ဆရာဦးအောင်စီုးဦး (ဥပဒေပညာရှင်ရဲ့) ပြည်သူ့အပေါ်ထားရှိတဲ့မေတ္တာ တရား

Aung Nilai

 မင်းတို့ကို အင်မတန်တော်တဲ့ကလေးတွေ….

ကိုယ့်ရင်သွေးလေးတွေကို လက်ဖျားနဲ့တို့တာတောင်မှ
တို့မကြိုက်ဘူးကွာ…

အဲဒီတော့…

သားတို့ သမီးတို့ …ဖြစ်နိုင်လို့ရှိရင် လူမိုက်တွေနဲ့ဝေးအောင်နေစမ်းပါ….

မင်းတို့ပညာရေးကိုမင်းတို့ကျိုးစားကြပါ…

မင်းတို့ဒိထက်တိုးတက်အောင်လုပ်ကြပါ….

ဆရာဦးအောင်စီုးဦး (ဥပဒေပညာရှင်ရဲ့)
ပြည်သူ့အပေါ်ထားရှိတဲ့မေတ္တာ တရား ပါ…

ပညာရှင်ပီသလိုက်တာ…

လူကြီးလူကောင်းပီသလိုက်တာ…

အမိအဖ ပီသလိုက်တာ ဗျာ…

ဗီဒီယိုအသံဖိုင် ကို ပြည်တွင်းနေ မိတ်ဆွေ တွေ လိုင်း
အခက်အခဲကြောင့်နား မထောင်ဖြစ်လိုက်ကြမှာစိုးရိမ်
မိတာကြောင့် စာအနေနဲ့ ရေးသားပြီးတင်ပေးလိုက်ပါ
တယ်ဗျာ…

အကျအပေါက်လွဲ ရင်ခွင့်လွှတ်ကြပါခင်ဗျား….
……………………………………. အောင်(နီလိုင်း)
……………………………………………………………………………….



အဲဒီတော့ ခု..ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပဲပြော
ကြပါစို့….

ဥပဒေဆိုတာရေးရမှာ…
ဒီဥပဒေက ခုဟာက ဆရာတို့ပြောသလိုပဲ ပြည့်စုံဖို့ဆိုတာ
မလွယ်ပါဘူး…

အဲဒီတော့ ကလေးတွေထောက်ပြတဲ့….

မှန်ပါတယ် ဒါ၁၉၂၀ခုနှစ်ထဲက ကျောင်းသားသပိတ်ထဲက
တက္ကသိုလ် ပညာရေးဥပဒေကို ဟိုဟာလုပ်တာ…ဒါက
ကိုလိုနီခေတ်က…

ဒီခေတ်မှာလည်း ကျွန်တော်တို့က ဥပဒေ ဘယ်သူရေးသလည်း…………အုပ်ချုပ်တဲ့အစိုးရ ရေးတယ်…

ဆိုရှယ်လစ်အစိုးရအုပ်ချုပ်ရင် ဆိုရှယ်လစ်ဥပဒေရေးတယ်

အရင်းရှင်အစိုးရ အုပ်ချုပ်ရင် အရင်းရှင်ဥပဒေရေးတယ်

ကွန်မြူနစ်အစိုးရအုပ်ချုပ်ရင် ကွန်မြူနစ်ဥပဒေရေးတယ်

အာဏာရှင် အစိုးရအုပ်ချုပ်ရင် အာဏာရှင်ဥပဒေရေးတယ်

ဒီမိုကရေစီအစိုးရအုပ်ချုပ်ရင် ဒီမိုကရေစီဥပဒေရေးတယ်

ဒီမိုကရေစီအမည်ခံတဲ့အစိုးရအုပ်ချုပ်ရင် ဒီမိုကရေစီအမည်ခံတဲ့ဥပဒေရေးဆွဲတယ်….

ဒါအမှန်ပဲ…ဒါဟာကျွန်တော်တို့ငြင်းလို့မရဘူး…

ကျွန်တော်တို့ရဲ့ခေါင်းပေါ်ကို ကျထားတဲ့…ပေးအပ်ထားတဲ့
ကျွန်တော်တို့တာဝန်ပဲ…အဲဒီတော့ ဒီဥပဒေဟာ အားနည်း
ချက်ရှိကောင်းရှိမယ်…ဒါကိုလည်း ကျွန်တော်တို့က…သူတို့
လူငယ်တွေ သူတို့အမြင်ပြောမယ်…သူတို့နောက်က ပညာ
ရှင်တွေပါမယ်…နိုင်ငံရေးအုပ်စုတွေပါမယ်..ဒါသေခြာတယ်

ဒါလည်းသူတို့ကိုကျေးဇူးတင်ရမှာ…ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အားလုံးဒီထဲမှာပါတဲ့ ကျောင်းသားတွေ
လည်းကျေးဇူးတင်တယ်…အရင်ရေးဆွဲခဲ့တဲ့သူလည်း
ကျေးဇူးတင်တယ်…

အခုအကြံညဏ် ပေးနေတဲ့ ပုဂ္ဂိုလ်ကြီးတွေ….နိုင်ငံရေးပါတီက ပုဂ္ဂိုလ်ကြီးတွေ ကျေးဇူးတင်တယ်..

သူတိုကြိုးကိုင်တယ်ပဲပြောပြော သူတို့ဘယ်လိုပဲပြောပြော
ကျွန်တော့အမြင်ကဖြင့်ကျေးဇူးတင်တယ်…ပညာရှင် တစ်
ယောက်အနေနဲ့.. အဲဒီတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာ
ရေးဥပဒေတစ်ခုကို အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပြီး
တော့ စေတနာထာုးကြတယ်…အကြံပေးကြတယ်ဆိုတဲ့
အတွက် ဆရာတော် သံဃာတော်များကိုလည်း ကျွန်တော်
တို့ကျေးဇူးတင် တယ်…

သို့သော်…အဲဒီမှာရည်ရွယ်ချက်ကဘာလည်းဆိုတော့..
နိုင်ငံရေးလှည့်ကွက်လား..နိုင်ငံရေးဝှက်ဖဲလား…မိမိပါတီ
မိမိအတွက်လုပ်နေကြတာလား..တစ်ယောက်နဲ့တစ်ယောက်
စွတ်စွဲနေကြတာဟာ ကွန်မြူနစ်ကဘာဖြစ်တယ်..ဘယ်
ပါတီကပါတယ်….ဘယ်သူကပါတယ်…ဟာ ..စစ်အာဏာ
ရှင်ကပါတယ်….ဟာ…ဆူပူအုံကြွမူ့ဖြစ်တော့မယ်…အာဏာ
သိမ်းမယ်…ဒါတွေဟာ အင်မတန်ရှုပ်ထွေးနေတဲ့ကာလဖြစ်ပါတယ်…

ကျွန်တော်တောင်းပန်ပါရစေ…

နိုင်ငံတော်သမ္မတကြီးကိုလည်းတောင်းပန်ပါရစေ..

ကျွန်တော်တို့မကြားပါရစေနဲ့တော့…

ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းတောင်းပန်တယ်…

ကာကွယ်ရေးဦးစီးချုပ်လည်းတောင်းပန်တယ်…

ဦးရွှေမန်းလည်းတောင်းပန်တယ်…

နိုင်ငံရေးပါတီအသီးသီးလည်းတောင်းပန်တယ်…

ဆရာတော် သံဃာတော်များကိုလည်းတောင်းပန်ပါတယ်…

ကျွန်တော်တို့ပြည်သူတွေကိုသနားကြပါ…ကျွန်တော်တို့ပြည်သူတွေကိုလည်း ညှာတာကြပါ..

အညွန့်တလူလူဖြစ်နေတဲ့ လူငယ်လေးတွေကိုလည်း အညွန့်မချိုးကြပါနဲ့….

သူတို့ကိုအညွန့်မချိုးယုံတင်မဟုတ်ဘူး..ကျွန်တော်တောင်းပန်တယ်ဆိုတာ ရပ်ပေးဖို့တောင်းပန်တာ…

သူတို့ကိုကာကွယ်ပေးကြပါ…စောင့်ရှောက်ပေးကြပါ…
ကျွန်တော်အားကိုးပါတယ်…

သူတို့ကို လူမိုက်တွေလက်ထဲ ကျွန်တော်တို့သားသမီးတွေကိုမထည့်ပါနဲ့ဗျာ…

လူမိုက်တွေလက်ထဲ မထည့်ပါနဲ့…

လူမိုက်တွေကို မဆုံးမခိုင်းပါနဲ့…

ဒါလေးတစ်ခုတော့ ဆရာကြီးပြောသလိုပဲ လူလူသူသူ
ကလေးတွေမှာအပြစ်ရှိတယ်ဆိုရင်လည်း အပြစ်အတိုင်း
ဥပဒေအတိုင်း စည်းကမ်းနဲ့ နည်းလမ်းနဲ့အတိုင်း အရေးယူပါ…

သို့သော်….

ဒီအဖွဲ့အစည်းကိုတော့ လွှတ်တော်ကိုတင်ပြပေးစမ်းပါ…

ဒီအမည်မသိသောအုပ်စုလို့ ခုဏကပြောနေတဲ့..အမည်မသိသော…ခု…အမည်သိလာပြီ…ကျွန်တော်စွမ်းအားရှင်လို့
လူများပြောလို့သာပြောတာ..

ကျွန်တော်သိတာ လက်ပါတ်..တာဝန်ဆိုသော အနီရောင်လက်ပါတ်ကို ပါတ်ထားသောအုပ်စု…အဲဒီအဖွဲ့ကိုဖွဲ့ခြင်းဟာ
တရားဥပဒေနဲ့ ကိုက်ညီသလားဆိုတာ ဆုံးဖြတ်ပေးပါ..

အားလုံးကလည်းဒါကိုတင်ပေးပါ…နောက်တစ်ခုက ကိုယ့်
နိုင်ငံရဲ့အနာဂါတ်မှာ တခုခုဖြစ်လို့ရှိရင် ကျွန်တော်တို့ရဲကိုမကြောက်ရဘူး..ခုဟာကကျွန်တော်တို့ပုလိပ်ကိုမကြောက်..
ဟို…စစ်သားကို ကျွန်တော်တို့တပ်မတော်သားကိုအားမ
ကိုးရဲဘူး…ဒီပုဂ္ဂိုလ်တွေ ကျွန်တော်တို့ကြောက်နေရမှာလား…

စောစောကပြောတဲ့ ကျွန်တော်တို့အကြောက်တရားကို
ဆက်လက်ပြီးတော့မနေပါရစေနဲ့တော့…

ဒေါ်ဆွေဇင်ထိုက်ပြောသလို အရှက်တရားဟာ ပြည်သူ
ပြည်သားမှာရှိယုံနဲ့မပြီးဘူး…လူတိုင်းမှာရှိရမှာ…

အဲဒီတော့ ကျွန်တော်တို့က ဗုဒ္ဓဘာသာ တွေ…

အရှက်တရားရော အကြောက်တရားရော ကလေးတွေရင်
ထဲကိန်းဝပ်အောင်…

အဲဒီတော့ နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောပါမယ်…

စောစောကပြောသလိုပဲ ကျွန်တော်တို့ ဥပဒေတစ်ရပ်ရေးမယ်ဆိုရင်တော့ဒီဥပဒေဟာ နိုင်ငံတကာစံနုန်းနဲ့ညီဖို့လိုပါတယ်

အဲဒီအတွက် တစ်ခုသိဖို့က ကကျွန်တော်တို့ဒီမိုကရေစီနိုင်ငံမဖြစ်သေးပါဘူး…

သားတို့သမီးတို့ကို ဒါသိစေခြင်ပါတယ်….

ဒီမိုကရေစီအပြည်အဝမရသေးဘူး….

အဲဒီတော့…နောက်တစ်ခုက ဥပဒေရေးဆွဲပီးတော့လွှတ်တော်ကိုတင်ရမယ်….

အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဥပဒေနဲ့ပါတ်သက်တဲ့ဗဟုသုတတွေ…

ဥပဒေကိုလူတွေက အလွဲသုံးစားလုပ်တာတို့..

ဥပဒေကို မျှော့ကြိုးလိုမလုပ်ဖို့တို့…

ဥပဒေကို မိမိလိုရာအနက်ဆွဲပီးမဖွင့်ဖို့တို့…

ဖွင့်ပါတယ် ခု…

ကျွန်တော်တို့တွေ့နေရတာ ဥပဒေရှိတယ်…

ပုဒ်မတွေရှိတယ်…ဒါတွေဟာလုပ်လို့ရတယ်ဆိုတာ…

မိမိလိုရာဆွဲပီးတော့ ဟိုဟာမဖြစ်ဖို့…

ဒါတွေကိုလည်းကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်
များအနေနဲ့လည်း ကျွန်တော်တို့ ပညာရှင်တွေ…ပညာရေးနဲ့ပါတ်သက်တဲ့…ဟို..ဆရာဦးမောင်မောင်စီုးတင့် တို့လို
ပညာရှင်တွေ..ကျန်တဲ့ပညာရှင်တွေကိုခေါ်ပြီးတော့ ဆွေး
နွေးစေခြင်ပါတယ်…

ဟောပြောပွဲတွေလုပ်စေခြင်ပါတယ်…ဒီဥပဒေနဲ့ပါတ်သက်တဲ့ ပညာရှင်ပဲခေါ်ပြီးတော့ပြောစေခြင်ပါတယ်…

ဒီ…ဥပဒေပညာရှင်ကတော့ ဥပဒေရေးဆွဲယုံပဲ…

စောစောကပြောတဲ့မူဝါဒချမှတ်ဖို့က ကျွန်တော်တို့ပညာရှင်တွေပါသလို …ဘာပညာရှင်လည်းဆိုတော့ စောစောကပြောတဲ့
ပညာရေးကိုလက်တွေ့လုပ်နေတဲ့ ခံစားနေတဲ့ကျောင်းသားတွေနဲ့ဆရာတွေပဲ…

အဲဒီတော့…

ကျွန်တော်နိဂုံးချုပ်ပြောပါရစေ…

စောစောက တောင်းပန်စကားကိုပဲ ကျွန်တော်ပြန်ပြောပါရစေ..

မိဘတစ်ယောက်အနေနဲ့…

ဒီကလေးတွေရဲ့မိဘ တစ်ယောက်အနေနဲ့…

နိုင်ငံသားတစ်ယောက်အနေနဲ့…ကျွန်တော်တို့..

သမ္မတကြီး ကိုလည်းအားကိုးပါတယ်…

အဲ…ကျွန်တော်တို့လွှတ်တော်ဥက္ကဌကြီးကိုလည်းအားကိုးပါတယ်…

စောစောကပြောတဲ့…ကျွန်တော်တို့…ကာကွယ်ရေးဦးစီးချုပ်ကိုလည်းအားကိုးတယ်…

ရဲချုပ်ကြီးကိုလည်းအားကိုးပါတယ်..

ဒေါ်အောင်ဆန်းစုကြည်…ပါတီအသီးသီးကဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေ….

တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကို အားကိုးပါတယ်.. .

ကျွန်တော်တို့ရင်သွေးငယ်လေးတွေကို ခု ခံစားနေရတဲ့ဒုက္ခ
ကနေ ဝိုင်းဝန်းပြီး ကူညီကြပါ….စောင့်ရှောက်ပေးကြပါ…

ကျွန်တော်တို့ ကလေးတွေကိုလည်းပြောပါရစေ…

သားတို့သမီးတို့ရေ…

ဒီမိုကရေစီ မရသေးဘူး…

မင်းတို့သိထားဖို့က ..ဒို့.. ဒီမိုကရေစီ ကိုအသွင်ကူးပြောင်း
ဆဲကာလပဲ…

မင်းတို့သတ္တိကို ချီးကျုးတယ်….

ဒါပေမဲ့တို့ဟာ….

မင်းတို့ကို အင်မတန်တော်တဲ့ကလေးတွေ….

ကိုယ့်ရင်သွေးလေးတွေကို လက်ဖျားနဲ့တို့တာတောင်မှ
တို့မကြိုက်ဘူးကွာ…

အဲဒီတော့…

သားတို့ သမီးတို့ …ဖြစ်နိုင်လို့ရှိရင် လူမိုက်တွေနဲ့ဝေးအောင်နေစမ်းပါ….

မင်းတို့ပညာရေးကိုမင်းတို့ကျိုးစားကြပါ…

မင်းတို့ဒိထက်တိုးတက်အောင်လုပ်ကြပါ….

ဟေ့……

ညဏ်ခြင်းယှဉ်ကြကြေး…

ပညာနဲ့ယှဉ်ကြကြေး…

အဲ့ဒီဥပဒေကို….

ပညာနဲ့ရေး…

ညဏ်နဲ့ရေး….

မင်းတို့သွေးနဲ့ မရေးပါနဲ့လို့ ငါပြောပါရစေကွာ…

ဒါပါပဲ………….။

(စကားချပ်…ဆရာ့စကား ..ဒီအထိပဲနားထောင်ရပါတယ်
တစ်ခါနားထောင်တော့တစ်ခါ မျက်ရေကျရပါတယ်ဗျာ..
ရေးရပြန်တော့လည်း မျက်ရေမလွတ်ပြန်ပါဘူး…ဆိုးလိုက်
တဲ့ ကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့ကံဗျာ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: