မိတ္ထီလာ အရေးပေါ်သတင်း ရဲမြင့် နောက်တမျိုးယုတ်မာပြန်ပြီ Mandalay PM Ye Myint ordered the closure of another Meiktila Masjid

မိတ္ထီလာ အရေးပေါ်သတင်း
ရဲမြင့် နောက်တမျိုးယုတ်မာပြန်ပြီ

လွန်ခဲ့သော၂နှစ်က တဖက်သပ်အကြမ်းဖက်လူသတ် မီးရှို့ လုယက် မြေသိမ်းခံခဲ့ရမှုအတွက် တနိုင်ငံလုးံရှိ မွတ်စလင်များ အထူးသဖြင့် ယနေ့ထက်တိုင်အောင် ကျီးလန့်စာစားဖြစ်နေကြသော မိတ္ထီလာမွတ်စလင်များ အတွက် နောက်ထပ် ယုတ်မာမှုတခုကို မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က ယနေ့ ထပ်မံပြုလုပ်လိုက်ပြန်ပါ ပြီ


မိတ္ထီလာမြို့ သာယာကုန်းရပ်ရှိ သာယာကုန်းဗလီမှာ ယနေ့အထိ မည်သည့်ပြသနာတစုံတရာမှမရှိဘဲ မွတ်စလင်များ အေးချမ်းစွာဖြင့် တနေ့၅ကြိမ် ပုံမှန် ဝတ်ပြု နေသော ဗလီဖြစ်ပါသည်

ယနေ့ မိတ္ထီလာ မယက မှ သာယာကုန်းဗလီရှေ့ဆောင် ဆရာနှင့် ဂေါပကအဖွဲ့ဝင်များကို မြို့နယ်ရုံးသို့ခေါ်ယူ၍ မနက်ဖန် ၂၀-၃-၂၀၁၅ ရက်နေ့မှစတင်ပြီး သာယာကုန်း ဗလီတွင် ဝတ်ပြုခွင့်မပေးတော့ကြောင်း ဗလီကို မယက မှ ပိတ်သိမ်းသွားမှာဖြစ်ကြောင်း ခေါ်ယူပြောကြားခဲ့ပါ သည်

သာယာကုန်းဗလီမှာ မိတ္ထီလာမြို့တွင် နံမည်ကြီး GE သန်းစိုးပိုင် သုခထီလာဆေးရုံနှင့် ကပ်လျက်တည်ရှိနေ သဖြင့် အဆိုပါ ဆေးရုံမှ အမြဲတမ်းပြသနာရှာ မျက်စောင်း ထိုးခံနေရသော ဗလီဖြစ်ပါသည်

ယခု မယက ကတော့ မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ပိတ်သိမ်းပေးရမည်ဟုသာ နှုတ်နှင့်ပြောကြားခဲ့ ခြင်းဖြစ်ပါသည်

စာနှင့် ပေနှင့် တရားဝင် ညွှန်ကြားအမိန့်ပေးခြင်း မဟုတ် သော်လည်း မလိုက်နာခဲ့ပါက စွမ်းအားရှင်များ ဒေါသထွက်နေသောလူအုပ်ကြီးများ မဘသ ၉၆၉ များ စေလွှတ်ရန်ရှာလာမည်ကို ဒေသခံလူထုက စိုးရိမ် ပူပန် လျက်ရှိနေကြပါသည်-

အရေးပေါ်သတင်းဖြစ်သည့်အတွက် ဆက်လက်ဖြန့်ဖြူး ပေးကြပါခင်ဗျား

မောင်မောင်
ရွှေကရဝိက်
၁၉-၃-၂၀၁၅
ည ၈နာရီ၄၃မိနစ်
K.L, Malaysia.

3 Responses to “မိတ္ထီလာ အရေးပေါ်သတင်း ရဲမြင့် နောက်တမျိုးယုတ်မာပြန်ပြီ Mandalay PM Ye Myint ordered the closure of another Meiktila Masjid”

  1. drkokogyi Says:

    Thuzar Mdy Thuzar Mdy အစွရ် ချိန်က ပိတ် လိုက်ပါ ပြီ ”

    969 နှစ်ပါတ်လည်ပွဲနဲ့
    ပြသနာ တခု အကြောင်းပြနဲ့ ပေါ့

  2. drkokogyi Says:

    ရဲမြင့် မင်းကို ငါတို့ မွတ်စလင်တွေက ခုံရုံးမတင်ရမခြင်း
    တသက်လုံးမကြေနပ်ဘူး

    မိတ္ထီလာက ကလေးလူကြီး အားလုံး မင်းသတ်တာ

    ပျက်စီး ဆုံးရှုံးသမျှ မင်းတာဝန်တွေချည်းဘဲ

  3. drkokogyi Says:

    PLEASE DON’T FORGET the Haji Pholone who was arrested and given long term jail sentence for helping the Muslim
    i At least Ye Myint could be held responsible for DESTROYING THE EVIDENCE OF CRIME…dead bodies of Meiktila.
    Ye Myint could be held responsible for DISTURBING and BLOCKING U Wirathu to join Muslims for Peaceful activities BUT failed to arrest when Wirathu is used by Aung Thaung to do Anti-Muslim activities including the director and masterminding the false rape report to start the Mandalay Riots.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: