မိတ္တီလာ သာယာကုန်းဗလီကို အကြောင်းပြချက်မပေးပဲ အချိန်အကန့်အသက်မရှိပိတ်

မိတ္တီလာ သာယာကုန်းဗလီကို အကြောင်းပြချက်မပေးပဲ အချိန်အကန့်အသက်မရှိပိတ်

ဆူးပြာ

မတ် ၂၁၊ ၂၀၁၅

မိတ္တီလာအကြမ်းဖက်မှုဖြစ်စဉ်မှာ ဖျက်ဆီးခြင်းမခံခဲ့ရတဲ့ တစ်လုံးတည်းသော ဗလီဝတ်ကျောင်းတော်ကို ၉ ၆၉ အဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် တာဝန်ရှိသူတွေက အကြောင်းပြချက်မပေးဘဲ အချိန်အကန့်အသတ်မရှိ ပိတ်ထားဖို့ ညွန်ကြားချက်ပေးခဲ့တဲ့အတွက် မတ်လ ၂၀ ရက်နေ့ကစပြီး သာယာကုန်းဗလီမှာ ၀တ်ပြုခွင့်မရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။

မိတ္တီလာမှာအကြမ်းဖက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းအချိန်တွေကတည်းက နန်းတော်ကုန်းရပ်ကွက်မှာရှိတဲ့ သာယာကုန်းဗလီဝတ်ကျောင်းတော်ဟာ ပုံမှန်အတိုင်းဖွင့်လှစ်နေခဲ့တာဖြစ်ပြီး မိတ္တီလာအကြမ်းဖက်မှု ပထမနှစ်ပတ်လည်တုန်းကလည်း ယခုလိုမျိုး ပိတ်သိမ်းဖို့ သက်ဆိုင်ရာက ညွန်ကြားချက်တစ်စုံတစ်ရာမလုပ်ခဲ့ ဘူးလို့လည်းဒေသခံတွေကပြောပါတယ်။

“ဘယ်နှစ်ရက်လို့တော့မပြောဘူး။ဒါပေမယ့် ပြန်ဖွင့်ဖို့ရာအတွက်တော့ ၀န်ကြီးချုပ်ဆီအထိ စာတင်မယ်ဆိုလည်း စာတင်ပါလို့ပြောတယ်။ဗလီ ၃ လုံးနောက်ထပ်ဖွင့်ပေးဖို့ကြိုးစားနေပါတယ်ဆိုတဲ့စကားလည်းပြောတယ်”လို့ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးကပြောကြောင်း ဟာဂျီ ဦးထွန်းမြင့်က Myanmar Muslim Media ကိုပြောပါတယ်။

မိတ္တီလာအကြမ်းဖက်မှု ၂ နှစ်ပြည့်တဲ့ ယခုနှစ် မတ်လ ၂၀ ရက်နေ့ညနေပိုင်းမှာ သာယာကုန်းဗလီ ဒု ဥက္ကဌ ဟာဂျီ ဦးထွန်းမြင့်၊အတွင်းရေးမှူး ဦးစိုးငြိမ်းနဲ့ ဗလီရှေ့ဆောင်ဆရာ မော်လာနာ ရဇာက် တို့ ၃ ဦးကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က ခေါ်ယူတွေ့ဆုံပြီး ခိုင်မာတဲ့အကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲ သာယာကုန်းဗလီဝတ်ကျောင်းတော်ကို အချိန်အကန့်အသတ်မရှိ ပိတ်ထားဖို့ညွန်ကြားခဲ့တာဖြစ်ပါတယ်။

“ဒါကတော့ တစ်ဘက်သက် လူနည်းစုကို အနိင်ကျင့်တာလို့ပဲမှတ်တယ်။အာဏာပိုင်အဖွဲ့အစည်းကလည်း ဘာမဟုတ်တဲ့အဖွဲ့ကိုကြောက်နေသလိုပဲ။အာဏာပိုင်အထက်မှာ ၉၆၉ ရှိနေလားလို့မေးရမယ်”လို့ နန်းတော်ကုန်းရပ်ကွက် မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးက အထက်ပါကိစ္စနဲ့ပတ်သက်လို့သုံးသပ်ပါတယ်။

မိတ္တီလာမြို့မှာ ဗလီဝတ်ကျောင်းတော် ၁၃ လုံးရှိတဲအနက် ချမ်းအေးသာယာဗလီ၊နန်းတော်ကုန်းဗလီ၊ငြိမ်းချမ်းရေးဗလီ(ဒိုဘီကုန်းဗလီ)၊ဘင်္ဂလီဗလီ၊တူရကီဗလီ တို့ ၅ လုံးသာ ဖွင့်လှစ်ခွင့်ရရှိထားပါတယ်။

အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းလက်ရှိအချိန်မှာ ၀တ်ပြုခွင့်ပေးထားတဲ့ မိတ္တီလာမြို့က ဗလီဝတ်ကျောင်းတော် ၅ လုံးအနက် နန်းတော်ကုန်းဗလီနဲ့ တူရကီ ဗလီဝတ်ကျောင်းတော်အနားမှာ နေထိုင်သူအစ္စလာမ်ဘာသာဝင်အနည်းစုသာရှိတဲ့အတွက် မြို့ခံမွတ်စလင်မ်တွေအနေနဲ့ သောကြာနေ့စုပေါင်းဝတ်ပြုမှုမှာ ဗလီနေရာအခက်အခဲရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Myanmar Muslim Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: