အဖမ်းမခံလို့ အင်အားသုံးရတာဆိုရင် သိပ်မဆိုးလှပါဘူး သမ္မတကြီး
အဖမ်းခံပါ့မယ်လို့ ပြောလျက်နဲ့ အတင်းဝင်ရိုက် ဖမ်းပြီးသားကို ဝိုင်းရိုက်တာကတော့
ဘယ်နိုင်ငံတကာ စံနှုံးနဲ့မှ မကိုက်ညီပါဘူး။ နိုင်ငံတော်အစိုးရရဲ့ အကြမ်းဖက်မှုဖြစ်တယ်။
သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးတို့ရဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။
ပိုဆိုးတာက နေ့ခင်းကြောင်တောင် ကင်မရာတွေအောက်မှာ
သမ္မတလုပ်သူရဲ့ ဗြောင်လိမ်ညာမှုဖြစ်ပါတယ်။
လက်ပံတန်းတွင် ကျောင်းသား သပိတ်ပင်မစစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရသည့် ကိစ္စ အပေါ် ‘‘ဒီဟာကို အကြမ်းဖက် ဖြိုခွဲတယ်ဆိုပေမယ့်လည်း ကျွန် တော်တို့မှာ ဟိုက ရိုက်လို့ ဒီက ပြန်ပြီး ရိုက်ရတဲ့ သဘောပဲရှိ တယ်။ ဟိုက ခဲနဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့ သဘောပဲရှိတယ်။
တစ်ချက်မှ မျက်ရည်ယိုဗုံးတို့ ဘာတို့နဲ့ ပစ်ပြီး ဖြိုခွဲရတာတွေ၊ Water Canon နဲ့ ပစ်ပြီးတော့ ဖြို ခွဲရတာတွေ၊ နောက်တစ်ခါ Rubber Bullet နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ၊ ဒါတွေ တစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ခင်ဗျား တို့ အီးယူကလည်း ရဲလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ စနစ်တကျသင်ကြားပေးနေတာ တွေရှိပါတယ်။ ဒါဆန္ဒပြတဲ့သူ တွေဘက်က ရဲတွေကို ခဲနဲ့ ပေါက် တာ ရဲအမျိုးသမီးတွေ ခေါင်းတွေ ကွဲသွားတာ။ ရဲကားတွေ မှန်တွေ ကွဲသွားတာ၊ ရဲအတားအဆီးတွေ ကို ရိုက်ချိုးပြီး ဖျက်ဆီးတာ ဒါ တွေ အများကြီးပါပဲ။ ဒါတွေနဲ့ Balance လုပ်ပြီး ကြည့်ဖို့ကောင်း တယ်’’ဟု ဘီဘီစီသတင်းဌာနသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် ရဲတပ်ဖွဲ့အနေဖြင့် ၎င်း၏ လုပ်ငန်းကို အဆင့်ဆင့်လုပ်ဆောင်ခြင်း ဖြစ်ပြီး International Practice ထက် ကျော်လွန်ခြင်းမရှိကြောင်းနှင့် ယခုထက်ဆိုးသည့် ထိန်းသိမ်းမှုများ အနောက်နိုင်ငံများတွင် ယနေ့အထိဖြစ်နေဆဲဖြစ် ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။
‘‘ကျောင်းသားတစ်ယောက် ကို တုတ်တွေနဲ့ အယောက် ၂၀ လောက်က ၀င်ရိုက်တဲ့ ကိစ္စကတော်တော်လွန်တယ်။ ကျောင်း သားတစ်ယောက်ကို ရဲ ငါး ယောက်က လက်နဲ့ပဲ ဖမ်းရင် တောင် ရနေတယ်။ ကျောင်း သားက အဖမ်းခံမယ်ပြောတာကို ရဲတွေက တုတ်တွေနဲ့ ရိုက်နှက် ဖမ်းဆီးခဲ့တယ်။ ဒါကဆီလျော်မှု မရှိတဲ့ အကြောင်းပြချက်တွေပါ။ ကျွန်တော်တို့ ရှေ့မှာတင်ဖြစ် သွားတယ်။ သတင်းမီဒီယာတွေ ရဲ့ ဗီဒီယိုမှတ်တမ်းတွေမှာလည်း ပြန်ကြည့်ရင် တွေ့နိုင်တယ်’’ဟု အဆိုပါဖြစ်ရပ်တွင် ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ NNER အဖွဲ့ဝင် ကိုရဲ ၀င်းကပြောသည်။
Leave a Reply