မိဘပြည်သူများခင်မျာ

မိဘပြည်သူများခင်မျာ
ကျွန်တော်ဟာ ဘယ်လဲ ဘာလဲ ဘာဖြစ်ပါသလဲခင်ဗျာ

မိဘပြည်သူများခင်မျာ
ကျွန်တော်ဟာ
ဇကောလောက်မှစောက်မနက်ကြောင်း အရင်ဝန်ခံထားပရစေ။

မိဘပြည်သူများခင်မျာ
ကျွန်တော်ဟာ
ခင်ဗျားတို့ရင်ထဲကဆူးနဲ့အသည်းထဲကပြဒါးဖြစ်ကြောင်း ဖြောင့်ချက်ပေးထားပရစေ။

မိဘပြည်သူများခင်ဗျာ
ကျွန်တော်ဟာ
ကျေးလက်စာသင်ကျောင်းလေးတစ်ကျောင်းလောက်မှ
ဗျည်းနဲ့သရကို မှန်အောင်ခွဲခြားမသိနိုင်ခဲ့ပါ။

မိဘပြည်သူများခင်မျာ
ကျွန်တော်ဟာ
လမ်းဘေးရေအိုးစင်လေးတစ်ခုလောက်မှ
ငြိမ်းချမ်းရေးနဲ့အရိပ်အာဝသကို နားမလည်ခဲ့သူပါ။

မိဘပြည်သူများခင်မျာ
ကျွန်တော်ဟာ
တောကြိုတောင်ကြား ဇနပုဒ်ရွာကလေးတစ်ရွာလောက်မှ
စည်းလုံးမှုနဲ့ချစ်ခြင်းမေတ္တာအကြောင်း မသိခဲ့သူပါ။

မိဘပြည်သူများခင်ဗျာ
ကျွန်တော်ဟာ
ရှေ့က ယိမ်းနွဲ့နေတဲ့စပါးခင်းလေးတစ်ခင်းလောက်မှ
အရောင်မထွက်သူ ကျေးဇူးတရားကိုပုံမဖော်တတ်ခဲ့သူပါ။

မိဘပြည်သူများခင်ဗျာ
ကျွန်တော်ဟာ
ရေငတ်နေသူ လယ်မြေ ယာမြေတွေကိုရေသွင်းစိုက်ပျိုးဖို့ထက်
စိုက်ပျိုးသူ လူတွေခန္ဓာကိုယ်ထဲသွေးကိုဘယ်လိုဖောက်ထုတ်
ဘဏ်တိုက်ကြီးတွေထဲ
ဘယ်လိုထည့်သိမ်းသိုလှောင်ထားရင်ကောင်းမလဲ စဉ်းစားစိတ်စောနေခဲ့သူပါ။

မိဘပြည်သူများခင်မျာ
ကျွန်တော်ဟာ
သစ်ပင်ခုတ်ဖို့ သွေးမကြောင်ခဲ့ဘူး
မြစ်ကိုသတ်ဖို့ သွေးမကြောင်ခဲ့ဘူး
တောင်ကိုဖြိုဖို့ သွေးမကြောင်ခဲ့ဘူး
ပြီးတော့
ကီးကြောင်နေတဲ့ အမိနိုင်ငံတော်ကြီးကို
အမြီးကကိုင်ပြီး ရိုက်ခွဲပစ်လိုက်ဖို့ကိုလည်း
ဘယ်တော့မှ သွေးမကြောင်ခဲ့ပါဘူးခင်ဗျာ။

မိဘပြည်သူများခင်မျာ
ကျွန်တော်
ရွက်ကျပင်ပေါက်တွေ စိုက်ထားတယ်
ကျွန်တော်
အုတ်ကြားမြက်ပေါက်တွေ စိုက်ထားတယ်
ပြီးတော့
ကျွန်တော်
ဂျလေဘီနဲ့ဂျစ်ပစီတွေကိုနေ့စားငှားထားပြီး
လက်မရွံ့နေတဲ့လက်ရွေးစင်အကြမ်းဖက်သမားတွေကို ခါးပိုက်ပိုက်ထားတယ်။

မိဘပြည်သူများခင်မျာ
ကျွန်တော့်ရဲ့ပျံသန်းမှုဟာ
ပျံလွှားငှက်ကလေးတစ်ကောင်လောက်မှ အချိုးမကျပေမယ့်
ကျွန်တော်မောင်းနှင်နေတဲ့လေယာဉ်ကြီးဟာ
သမုဒ္ဒရာအစင်းစင်းထဲထိုကျပျက်စီးဖို့ အခုဆို အဆင်သင့်ဖြစ်နေပြီဆိုတာ
ရပ်သိ ရွာသိ ကမ္ဘာသိဖြစ်နေပြီဆိုတာ ခင်ဗျားတို့အသိပါ။
ရာသီဥတုကြောင့်မဟုတ်
ကျွန်တော် ညံ့ဖျင်းခြင်းကြောင့်မဟုတ်
ဒီစာအုပ်အစိမ်းကြီးကြောင့်ဆိုတာ မိဘပြည်သူများနားလည်ကြမှာပါ။

မိဘပြည်သူများခင်မျာ
ဟော့ဟိုရှေ့က အမှိုက်ပုံကြီးပေါ် အစာရှာနေတဲ့
အဲ့ဒီကလေးတွေလောက်မှ သမ္မာအာဇီဝမကျဘူးတဲ့
ဒီ Good Government ကြီးကို ။
ဟော့ဟိုရှေ့ ပလက်ဖောင်းပေါ်မှာ
အဲ့ဒီကလေးတွေ တောင်းရမ်းနေတဲ့ လက်ဖဝါးလောက်မှ
မသန့်ရှင်း မစင်ကြယ်ခဲ့ဘူးတဲ့
ဒီ Clean Government ကြီးကို ။

မိဘပြည်သူများခင်မျာ
သုံးစားလို့မရ ၊ လေးစားလို့မရ
ငါးမရလို့ ရေချိုးပြန်လာတတ်တာကလွဲပြီး
အမြီးအမောက်မတည့်တဲ့ အမောက်တွေထောင်နေတာကလွဲပြီး
အကုန်လွဲခဲ့တဲ့ကျွန်တော့်ကို

မိဘပြည်သူများခင်မျာ
IS ပြီးမှကျွန်တော်လား
ကျွန်တော်ပြီးမှ IS လား
မစဉ်းစားတတ်တော့တဲ့ကျွန်တော့်ကို

မိဘပြည်သူများခင်မျာ
ဆုပ်လည်းဆူး စားလည်းရူးတော့မယ့် ကျွန်တော့်ကို

မိဘပြည်သူများခင်မျာ
အသိဥာဏ်လည်းခေါင်းပါး ကိုယ်ချင်းစာတရားလည်းမဲ့သောကြောင့်

မိဘပြည်သူများခင်မျာ
အစဉ်အလာအရ ရက်စက်ရပြီး ဓမ္မတာအရ သွေးမြေကျရပါတယ်။

မိဘပြည်သူများခင်မျာ
ကျွန်တော့်နှလုံးသားအတွက်
ကျွန်တော့်မှာ နှလုံးခုန်စက်လေးတပ်ထားရသမို့
ဒါတွေကို ကျွန်တော်မသိပါဘူးခင်များ
အဲ့ဒီအတွက်ကြောင့်
ခံနိုင်ရည်ရှိအောင်
နွားနို့သောက်ထားကြပါလို့
စေတနာ မေတ္တာ အကြင်နာစကား ပြောထားပရစေလား ခင်ဗျား။ ။

ခရမ်းပြာထက်လူ
၁၅ ၊ ၃ ၊ ၂၀၁၅

ခရမ်းပြာ ထက်လူ ဖဘစာမျက်နှာမှ ကူးယူဖော်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: