ဦးရဲထွတ်… ဘာသာရေးလက်နက်အသုံးပြုတဲ့ နိုင်ငံရေး ခြေထိုးမှုဆိုတာ အောက်တန်းကျလွန်းပါတယ်..
ဦးရဲထွတ် ရှင်းပါ…
ခင်ဗျားနှပ်ကျောင်းပေး Higlight လုပ်ပြီး
share ထားတဲ့ ပုံထဲက
မုတ်ဆိတ်နဲ့ကုလားဟာ
BBC ရဲ့ Video File မှာ
ကျောင်းသားတွေကို ပြန်တွန်းတဲ့
ရဲတွေဖက်က ပါဝင်နေပါတယ်
အဲဒီလို ဘာသာရေး..မီးစနဲ့
အောက်တန်းကျတဲ့ဝါဒဖြန့်မှုကို
ခင်ဗျား တာဝန်ယူရပါလိမ့်မယ်..
ခင်ဗျားသောက်ရှက်မရှိဘူးဗျာ..
ကျုပ်သာခင်ဗျားနေရာဆိုရင်
နှုတ်ထွက်သွားတာကြာပြီ..
( Credit- ငရဲသား)
=============
အခြေခံကျသော..
အဖြေတစ်ခုကတော့..
ဦးသန်းရွှေလက်ထက်မှာ..
အသံသိပ်မကြားရပဲ..
ဦးသိန်းစိန်အစိုးရလက်ထက်..
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ
NLD အပြတ်အသတ်အနိုင်ရပြီးမှ
ထူးခြားစွာနဲ့..ဖြစ်ပွားလာတဲ့..
ဘာသာရေးလူမျိုးရေးပြဿနာတွေဟာ..
အစိုးရကိုယ်တိုင်က..
စတင်မီးမွှေး..ခဲ့တယ်ဆိုတာကို..
ဦးရဲထွတ်ကိုယ်တိုင်ကပါ….
ထပ်ပြီး…သက်သေပြလိုက်တာပါပဲ..၊
ဦးရဲထွတ်ရဲ့ရင်ထဲမှာ..
လက်ပံတန်းဖြစ်စဉ်အပေါ်..
ကိုယ့်ဘက်ကအမှားတွေကြောင့်..
ဖိအားများတဲ့အချိန် ကြံရာမရဖြစ်ပြီး..
မသိစိတ်ထဲမှာအမြဲတမ်း ရှိနေတဲ့..
ဘာသာရေးဝါဒဖြန့်ချီမှုတစ်ခုကို..
ရုတ်တရက် ထလုပ်ပြီး..
ဇာတ်ကွက်ဆင်လိုက်တာကို
နားလည်သွားပါပြီ..
ပြည်သူတွေကလဲ..
မြင်အောင်ကြည့်စေလိုပါတယ်..၊
ဒါဟာ..လူကျွံဘောလို့ခေါ်ပါတယ်ဗျာ..၊
ဘာသာရေးလက်နက်အသုံးပြုတဲ့..
နိုင်ငံရေး ခြေထိုးမှုဆိုတာ..
အောက်တန်းကျလွန်းပါတယ်..
( Pa Yit)
3 Responses to “ဦးရဲထွတ်… ဘာသာရေးလက်နက်အသုံးပြုတဲ့ နိုင်ငံရေး ခြေထိုးမှုဆိုတာ အောက်တန်းကျလွန်းပါတယ်..”
  1. drkokogyi Says:
    Pa Yit
    အခုကျောင်းသားသပိတ်ဖြစ်တဲ့နေရာမှာ..
    စစ်တပ်ထဲထွက်တဲ့ကောင်တွေက..
    ဘယ်လိုကြောင့် အမျိုးသားရေး ဆိုပြီး
    သောက်ရူးထကုန်ကြတာလဲ..၊
    မင်းတို့အုပ်ချုပ်တဲ့ခေတ်မှာမှ…
    ငါတို့မြန်မာတစ်မျိုးသားလုံး..
    ခွေးမဖြစ်ရုံတမယ် ဖြစ်သွားပြီး..
    ဖါပေါလို့ ဖုတ်ထူ..
    ရေမလာ မီးရှား..
    တဲ့ဘ၀ကိုရောက်သွားတာကို
    အကုန်လုံးသိတယ်..၊
    သယံဇာတတွေအကုန်
    သူခိုးဈေးနဲ့ရောင်းခံရပြီး..
    အမျိုးသားအကျိုးစီးပွားဆိုတာ
    အနုတ်လက္ခဏာပြသွားတာကိုလဲ
    ကလေးကအစသိတယ်..၊
    လူမှု၊စီးပွား..၊
    ပညာ၊ကျန်းမာ၊ဆက်သွယ်ရေ၊ လမ်းတံတား၊
    စတဲ့ကဏ္ဍပေါင်းစုံ စုတ်ပြတ်သတ်သွားတာကအစ…
    ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကြည့်ရင်သိတယ်၊
    ဒါကိုများကွာ..
    စောက်လေက မလျှော့သေးဘူး..
    ဒီသောက်ခွက်ကြီးတွေနဲ့…
    အမျိုးသားရေးဆိုပြီး..
    အသံကောင်းဟစ်နေသေးတယ်၊
    သောက်ရှက်ကိုမရှိဘူး..၊
    တစ်မျိုးသားလုံးခွေးဖြစ်နေတာတောင်
    အားမရသေးဘူးလားလို့..
    မေးချင်တယ်..၊
    ( Pa Yit)
  2. drkokogyi Says:
    သူ့အလိုလို ကွာကျသွားသော မျက်နှာဖုံးတစ်ခု လွန်ခဲ့သည် နှစ်နှစ်ကျော်က…မိတ္တီလာမြို့တွင်..
    ဘာသာရေးအရေးအခင်းစတင်ဖြစ်ပွားခဲ့ပါသည်..၊
    ထုံးစံအတိုင်း အမှိုက်ကစ ပြဿာဒ်မီးလောင်သော
    ကိစ္စများပင်ဖြစ်သည်၊
    မြို့တစ်မြို့လုံးနီးပါး ပြာကျသွားသည်..၊
    ဘာသာမတူသူအချင်းချင်းခုတ်ထစ်ကြသည်၊
    အရှင်လတ်လတ် မီးရှို့ကြသည်..၊
    ဘာသာမတူသူများ တုတ်ဓါးကိုင်ကြသည်..၊
    ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးကြသည်၊
    ထိုအချိန်တွင်..တရားဥပဒေစိုးမိုးရေးအတွက်..
    တာဝန်ရှိသူများမှာ..ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ
    ရဲတပ်ဖွဲ့ ပင်ဖြစ်သည်၊
    ထိုအရေးအခင်းမဖြစ်ခင်ကတည်းက..
    Online မှရော ပြင်ပတွင်ပါ လှုံ့ဆော်နေသူများရှိသည်..၊
    အပီအပြင် ဇာတ်လမ်းထွင်နေသူများစွာရှိသည်၊
    ဒါကို သိသိချည်းနှင့်.. အစိုးရနှင့်ရဲတပ်ဖွဲ့သည်..
    ပြင်ဆင်ချိန်အများကြီးရခဲ့သည်…၊
    ထိုစဉ်ကာလသည်..
    ရခိုင်အရေးအခင်းဖြစ်ပွားခဲ့သည်မှာလဲမကြာသေးပေ၊
    ထို့အတွက် ရဲတပ်ဖွဲ့သည် အကောင်းဆုံး ထိန်းချုပ်ရန်
    အခြေအနေကောင်းများစွာရှိပြီးဖြစ်နေရမည်..၊
    သို့သော်…
    အရေးအခင်းများသာဖြစ်ပွားပြီး…
    လူများစွာသေကြေကာ မြို့ကြီးပါမီးဟုန်းဟုန်းတောက်ခဲ့သည်၊
    ရဲတပ်ဖွဲ့ကြီးကား ထိရောက်သောနှိမ်နင်းမှု မပြုခဲ့ကြချေ..၊
    ပြည်သူများအတွက်..
    စဉ်းစားစရာဖြစ်လာခဲ့သောအချက်ပင်ဖြစ်သည်၊ ဆိုးသည်က..
    ပြည်သူ့ရဲများပင်ဖြစ်သည်..၊
    ပြည်သူ့ရဲများမှာ…
    အကြမ်းဖက်သတ်ဖြတ်မှုများအား..
    နှိမ်နင်းမည့်အနေအထားမရှိပဲ
    အခြေအနေကိုစောင့်ကြည့်ပြီး..
    အကြမ်းဖက်သမားများ၏
    Body Guard များသဖွယ်ဖြစ်နေကြသည်ကို
    ပြည်သူတို့ ခါးသီးစွာ မြင်တွေ့ခဲ့ကြသည်..၊ ထိုအခြေနေများကိုသုံးသပ်ရလျှင်..
    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်..
    ၂၀၁၂ မှ ၂၀၁၃ အတွင်းဖြစ်ပွားခဲ့သော..
    ဘာသာရေးအရေးအခင်းများ နှင့်
    ဆူပူသတ်ဖြတ်မီးရှို့မှုများနှင့်ပတ်သက်၍..
    ထိရောက်စွာနှိမ်နင်းရန်အတွက်
    အစိုးရ၏ တိကျသော ညွှန်ကြားချက်မရရှိခဲ့သည်မှာ..
    ထင်ရှားလွန်းလှပါသည်။
    ပြည်သူများ၏ အသက်အိုးအိမ်းစည်းစိမ်ကို..
    ဖျက်ဆီးနေသူများအား..
    အင်အားသုံးပစ်ခတ်နှိမ်နင်းခြင်းနှင့်
    အကြမ်းဖက် ဖြိုခွဲရန်..
    မည်သူက အမိန့်မပေးသနည်း..?
    ဘာ့ကြောင့် အမိန့်မပေးသနည်း?
    စဉ်းစားစရာပင်ဖြစ်သည်..၊
    ရဲတပ်ဖွဲ့အနေဖြင့်..
    ထိုအရေးအခင်းများတွင်..
    ဟန်ရေးပြသည့်အဆင့်သာသာရှိခဲ့ပါသည်..၊
    ထိုအဖြစ်အပျက်များကိုကြည့်လျှင်..
    အစိုးရသည်…
    ဘာသာရေး ဆူပူမှုများကို..
    တမင်တကာ ပိုမိုကြီးထွားစေရန်..
    လုပ်ဆောင်ခဲ့ကြောင်း သိသာစေပါသည်၊
    ပြည်သူများအတွင်း
    ဘာသာရေးမုန်းတီးမှု Tempo တက်အောင်လုပ်ပြီးမှ
    အတိုက်အခံပါတီများနှင့်ကျောင်းသားများကို..
    ကုလားတံဆိပ်ကပ်အောင်လုပ်သည့်…
    ဇာတ်ကွက်ကို ထပ်မံဖန်တီးခဲ့သည်ကိုလဲ..
    ထင်ထင်ရှားရှားတွေ့ရပါသည်..
    ထို Plan များထဲတွင်..
    ရဲတပ်ဖွဲ့ဝင်များသည်..
    အဓိကသရုပ်ဆောင်များဖြစ်ခဲ့ပါသည်။
    သူတို့ဘယ်ဘ၀ရောက်နေကြောင်းကို..
    ရဲအချို့သည်…သိမည်တောင်မထင်ပေ..၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏…
    ဘာသာရေးအရေးအခင်းများတုန်းက..
    လျော့ရဲခဲ့မှုများကို..
    ထင်ထင်ရှားရှားတွေ့ ရလေဖြစ်ပါသည်၊
    ဘယ်လိုမှ ဖုံးဖိဖါထေးလို့ ရမည်မထင်ပါ၊
    သတိပေးလိုသည်ကတော့..
    ရဲနှင့်စစ်တပ်၏ အလုပ်သည်..
    ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို
    အကာအကွယ်ပေးဖို့သာဖြစ်သည်..
    ထို့ကြောင့်သာ..ကမ္ဘာတွင်..
    ရဲနှင့်စစ်တပ် ပေါ်ပေါက်လာရခြင်းဖြစ်သည်..
    ခါးပိုက်ဆောင်တပ်၊
    လက်ကိုင်တုတ်တပ်၊
    ကြေးစားတပ်များနှင့်
    ရည်ရွယ်ချက်ခြင်းအပြတ်အသက်ကွာသည်၊
    အနေအထားကိုကြည့်ပါက…
    ပြည်သူများစွာအသက်အိုးအိမ်စတေးလိုက်ရသော
    မိတ္တီလာအပါဝင် အကြမ်းဖက်မှုကြီးများသည်..
    သဘာဝကျကျ သာမန်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ကြောင်းနှင့်
    အစိုးရ၏ နိုင်ငံရေးထောင်ခြောက်အတွက်..
    စတေးမှုများသာဖြစ်ပါကြောင်း..
    ထင်ရှားစွာ ဖေါ်ထုတ်ရရှိခဲ့ပါသည်..၊
    ရဲတပ်ဖွဲ့၏ အပြုအမူများကြောင့်..
    အစိုးရ၏..မျက်နှာဖုံးသည်..
    သူ့အလိုလို ကွာကျခဲ့ပြီးဖြစ်ပါသည်..၊
    ( Pa Yit) https://www.facebook.com/PaYit.page/posts/820459121353069:0
    Pa Yit
  3. drkokogyi Says:
    Pa Yit
    February 22 at 10:23pm ·
    ပုရစ် သဘောထား
    =========
    ကျွန်တော့်ကို မတ်စေ့ကနေ…
    လာမေးကြတယ်..
    အခု ကိုးကန့်မှာတိုက်နေတဲ့
    တိုက်ပွဲတွေအပေါ်မှာ..
    တပ်မတော်ကိုဘယ်လိုမြင်လဲတဲ့..၊
    တရုတ်ကျောထောက်နောက်ခံလုပ်ထားတဲ့
    လက်နက်ကိုင်အဖွဲ့တစ်ခု
    ဒါမှမဟုတ်…
    တရုတ်အစိုးရရဲ့တပ်မတော်သားတွေကိုယ်တိုင်
    ပါဝင်နေပုံရတဲ့ လက်နက်ကိုင်အဖွဲ့ကို..
    တိုက်နေတာဖြစ်တဲ့အတွက်..
    ရှေ့တန်းရောက်တပ်မတော်သားတွေရဲ့
    ဒီစစ်ဆင်ရေးတွေကို..
    ထောက်ခံပါတယ် လို့ပြောလိုပါတယ်၊
    ကျဆုံးဒဏ်ရာရနေတဲ့စစ်သည်တွေအတွက်လဲ
    အမှန်တကယ်ကို စိတ်မကောင်းပါဘူး၊
    ဒီလိုမျိုးသေဆုံးဒဏ်ရာရတဲ့ စစ်သားတွေကိုမြင်ရလေ..
    တစ်ချိန်တုန်းက အဲဒီအဖွဲ့တွေနဲ့..
    ငြိမ်းချမ်းရေအတုအယောင်လုပ်ပြပြီး
    တိုင်းပြည်ထဲ နက်ရှိုင်းစွာဝင်ရောက်အမြစ်တွယ်စေတဲ့
    စစ်အာဏာရှင်တွေကို မုန်းလေပါပဲ..၊
    ———————
    (1)
    တပ်မတော်သား စစ်ဗိုလ်တွေကို
    ပွင့်ပွင့်လင်းလင်းမေးလိုပါတယ်..၊
    အခြေအနေပေးတိုင်းမှာ..
    ခင်ဗျားတို့တွေ” ဒီမို “လို့ခေါ်တဲ့..
    ကျွန်တော်တို့တွေဟာ.
    ကိုးကန့်အကြောင်း
    တစ်ချိန်ချိန်မှာ အန္တရာယ်ရှိကြောင်း၊
    တစ်ချိန်မှာ အပ်နဲ့ပေါက်ရမှာကို
    ဆောက်နဲ့ထွင်းရမှာဖြစ်ကြောင်း…
    ထောက်ပြခဲ့တဲ့ပို့တွေကို မကြာခဏရေးခဲ့ဖူးပါတယ်၊
    – နယ်ခြားစောင့်တပ်ဖွဲ့တာကိုလက်မခံကတည်းက..
    – သူတို့ရဲ့ ရုံးစာမှာ ” ၀ ပြည်နယ်” လို့ သုံးကတည်းက၊
    – သူတို့ကို ၂၀၀၈ အခြေခံဥပဒေမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
    တိုင်း” ဆိုပြီး ပေးသုံးနေကတည်းက၊
    – သူတို့ရဲ့ ရုံးသုံးဘာသာဟာ တရုတ်ဘာသာ၊
    သူတို့သုံးငွေဟာ ယွမ်ငွေ၊
    သူတို့ အသံလွှင့်ဌာနဟာ တရုတ်ဘာသာ၊
    သူတို့ဆီကိုပညာရေးနဲ့ကျန်းမာရေးကလွဲရင်
    ဌာနဆိုင်ရာတွေ အလာမခံတာတွေကတည်းက၊
    – လွှတ်တော်မှာ ပြည်နယ်အတွက်တောင်းကတည်းက..
    – သူတို့ကို တရုတ်ကလက်နက်စက်ရုံတွေ..
    ဆင်ပေးကတည်းက၊
    – သူတို့တွေရဲ့နယ်မြေမှာ စိတ်ကြွဆေးနဲ့
    မူးယစ်ဆေးထုတ်လုပ်မှုတွေရှိတာကို
    အစိုးရက ရူးချင်ယောင်ဆောင်နေကတည်းက၊
    – သူတို့တွေကို တရုတ်က..
    လေယဉ်ပစ် ဒုံးကျည်တွေဆင်ပေးကတည်းက
    – သူတို့ကို တရုတ်က Modified လုပ်ထားတဲ့..
    Mi 17 ရဟတ်ယာဉ်တွေကို ရောင်းလိုက်ကတည်းက
    ကျွန်တော်တို့တွေ တောက်ရှောက်ပို့စ်တင်ပြီး
    အကြီးအကျယ်ဝေဘန်ခဲ့ကြတာကို..မှတ်မိမှာပါ..
    အဲဒီတုန်းက ကျွန်တော်တို့ရေးတာတွေကို.
    ဘဘတွေကို ကာကွယ်ချင်ဇောနဲ့…
    မျက်ကလဲဆန်ပြာ၊ သေကောင်ပေါင်းလဲ..
    အာပေါင်အာရင်းသန်သန်နဲ့…
    လိုက်ဖါနေကြတဲ့…ဖေ့စ်ဘုတ်အကောင့်တွေ….
    ဘယ်သူတွေဆိုတာကို…
    အားလုံးသိကြမယ်ဆိုတာပါပဲ..
    အဲဒီလူတွေ တစ်ယောက်မှမသေသေးပါဘူး..၊
    အလတ်ကြီးတွေရှိပါသေးတယ်…၊
    အခု…အဲဒီကောင်တွေ..
    ဘာလေသံထွက်နေလဲ..
    ခင်ဗျားတို့..မြင်အောင်ကြည့်ကြစေလိုပါတယ်၊
    ——————————
    (2)
    အခုတိုက်နေတဲ့..လောက်ကိုင်တိုက်ပွဲတွေက
    အကျဆုံးထိခိုက်မှုတွေကိုကြည့်ပြီး
    စိုးရိမ်ပူပန်မိတာကတော့..
    အင်အား အရမ်းများတဲ့..
    UWSA နဲ့သာ မြန်မာ့တပ်မတော်တိုက်ပွဲဆက်ဖြစ်ရင်..
    မြန်မာ့တပ်မတော်သားတွေဘယ်လောက်တောင်
    ထပ်ပြီး စတေးကြရမလဲ ဆိုတာကိုပါ…၊
    ဘယ်သူတွေစ တဲ့ဇာတ်လမ်းတွေကြောင့်
    ဘယ်သူတွေ ဘယ်လိုပေးဆပ်နေကြရသလဲဆိုတာကို
    စစ်သားစစ်စစ်တွေအနေနဲ့..
    မြင်အောင်ကြည့်သင့်ပါပြီ..
    ———————–
    (3)
    ထပ်ပြောချင်တာက..
    ကျွန်တော်တို့ဝေဘန်နေတာကို..
    တစ်ခုချင်းဖတ်ရင်…
    စစ်သားကိုဝေဘန်တာလား…
    စစ်သားတွေကိုလက်ကိုင်တုတ်လုပ်နေတဲ့
    စစ်အာဏာရှင်နဲ့..
    ဗိုလ်ချုပ်ကြီးတွေကိုဝေဘန်တာလားဆိုတာ
    နားလည်မှာပါ၊
    အမှန်တကယ် သနားစရာကောင်းတဲ့
    အောက်ခြေစစ်သားတွေဘက်ကမခံမရပ်နိုင်ဖြစ်လို့
    ရေးခဲ့တဲ့ပို့စ်တွေလဲ အများကြီးပါ၊
    ကျွန်တော်ခံယူချက်က
    စစ်သား ဆိုတာစစ်ခွေးမဟုတ်ပါဘူး၊
    စစ်ခွေးတွေကတော့ စစ်သားထဲမှာရှိနေပါတယ်၊
    စစ်အာဏာရှင်ထဲက စစ်သားစစ်စစ်တွေကို
    ခွဲထုတ် ဖို့ကြိုးစားတာဟာ..
    တပ်မတော်ကို ဖြိုခွဲဖို့ကြိုးစားတာနဲ့
    တခြားစီပါပဲ၊
    တပ်မတော်ထဲမှာ..
    စစ်အာဏာရှင်တွေနဲ့..
    သူတို့ကို လိုက်မနေတဲ့..
    ဘောမတွေရှိနေလို့သာ
    တပ်မတော်က သူ့အလိုလိုပြိုကွဲလာတာပါ၊
    ဒါတွေကိုလဲခဏခဏ ထောက်ပြခဲ့ပါတယ်၊
    တပ်မတော်ဟာ..တပ်မတော်ပါ
    အာဏာရှင်လက်ကိုင်တုတ်ဟာ..လက်ကိုင်တုတ်ပါ
    ဘောမတဲ့သူဟာ ဘောမပါ..၊
    သတ်သတ်စီဖြစ်ပါတယ်..၊
    ————————-
    (4)
    တစ်ချို့လော်ဘီတွေဆီမှာ..
    မျှော်လင့်ချက်လေးတွေရှိပါတယ်..
    အဲဒီမျှော်လင့်ချက်ဟာ..
    အခုလို စစ်သားတွေသေကြေနေတဲ့အချိန်မှာ…
    ပိုပြီးကြီးထွားလာတတ်ပါတယ်..
    ဘာလဲဆိုတော့…
    အောက်ခြေစစ်သားတွေထိခိုက်သေကြေတာကို
    ဗန်းပြပြီး..
    သူတို့ ဘဘတွေဘက်ကိုများ ပြည်သူတွေက..
    စိတ်ယိမ်းယိုင်လေမလား ဆိုတော့ မျှော်လင့်ချက်ပါ
    ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး..
    သေတဲ့အထိဖြစ်မှာမဟုတ်ပါဘူး..၊
    တကယ်ဖြစ်လာတဲ့အခြေအနေကတော့..
    ကိုးကန့်တိုက်ပွဲဖြစ်စဉ်တွေကြောင့်..
    တပ်မတော်သားစစ်စစ်တွေကို ပြည်သူကချစ်ပြီး
    အာဏာရှင်တွေနဲ့ ဘဘတွေကို ပြည်သူက..
    ပိုပြီး မုန်းတီးလာတာကို သိသိသာသာတွေ့လာရပါတယ်၊
    အဲဒီအခြေအနေကို ဖွတ်လော်ဘီတွေက..
    လက်ခံပုံမရပဲ..
    သူတို့ ဘဘတွေနဲ့ စစ်သားစစ်စစ်တွေအတူတူပဲ..ဆိုတဲ့
    အနေအထားမျိုးတွေနဲ့ ရောချ လော်ဘီလုပ်လာကြပါတယ်၊
    တကယ်ဆိုရင်..
    သူတို့အဘတွေလုပ်ခဲ့တဲ့အတွက်..
    တိုင်းပြည်ရော ပြည်သူရော..
    လူမွေးတောင်ပြောင်ခဲ့တာမဟုတ်ဘူး..
    သူတို့အဘတွေ လုပ်ခဲ့လို့ ဒီလိုသေကြေရတာကို
    သိသိချည်းနဲ့..သခင်အားရကျွန်ပါးဝအထာ လာဖမ်းနေပါတယ်၊
    တကယ်ဆိုရင် ကျွန်စနစ်က ကျန်ခဲ့ပါပြီ..
    အိမ်သာကြွေကမုတ်ပေါ်ကို..
    တစ်ရှူးခင်းပေးတဲ့ခေတ်တွေ..
    ဘဘ မမတွေရဲ့ အိတ်ဆွဲဖိနပ်ကိုင်ပြီး…
    သောက်မျက်နှာရဖို့အရေး ကပ်ဖါးရပ်ဖါးလုပ်
    ကျွန်ခံတဲ့ခေတ်တွေကို…
    တမ်းတမနေပါနဲ့တော့ လို့ပဲ ပြောလိုပါတယ်..၊
    ————————
    (5)
    ကျွန်တော့သူငယ်ချင်းတစ်ယောက်ပြောခဲ့တဲ့စကားကို
    မှတ်မိပါသေးတယ်…
    ” စစ်အာဏာရှင်က ဖျက်စီးလိုက်တဲ့ထဲမှာ..
    တိုင်းပြည်ရဲ့ ကဏ္ဍမျိုးစုံသာမက..
    တပ်မတော် ပါ…ပါသွားခဲ့ရတယ်.”
    ဆိုတဲ့..စကားပါဗျာ…
    ခင်ဗျားတို့ ငြင်းနိုင်ပါ့မလား..?
    ( Pa Yit)
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: