ဒူချီရာတန်အကြမ်းဖက်မှုအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် စစ်ဆေးအရေးယူမှုမရှိသော်လည်း ပျောက်ဆုံးရဲတပ်ကြပ်ကြီးအမှုဖြင့် ရိုဟင်ဂျာ ၇ ဦးကို ထောင်ဒဏ် ၁၈ နှစ်စီချမှတ်

ဒူချီရာတန်အကြမ်းဖက်မှုအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် စစ်ဆေးအရေးယူမှုမရှိသော်လည်း ပျောက်ဆုံးရဲတပ်ကြပ်ကြီးအမှုဖြင့် ရိုဟင်ဂျာ ၇ ဦးကို ထောင်ဒဏ် ၁၈ နှစ်စီချမှတ်

မောင်တော။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောနယ်စပ်ရှိ ဒုချီရာတန်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအတွင်း ရိုဟင်ဂျာမွတ်စလင်တို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိစ္စ စုံစမ်းအရေးယူမှုများ မရှိသော် လည်း အဆိုပါဖြစ်စဉ်အတွင်း လက်နက်နှင့်တကွ ပျောက်ဆုံးသွားသော ရဲတပ်ကြပ်ကြီးအမှုဖြင့် ဖမ်းဆီးထားသူ ရိုဟင်ဂျာ ခုနှစ်ဦးကို မတ်လ ၁၆ ရက်နေ့က မောင်တောခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၈ နှစ်စီ ချမှတ်လိုက်ကြောင်း 7day နေ့စဉ်သတင်းစာက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က ဒူချီရာတန်ကျေးရွာတွင် ရိုဟင်ဂျာ ၈ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဒူချီရာတန်(ကီလာတောင်း)ရွာသားများ၏ မကြေမနပ်မှုများ မြင့်တက်လာရာ ၁၄ ရက်နေ့၌ ရဲလုံထိန်းနှင့် ရခိုင်လူမျိုးတို့ရောက်ရှိလာပြီး လူသတ်မှုကိစ္စကို နှုတ်ဆိတ်နေရန် ခြိမ်းခြောက်သတိပေးပြောဆိုခဲ့သည်။

ထိုစဉ်အတွင်း ဒေါသထွက်နေသော ရွာသားများနှင့် ရခိုင်လူမျိုးတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး လုံထိန်းနှင့် အစွန်းရောက်ရခိုင်များ၏ ၀င်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၇၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ကုလသမဂ္ဂကမူ အဆိုပါဒေသတွင် ဆေးဝါးကုသမှုအကူအညီပေးနေသာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)၏အဆိုကို ကိုးကားလျက် လူပေါင်း ၄၈ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်သည်။

ရိုဟင်ဂျာရွာ ၄ ရွာနှင့် ရခိုင် ၃ ရွာ စုပေါင်းထားပြီး လူဦးရေ ခန့်မှန်းခြေ ၃၅၀၀ ခန့်နေထိုင်သော ဒူချီရာတန်ရွာကြီးတွင် အဆိုပါ ဖြစ်စဉ်အတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာအမျိုးသမီးအချို့ မုဒိမ်းကျင့်ခံခဲ့ရကြောင်း၊ သေဆုံးဒဏ်ရာသူများတွင် အမျိုးသမီးနှင့် ကလေးငယ် အများအပြားပါဝင်ခဲ့ကြောင်း အင်္ဂလန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း(BROUK)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့၏ ရိုက်နှက်ဖမ်းဆီးအတွင်း ဒေသခံရိုဟင်ဂျာ ၁၀၀ နီးပါး ဖမ်းဆီးခံရကာ အများစုမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ၁ နှစ်ကျော်ကြာအချိန်၌ ဖမ်းဆီးခံရသူများအနက် ယခုကဲ့သို့ လူ ခုနှစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် အပြင်းထန် ရှုတ်ချခဲ့ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။ မြန်မာအစိုးရကမူ အဆိုပါဖြစ်စဉ်အတွင်း ရဲတပ်ကြီးကြီး ပျောက်ဆုံးမှုမှလွဲ၍ မည်သည့်သေဆုံးမှုမှ မရှိကြောင်းငြင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ပြီး လူမျိုးရေးပဋိပက္ခအသွင်ဆောင် ဘာသာရေး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ရိုဟင်ဂျာ ၂၀၀ ကျော်သေဆုံးပြီး လူပေါင်း ၁သိန်း၎သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

Source : 7day Daily/ New York Times/ BROUK

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: