အနာခံအသေခံ ဖြိုခွဲဖို့ ၀ီရသူအကြံပေးပြီးနောက် ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရ

အနာခံအသေခံ ဖြိုခွဲဖို့ ၀ီရသူအကြံပေးပြီးနောက် ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရ

မတ် ၁၁။
ကျောင်းသားသပိတ်ကို အနာခံအသေခံ ဖြိုခွဲဖို့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီးဝီရသူက ရဲတပ်ဖွဲ့ကို တွန်းအားပေးပြီး ၆ ရက်အကြာမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှု ဖြစ်လာပါတယ်။

ဦးဇင်းတို့ခိုင်းတာပဲ အစိုးရက လုပ်ရပါတယ်လို့ပြောဖူးတဲ့ ဦးဝီရသူဟာ မိဘနှင့် သားသမီးပင်ဖြစ်နေပါစေ နားပူနားဆာလုပ်လာပါက ရိုက်နှက်ဆုံးမသင့်ကြောင်း ကျောင်းသားတွေကို အကြမ်းဖက်ဖို့ နှပ်ကြောင်းပေးထားတဲ့ ၀ီရသူသဘောထားကြေညာချက်တစ်စောင်ကို ၄.၃.၂၀၁၅ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ၀ီရသူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။

မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီမှာတော့ လက်ပံတန်းမှာရှိနေတဲ့ ပင်မကျောင်းသားသပိတ်အဖွဲ့ကို လုံထိန်းတွေက အကြမ်းဖက်ဖြိုခွဲပြီး သပိတ်မှောက်ကျောင်းသားနဲ့ မိဘပြည်သူ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ မိဘဆရာသမားတို့ရဲ့ ရင်ခွင်ကို အမြန်ဆုံးပြန်လည်ခိုဝင်ပါတော့ဆိုပြီး သပိတ်မှောက်ကျောင်းသားတွေကို အိမ်ပြန်ခိုင်းတဲ့ စာတစ်စောင်ကို သီတဂူဆရာတော်ရှင်ဥာဏိဿရက ရေးသားထုတ်ပြန်ခဲ့ပါသေးတယ်။

ဝေဖန်သံတွေ ဆူညံလာတဲ့အခါ နောက်နေ့ ၁၆ ရက်နေ့မှာ နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံတဲ့ စာ ထပ်ထွက်လာပါတယ်။

နိုင်ငံတော်အတွင်း အမျိုးမျိုးအဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုတွေမှာ ကျောင်းသားတွေ မပါဝင်ဘဲ နိုင်ငံတော်ကို ၀ိုင်းဝန်းကူညီပါလို့ ကြေညာချက်မှာ ရှင်ဥာဏိဿရက ဆိုပေမယ့် တကယ့် လက်တွေ့နယ်ပယ်မှာတော့ နိုင်ငံတော်ဘက်က အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူစုခွဲခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

သီတဂူဆရာတော်နဲ့ မစိုးရိမ်တိုက်သစ်ဆရာတော်တို့ဟာ အနုနည်းနဲ့ အိမ်ပြန်ခိုင်းသူ၊ အကြမ်းနည်းနဲ့ အသေခံတိုက်ခိုက်ခိုင်းသူအဖြစ်သာ ကွာခြားပြီး စစ်သားတစ်ပိုင်းအစိုးရရဲ့ အာဏာတည်တံ့ရေး၊ ဒီမိုကရေစီနောက်ပြန်ဆွဲရေးနဲ့ စစ်ကျွန်ပညာရေးခုခံမှုတွေအတွက် အလုပ်အကြွေးပြုနေကြတာကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပါတယ်။

-Myanmar Muslim Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: