ဘယ်လူမျိုး ဘယ်ဘာသာဝင်ပင် ဖြစ်ပစေ လူယုတ်မာတွေကို သတိထားကြ

U Aung Tin, “ဘယ်လူမျိုး ဘယ်ဘာသာဝင်ပင် ဖြစ်ပစေ  လူယုတ်မာတွေကို သတိထားကြ”

မနေ့ကလည်း ဒီလိုသတင်းနဲ့ ဆင်တူ တစ်ခုနှစ်ခုတွေ့လိုက်မိပါသေးတယ်။
.
ရခိုင်ရုပ်ထဲမှာ မွတ်ဆလင်နဲ့ မကွာတဲ့ ရုပ်တွေအများကြီးရှိသလို ဗုဒ္ဓကိုးကွယ်တဲ့ ဘရူဝါ မာရမာတွေဟာလည်း ၂၀၁၂ ကတည်းက ရခိုင်ကို မလွန်ဆန်နိုင်ပါဘူး။

ရုပ်ကိုကြည့်ပြီး မသဲကွဲကြတဲ့အပြင် ကုလားမုန်းရောဂါကလည်း နေမြင့်လေ အရူးရင့်လေဖြစ်နေတဲ့ အချိန်အခါမို့ သတိထားသင့်တယ်။

သတင်းသေချာမှ တင်တာမျိုး မဟုတ်ဘဲ လုပ်ကြံသတင်းတွေကို ဖန်တီးတင်ပြကြတဲ့ခေတ်ဖြစ်တဲ့အတွက် အဝေးကြီးကို ပြေးမကြည့်နဲ့။

Rakhine News Group အမည်ရတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဘယ်သတင်းမှာမှ မတက်လာသေးတဲ့ မောင်တောမြို့က စာသင်ကျောင်းကို မွတ်ဆလင်တွေ မီးရှို့ပစ်ပါတယ်လို့ မနေ့ကပဲ သတင်းတင်တာကိုပဲ အရင်ကြည့်လိုက်ပါ။ သတင်းမှန်ရင် သေချာနေရင် ဒီအအချိန်မှာ ပလူပျံသလို ဖြစ်နေလောက်ပါပြီ။

လုပ်ကြံသတင်းဖြန့်တဲ့ထဲမှာ ဦးဝီရသူဟာ သူ့အုပ်ထိန်းသူတွေလိုပဲ အင်မတန်တော်ပါတယ်။ သင်္ဃန်းဝတ်ထားသူမို့ သူ့လိမ်စကားတွေဟာ ပိုထိရောက်ပါတယ်။ မန္တလေးကို မုဒိမ်းလုပ်ကြံသတင်းနဲ့ မီးလောင်တိုက်သွင်းဖို့ အကြီးအကျယ်ကြံစည်ပေမယ့် သူ အရေးယူမခံရပါဘူး။ ခုလည်း ဘာမှ မဟုတ်တဲ့ လုပ်ကြံသတင်းတွေကို နေ့စဉ် ပြောကြားရင်း ပြည်သူကြားမှာ လှည့်လည်သွားလာ အမုန်းတရားဖြန့်ချီခွင့်ကို ကားတ၀ီဝီနဲ့ သွားလာခွင့် ပေးထားဆဲပါ။

လက်မည်းကြီးတွေရဲ့ သားရင်းသမီးရင်းတွေဟာ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့အတွက် ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပါ။ မလိုအပ်ဘဲ ခရီးမထွက်ပါနဲ့။ အပျော်ခရီးလိုမျိုး ရှောင်သင့်ပါတယ်။ နောက်ဆုံးအဆင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးမိတ်ဆွေတွေနဲ့ သာမန်စကားပြောတာကအစ သတိထားဖို့ အချိန်ရောက်နေပြီလို့ပဲ သတိပေးချင်ပါတယ်။ ဒီမိုးရာသီကျော်တာနဲ့ အဖြေမထွက်လို့ မရတော့ပါဘူး။

ဒီကြားထဲမှာ မရ ရအောင် တစ်နည်းနည်းနဲ့ ဆွဲလှည့်ပါလိမ့်မယ်။ လုပ်စရာကလည်း ဒီတပေါက်တည်း ကျန်ပါတော့တယ်။ မနေ့က ရန်ကုန်တက္ကသိုလ်ထဲမှာ မွတ်ဆလင်ဆန့်ကျင်ရေးစာရွက်တွေကို ဖြန့်ဝေသွားတာကိုပဲ ကြည့်ပါ။ နေရာမရွေး အချိန်မရွေး မပေါက်ကွဲ ပေါက်ကွဲအောင် တမင် လုပ်ဆောင်နေတာကို သိသိကြီးနဲ့ ရှောင်တတ်ကြဖို့ သတိလေးတော့ လိုပါလိမ့်မယ်။

ဘာသာပေါင်းစုံက မိတ်ဆွေတွေအနေနဲ့လည်း ဒီနှစ် နိုဝင်ဘာမှာ လက်ထဲရောက်လာမယ့် အခွင့်အရေးတစ်ခုကို အပျောက်မခံပါနဲ့။ မျက်ခြေပြတ်မခံပါနဲ့။ နောက် ခြောက်လအတွင်း ကိစ္စပြတ်အောင် လုပ်နိုင်တဲ့အခွင့်အရေး ရှိနေပါပြီ။

အားလုံး သတိရှိရှိ ကာကွယ်မှသာ လက်မည်းကြီး အမည်ခံ အစိမ်းရောင်တပ်သားတွေရဲ့ လှည့်ကွက်တွေထဲမှာ မျောမပါသွားဘဲ လိုရာခရီးရောက်နိုင်ပါလိမ့်မယ်။

ဖတ်ပြီးရင်လည်း အများသိအောင် ပြန်ဖြန့်ပေးစေချင်ပါတယ်။

… မြန်မာပြည်သူ ပြည်သားတွေ .. အထူးသဖြင့် … ရခိုင် ပြည်နယ်က လူတွေ သတိထားဖို့ပါ။ သတင်းကတော့ အတည်တော့ မပြုနိုင်ပါဘူး။ အတည်ပြုနိုင်ဖို့ကလည်း မလွယ်ဘူးလေ။ ဒါပေမယ့် သိရတဲ့ သတင်းတွေအရ .

.. ရခိုင်ဘက်မှာ ကုလားရုပ်နဲ့ လူတွေကို စုစည်းပြီး … မွတ်စလင်ပုံစံ ပုံမှားရိုက်ပြီး ပြဿနာတွေ ဖန်တီးဖို့ လေ့ကျင့်သင်တန်းပေးနေတယ် ဆိုတဲ့ သတင်းပါပဲ။ အာဏာမြဲဖို့ ဘာမဆို လုပ်မယ့် လူတွေရှိနေချိန်မှာ မလုပ်ဘူးလို့ မပြောနိုင်တာကြောင့် … သတိထားကြဖို့ပါ။ အကြမ်းဖက်တာတွေ ရှိလာရင် ဥပဒေနဲ့ အညီဖြေရှင်းနိုင်ဖို့ရယ်ပါ။ ဒါ့အပြင် …

– အွန်လိုင်းကနေ မုဒိန်းမှု၊ ကလေးပြန်ပေးစွဲမှု၊ မြန်မာမိန်းကလေးကို မွတ်စလင်က သတ်မှု စသဖြင့် အမှုတွေကို စနစ်တကျ ဖွနေတာရယ်၊ … နောက်ဆုံး ဗွီဒီယို အဖြစ်ထုတ်ဖို့ လုပ်နေတာတွေတောင် ရှိတာရယ်

.. ဝီရသူရဲ့ ရခိုင်ပြည် ခရီးအပါအဝင် တိုင်းရင်းသား ဒေသတွေကို သွားရောက် မွှေနှောက်ခဲ့တာတွေရယ်

– ရွေးကောက်ပွဲ နီးလာတာရယ်

– အဖက်ဖက်က နိုင်ငံရေး ဖိအား၊ စစ်ရေးဖိအားတွေ များလာတာရယ်

စတာတွေ ပေါင်းရင် … အန္တရာယ်ကြီးတဲ့ ယမ်းအိုးကြီးလို ဖြစ်နေတယ် ဆိုတာကို သတိကြီးကြီးထားနိုင်ဖို့ပါ။

ဘာမှ မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် တစ်ခုခု ဖြစ်လာရင် .. ဒေသခံ ပြည်သူတွေပဲ … လူမျိုးမရွေး၊ ဘာသာမရွေး .. အသက်ဆုံးရှုံးတာ၊ ဘဝပျက်တာ၊ စီးပွားပျက်တာ၊ ထောင်နှစ်ရှည်ကျတာ စတဲ့ လူမှု့ဒုက္ခတွေခံစားရမှာ ဖြစ်ပါတာကြောင့် သတိကြီးကြီး ထားကြဖို့ .နှိုးဆော်ရပါတယ်။

ကိုထိုက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: