Criminal Swarn Arr Shins exposed. So Myanmar Gov should be pulled to ICC for Mass Murders and Genocide ကျောင်းသားသပိတ် ဖြိုခွဲသူ စွမ်းအားရှင်များတွင် မိတ္ထီလာအကြမ်းဖက်မှု ကျူးလွန်ခဲ့အချို့ပါဝင်

Criminal Swarn Arr Shins exposed. So Myanmar Gov should be pulled to ICC for Mass Murders and Genocide..

ကျောင်းသားသပိတ် ဖြိုခွဲသူ စွမ်းအားရှင်များတွင် မိတ္ထီလာအကြမ်းဖက်မှု ကျူးလွန်ခဲ့အချို့ပါဝင်
——————————————————————–
မတ်လ ၁၄၊ ၂၀၁၅။

ကျောင်းသားသပိတ်အား ဖြိုခွဲခဲ့သော စစ်တပ်ကျောထောက်နောက်ခံပြု စွမ်းအားရှင်အကြမ်းဖက်အဖွဲ့တွင် မိတ္ထီလာအကြမ်းဖက်မှု ခေါင်းဆောင်တစ်ဦးပါဝင်ခဲ့ကြောင်း မိတ္ထီလာမြို့မှ ဦးဇင်းဦးဝါသ၀၏ ပြောဆိုချက်ကို ကိုးကားလျက် သည်ဗွိုက်ဂျာနယ် အတွဲ ၁၁၊ အမှတ် ၉ ပါ ဆောင်းပါးတစ်ပုဒ်၌ ဖော်ပြထားသည်။

မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်တို့၏ အသက်၊ အိုးအိမ်၊ ဥစ္စာပစ္စည်းများအကြမ်းဖက် ခံရသည့်  ဖြစ်စဉ်၌  ဒေါသထွက်နေသော လူကြီးအုပ်ကြီးတွင် ပါဝင်ခဲ့သူအချို့မျာ ယခုနောက်ပိုင်း ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွဲသည့် လက်ပတ်နီဝတ်သူများတွင် ပြန်တွေ့နေရကြောင်း ဆောင်းပါးရှင် Green နှင့် ခက်ဇော်တို့ ရေးသားသည့် “လက်ပက်နီ တရားစီရင်ခန်း” သတင်းဆောင်းပါး၏ စာမျက်နှာ ၁၂ တွင် ဖော်ပြထားသည်။

အဆိုပါဆောင်းပါးတွင် မိတ္ထီလာမြို့ အကြမ်းဖက်မှုများတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သော တောင်သာမြို့အနီး ရွာတစ်ရွာတွင် နေထိုင်သည့် စက်မှု(၁)စွပ်ကျယ်စက်ရုံဝန်ထမ်း ကျော်ကျော်ခိုင်ဆိုသူမှာ ယခု မတ်လ ၅ ရက်နေ့ မြို့တော်ခန်းမရှေ့ စွမ်းအားရှင်လူအုပ်ထဲတွင် ပါဝင်နေကြောင်း မိတ္ထီလာမြို့မှ ရဟန်းတော် ဦးဝါသ၀ က အခိုင်အမာပြောဆိုလာကြောင်း ရေးသားဖော်ပြသည်။

“သူ့ကို ဦးပဉ္ဇင်း ကောင်းကောင်းမှတ်မိတယ်။ မိတ္ထီလာမှာ ပြဿနာစဖြစ်တော့ ဦးပဉ္ဇင်းတို့ ရဟန်းပျိုတွေက လိုက်ထိန်းတာပေါ့။ အဲဒီမှာ အိမ်တစ်အိမ်ကို မီးရှို့ဖို့လုပ်နေတဲ့ လူအုပ်ခေါင်းဆောင်က သူ။ သူက ဦးပဉ္ဇင်းတို့ ရွားသား။ ဦးပဉ္ဇင်းတို့က ၀ိုင်းတားတော့ သူတို့ တခြားဘက်ထွက်သွားတာ။ အခုလည်း မြို့တော်ခန်းမရှေ့က စွမ်းအားရှင်ဆိုတဲ့ ဓာတ်ပုံတွေထဲမှာ သူပါလာပြန်တယ်” ဟု ဦးဝါသ၀၏ ပြောကြားချက်ကို သည်ဗွိုက်ဂျာနယ်က ကိုးကားဖော်ပြသည်။

ဦးပဉ္ဇင်း ဦးဝါသ၀၏ အတိအကျ ပြောဆိုချက်အရ ကျောင်းသားသပိတ်ဖြိုခွဲသော စွမ်းအားရှင်အဖွဲ့တွင် မိတ္တီလာပဋိပက္ခ၌ ပါဝင်ခဲ့သူ အကြမ်းဖက်သမား တစ်ဦးထက်မနည်း ပါဝင်နိုင်ကြောင်း သိရသည်။

အလားတူ မိတ္ထီလာအပါအ၀င် ပဲခူးတိုင်းအနောက်ခြမ်းရှိမြို့များနှင့် ဥက္ကံ၊ လားရှိုး၊ မန္တလေး အစရှိသည့်မြို့များတွင် ဖြစ်ပွားခဲ့သော အစိုးရကျောထောက်နောက်ခံပြု ဘာသာရေးအကြမ်းဖက်မှုများ၌် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ၉၆၉ အဖွဲ့များနှင့် စွမ်းအားရှင်များကိုပင် အသုံးချခဲ့ကြောင်း အဆိုပါပဋိပက္ခဖြစ်စဉ်များ၌ ရဲလုံထိန်းများက ထိန်းသိမ်းမှုမရှိဘဲ ရပ်ကြည့်နေခြင်းက သက်သေခံလျက်ရှိသည်။

တောင်သာတပ်မတော်ဟု ခေါ်တွင်သည့် စွမ်းအားရှင်တို့မှာ အာဏာရှင်တို့က ပြဿနာဖြေရှင်လိုချိန်တွင် ချက်ချင်းဆင့်ခေါ်စုစည်းနိုင်ရန် စနစ်တကျဖွဲ့စည်းထားသော အစိုးရလက်ကိုင်တုတ် အဖွဲ့အစည်းဖြစ်သည်။

ရခိုင်ပြည်နယ်မှ စတင်ပေါ်ပေါက်ခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့အပေါ် အကြမ်းဖက်လှုပ်ရှားမှုများတွင် ၉၆၉၊ စွမ်းအားရှင် စသည့် အဖွဲ့အစည်းများကို အစိုးရက ရည်ရွယ်ချက်ချက်ရှိရှိ အသုံးချခဲ့ပြီး မီဒီယာများက “ဒေါသထွက်နေသော လူအုပ်ကြီး”အဖြစ်သာ ဖော်ပြသည်။

ကိုးကား – The Voice Vol.11/No.9
– စောလှဖြူ (Myanmar Muslim Media)

One Response to “Criminal Swarn Arr Shins exposed. So Myanmar Gov should be pulled to ICC for Mass Murders and Genocide ကျောင်းသားသပိတ် ဖြိုခွဲသူ စွမ်းအားရှင်များတွင် မိတ္ထီလာအကြမ်းဖက်မှု ကျူးလွန်ခဲ့အချို့ပါဝင်”

  1. drkokogyi Says:

    Aung Tin added 4 new photos.
    1 hr ·

    ဦးသိန်းစိန် ဖန်တီးထားတဲ့

    ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက် ယန္တရားကြီးကတော့

    ကျောင်းသားဘာဖြစ်ဖြစ်၊ ပြည်သူဘာဖြစ်ဖြစ် လမ်းလွဲသွားအောင်

    အင်ပြည့်အားပြည့် အရှိန်အဟုန်ဖြင့် ခုတ်မောင်းနေဆဲပါ။

    ကျောင်းသားအရေး၊ ပြည်သူ့အရေးတွေကြောင့်

    ဦးသိန်းစိန်ကို ပြစ်တင်ဆဲဆိုနေကြသူတွေကလည်း

    ကုလားအရေး ဖန်တီးလိုက်တာနဲ့

    ကိုယ့်ကိုဆော်ထား၊ နှက်ထား၊ သတ်ထားတာ အကုန်မေ့ပြီး

    ဦးသိန်းစိန်ကို အဖေကြီးခေါ်လိုက်

    တပ်မတော်ထဲ ဝင်မယ်ပြောလိုက်

    ကုလားသတ်မယ်ပြောလိုက်နဲ့

    ဒီတိုင်းပြည် ဒီတစ်သက်

    အာဏာရှင်စစ်ခွာအောက်က

    လွတ်ဖို့လမ်း မမြင်ဘူး။

    —————————-

    မွတ်ကုလားဘေးရန်သင့် ပြည်သူများကို အကာအကွယ်ပေးနိုင်အောင်

    ဥပဒေပညာသင်တန်းများ ပို့ချရန် ဆုံးဖြတ်ခြင်းနှင့်

    အတိုင်အတောထူတဲ့ မွတ်ကုလားတွေကို

    ကျောင်းမှန်း ကန်မှန်းသိအောင် ဆုံးမရေး

    သတိပေးစာရေးရန် ဆုံးဖြတ်ခြင်းများ ချမှတ်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: