမှာ ကြက်ခြေနီတွေကို စွမ်းအားရှင်အဖြစ်အသုံးပြုတာမြင်ရတော့ – ဒီပဲရင်းကွပ်မျက်မှု ကို သတိရမိတယ်
အထည်ချုပ်စက်ရုံအလုပ်သမားတွေ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတာကိုဖြိုခွဲတဲ့နေရာမှာ ကြက်ခြေနီတွေကို စွမ်းအားရှင်အဖြစ်အသုံးပြုတာမြင်ရတော့
ဒီပဲရင်းကွပ်မျက်မှုမတိုင်ခင်ရက်ကို သတိရမိတယ်
ကျွန်တော်က မန္တလေးအောင်မြေသာစံမြို့နယ် ၈၃လမ်း မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာန တိုင်းရုံးရှေ့ မျက်နှာစာကိုငှားပြီးတော့ ရွှေကရဝိက်ကဖေးကိုဖွင့်ခဲ့ တာပါ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီး စတင်ဖွဲ့စည်းလိုက်တော့ အလုပ်သမားဝန်ကြီးဌာနရုံးကို
ထက်ဝက် အပိုင်စီးလိုက်ကြပါတယ်
3 hrs ·
 ‪#‎Myanmar‬ misusing ‪#‎RedCross‬ in its violent operations
#Myanmar has been using thugs and #RedCross symbols in its violent operations against civil society groups and political parties as well as conducting recon missions in armed conflict zones.
Like ‪#‎Israel‬ #Myanmar disguises security personnel as “Red Cross” units in attacking their targets. In its raid against a group of hostage takers at Entebbe airtport, Uganda in 1976, the assault team of Israeli commandos wore Red Cross uniform and drove in a visibly marked Red Cross van to approach the Air France plane parked on the run way where the hostages were held, and the rest is history.
Reports surface that Myanmar army troops disguised themselves as ‘Red Cross’ and mingled with card-carrying members Myanmar Red Cross in Kokant area during the recent fighting.
Israel has been one of the oldest master-trainers for Myanmar security troops and intelligence units.
It turns out that Myanmar regime too has been using trained thugs and Red Cross uniform and symbols in launching violent attacks against any target groups, be they Aung San Suu Kyi and NLD (as in the bloody ambush of the NLD motorcade at Kan village and Depayin in May 2003) or a recent attack on the labor protesters at Rangoon textile factories.
Here is an eyewitness account of the regime’s use of Red Cross uniform and symbol and thugs as early as 2003.
From Shwe Karaweik cafe owner Ko Maung Maung of Mandalay:
အဲ့ဒီတော့ ရုံးရှေ့ မျက်နှာစာကို ငှားရမ်းပြီး ပလက်ဖောင်းကိုအားပြု ဆိုင်ဖွင့်ထားတဲ့ ကျွန်တော်က အလုပ်သမားရုံးကိုရော ကြံ့ခိုင်ရေးရုံးကိုပါ လခပေးနေခဲ့ ရပါတယ်
နောက်ပိုင်း ကြံ့ခိုင်ရေးရုံးက သူ့ မျက်နှာစာရှေ့ပိုင်းကို အခန်းဖွဲ့ငှားတော့ ကျွန်တော် က ငှားယူထားလိုက်ပါ တယ်
ကျွန်တော့်ဆိုင်က ညနေ ၅နာရီကနေ မနက် ၁နာရီအထိ ဖွင့်တဲ့ ညဆိုင်ပါ
ဒီပဲရင်းမဖြစ်ခင် အရင်ရက်က ညနေစောင်း ကျွန်တော် အလုပ်သမားတွေနဲ့ အတူ ဆိုင်ခင်းနေတဲ့အချိန် ကြံ့ခိုင် ရေးက ချောဆွဲထားတဲ့ ဒိုင်နာကား၂စီးဆိုင်ရှေ့ရပ်ပြီး ဝါးဆစ်ပိတ် ဒုတ်တွေကိုင်ထားတဲ့ လူ ၅၀လောက် ကား ပေါ်က ဆင်းလာပြီး ရုံးရှေ့မှာ ဟိုတစု ဒီတစု ရပ်နေကြ ပါတယ်
ဒုတ်ကိုင်ထားတဲ့ လူ၅၀လောက်ထဲမှာ ကြက်ခြေနီယူနီ ဖောင်းအပြည့်အစုံဝတ်ထားတဲ့သူက ၂၀လောက်ပါ ပါတယ်-
သူတို့အထဲမှာ တချို့ ဖူးယောင် ပွန်းပဲ့ ဒဏ်ရာရ လာတဲ့သူတွေလဲ တွေ့ရပါတယ်
ဒုတ်ကိုင်ထားတဲ့ ကြက်ခြေနီတယောက် ကျွန်တော့် ကောင်တာကိုလာပြီး ဆေးလိပ်ဝယ်တာနဲ့ ကျွန်တော်က
” ဘာလဲ-မင်းတို့က ပြုစုကုသရမဲ့သူ မတွေ့ရင် ကိုယ်တိုင် ရိုက် ဒဏ်ရာရတော့မှ ပြုစု ကုသပေးတဲ့ အလုပ် လိုက်လုပ်နေတာလား ဒုတ်ကြီးတွေ ကိုင်လို့ အခု ဘယ်ကလာကြတာ လဲ ” လို့ မေးလိုက်တော့
” ဘွားတော် မိုးကုတ်ကဆင်းလာလို့ ကျွန်တော်တို့ မန္တလေးတောင်ခြေ ရွှေကျင်ဂိတ်က သွားစောင့်တာ တဖွဲ့ လုံးကို ဆော်မလို့- ရွှေကျင်ဂိတ်ကို သူတို့ ကားတန်း ရောက်လာလို့ ကျွန်တော်တို့ဘက်က ဘတ်ခွတွေနဲ့ စပစ် တော့ ဟိုဘက်က ပြန်ပစ်တာဗျာ-သူတို့က ကျွန်တော် တို့ထက် လက်ဖြောင့်တယ် သွက်တယ်ဗျ-ကျွန်တော်တို့ အဖွဲ့ အပြေးမြန်လို့ သက်သာတာ တခြားမြို့နယ်က အဖွဲ့တွေ တော်တော် ထိကုန်ကြတယ်-ဘွားတော်တို့ ယာဉ်တန်းကတော့ မြစ်ဆိပ်ဖက်ဆင်းသွားလေရဲ့ ကျွန် တော်တို့က ရုံးကို ဒါရိုက်ပြန်လာတာ”-လို့ ဒုတ်ကိုင် ကြက်ခြေနီချာတိတ်က ပြောပြပါတယ်
အဲ့ဒီလို ပြောပြနေတုန်းဘဲ ၈၃ လမ်းအတိုင်း မြောက်ဖက် ကနေ တောင်ဖက်ကို ဒေါ်စုယာဉ်တန်း မောင်းလာတာ တွေ့လိုက်ရတယ်
တလမ်းလုံးလဲ လူတွေ ပြည့်သွားတယ်
ကားပေါ်ကလူတွေက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပါစေ-ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လို့အော် လာတော့ လမ်းဘေးက ပရိတ်သတ်ကလဲ အဲ့ဒီအတိုင်း
လိုက်အော်နေကြတာပေါ့
အဲ့ဒီအချိန်မှာ ယာဉ်တန်းရဲ့ ရှေ့ဆုံးမှာပါလာတဲ့ ဟိုင်းလက် အပြာတစီးလဲ တွေ့လိုက်ရတယ် အဲ့ဒီ ကား ပေါ်မှာ သံဃာ ၄-၅ပါးနဲ့ လူ ၄-၅ ယောက်လောက်ပါတယ်
သူတို့ကတော့ ဘာမှမအော်ဘဲ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ရင်း ကားကို ဖြေးဖြေးမောင်း လာတယ်
ဖြစ်ချင်တော့ ကျွန်တော် ဆိုင်ခင်းထားတဲ့ရှေ့ မြို့နယ် ကြံ့ခိုင်ရေးရုံးရှေ့ တဲ့တဲ့ မှာ အဲ့ဒီကားက ရေတွေဆူပြီး အခိုးတွေတထောင်းထောင်းထလို့ ထိုးရပ်သွားတယ်
ကားရပ်သွားတော့မှ ကားပေါ်ကပုဂ္ဂိုလ်များက ကြံ့ခိုင်ရေး ရုံးဆိုင်ဘုဒ်ကိုမြင်သွားပြီး “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ” ဆိုတာကို Non stop အော်ကြတော့ တာပါဘဲ
ကျွန်တော်ကတော့ သွားပါပြီ ကြံ့ခိုင်ရေးကလူတွေကလဲ ဒုတ်တွေနဲ့ ပြသနာရှာချင်နေတဲ့အချိန် ဖြစ်လိုက်ကြရင် ငါ့ဆိုင်လေးကတော့ ကြားထဲကနေ အကုန်ပျက်စီးကုန် တော့မှာဘဲ လို့ တွေးမိပြီး ကြံ့ခိုင်ရေးရုံးဖက် လှည့်ကြည့် လိုက်တော့
ဟောဗျ- စောစောက ဝါးဆစ်ပိတ်တွေနဲ့ လူ၅၀ လောက် ဘယ်ရောက်သွားမှန်းမသိ ကြက်ပျောက် ငှက်ပျောက် ပါဘဲ-ရုံးတခါးကြီးလဲပွင့်လို့ ရုံးထဲမှာလဲ လူအရိပ်အခြေ တောင်မမြင်ရဘူး
အဲ့ဒီအချိန်မှာ ကားဆရာက ကားပေါ်ကဆင်းလာပြီး ပတ်ဝန်းကျင်ကို ရေလိုက်တောင်းနေတယ်
ယာဉ်တန်းက ဒေါ်စုကားအပါအဝင် ကျန်တဲ့ကားတွေက တော့ ရေဆူနေတဲ့ကားကိုထားခဲ့ပြီးတော့ ခရီးဆက်သွား ကြပြီ
အဲ့ဒီအချိန် ကျွန်တော့်ဆိုင်က မန်နေဂျာလေးက ရေပုန်း တပုန်းဆွဲပြီး ကားနားကို ပို့ပေးလိုက်တယ် ကားဆရာက
ကားထဲကို ထည့်ပြီး စက်နှိုးကြည့်တော့ အဆင်ပြေပြီး စက်နိုးသွားတာနဲ့ မောင်းထွက်သွားကြတယ်
အားလုံး လူတွေလဲရှင်းသွားရော ဟိုး ရုံးရဲ့ နောက်ဖေး ဘက်က ညောင်ပင်ကြီးအောက်သွားပုန်းနေကြတဲ့ ကြံ့ အဖွဲ့တွေ ပြန်ရောက်လာကြတယ်
သူတို့ လူတွေလဲ များလာရော ကြံ့ခိုင်ရေးမြို့နယ် အတွင်း ရေးမှူးက ပြသနာရှာပါတော့တယ်
ဒီ NLD က ကားကို ရေဘယ်သူ ပေးလိုက်တာလဲ-ဆိုပြီး တော့ ပေါ့
ကျွန်တော့်ဆိုင်က ပေးလိုက်တာမှန်းသိရဲ့သားနဲ့ ပြောတာ ဆိုတော့ ကျွန်တော့်ကို ပြသနာရှာချင်တာလေ
အဲ့ဒါနဲ့ ကျွန်တော်က ” ကျွန်တော်ပေးလိုက်တာ မပေးရင် ဒီကား ထွက်နိုင်မှာ မဟုတ်ဘူး-ကားမထွက်ရင် ကားပေါ် ကအော်နေတဲ့သူတွေနဲ့ ခင်ဗျား လူတွေနဲ့ ပြသနာက ဖြစ် ကြတော့မယ် -ကြံ့ခိုင်ရေး မြို့ နယ်ရုံးရှေ့တည့်တည့်ကြီး မှာ ရုံးဆိုင်းဘုဒ်ကြီးနဲ့ ကမ္ဘာကျော်သွားမယ်- ဘာလဲ ခင်ဗျား နံမယ် BBC ထဲပါချင်တာလား VOA ထဲပါချင်တာ လား-ပြသနာတွေတက်မှာစိုးလို့ ရေပေးပြီး ကျွန်တော် မြန်မြန် မောင်းထုတ်လိုက်တာ ” လို့ ပြောလိုက်တော့မှ
အတွင်းရေးမှူး စိတ်ပြေသွားတော့တယ်
အဓိကပြောချင်တာက ကြက်ခြေနီတွေကို ယူနီဖောင်း အပြည့်အစုံဝတ်စေပြီး ဘယ်လိုနေရာတွေမှာသုံးတယ် ဆိုတာကိုပါ-စကားစပ်မိတော့ စာနဲနဲရှည်သွားတယ်-။
3 Responses to “#‎Myanmar‬ misusing ‪#‎RedCross‬ in its violent operations ဆန္ဒပြတာကိုဖြိုခွဲတဲ့နေရာမှာ ကြက်ခြေနီတွေကို စွမ်းအားရှင်အဖြစ်အသုံးပြုတာမြင်ရတော့ – ဒီပဲရင်းကွပ်မျက်မှု ကို သတိရမိတယ်”
  1. drkokogyi Says:
    Shin Ta Ra
    .
    #ရဲထွဋ်ရဲ့မဟာလက်ပါးစေဥပဒေပြုရှင်းနည်း –
    .
    ” အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုပြီးဖြစ်နေတဲ့ အခုပဋိပက္ခများဟာ အစိုးရဘက်က ရွေးကောက်ပွဲနီးလို့ ထုတ်သုံးတဲ့ ၀ှက်ဖဲမဟုတ်ပါဘူး။ အဲဒီလို စွပ်စွဲချက်ကို ယတိပြတ်ငြင်းပါတယ်။ လက်ပတ်အနီဝတ်အရပ်သားကိစ္စ သမ္မတပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် မေးခွန်း ငါးခု ” –
    .
    By – အေးသူစံ
    On – Sat, 2015-03-07 06:58
    Issue No – No.675 Saturday, March 7, 2015
    .
    အမျိုးသားပညာရေးသပိတ် ကို ထောက်ခံကြောင်းနှင့် သပိတ် မှောက်ကျောင်းသားများကို အ ကြမ်းမဖက်ရန် ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ မနီလာသိန်းအပါအ၀င် ကျောင်းသားများကို လက်ပတ် အနီပတ်ထားသည့် အရပ်သား များက ထိုးကြိတ်တိုက်ခိုက်၍ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့သည်။ ရွှေပြည်သာရှိ အလုပ်သမားသပိတ်စခန်းတွင် လည်း အရပ်ဝတ်များက သတင်း ထောက်များအပါအ၀င် ဆန္ဒပြ အလုပ်သမားများအပေါ် အကြမ်း ဖက်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ စစ်အစိုးရလက်ထက်က ဒီပဲယင်း အရေးအခင်းတွင် နာမည်ကျော်ခဲ့သည့် စွမ်းအားရှင်များ တစ်ကျော့ပြန် ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။ အစိုးရတာဝန်ရှိသူများကမူ တရားမ၀င်ဆန္ဒပြမှုများကို လူစုခွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ အရပ်သားများကို ခေါ်ယူအသုံးပြုခွင့်ရှိကြောင်း တုံ့ပြန်ခဲ့သည်။ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်မြင့်လာချိန်တွင် တစ်ကျော့ပြန်ထွက် ပေါ်လာသည့်အရပ်ဝတ်စွမ်းအား ရှင်များနှင့်ပတ်သက်၍ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်အားဆက်သွယ်မေးမြန်းခဲ့ပါသည်။
    အရင်ကလည်း ပြည်ထဲရေးကတောင်စွမ်းအားရှင်ဖွဲ့စည်းပုံဆိုပြီး စာအုပ်ထုတ်ထားတာရှိခဲ့တယ်။ ဒီ အင်အားစုတွေရှိတယ်ဆိုတာ ပြည်သူတွေလည်း သိထားပါတယ်။ အခု ရဲကစနစ်တကျ မဖြိုခွင်းဘဲ ဒီလို လက်ပတ်အနီပေးဝတ်တဲ့ အရပ်ဝတ်တွေကို သုံးပြီး ဖြေရှင်း တာက ပြည်သူတွေရဲ့ ဒေါသကို ပိုပြီးမြင့်တက်စေတယ်လို့ သုံးသပ် မှုများလည်း ရှိနေပါတယ်။ အစိုး ရအနေနဲ့ ဒါကို ဘယ်လိုတာဝန်ယူ၊ တာဝန်ခံပေးမှုပြုလုပ်မှာပါလဲ။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င်ဆန္ဒပြမှုများကို လူစုခွဲရာမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူ တွေအနေနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၇၊ ၁၂၈ အရ ဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ လူစုခွဲဖို့အ တွက် အကူအညီရယူအသုံးပြုသူ တွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက် မှုများဟာ လုပ်ထုံးလုပ်နည်းများနဲ့ အညီဖြစ်ဖို့အတွက် အကူအညီ တောင်းခံတဲ့ အဖွဲ့အစည်းက ထိန်းသိမ်းကြပ်မတ်ပေးဖို့ တာဝန်ရှိပါ တယ်။ အခုဖြစ်ရပ်များမှာ ဥပဒေ နဲ့မညီတဲ့ လုပ်ဆောင်ချက်များရှိ တယ်လို့ ယူဆရင် နစ်နာသူအနေ နဲ့ တရားဥပဒေနဲ့အညီ ပြန်လည် ဆောင်ရွက်နိုင်ခွင့်ရှိပါတယ်။ သို့ သော် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အရ ဆောင်ရွက်တာဖြစ်လို့ သုံး ခွင့်မရှိဘူးလို့တော့ ပြောလို့မရပါ ဘူး။
    ပုဒ်မ ၁၂၈ ဆိုတာအရ သူတို့ကို သုံးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ကို ရပ်ကွက်ထဲက လူဆိုးလူမိုက်တွေလို့ ပြည်သူအများစုရဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်မှာ ရေးသားကြတာလည်း ရှိပါတယ်။တရားဥပဒေစိုးမိုးရေးအတွက် ရဲ လုပ်ငန်းစဉ်မှာ ဒီလိုလက်ပတ်အနီတွေကို ပေးဝတ်ပြီး လူစုကို အ ကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ပြည် ထောင်စုအစိုးရအနေနဲ့ ဘယ်လို တာဝန်ယူမှုရှိပါမလဲ။
    လက်ပတ်အနီသုံးတာကတော့ အကူအညီတောင်းခံခေါ်ဆောင်လာတဲ့ အဖွဲ့အစည်းအနေနဲ့ လူခွဲခြားနိုင်အောင် ဆောင်ရွက်တာလို့ပဲ မြင်ပါတယ်။ အသေးစိတ်ကတော့ အဲဒီနေ့ဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို မေးမှရပါမယ်။ မတ်လ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ အဲဒီကိစ္စရှင်းပြပြီးပြီလို့ သိရပါတယ်။
    အရင် ဒီပဲယင်းအရေးအခင်းမှာ ဒီစွမ်းအားရှင်ပြဿနာကြောင့် မြန်မာစစ်အစိုးရက နာမည်အကြီးအကျယ်ပျက်ခဲ့တယ်။ အခု အစိုးရသစ်လက်ထက်မှာ ဒီစွမ်းအားရှင်တွေကို ပြန်ထုတ်သုံးတာဟာ စစ်အစိုးရတစ်ဖြစ်လဲ အရပ်သားအစိုးရရဲ့ ရွေးကောက်ပွဲ နီးကပ်ချိန်မှာ ထုတ်သုံးလာတဲ့ ၀ှက်ဖဲတစ်ချပ်ပဲလို့ ဝေဖန်လာတဲ့ အပေါ်မှာ ဘာများပြောကြားလိုပါသလဲ။
    အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုပြီးဖြစ်နေတဲ့ အခုပဋိပက္ခများဟာ အစိုးရဘက်က ရွေးကောက်ပွဲနီးလို့ ထုတ်သုံးတဲ့ ၀ှက်ဖဲမဟုတ်ပါဘူး။ အဲဒီလို စွပ်စွဲ ချက်ကို ယတိပြတ်ငြင်းပါတယ်။
    အခုလက်ပံတန်းပြဿနာက ဥပဒေပြင်ဆင်တာ ကြန့်ကြာနေလို့ ကျောင်းသားတွေက ရန်ကုန်ပြန်ဝင်ဖို့ သပိတ်ကို ပြင်တယ်။ ရန်ကုန်ဝင်ဖို့ အချက်ရှစ်ချက် တောင်းတယ်။ အဲဒီအချက် ရှစ်ချက်ကို ဘာလို့မလိုက်လျောနိုင်တာလဲ။ ပြီးတော့ ရန်ကုန်မြို့ထဲဝင်မှာ ဘာကြောင့် စိုးရိမ်တာပါလဲ။
    ရန်ကုန်ကို ဘာ့ကြောင့် အ၀င်မခံသလဲဆိုရင် အခုကိစ္စက အမျိုး သားပညာရေးဥပဒေကို အကြောင်းပြုပြီး ရွေးကောက်ပွဲမတိုင်မီ ကြား ကာလ နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားစေဖို့အတွက် ကျောင်း သားလူငယ်များကို အသုံးချနေတဲ့ လှုပ်ရှားမှုဖြစ်လို့ပါပဲ။ အခုအချိန် မှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ချင်သူများလုပ်ရမှာက ဥပဒေကြမ်းကို လွှတ်တော်ကိုယ် စားလှယ်များ ဆွေးနွေးချိန်မှာ မိမိ တို့ တင်ပြချက်များကို လက်ခံ အောင် သွားရောက်ဆွေးနွေးဖို့၊ လော်ဘီလုပ်ဖို့ ဖြစ်ပါတယ်။ ဒီအ ခွင့်အရေးကို အသုံးမချဘဲ လွှတ် တော်က ဘယ်နှရက်အတွင်း အ တည်ပြုရမယ်။ ဘာမှမပြင်ဘဲ အ တည်ပြုရမယ်ဆိုပြီး တောင်းဆို နေတာဟာ လွှတ်တော်ကို ဖိအား ပေးရာရောက်သလို ဒီမိုကရေစီ နည်းလည်းမကျပါဘူး။ ဒေါ် အောင်ဆန်းစုကြည်ကလည်း ဒီလို ဖိအားပေးတာမျိုး မလုပ်သင့်ဘူး လို့ ပြောထားတာပဲ။
    ရဲတပ်ဖွဲ့ဝင်တွေကို အဓိကရုဏ်းနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက သင်တန်းတွေလည်း သင်ပေးထားပြီးပြီပဲ။ အခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဘာကြောင့်အီးယူရဲ့ လေ့ကျင့်ပေးမှုစနစ်တွေနဲ့ မဖြိုခွင်းရတာပါလဲ။
    ကျွန်တော်တို့နိုင်ငံမှာ ဘယ် ပြဿနာမဆို လမ်းပေါ်ထွက်ဆန္ဒ ပြမှ ဖြေရှင်းလို့ရမယ်လို့ ယူဆနေ သူတွေရှိနေသရွေ့ ဒီလိုပဋိပက္ခ တွေရှိနေဦးမှာပဲ။ ဒါဟာ ၀မ်းနည်းစရာ ကောင်းပါတယ်။
    ကျေးဇူးတင်ပါတယ်။
    Ye Min မေးတာ တခြား ဖြေတာတခြားပါလား
    18 hours ago · Unlike · 2
    ဝင်း ထွန်း လူကမေးတာကို လူဘဲဖြေနိုင်တာ
    လူကဘယ်သူကိုသွားမေးတာလဲ
    ခွေးဝဲစားကဘယ်ဖြေနိုင်မာလဲ
  2. drkokogyi Says:
    Maung Zarni
    3 hrs ·
    ‪#‎Myanmar‬ misusing ‪#‎RedCross‬ in its violent operations
    #Myanmar has been using thugs and #RedCross symbols in its violent operations against civil society groups and political parties as well as conducting recon missions in armed conflict zones.
    Like ‪#‎Israel‬ #Myanmar disguises security personnel as “Red Cross” units in attacking their targets. In its raid against a group of hostage takers at Entebbe airtport, Uganda in 1976, the assault team of Israeli commandos wore Red Cross uniform and drove in a visibly marked Red Cross van to approach the Air France plane parked on the run way where the hostages were held, and the rest is history.
    Reports surface that Myanmar army troops disguised themselves as ‘Red Cross’ and mingled with card-carrying members Myanmar Red Cross in Kokant area during the recent fighting.
    Israel has been one of the oldest master-trainers for Myanmar security troops and intelligence units.
    It turns out that Myanmar regime too has been using trained thugs and Red Cross uniform and symbols in launching violent attacks against any target groups, be they Aung San Suu Kyi and NLD (as in the bloody ambush of the NLD motorcade at Kan village and Depayin in May 2003) or a recent attack on the labor protesters at Rangoon textile factories.
    Here is an eyewitness account of the regime’s use of Red Cross uniform and symbol and thugs as early as 2003.
    From Shwe Karaweik cafe owner Ko Maung Maung of Mandalay:
  3. drkokogyi Says:
    ဥပဒေနှင့်အညီ လက်ပတ်အနီဝတ်အရပ်သား အသုံးပြုခြင်းဖြစ်သည်ဟု ဦးမြင့်ဆွေပြော
    ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေကို လိုသလို အသုံးပြုမှု လက်မခံနိုင်ကြောင်း ၈၈ မျိုးဆက်တုံ့ပြန်
    By ရန်မျိုးနိုင်
    မြို့တော်ခန်းမရှေ့တွင် ပင်မ သပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်လက်ပတ်အနီ ၀တ်ဆင်ထားသူများက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုများမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် မတ်လ ၈ ရက် တွေ့ဆုံရာ၌ ပြောကြား လိုက်ကြောင်း သတင်းရရှိသည်။
    ‘‘အကြမ်းဖက်ဖြိုခွင်းခံရမှုကို ဘယ်သူက တာဝန်ခံမယ်၊ ဘယ်လိုတာဝန်ယူ ဆောင်ရွက်သွားမယ်ဆိုတာကို ယတိပြတ်မပြော သွားဘူး။ အဓိကကတော့ အဲဒီဖြစ် စဉ်ကို ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ တာဆိုတာကို ရှင်းပြသွားတယ်’’ ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကို ထွန်းမြင့်အောင်ကပြောသည်။
    သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းက ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့ သော ဥပဒေဖြစ်သည့် ထိုပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊၁၂၈ တို့ကို ယခုကဲ့သို့ လိုရာဆွဲ ပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် လက်မခံနိုင်ကြောင်းနှင့် ယင်းသို့ အကြမ်းဖက်ဖြေရှင်းမှုကြောင့် မိန်းကလေးများ ကာယိနြေ္ဒပျက် စေခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ယင်းသတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
    မတ်လ ၅ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် လက်ပံတန်း ၌ ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို ထောက်ခံဆန္ဒပြသူများအား ရဲများနှင့် တာဝန်လက်ပတ်နီဝတ် ဆင်ထားသူများက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများနှင့် ပတ်သက် ၍ မတ်လ ၈ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေဦးဆောင်သော တိုင်းအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ပိုင်းများ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
    ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးမြင့်ဆွေက ယင်းနေ့ဖြစ်စဉ်တွင် တာဝန်ရှိသူများက ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ တွင် တွေ့ဆုံမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ၌ ပါရှိသည်။
    တွေ့ဆုံမှုတွင် အကြမ်းဖက် ဖြိုခွင်းမှုများကို ကန့်ကွက်ကြောင်းနှင့် ယခင်အစိုးရလက်ထက်ကကဲ့သို့ အရပ်ဝတ်သူများကို အသုံးပြုကာ အကြမ်းဖက် ဖြို ခွင်းဖမ်းဆီးမှုများအပေါ် တာဝန်ယူမှုရှိသင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တင်ပြခဲ့ကြောင်း ကိုထွန်းမြင့်အောင်ကပြောသည်။
    ‘‘ကျွန်တော်တို့ကတော့ တစ်စုံတစ်ရာ တာဝန်ယူမှုရှိသင့်ကြောင်း ရပ်တည်ချက်ကို ပြောခဲ့တယ်။ ဒီမိုကရေစီ အစိုးရဆိုရင်တော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တာပေါ့’’ဟု ၎င်းကပြောသည်။
    အဆိုပါတွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားကို သိရှိနိုင်ရန် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် အလုပ်သမားရေးရာများအား လိုက်လံဖြေရှင်းနေသော ဦးဇော်အေးမောင်သို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်း၌ ပြောခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။
    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ တွေ့ဆုံမှုတွင် တစ်စုံတစ်ရာ သဘောတူညီချက်ရရှိခဲ့ခြင်းမရှိသော်လည်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်လိုက်ခြင်းသည် နှစ်ဖက်စလုံးအတွက် ကောင်း မွန်သည့် အနေအထားတစ်ခုဖြစ် ခဲ့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်ကပြောသည်။
    ပြီးခဲ့သည့် ရက်ပိုင်းက ရန် ကုန်တိုင်းဒေသကြီးအတွင်း လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုသည့် အလုပ်သမားများနှင့် အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးကို ဆန္ဒပြသည့် ကျောင်းသားသပိတ်အား ထောက်ခံကြောင်း ရန်ကုန်မြို့လယ်တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့ဝင် များနှင့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့သည်။
    ယင်းသို့အကြမ်းဖက်ဖြိုခွင်းမှုများတွင် တာဝန်လက်ပတ်အနီ ပတ်ထားသည့် အရပ်ဝတ်လုံခြုံ ရေးများက ရိုက်နှက်ဖြိုခွင်းဖမ်း ဆီးမှုအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ရှုတ်ချလိုက်ပြီး ၎င်းတို့ကို တာဝန်ပေးသူအား ဖော်ထုတ်ပေးရန် နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် တောင်းဆိုထားသည်။
    မတ်လ ၈ ရက် တွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင် ပါဝင်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကို ကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်နှင့် ဒေါ်မီးမီးတို့ ပါဝင်ခဲ့ကြသည်။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: