လူကောင်း သူကောင်းတွေလို တည်တည်တန့်တန့် လုပ်ပြလိုက်စမ်း ပါဗျာ-ဗခမက မအလ ရာ (Min Aung Hlaing)

Maung Maung Skw commented on Hmuu Zaw‘s photo.

အများကြီးမျှော်လင့်ပါတယ်
(တဖက်က တိုင်းရင်းသားခေါင်းဆောင်တွေပါလို့)
ယုံကြည်စိတ်ချမှုမရှိပါဘူး
(စစ်တပ်ကလူတွေနဲ့ ညှိရတာမို့လို့)

စိတ်မဆိုးနဲ့ မသမာတဲ့သူတွေမို့ မကောင်းထင်မိတာကို-


ကျွန်တော်တို့ သံသယတွေပျောက်သွားအောင်
ကျွန်တော်တို့ အထင်တွေ မှားသွားအောင်
ကျွန်တော်တို့ အတွေးတွေ လွဲသွားအောင်

ကျွန်တော်တို့က အမြဲမကောင်းမြင်တတ်တဲ့ လူဆိုးတွေ ဖြစ်သွားအောင် တခါလေးလောက်ဖြစ်ဖြစ် လူကောင်း သူကောင်းတွေလို တည်တည်တန့်တန့် လုပ်ပြလိုက်စမ်း ပါဗျာ-ဗခမက မအလ ရာ

(ဗိုလ်ချုပ်ဂွမ်မော်တို့ရေ သတိတော့ထား ကျောင်းသား လေးတွေတော့ အဲ့ဒီလို သဘောတွေတူပြီးတော့မှ စွမ်းအားရှင်လူတွေ စွမ်းအားရှင်ရဲတွေရဲ့ နံပါတ်ဒုတ်စာ မိသွားတာဘဲ)

သမိုင်းကို တစ်ကယ်ရေးကြပြီ

ဒီကနေ့ NCA မူကြမ်း အချက်အားလုံးကို သဘောတူညီနိုင်ခဲ့ပြီ ဆိုတဲ့ သတင်းဟာ အနှစ်နှစ်အလလ မက်ခဲ့တဲ့ အိပ်မက်ကို မထင်မှတ်ဘဲ ပက်ပင်းတွေ့လိုက်ရသလိုပါပဲ။

NCA မူကြမ်းမှာ အခန်းပေါင်း (၇) ခန်း၊ စာပိုဒ်ပေါင်း (၃၃) ပိုဒ်၊ စာပိုဒ်ခွဲပေါင်း (၈၆) ပိုဒ် ပါရှိတယ် လို့ သိရပါတယ်။

အမှန်အတိုင်း ပြောရရင် ကာလရှည်ကြာလာခဲ့ပြီး အီလာတဲ့ ဒီစားပွဲဝိုင်းတွေကို လူထု မျှော်လင့်ချက် လျော့ကျလာခဲ့တာ အမှန်ပါပဲ။

စိတ်ဝင်စားသူ အတော်များများဟာလည်း ဒီတစ်ကြိမ် နောက်ဆုံးဖြစ်နိုင်တယ်၊ နောက်ဆုံးဒီအကြိမ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ထပ်တူကျဖို့ မလွယ်ဘူး ဆိုပြီး တွက်ချက်ထားခဲ့ကြတာပါ။

သမိုင်းကို တစ်ကယ် ရေးလိုက်ကြပြီလား။

သမိုင်းကို အလှည့်အပြောင်း လုပ်လိုက်ကြပြီလား။

မယုံကြည်နိုင်ခြင်းများစွာကို လက်တွေ့ ပြသလိုက်ပြီလား။

မဖြစ်နိုင်ဘူး ဆိုတဲ့ ကမ္ဘာကျော် ငြိမ်းချမ်းရေးပညာရှင်တွေ တက်တက်စင်လွဲအောင် လုပ်လိုက်ပြီလား။

ဘာပဲ ဖြစ်ဖြစ် …

ပါဝင်ဆွေးနွေးသူအားလုံး..

သက်ဆိုင်သူ အားလုံး…

ခေါင်းဆောင်များအားလုံး..

မြန်မာနိုင်ငံသားအားလုံးအတွက်..

ကွန်ဂရက်ကျူလေးရှင်း ဆိုတဲ့စကားကို အံ့သြခြင်းကြီးစွာနဲ့ ပြောနေမိတာလည်း အမှန်ပါပဲ။

ဒါဟာ သမိုင်း ဖြစ်ခဲ့ပါပြီ။ ဒီနိုင်ငံရဲ့ သမိုင်းမှာ တံခါးသစ်ကို ဖွင့်ပစ်လိုက်တာပါပဲ။

အတိတ်သမိုင်းတွေကို လည်ပြန်ကြည့်၊ လက်ညိုးထိုး၊ မဆုံးနိုင်တဲ့ ပြစ်တင်ဝေဖန်မှုတွေကို ကျောခိုင်းပြီး သမိုင်းကို ပြောင်းပြန်လှန်ပစ်လိုက်တာ လို့ ဆိုရင် မမှားပါဘူး။

ကျေးဇူးတင်ပါတယ်။ လေးစားပါတယ်။ တစ်ကယ်ကိုပဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ် ဆိုတဲ့အကြောင်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါရစေ ခင်ဗျား ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: