Htin Lin Oo *-+သမ္မတ–လုပ်မလို့**-+

24-3-2015 ချောင်းဦးတရားရုံး ။ရုံးချိန်းမှာ ဆရာထင် လင်း ဦး ရွတ်ဆိုခဲ့တဲ့ကဗျာ ကို
စာသားဖြင့်တင်ပေးလိုက်ပါတယ်။

*-+သမ္မတ–လုပ်မလို့**-+
================
*ပြည်သူ ဆန္ဒ မ ပါ တဲ့

အာဏာ ရှင် အ ခြေ ခံ ဥ ပ ဒေ နဲ့

ပြည်သူ တွေ တင် မြှောက် တဲ့ အ စိုး ရ -လို့

ခပ် တည်တည် ပြောလို့ရတဲ့ နိုင် ငံ မှာ

လစာ ရရ–မ ရ ရ

သမ္မတ ဖြစ် ကြည့် ချင် တယ်။

**ကိုယ့်ဆရာ တွေနဲ့ ကိုယ်

ကိုယ် နဲ့ ကိုယ့် လူ တွေ

တိုင်းပြည်ကိုထင် ရာ စိုင်းခဲ့သမျှ

ဒါဏ်ရာတွေဗလပွ ကို

ကိုယ်ကပဲ စေတနာ ကောင်းတွေနဲ့

တည်ဆောက်ထူထောင်ပေးနေရသလိုမျိုး

မျက်နှာပိုးသေ သေ နဲ့

ပြောလို့ ဟောလို့ ရတဲ့

သမ္မတ ဖြစ်ကြည့်ချင်တယ်။

+မတရား သိမ်းပိုက်ခံရတဲ့

လယ်ယာမြေ ပြန်ရဖို့

ဆန္ဒပြ ပြည်သူကို တန်းစီထောင်ချ
လောင် မီးကျ ဗုံးနဲ့ပစ်

ခေါင်းပွင့် အောင်ပစ်လို့ ရ

ပြီး မှ တစ်လ တစ်ခါ

မိ ဘ ပြည်သူများ ခင် ဗျာ လို့

မ ခို့ တ ရို့ လေး ယဉ်ကျေးပြ

အဲဒီလို သမ္မတဖြစ်ကြည့် ချင်တယ်။

+အစိုးရတလွဲလုပ်သမျှ

ပြည်သူ မခံချိကြ

ရုန်းကန်ဆန္ဒပြတာတွေကို

အ ကြောင်းမရှိ အ ကြောင်းရှာ

ဆူပူနေကြတာလိုလို

တိုင်းပြည် မငြိမ်သက်အောင်

တ မင် လုပ် ဆောင် နေကြသလိုလို

အမူပိုဝါဒဖြန့် လို့

ဆွေးနွေး အ ဖြေ ရှာဘို့မစဉ်းစား

ပေးပြီးသားစကား ကတိ မတည်

မတရားဥ ပ ဒေ နဲ့အညီ

ကျောင်းသား နဲ့ ပြည်သူကို

ပိုပို လျှံ လျှံ အင် အားသုံး

နှမ လင်ကိုယောက်ဖ အမုန်းမျိုး နဲ့

ရိုက် ဟဲ့ နှက် ဟဲ့နဲ့ဖမ်းဆီးပြီးကာမှ–

နိုင် ငံ တကာစံနှုန်းတွေနဲ့ အညီ

ကာကွယ်တဲ့အ နေ နဲ့လုပ်ရတာပါလို့

ဗလာချည် မျက်နှာပြောင်တိုက်လို့ရတဲ့

တိုင်းပြည် ရဲ့ သမ္မတ

ခဏ လေး ဖြစ်ဖြစ်

ဖြစ်ကြည့် ချင်လှတယ်။။++

++မိန်း မ ရေ

ရော့ –သည်မှာ ငါ့ ရဲ့

ခံစားတတ်တဲ့ နှလုံးသားနဲ့

ချင့် ချိန်စဉ်းစားဆုံးဖြတ်တတ်တဲ့ ဦး ဏှောက်

ခ ဏ လောက်သိမ်းထားပေးကွယ် –နော်။ ။

ထင် လင်း ဦး(Wisdom Villa) “ှ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: