Stupid military gov of Thein Sein-Min Aung Hlaing used the same Swarn arr Shins…this time disguised as police ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိ

These acts of NOT listening to order pointed out that they may not be from police force but outsiders. Because in the uniformed organizations…OBEDIENCE is the main discipline instilled firmly. They all need to do marching and parade …which main aim is obedience without question. Left, Right turn, march, about turn, stop, salute…all must obey without even thinking. And in the barracks or in the cantonments or quarters obedient to superiors and discipline is forced up to be seen as bullying. So they are NOT from police forces…BUT Swarn Arr Shins ordered to wear police uniforms.

One famous journalist အဘ ဥက္ကာ ကိုကို wrote >>>
လက်ပံတန်း မြင်ကွင်းကျယ်>>>ဘုန်းကြီးတစ်ပါးက ရဲကို ပါးရိုက်ပလိုက်တယ်
ရဲဖက်က ကျောင်းသားတချို့ကို ဖမ်းရိုက်တယ်

အမိန့်မပေးဘဲ ရဲတွေ ၀ုန်းဒိုင်းကြဲလိုက်ရိုက်တယ်
အထက်အရာရှိတွေ တားမြစ်သံကို ရဲတွေရုတ်တရက် မနာခံခဲ့ကြဘူး

XXX ရဲတွေဖက်က အင်အားများတယ်..
ကျောင်းသားတွေ ခြေဦးတည့်ရာ ပြေးရတယ်
မီဒီယာတွေ အုတ်တံတိုင်းကျော်သူကျော်… ပြေးသူပြေး… လဲသူလဲ …
ရဲတွေ ကျောင်းသားတွေနောက်ကို ပြေးလိုက်တယ်…
ရိုက်တယ် … ဖမ်းတယ်.. ဆွဲတယ်
ရဲတွေနှုတ်က ဆဲဆိုကြိမ်းမောင်းသံတွေ…
ရိုက်ကွာ.. နှက်ကွာအသံတွေ ကျယ်လာတယ်

XXXX စိတ်မထိန်းနိုင်သေးတဲ့ ရဲတွေက
တုတ်နဲ့ တွေ့ရာပစ္စည်းကို ရိုက်ဖျက်ဆီးနေတယ်
သတင်းယူနေတဲ့ ဘေးက မီဒီယာသမားတချို့ကို
ရဲတစ်စုက အော်ဟစ်ကြိမ်းမောင်းပြီး လိုက်ရိုက်တယ်
ရဲအရာရှိအငယ်ရော အကြီးတွေရော အော်ဟစ်တားမြစ်တယ်..
မရိုက်ဖို့ ပြောတယ်… မရတော့ဘူး။ XXX- ဥက္ကာကိုကို –
11-3-2015

Ko Ko Gyi And if we compare the videos and pictures of Massacres in Meiktila, Arakan and Atrocities attempted at Lashio, Mandalay, Okkan and Yangon etc…their age, the way they use the long sticks, brutality, repeatedly hitting even the cars or buildings or household items and safe (of the meiktila gold-shop) are STRIKINGLY SIMILAR. Just because the people and world-wide anger of red-arm-banded civilians (written on-duty) …now the stupid military gov of Thein Sein-Min Aung Hlaing used the same Swarn arr Shins…this time disguised as police. During the Anti-Muslim riots…they were called as “Anonymous angry crowd”…They started to use these Swarn Arr Shins in the Depayin massacre.
David Law >>>Possible theory about SAS, but the regular army is also know to have committed atrocities. They were wearing the 11th infantry badge on their necks.

Such malevolent hatred, anger, and evil being vented towards a historical flag. သမိုင်း ဝင် အ လံတော် ကို ဒါ လောက် တောင် ဒေါ သ ကြီး ပက်စရက် ယုတ် မာ ရက် တယ်။ တ်ုင်း ရင်း သား စခန်း တွေ ဝင် စီး တုံး က လည်း ဒီ အ တိုင်း ဘဲ နေ မှာ။ ဒါ ကြောင့် ပြည် တွင်း စစ် မ အေး နိုင် တာ။

Ko Ko Gyi >>>လက်ပံတန်းကျောင်းသားသပိတ်ဖြို ခွဲမှုကို အသေးစိတ်ပြန်ပြောပြထားတဲ့ဆောင်းပါးပါ။မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေ၀ီရေးသားပါတယ်။>>>

၁ နာရီခွဲ ရေသန့်ဗူးတစ်လုံးပျံဝဲသွားတယ်။ တလုံးထဲနော်။ ကျောင်းသားအုပ်စုထဲကပေါက်ကွဲ လိုက်တာလို့ယူဆရပါတယ်။ တချိန်ထဲ ကျောင်းသားဘက်ကိုနံပတ်တုတ် တစ်ခုပျံဝဲလာ။ ကျောင်းသားက မှတ်တမ်းတင်ဖို့ကောက်ယူပြေး။ ရဲကပြန်လု၊ ရုန်ရင်းဆန်ခတ် အဲဒီအချိန်မှာ အချင်း ၄လက်မ လောက်ရှိတဲ့ ခဲတွေ ရဲတွေဘက်ကနေ သပိတ်အုပ်စုဘက်ရောက်လာ။ အရမ်းမြန်တယ်။ စပြီ။ ဒီမှာ ကမ္ဘာပျက်ပြီ။ အရိုက်အဖွဲ့ပြေးဝင်ရိုက်ပြီ။ သူတို့က တွန်းနေတဲ့ရဲတံတိုင်းမဟုတ်တော့ဘူး ။ လည်ပတ်နီတွေ နဲ့ ။ တပ်မ ၁၁ တဲ့။ စစ်ဦးဘီလူး။
ကျမ မှတ်တမ်းတင်ဖို့ ကြိုးစားဖို့ မီဒီယာ ကော်နာ ကိုကြည့်လိုက်တော့ အားလုံးပြေးကြပြီ။ ခဲတွေ က အဆက်မပြတ်။ နောက်က လည်စီးနီ နဲ့ဒုတ်တွေနဲ့ဝင်လာပြီးတလကြမ်းရိုက်တော့တာပါဘဲ။

XXXX   အပြင်က ၅ ပေအကွာမှာကမ္ဘာပျက်နေ။ ကျမ ဘာမှမကူညီနိုင်ခဲ့ဘူး။ ဘာမှမကူညီနိုင်ဘူး။ ဒါပေမယ့် အမှန်တရားတွေကိုမြင်ခဲ့တယ်။ အမှန်ကိုပြောမယ်။ ကျောင်းသားတွေ ကိုကာကွယ် ပေးချင်တဲ့ရဲတွေအမှန်ရှိခဲ့တယ်။ ရဲအချင်းချင်း ပြသနာတကယ်တတ်ခဲ့တယ်။ လူနာတင်ကား ကိုရိုက်တဲ့ကိစ္စမှာ ရဲမှူးတားပေးခဲ့တယ်။ ကဗျာဆရာသော်ဇင်အုန်းတို့ကိုလဲ လူစိတ်ရှိတဲ့ နယ်မြေခံရဲ ကကူညီခဲ့တယ်လို့ကြားခဲ့ရတယ်။
ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိခဲ့တယ်။ ရိုက်တယ်။ ရိုက်တယ်။ ဒေါသတကြီး၊ အငြိုးတကြီး၊ မရပ်မနား၊ မြင်မြင်ရာ အဲဒီလို ရိုက်ခဲ့တယ်။ ကျောင်းသားတွေ ၀င်နေတဲ့အိမ်တွေကိုဖွင့်ခိုင်းပြီး အားလုံးကိုရိုက်တယ်။ ဖျက်ဆီးတယ်။

2 Responses to “Stupid military gov of Thein Sein-Min Aung Hlaing used the same Swarn arr Shins…this time disguised as police ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိ”

  1. drkokogyi Says:

    လွတ်မြောက်လာသည့် သပိတ်မှောက်ကျောင်းသားများ ပြောကြားချက် (ရုပ်သံ) @ http://burmese.dvb.no/archives/85303 By ဒီဗွီဘီ
    ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသား ကိုစိုးလွင်ကျော်
    (ဒုတိယနှစ် စိုက်ပျိုးရေးသိပံ္ပ) ပြောကြားချက်
    ဒီဗွီဘီ

    ကျနော်တို့က ဘုန်းကြီးကျောင်းထဲမှာပဲခင်ဗျ။ သာသာယာယာပဲ အဖမ်းခံပါတယ်။ ကျနော်တို့ တယောက်ချင်းစီ အဖမ်းခံတယ်။ ဒါပေမယ့် အဖမ်းခံပြီးတော့ ကျနော်တို့ကို အချုပ်ကားပေါ် မတင်ခင် ကျနော်တို့ကို ရိုက်ပါတယ်။
    ———————————————————————————-

    နေ့လည် တနာရီအထိ အပြင်ရောက်လာသူများ (အမည်စာရင်း)

    ၁။ စစ်နိုင်အောင် (ရတနာပုံတက္ကသိုလ်)
    ၂။ စိုးလွင်ကျော် ( သထုံစိုက်ပျိုးရေးတက္ကသိုလ်)
    ၃။ စန်းလင်းဦး (ဟင်္သာတ တက္ကသိုလ်)
    ၄။ မရည်မွန် ( ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်)

    စာရင်းအရ သာယာဝတီထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်မယ့် ကျောင်းသူကျောင်းသားများ

    ၁) မုံရွာ တက္ကသိုလ် ၂ ဦး
    ၂) တောင်ငူ တက္ကသိုလ် ၂ ဦး
    ၃) မန္တလေး နည်းပညာ တက္ကသိုလ် ၁ ဦး
    ၄) ရတနာပုံ တက္ကသိုလ် ၈ ဦး
    ၅) မိတ္ထီလာ နည်းပညာ တက္ကသိုလ် ၁ ဦး
    ၆) ကျောက်ဆည် နည်းပညာ တက္ကသိုလ် ၁ ဦး
    ၇) မော်လမြိုင် တက္ကသိုလ် ၁ ဦး
    ၈) သန်လျင် နည်းပညာ တက္ကသိုလ် ၁ ဦး
    ၉) မှော်ဘီ နည်းပညာ တက္ကသိုလ် ၁ ဦး
    ၁၀) ရန်ကုန် အနုပညာ တက္ကသိုလ် ၁ ဦး
    ၁၁) သန်လျင် သမဝါယမ တက္ကသိုလ် ၁ ဦး
    ၁၂) ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ၄ ဦး
    ၁၃) ဒဂုံ တက္ကသိုလ် ၁ ဦး
    ၁၄) တောင်ကြီး တက္ကသိုလ် ၁ ဦး
    ၁၅) ဟင်္သာတ နည်းပညာ တက္ကသိုလ် ၁ ဦး
    ၁၆) ပုသိမ် တက္ကသိုလ် ၁ ဦး

    ကျောင်းသား ၁၉ ဦး၊ ကျောင်းသူ ၈ ဦး (ပေါင်း ၂၇ ဦး)

  2. drkokogyi Says:

    Paul Mooney

    I’d like to repeat something I posted here yesterday. The police attack on the protesters was excessive. No excuse. We’ve all seen the videos of the cops whacking students with batons, and how police, who looked crazed, totally destroyed the student truck. Students may have stepped over the line in trying to break out, but this didn’t warrant the brutal attack by the police, who were like a mob gone amok. What I want to emphasize is that I also noticed small groups of police, four or five, who did their best to protect detainees. One monk who was being taken away had a police helmet on and the police surrounded him with their own shields. There were a few times when it looked like police were going to fight amongst themselves as the bad cops were pushed away by the good cops. I could be wrong, but it looked to me like there were some cops who were aware that the attack was wrong, but they were powerless to stop it.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: