အကြမ်းဖက်ဖြိုခွင်းလာရင်တော့ နောက်ဆက်တွဲကိစ္စ ဘယ်သူ့တာဝန်လဲ

အကြမ်းဖက်ဖြိုခွင်းလာရင်တော့ နောက်ဆက်တွဲကိစ္စ ဘယ်သူ့တာဝန်လဲ

လက်ပံတန်းမှာ ပိတ်ဆို့ခံထားရတဲ့ကျောင်းသားတွေနဲ့ မတ်လ ၅ရက်နေ့ညနေက မြို့တော်ခမ်းမရှေ့ ဥပဒေမဲ့ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ကိစ္စကို အပြင်းအထန် ရှုတ်ချတယ်လို့ မတ်လ ၉ရက်နေ့မှာ နိုင်ငံရေးအင်အားစု ၆၄ခုက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်ဖြိုခွင်းလို့ ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေဟာ သမ္မတဦးသိန်းစိန်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောလိုက်ပါပြီ။

ကျောင်းသားတွေက ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုတာဟာ ပြဿနာမဟုတ်သလို တိုင်းပြည်ရဲ့လိုအပ်ချက်တစ်ခုဖြစ်လို့ အပြည့်အဝထောက်ခံတယ်လို့ UNDO အဖွဲ့နာယက ဦးနိုင်းနိုင်းက ပြောပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲကထွက်လာတဲ့ ဥပဒေကြမ်းကို အစိုးရနဲ့လွှတ်တော်က အမြန်ဆုံးဆောင်ရွက်မယ်ဆိုရင် ပြေလည်သွားမယ်လို့ ဆိုပါတယ်။ သမိုင်းတစ်လျှောက် ကျောင်းသားတွေကို ဘယ်သူမှလှည့်စားလို့ကိုမရလို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအဖွဲ့ ၆၄ရဲ့သဘောထားထုတ်ပြန်ချက်မှာ ဆန္ဒပြတောင်းဆိုသူတွေအားလုံးကို တရားစွဲဖမ်းဆီးတာမလုပ်ဖို့ အကြမ်းဖက်မဖြိုခွင်းဖို့နဲ့ ပညာရေးသပိတ်တိုက်ပွဲမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုထားပါတယ်။ မြို့တော်ခမ်းမရှေ့ ဆန္ဒပြတဲ့ကျောင်းသားတွေကို စွမ်းအားရှင်တွေနဲ့ဖြိုခွင်းတာဟာ ဥပဒေကိုချိုးဖောက်တာဖြစ်ပြီး အကြမ်းဖက်တာဖြစ်တယ်လို့ ကိုအောင်သူရက ဆိုပါတယ်။ ပုဒ်မ ၁၂၈အရ ဆန္ဒပြသူတွေကို ဖြိုခွင်းတာမဟုတ်ဘဲ လေ့ကျင့်ထားတဲ့လူမိုက်တွေနဲ့ ဖြိုခွင်းတာဟာ နိုင်ငံသားတွေအပေါ် ပြစ်မှုကျုးလွန်တာပဲလို့ ဆိုပါတယ်။ ဖြိုခွင်းတဲ့သူတွေကို အဆင့်ဆင့်အမိန့်ပေးတဲ့သူတွေမှာ တာဝန်ရှိပြီး အရေးယူလို့ရတယ်လို့ ဆိုပါတယ်။

မြို့တော်ခမ်းမရှေ့အကြမ်းဖက်မှုဟာ စွမ်းအားရှင်တွေက သူတို့လုပ်ချင်တာလုပ်လို့ရအောင် တာဝန်ပေးခဲ့တဲ့သူတွေကို အတိအကျဖော်ထုတ်သွားမှာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီအနေနဲ့ ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ဖော်ထုတ်သွားမယ်လို့ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။ ပြုစုပြီးရင်တော့ ဖြစ်စဉ်တွေအားလုံးကို လူထု၊ အစိုးရနဲ့ လွှတ်တော်ကို တင်သွားမယ်လို့ ပြောပါတယ်။

ကျောင်းသားရန်ကုန်လာမယ့်ကိစ္စအတွက် အန္တရာယ်မရှိအောင် ဝန်းရံသွားမယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသက ဆိုပါတယ်။ ကျောင်းသားတွေတောင်းဆိုချက် မလိုက်လျောခဲ့ရင် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာသပိတ်ကို ကျောင်းသားတွေဝန်းရံခဲ့သလို အခုလည်း ကျောင်းသားသပိတ်ကို သံဃာတွေက ဝန်းရံပေးဖို့ အသင့်ပဲလို့ဆိုပါတယ်။

One Response to “အကြမ်းဖက်ဖြိုခွင်းလာရင်တော့ နောက်ဆက်တွဲကိစ္စ ဘယ်သူ့တာဝန်လဲ”

  1. drkokogyi Says:

    Kumudra

    လက်ပံတန်းမြို့အတွင်းတားဆီးပိတ်ဆို့ခံထားရတဲ့ကျောင်းသားသပိတ်နဲ့တားဆီးသူရဲတပ်ဖွဲ့ဝင်တွေကြားယနေ့အခြေနေအကျဉ်း
    မနက်(၁၀း၀၀နာရီအချိန်)
    ယနေ့(၁၀.၃.၂၀၁၅)မနက်ပိုင်းမှာ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တချို့၊NNERကိုယ်စားလှယ် ဒေါက်တာသိန်းလွင်၊ဒေါက်တာဒေါ်ညိုညိုသင်း၊ပဲခူးတိုင်းဒေသကြီးနယ်လုံဝန်ကြီးတို့တွေ့ဆုံတယ်။သပိတ် စစ်ကြောင်းကိုရန်ကုန်သွားဖို့ခွင့်ပြုကြောင်းတွေ့ဆုံမှုမှာသဘောတူညီမှုရခဲ့ပါတယ်။
    ကျောင်းသားတွေကလက်ပံတန်းမြို့ကနေတာဆုံအထိလမ်းလျှောက်ချီတက်မယ်။ရန်ကုန်အဝင်ကနေစပြီး ရွှေတိဂုံဘုရားအထိကားတွေနဲ့ဆက်သွားမယ်။ပြီးနောက်သစ္စာပြုပြီးလူစုခွဲဖို့စီစဉ်ထားတယ်လို့ဆိုတယ်။
    မနက်(၁၀း၃၀နာရီအချိန်)
    ခွင့်ပြုချက်အရကျောင်းသားတွေကရန်ကုန်ကိုချီတက်ဖို့လေးယောက်တစ်တန်းထွက်ဖို့ပြင်ဆင်ကြတယ်။အဲ့ ဒီ့အချိန်မှာရဲကားတွေကသပိတ်ရှေ့ကိုရောက်လာပြီးတော့ကားပေါ်တက်လိုက်ပို့ပေးမယ်။အလံတွေဖြုတ်၊ဗီ နိုင်းတွေဖြုတ်ဖို့ကျောင်းသားတွေကိုအမိန့်ပေးတယ်။ကားတစ်စီးနဲ့တစ်စီးကြားခပ်ဝေးဝေးခွာပြီးသွားမယ်ဆို ပြီးကားပေါ်တက်ခိုင်းတယ်။
    ကျောင်းသားတွေဘက်က အလံတွေလည်းမဖြုတ်နိုင်ကြောင်း၊တာဆုံအထိလမ်းလျှောက်ချီတက်ပြီးကားနဲ့ ဆက်သွားမှာဖြစ်ကြောင်းတောင်းဆိုတယ်။ကျောင်းသားတွေရဲ့တောင်းဆိုမှုကိုရဲတွေဘက်ကမလိုက်လျော ပဲအထက်ကိုပြန်တင်ပြဦးမယ်ဆိုပြီးသပိစစ်ကြောင်းကိုဆက်လက်တားဆီးပိတ်ဆို့ထားတယ်။
    မနက်(၁၁း၀၀နာရီအချိန်)
    ရန်ကုန်သွားခွင့်ပြုပြီးမှပြန်ပိတ်ဆို့ခံရတဲ့ကျောင်းသားတွေကလုံခြုံရေးယူထားတဲ့ရဲတွေကိုလေးဆယ့်ငါးမိနစ် စောင့်ကြည့်ပြီးတစ်စုံတစ်ရာအကြောင်းမပြန်ရင်ထိုးဖောက်ချီတက်ဖို့ဆုံးဖြတ်တယ်။လေးဆယ့်ငါးမိနစ်ကြာ တဲ့အထိရဲတွေဘက်ကတစ်စုံတစ်ရာအကြောင်းမပြန်လို့လူအားနဲ့ထိုးဖောက်ပါတယ်။ရဲတွေကလည်းလူ အားနဲ့ပိတ်ဆို့တားဆီးတယ်။
    နေ့လည်(၁၂း၀၀နာရီအချိန်)
    နှစ်ဖက်ထိုးဖောက်သူနဲ့တားဆီးသူတွေကြားတွန်းထိုးမှုတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိလာတယ်။ပြီး နောက်ရဲတပ်ဖွဲ့ကနေ့လည်တစ်နာရီခွဲမှာအကြိမ်ကြိမ်သတိပေးပြီးဖြစ်တာကြောင့်လူစုမခွဲရင်ဥပဒေနဲ့မညီတဲ့ တရားမဝင်လူစုလူဝေးလို့သတ်မှတ်ပြီးအင်အားသုံးဖြိုခွင်းမှာဖြစ်တဲ့အကြောင်းကြေညာတယ်။
    ကြေညာပြီးနောက်ရဲတပ်ဖွဲ့ကသပိတ်မှောက်ကျောင်းသား၊ဝန်းရံပြည်သူနဲ့သတင်းယူနေတဲ့သတင်းမီဒီယာ တွေကိုပါအင်အားသုံးဖြိုခွင်းတယ်။ရဲတပ်ဖွဲ့ကရိုက်နှက်ဖြိုခွင်းတာကြောင့်နီးစပ်ရာအိမ်တွေထဲဝင်ပြေးသူ ပြေး၊ဘုန်းကြီးကျောင်းထဲဝင်ပြေးသူပြေးကြတယ်။ရဲတပ်ဖွဲ့ဘက်ကလည်းအိမ်ထဲဝင်ပြေးရင်အိမ်ထဲထိ လိုက်ရိုက်ပြီးဘုန်းကြီးကျောင်းထဲဝင်ပြေးရင်ဘုန်းကြီးကျောင်းထဲထိလိုက်ရိုက်ဖမ်းဆီးတယ်။
    နောက်ဆုံးသတင်းအရကျောင်းသားတွေကိုယ်တိုင်ကအဖမ်းခံလိုက်ကြောင်းသတင်းထောက်ကိုရွှေဇင်၊မိုးမြင့်ဇော်ကသတင်းပေးပို့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: