တော်တော် တရားကျဖို့ ကောင်းတဲ့ တိုင်းပြည်

တော်တော် တရားကျဖို့ ကောင်းတဲ့ တိုင်းပြည်
*******************************-
သီတာထွေး-မုဒိန်း အကျင့်မခံခဲ့ရဘူး
အစိုးရကရော မီဒီယာတွေကပါ မုဒိန်းအကျင့်ခံခဲ့ရတယ်လို့ ပြောတယ်
တတိုင်းတပြည်လုံးက ဝိုင်းယုံပေးလိုက်ကြတယ်

ရိုဟင်ဂျာအိမ်တွေ လုယက် ဖျက်ဆီး မီးရှို့ခံရတယ်
ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးနဲ့ရှို့တယ်လို့ အစိုးရနဲ့ မီဒီယာတွေကပြောတယ်
တတိုင်းတပြည်လုံးက ဝိုင်းယုံပေးလိုက်ကြတယ်


မေယုခရိုင်မှာ ရိုဟင်ဂျာတွေရဲ့သမိုင်း နှစ်ပေါင်းထောင်နဲ့ ချီပြီးရှိခဲ့တယ်
မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာဘယ်တုန်းကမှမရှိပါဘူးလို့ အစိုးရကပြောတယ်
တတိုင်းတပြည်လုးံရော မီဒီယာတွေပါ ယုံလိုက်ကြတယ်

မိတ္ထီလာမှာ ရွှေဆိုင်ကို ရွှေအတုလာရောင်း ပြသနာဖန်တီးပြီး တမြို့လုံးကိုအကြမ်းဖက်လိုက်ကြတယ် ကလေးသူငယ်တွေအများကြီး အသတ်ခံလိုက်ရတယ်
ဦးသောဘိတ(ဗလီလာဖျက်သူ ဘုန်းကြီးအတု)ကို သတ်လိုက်လို့ ပြသနာဖြစ်ရတာပါ လို့ အစိုးရကပြောတယ်
တတိုင်းတပြည်လုံးရော မီဒီယာတွေပါ ယုံပစ်လိုက်တယ်

မြန်မာတနိုင်ငံလုံးမှာ ထောင်နဲ့ချီတဲ့ အပြစ်မဲ့ မွတ်စလင်တွေ အဖမ်းခံနေရ အနှိပ်စက်ခံနေရတယ်
ဘယ်သူကမှ မတရားပါဘူးလို့ မပြောကြဘူး

ကျောင်းသားတွေ ဆန္ဒပြတာကို ပုဒ်မမျိုးစုံတတ်ပြီး ဖမ်းထားတော့ ‘အခု ချက်ချင်း လွှတ်’ တဲ့

ဦးနေဝင်း လုပ်သမျှအလုပ် ပြဌာန်းခဲ့သမျှ ဥပဒေ ဘာတခုမှမကောင်းဘူး လက်မခံဘူး
‘၈၂ နိုင်ငံသားဥပဒေကိုတော့ သေတောင်လက်မလွှတ်ဘူးတဲ့

လက်ပတန်းမှာ ကျောင်းသားလူငယ်တွေ မတရားအရိုက် ခံခဲ့ကြရတယ်
သမ္မတကြီးက ရဲတွေအရိုက်ခံရလို့ ပြန်ရိုက်ရတာပါ လို့ ပြောတယ်
တနိုင်ငံလုံးက မယုံကြဘူး
ဝိုင်းကန့်ကွက်နေကြတယ်

ဟောဒီနိုင်ငံကတော့လေ

တော်တော်တရားကျဖို့ ကောင်းတဲ့နိုင်ငံ

တော်တော် တရားကျဖို့ ကောင်းတဲ့ တိုင်းပြည် ပါဘဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: