ဘာသာရေးကို နိုင်ငံရေး (နိုင်ငံတော်အာဏာအရေး) မှာ အသုံးချချင်တာ၊ နိုင်ငံရေး (နိုင်ငံတော်မူဝါဒ) ကို ဘာသာရေးတိုးတက်ဖွံ့ဖြိုးဖို့ အသုံးချတာချင်တာဟာ ကြီးစွာသော အန္တရာယ် တရပ်ဖြစ်တယ် သီတဂူဆရာတော်

သီတဂူ ဆရာတော်ဘုရား ဘာသာပြန်က ပို လှသေးတယ်။ ဘာမှကို ဆိုစရာမရှိတော့ လို့ ပြောရတော့မယ် ထင်ပါတယ်။

“Every religion can be twisted into a destructive force poisoned by ideas that are antithetical to its foundations. Now it’s Buddhism’s turn.” စာကြောင်းကို ဆရာတော်ဘုရားက ဒီလိုပြန်ပါတယ်။

ဘယ်လောက်ဆိုးသလဲ.. ဘာသာတရားတိုင်းဟာ ပြောင်းပြန်ပြန်ပြီးတော့၊ လိမ်ညာပြီးတော့၊ သို့မဟုတ် လှည့်စားပြီးတော့.. ပြောမယ်ဆိုလို့ရှိရင် ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေး အင်အားစု မဟုတ်ဘူးတဲ့.၊ “destructive force” အဖျက်အားအားစုကြီးလို့ ပြောနိုင်တယ်၊ “destructive force poisoned” ဘာသာတရားတွေက အမြိုက်သုတ္တံအရသာ မဟုတ်ဘူး။ အဆိပ်အိုးကြီးနဲ့တူတယ်လို့လည်း ပြောနိုင်တယ်။ ဒါဟာ ဗုဒ္ဓဘာသာတခုတည်းမဟုတ်ဘူး၊ ဘာသာတရားအားလုံးကို စော်ကားထားတဲ့ စာ၊ တိုင်းမ်မဂ္ဂဇင်း။ “that are antithetical to its foundations. Now it’s Buddhism’s turn.” ဒီကနေ့ ဗုဒ္ဓဘာသာသည် လူတို့ရဲ့ ငြိမ်းချမ်းရေး ဘက်ကနေပြီးတော့ ဆူပူလှုပ်ရှားသောင်းကျန်းတဲ့ ဘက်ကို ပြောင်းသွားပြီ။ အမြိုက်သုတ္တံအရသာ ပေးတဲ့ ဗုဒ္ဓဘာသာသည် လူတွေကို အဆိပ်ပေးတဲ့ဘက်ကို “Buddhism’s turn.” ဆိုတော့ ပြောင်းသွားပြီ။ ဒါစော်ကားတာ..။

အဲ့ဒါကြောင့် အရှင်ဘုရားများ International Outlook ရှိဖို့လိုပါတယ်။ ဆူပူခြင်း၊ သောင်းကျန်းခြင်းတွေဟာ ဘာကြောင့်ဖြစ်လာသလဲဆိုရင် များစွာသော် အကြောင်းတွေထဲက အဲဒီလို အဲဒီလို သတင်းစာဆရာတွေ၊ ဂျာနယ်ဆရာတွေ၊ မဂ္ဂဇင်းဆရာတွေကြောင့် ဖြစ်လာတာဟာ များစွာသော် အကြောင်းတွေထဲက အကြောင်းတခု ဖြစ်တယ်လို့ ဒီကနေ့ ဒီ အစည်းအဝေးမှာ တင်ပြပါတယ်။

ဆိုတော့ ဆရာတော် ဘုရားက ပြည်တွင်းဆူပူတွေမှာ မီဒီယာတွေ သွေးထိုးမှုက တကြောင်းလို့ ယူဆပုံရပါတယ်။

VOA, RFA, DVB “လိမ်နေသည်၊ ညာနေသည်၊ ရန်တိုက်ပေးနေသည်” ဆိုတဲ့ သဘောမျိုး စစ်အုပ်စု တသက်လုံး စွပ်စွဲလာသလို အခုလည်း တိုင်းမ်မဂ္ဂဇင်း “လိမ်နေသည်၊ ညာနေသည်၊ သွေးထိုးပေးည်၊ ရန်တိုက်ပေးနေသည်” လို့ ဆိုချင်ပုံ ရပါတယ်။

ဆရာတော်ဘုရားလို နိုင်ငံတကာ၊ သွားလာနေတဲ့ အင်္ဂလိပ်စာတတ် လိုဆိုကြတဲ့ ဆရာတော်ဘုရားကြီး မျိုးရဲ့ အထက်ပါ စာကြောင်း ဘာသာပြန် အနက်ယူပုံကိုကြည့်ရင် ဒီဆောင်းပါးတခုလုံးကို ဆရာတော် ဘယ်လို နားလည်၊ သုံးသပ် မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဆရာတော်ဘုရား အထက်မှာ အနက်ကောက်ခဲ့တဲ့ စာကြောင်းရဲ့ တကယ့် သဘောက ကျနော် အရင် ရှင်းပြခဲ့သလို ဒီလိုပါ။

“နဂို ‘မူလ’ (ဝါ) ‘Thesis’ အခြေတည်ခဲ့တဲ့ ပကတိ သဘောထားတွေရဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ‘ပဋိမူလ’ (ဝါ) ‘Antithesis’ အတွေးအခေါ် တွေနဲ့ အဆိပ်ခတ်ခံရတဲ့ (အဆိပ်အတောက်ဖြစ်စေတဲ့) အခါမှာ ဘာသာတရားတိုင်းဟာ ဖျက်စီးချေမှုန်းနိုင်စွမ်းအား တရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အခု ဗုဒ္ဓဘာသာ အလှည့်ပါပဲ” ဆိုပြီး ဒီလို အကြမ်းဖက်မှု တွေဟာ မူလသဘောနဲ့ ဆန့်ကျင်ဘက်သာ ဖြစ်တယ်ဆိုတဲ့ အကြောင်း နဲ့ ဘာသာတိုင်းမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတဲ့ သဘောကို သေသေချာချာ မူရင်းဆောင်းပါးရှင်က ထောက်ပြထားခြင်းသာ ဖြစ်တယ်။

နောက်တချက် တိုင်းမ် ဆောင်းပါး နဲ့ မဆိုင်တဲ့ တိုင်းပြည် အနာဂတ် အတွက် ပိုအရေးကြီးတဲ့ ကိစ္စ ကို လူအမုန်းခံ ဆိုရရင်…

သီတဂူဆရာတော်ဘုရားကြီးကို သဘောထားတင်းမာသူ လို့ ဘယ်သူက စွပ်စွဲဝံ့မလဲ။ နိုင်ငံတကာ နဲ့ ပြည်တွင်းမှာ သာသနာ ပြုနေတဲ့ ရဟန်းမြတ်၊ ပြည်တွင်းမှာ လူမှုရေး လုပ်ငန်းတွေ ဦးဆောင် လုပ်နေတဲ့ ရဟန်းမြတ်၊ ခေတ်ပညာအသိနဲ့ အမြင်ကျယ်သူ ဘယ်သူမှ မငြင်းနိုင်ဘူး။

ဒါပေမယ့် ဒီလို လူလေးစားကြည်ညိုရတဲ့ ဆရာတော်ဘုရား လို မျိုးကတောင် သဘောထားတင်းမာသူ လို့ စွပ်စွဲခံရတဲ့ သံဃာတော်တချို့ တွေးသလို၊ မြင်သလိုပဲ သဘောနီးစပ်တွေးတယ်၊ မြင်တယ်။ သူကတော့ မြှောက်မပေးဘူး။ သည်းခံဖို့၊ ခွင့်လွှတ်ဖို့ သြဝါဒ ပေးတယ်။

ဒါပေမယ့် အမြင်ကတော့ မကွာဘူး။

အထူးသဖြင့် ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်းဟာ မင်းအစိုးရတရပ်ရဲ့ တာဝန်လို့ မြင်နေတယ်။ ဆိုတော့ နိုင်ငံတော် နဲ့ ဘာသာတရား အပြန်အလှန် ကျွန်းကိုးမှီ၊ ကိုင်းကျွန်းမှီ လုပ်ဖို့ လိုတယ် ဆိုတဲ့ အမြင် ရှိနေတယ်။

သက်ဦးဆံပိုင် ပဒေသရာဇ် မင်း နဲ့ အာဏာရှင် စနစ်မှာ “မင်း” နဲ့ “ဘာသာရေးခေါင်းဆောင်” ပေါင်းပြီး တယောက်က “အာဏာအကျိုး”၊ တယောက်က “သာသာနာ အကျိုး” တည်ဆောက်တာဟာ လက်သင့်ခံနိုင်တယ်။ ရှေးဟောင်းလူ့အဖွဲ့အစည်းတိုင်း ရဲ့ အုပ်ချုပ်သူနဲ့ ဘာသာရေးခေါင်းဆောင်တိုင်းမှာ လည်း ဒီသဘောရှီတယ်။

ဒါပေမယ့် လက်ရှိ နဲ့ အနာဂတ်ရဲ့ လူမျိုးစုံ၊ ဘာသာစုံ မှီတင်းတဲ့ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းမှာ ဘာသာရေးကို နိုင်ငံရေး (နိုင်ငံတော်အာဏာအရေး) မှာ အသုံးချချင်တာ၊ နိုင်ငံရေး (နိုင်ငံတော်မူဝါဒ) ကို ဘာသာရေးတိုးတက်ဖွံ့ဖြိုးဖို့ အသုံးချတာချင်တာဟာ ကြီးစွာသော အန္တရာယ် တရပ်ဖြစ်တယ်။

ပိုဆိုးတာက ကြေးတန်းလည်းတိုက်ချင်တာ။ သူများ အစ္စာလာမ်မစ် နိုင်ငံတွေမှာ ဘယ်လို၊ ငါတို့က အများကြီးတော်သေးတယ် ဆိုတဲ့ အမြင်မျိုးတွေ ရှိတယ်။

ကျနော် ပြောပြီးပြီ..။ အာရပ်တိုင်းပြည်တွေလောက်ပဲ လှမ်းမျှော်ကြည့်တတ်ရင်၊ မလေးရှား ဒီမိုကရေစီလောက်ပဲ မှန်းတတ်ရင် အာဏာရှင်စနစ်ကျင့်သုံး၊ ဒါမှဟုတ် ဘာသာရေးခေါင်းဆောင်တွေက တိုင်းပြည်မှာ အုပ်ချုပ်၊ ဒီလိုဆိုရင် ကျနော်တို့လည်း ပါးစပ်ပိတ်နေမယ်။

ဒီအရေး မသေးပါ။ ဆက်ရန်တွေ အများကြီး ရှိသေးတယ်။
ငြိမ်းချမ်းအေး
၂၉ ၊ ဇွန် ၊ ၂၀၁၃

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: