ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးနှင့် လုံထိန်းများက ဒေသခံမွတ်စလင်မ်များထံမှ အကြောင်းရှာငွေညှစ်

ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးနှင့် လုံထိန်းများက ဒေသခံမွတ်စလင်မ်များထံမှ အကြောင်းရှာငွေညှစ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ရဲဝန်ထမ်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုံထိန်းအချို့တို့သည် ဒေသခံမွတ်စလင်မ်များကို အကြောင်းရှာ အရေးယူ၍ငွေကြေးဒဏ်ရိုက်မှုများရှိကြောင်း ဒေသခံများမှMyanmar Muslim Media ကိုပြောသည်။

“လင်မယားရန်ဖြစ်တာလည်း ဘာမှကြီးကြီးကျယ်ကျယ် မဖြစ်ဘဲနဲ့လည်း သတင်းရတာနဲ့လာဖမ်းသွားတယ်။ ငွေတောင်းတယ်။ ရဲစခန်းကို ခေါ်သွားတယ်။ စခန်းမှူးက နောက်ကွယ်ကနေပါနေတယ်။ မြှောက်ပေးထားတာပေါ့။ အဲဒါကြောင့်လုပ်ရဲတာပေါ့။…စခန်းမရောက်ဘဲပြန်လွတ်ချင်ရင် လမ်းမှာပဲညှိရတာပေါ့ သူလိုချင်တဲ့ အတိုင်းအတာရရင်တော့ပြေလည်သွားတာပေါ့”ဟု ရဲတပ်သားတစ်ဦးနှင့်ပတ်သက်ပြီး ဒေသခံမွတ်စလင်မ်တဦးက Myanmar Muslim Mediaကိုပြောသည်။

ထိုကဲ့သို့အကြောင်းရှာငွေညှစ်နေသူ ရဲတပ်သားသန်းဇော်ဦးနှင့်ပတ်သတ်၍ အမျိုးသမီးတဦးကလည်း “ဖြေရှင်းပေးတာတော့မဟုတ်ဘူး။ ငွေစားနေတာပေါ့။ မွတ်စလင်မ်တွေဆီက လိုချင်တယ်။ မွတ်စလင်မ်တွေဆီက စားတယ်။ သန်းဇော်ဦးလို ရဲမျိုးကို မလိုချင်တာတော့အမှန်ပဲ။ ဒီမှာက မွတ်စလင်မ်ဆိုတာ နဲ့အားနည်းချက်ဖြစ်နေတယ်လေ။ သန်းဇော်ဦးဆိုတဲ့ ရဲကတော့ အကုန်လုံးဆီက စားနေတာပဲ” ဟုဆိုသည်။

ကျောက်နီမော်ရွာမှမွတ်စလင်မ်တို့သည် ဆေးကုသလိုလျှင်လည်း အုပ်ချုပ်ရေးမှူးနှင့် ရဲ၊လုံထိန်း တို့ကိုအကြောင်းကြား၍ ၎င်းတို့တောင်းသည့်ငွေ ပေးပြီးမှ ဆေးရုံတက်ခွင့်ရှိကြောင်းပြောသည်။

ကျောက်နီမော်တိုက်နယ် ဆေးရုံသည် ဗုဒ္ဓဘာသာရခိုင်လူမျိုးများ နေထိုင်ရာရပ်ကွက်တွင်ရှိသောကြောင့် မွတ်စလင်မ်လူနာများ၏ လုံခြုံရေးအတွက် လုံထိန်းများကို အခကြေးငွေပေး၍ ခေါ်ရကြောင်း၊ လုံထိန်းများကို ညစဉ်မခေါ်လျှင် ဆေးရုံတက်ခွင့်မရှိကြောင်း သိရသည်။ လုံထိန်းများကို တစ်ညလျှင် ၅၀၀၀ ကျပ်နှုန်းပေးရကြောင်း ဒေသခံများက ဆိုသည်။

မတ်လ ၁၇ ရက်နေ့ကလည်း လုံထိန်းမခေါ်နိုင်သော ဆေးရုံတက်မွတ်စလင်မ်လူနာ ၄ ဦးကို ရဲတပ်သား သန်းဇော်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဆေးရုံပေါ်က အဓမ္မ နှင်ချခဲ့၍ ဆင်းပေးခဲ့ရကြောင်းဒေသခံ များထံမှ သိရသည်။

နောက်ဆုံးသိရသောသတင်းများအရ ထိုကဲ့သို့ ရဲဝန်ထမ်းနှင့် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ နှောက်ယှက်မှုကြောင့် ဆေးရုံပေါ်မှ ဆင်းပေးရသော လူနာ ၄ ဦးအနက် ၁ဦးမှာ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ ဆေးဝါးပြတ်လပ်ကာ သေဆုံးသွားကြောင်းသိရသည်။

ဆူးနီ
မတ်လ၊ ၂၄

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: