ပြည်တွင်းမှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ဘဝ တစွန်းတစပြောပြမယ်

ပြည်တွင်းမှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ဘဝ တစွန်းတစပြောပြမယ်

မွဖ်သီသကီးအွစ်မာနီကမိန့်ခဲ့တယ်လို့တဆင့်ကြားဘူးတယ်-

“မင်းတို့ ငါတို့ရဲ့ အီမာန်ထက်က မြန်မာပြည်က အရက် သမားအစ္စလာမ်တယောက်ရဲ့ အီမာန်က ပိုမြင့်တယ်” -ဆိုတဲ့စကား

ပညာရှိစကား အားအားယားယားပြောခဲ့တာမဟုတ်ဘူး


ပြည်တွင်းက မြန်မာမွတ်စလင်တွေက
-နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေနဲ့ အီမာန်ကို ထိန်းသိမ်းနေ ရတယ်
-နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေနဲ့ ရုံးတက်နေရတယ်/ဆိုင်ဖွင့်နေရတယ်/ဈေးသွားနေရတယ်/ကျောင်းသွားနေ ရတယ်/သားသမီးတွေကျောင်းကိုလွှတ်နေရတယ်
-နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေနဲ့ ဗလီတံခါးတွေဖွင့်နေရ တယ်/အာဇာန်ဆိုနေရတယ်/နမားဇ်ဝတ်ပြုနေရတယ်/မဒရ်စာတွေဖွင့်နေရတယ်

နေ့စဉ်နဲ့အမျှ စိုးရိမ်စိတ်တွေနဲ့ အိပ်ယာဝင်ကြရတယ်
-လမ်းမတန်းကဗလီတွေ ဂဲနဲ့ နေ့စဉ်လိုအထုခံနေရတယ်
-အဆဲခံနေရတယ်
-ပေါင်းသင်းဆက်ဆံရေးမှာ/အရောင်းအဝယ်ကိစ္စတွေမှာ လူပါးအဝခံနေကြရတယ်
-ကိုယ့်အရပ်ကစပြီး ပြသနာအရှာခံရမလား/တခြား ဘယ်အရပ်ကနေ ပြသနာစလာမလဲ အမြဲတမ်း စိတ်ပူ နေရတယ်
-မိတ္ထီလာနှစ်ပတ်လည်ပုံတွေ FB မှာ ဝေဝေဆာဆာပါလာ တာကိုတောင် စိတ်ပူနေရတယ်
-လောလောဆယ် ပြည်တွင်းမှာ အစွမ်းကုန် တောင့်ခံထားပြီးပြီ
-ဂျီနိုဆိုက် အဆင့်ရှစ်ဆင့်စလုံးလဲ ကျော်လွန်နေပြီ
-ဒီအချိန်မှာ ယူအဲန်နဲ့ နိုင်ငံတကာက ဝင်ရောက်အရေးယူ ဖို့ဘဲလိုတော့တယ်
-ဒီအလုပ်ကို ပြည်တွင်းကလူတွေ ဘာမှလုပ်လို့မရဘူး
-ပြည်ပကလူတိုင်းလဲ လက်လှမ်းမမှီတာတွေရှိနေတယ်
-ဒါပေမဲ့ ပြည်ပကလူတွေ လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါ တယ်
-ပြည်တွင်းမှာ မွတ်စလင်တွေမပြောနဲ့ ဗုဒ္ဓဘာသာဝင်တွေ ရွှေဝါရောင်ဘုန်းကြီးတွေတောင် ဘာမှလုပ်လို့မရဘူး
-ပြည်တွင်းမှာ မြန်မာမွတ်စလင်တွေ အနေအထိုင်အပြော အဆို အစစ ဆင်ခြင်ပြီးနေ နေရတယ်
-ဒါတောင် ရန်ကုန်/မန္တလေး မြို့ကြီးတွေကိုပြောနေတာ
-နယ်မြို့လေးတွေရဲ့ အခြေအနေကို စဉ်းစားကြည့်

အစိုးရ အပြောင်းအလဲဖြစ်လို့ လွတ်လွတ်လပ်လပ်သာ လုပ်ပိုင်ခွင့်ရကြည့်ပါလား
မြန်မာမွတ်စလင်တွေကိုတင်မကဘူး မြန်မာပြည်ကိုပါ ခေါင်းဆောင်နိုင်တဲ့ မွတ်စလင်တွေ ပြည်တွင်းမှာအများကြီး

ပြည်ပကလူတွေ ဘာမှ လုပ်ပေးနေစရာတောင် မလိုဘူး

အဓိကပြောချင်တာက
အပြစ်တင်စကား ပြောရတာက လွယ်ပါတယ်
အခု
ငါ
ဘာလုပ်ပေးနိုင်မလဲ
အရင် စလိုက်ကြရအောင်ပါဗျာ-။

Kyaw Win ဟုတ်ပါတယ် ကို Maung Maung Skw ….. ရန်ကုန်မြို့ စူရတီဗလီ လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က ဂျွမ္မာနေ့မှာ ဟောခဲ့တဲ့ တရားပါ။ ကျွန်တော်ကိုယ်တိုင် ကြက်သီးထဖွယ် ကြားခဲ့ရတာပါ။ အခြေအနေတွေက သိပ်စိတ်ပျက်အားငယ်စရာဖြစ်လာရင် အဲဒီစကားကို နားထဲပြန်ကြားယောင်ပြီး အားတင်းခဲ့ရတာ နှစ်ပေါင်းများလှပါပြီဗျာ။

Maung Maung Skw ကြိုက်စရာစကားပြောရင် ကြိုက်ကြမှာပါ
အပြုသဘောဆောင်တဲ့စကားကိုလဲ အားလုံးကကြိုဆိုကြမှာပါ
ကျွန်တော်ကတော့ ပြည်တွင်းက အဖိနှိပ်ခံတွေလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ မည်သူမဆိုရဲ့နောက်လိုက် အဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိနေပါတယ်

လိုအပ်တာတွေကိုလဲ တာဝန်ပေးသလို လုပ်ပေးနေပါတယ်
ပြည်ပမှာရောက်နေတဲ့ နားလည်တတ်ကျွမ်းသောဆရာကြီးများ
အခြေအနေနဲ့ အချိန်အခါကို အကျိုးရှိရှိ အသုံးချစေချင်တာပါ
ကိုယ် ဘာတွေလုပ်ပြီးပြီလဲ
ဘာတွေဆက်လုပ်မှာလဲ
သေချုာ စဉ်းစား သုံးသပ်ပါ

ပြည်တွင်းကလူတွေအပေါ် ဖိအားတွေ မပေးစေချင်ပါဘူး
အပြစ်တင်စကားတွေမဆိုစေချင်ပါဘူး
ပြည်တွင်းမှာ တအားခက်ခဲ ကျပ်တည်းနေကြ ပါတယ်

ဒါပေမဲ့ ပြည်တွင်းကလူတွေကလဲ အဲ့ဒီလောက် ခက်ခဲ ကျပ်တည်းတဲ့ကြားက အပြင်ကလူတွေ စဉ်းစားလို့တောင်မရနိုင်မဲ့ အလုပ်တွေကို လုပ်နေကြပါတယ်

ဒါလေးကို အတွင်းလူ အပြင်လူတွေ နားလည်မှုရှိစေချင်လို့ ရေးလိုက်တာပါ

လုပ်ကြပါ လုပ်နိုင်သူ လုပ်တတ်သူတွေ လုပ်ကြပါ ကျွန်တော့်အဆင့်ကတော့ UNHCR ကစောင့်ရှောက်ထားလို့ မလေးမှာ ခေတ္တ ရပ်တည်ခွင့်လေးရထားတဲ့ Stateless တယောက်ပါ-လိုအပ်တာရှိရင် ခိုင်းပါဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: