တရား ဆိုပြီး ဟောချင်တိုင်း မဟောပါနဲ့ ..မတရားတာကို လက်ပိုက်ကြည့်မနေမယ့်သူတွေ အများကြီး

တရားဆိုပြီး ဟောချင်တိုင်းမဟောပါနဲ့..
မတရားတာကို လက်ပိုက်ကြည့်မနေမယ့် သူတွေအများကြီး ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Cho Tu Zal’s status.

ဗျတ်ဝိ ဗျတ္တ ဇာတ်လမ်း ကို ဟောပြောလို့ …
အဲဒီဇာတ်လမ်းနဲ့ကို မှီပြီး၊ ကျနော့်အမြင်ကို ပြောပြချင်ပါသေးတယ်။

အဲဒီ ဇာတ်လမ်းကို စ လယ် ဆုံးသေချာပြန်ဖတ်လေ၊ သစ္စာမဲ့တဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ကိုခါးသီးမုန်းတီးလေပါ။သူ့ဖါသာ တိုင်းတပါးကရောက်လာတဲ့လူမျိုးခြားဖြစ်စေ၊ ဒီတိုင်းပြည် ဒီရေမြေမှာ ဒီပြည်သားအနေနဲ့ခံယူ ဒီပြည်အတွက် စစ်တောင် ၀င်တိုက်
ပြီးနေလာတဲ့ သူတွေ၊ အာဏာအတွက်ကြောင့်ကြပူပင်စိတ်နဲ့ သတ်ဖြတ်ခဲ့တယ်။

ငါးရာ့ငါးဆယ် နိပါတ်ထဲမှာ တောထဲမျက်စိလည် လမ်းမှားလို့ ပခုံးပေါ်တင်ပြီး မြို့ရွာရောက်အောင် ဆောင်ကြဉ်းပေးတဲ့ မျောက်ကြီးကို လမ်းမှတ်မိတာနဲ့ခေါင်း
ကို ကျောက်ခဲနဲ့ထုသတ်တဲ့ ပုဏ္ဏားယုတ်ရဲ့ ကျေးဇူးကန်းပုံဟာ ဒေ၀ဒတ်ဖြစ်မယ့်
ပုဂ္ဂိုလ်ကျူးလွန် ခဲ့တာ။ အမျိုးအားဖြင့် နိမ့်ကျတဲ့ တိရစ္ဆာန် ဖြစ်နေပါစေ ..
ခေါင်းက သွေးစက်လက်နဲ့ သစ်ပင်ပေါ်ကနေ အဲဒီလို လွန်ကျူးတဲ့ ပုဏ္ဏားကို
လမ်းဆုံးထိ ပို့ပေးခဲ့တဲ့လုပ်ရပ်ဟာ နောင်တချိန်မှာ ခင်ဗျားတို့ကျနော်တို့
ခု ကိုးကွယ်နေတဲ့ ဂေါတမမြတ်စွာဘုရား အလောင်းရဲ့ လုပ်ရပ် ပါ။

သူတထူး၏ကျေးဇူးကို သိတတ်သော၊ ဆိုတတ်သောသူသည် ဘုရားအမှူးပြုသော
သူတော်ကောင်းတို့၏ ချီးမွန်းရာ ဖြစ်၏ဆိုတာ မြတ်စွာဘုရားဟောခဲ့တဲ့တရားပါ။

လွန်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲတွေက စ၊ ၆၂ တွေ၊ ၇၄ တွေမှာ မြန်မာပြည်သား
မွတ်စလင်တို့ ဘယ်လိုပါဝင်ခဲ့တယ် ဆိုတာတွေဟာ သမိုင်းမှတ်တမ်းမှတ်ရာတွေ
ခဏထား၊ဟောဒီ ၈၈ မှာ ကျနော်တို့နဲ့အတူ မွတ်စလင်ရဲဘော်ရဲဘက်တွေ
ဟိုး အစကတည်းက ပါခဲ့တယ်။

မန္တလေး ၈၈၈၈ အစမှာ စင်ပေါ်တက်ပြီး တရား စ ဟောခဲ့တာ၊ စပစ်လို့ စစချင်း
သေခဲ့တာ မွတ်စလင်တွေ။ မြေနီကုန်း ဇွန် ၂၁ ရက်နေ့ ဓမ္မာရုံလမ်းထိပ်မှာ –
ပစ်တော့လည်း မွတ်စလင်တွေပဲ။

ဘယ်တုန်းကမှ ကိုယ့်ဆိုင်ကပစ္စည်းသိမ်းပြီး အိမ်ထဲမှာပုန်းမနေခဲ့တဲ့ နိုင်ငံသားတွေပါ။
မတရားတဲ့ အာဏာရှင်ကို ကျနော်တို့နဲ့ လက်ရည်တပြင်တည်းအတူ တော်လှန်ခဲ့တဲ့
သူတွေ။

ကျနော် မြိတ်မှာ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ကို စ ထူထောင်စဉ်မှာ ကံဖျားက မွတ်စလင်တွေ အဲဒီ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အများကြီးကို ပူးပေါင်းပါဝင်ခဲ့ကြတယ်။

ရင်ဖုံးအင်ကျီလေးတွေနဲ့၊ တိုက်ပုံလေးတွေနဲ့ မွတ်စလင်လေးတွေ၊ကုလားလေး
တွေက မြန်မာပြည်သားစိတ်ဓါတ်အပြည့်နဲ့ ဒီမိုကရေစီ တိုက်ပွဲကို ၀င်ခဲ့တယ်။
ကျနော်က သူတို့ရဲ့ အကိုကြီးတယောက်အနေနဲ့(အများစုက အထက်တန်း
ကျောင်းသူကျောင်းသားလေးတွေ) ဘုရားကြီးဆိုတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး
ကျောင်းမှာ ဒီမိုကရေစီသင်တန်းပေးတဲ့အခါ၊ ဆရာတော်ကို ဂါရ၀အပြည့်နဲ့
နေထိုင်ပြီး သင်တန်းတက်ရောက်ခဲ့တယ်။

နောက်ဆုံး ကျနော်အဖမ်းခံရပြီး လွတ်လာတဲ့အခါမှာ အဲဒီကလေးတွေဟာ
ဗုဒ္ဓဘာသာ လူငယ်လေးတွေနဲ့အတူ ကျနော့်ရန်ကုန်ပြန်ခရီးကို လိုက်ပို့ရင်း
မြိတ်လေဆိပ်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအတိုင်း ကန်တော့ခဲ့တယ်။

မြိတ်ထောင်ထဲမှာလည်း အခသ သမဂ္ဂကျောင်းသားလေး နှစ်ယောက်ဟာ
မွတ်စလင်လေးတွေ။

ဒီလိုတောက်လျှောက် တိုက်ပွဲဝင်လာခဲ့တဲ့ ရဲဘော်ရဲဘက်တွေကို မွတ်စလင်တွေ
ကြီးစိုးတဲ့ပါတီ၊ မွတ်စလင်တွေ အာဏာရကုန်မယ် စသဖြင့် ဘာသာရေး၊ လူမျိုးရေး ကျဉ်းမြောင်းမှုတွေနဲ့ လှုံ့ဆော်ဟောပြော ပုတ်ခတ်သစ္စာမဲ့တာလောက် တရားမဲ့တာ မရှိတော့ဘူးလို့ပဲ မြင်တယ်။ ဒီမိုကရေစီစနစ်မှာ ဘယ်သူ့ဘယ်သူမှ အာဏာကို ကိုင်ထားလို့မရပါဘူး။ ပြည်သူကို အမှန်တကယ်ကိုယ်စားမပြုရင် ဒီနေ့မပြုရင်
ဒီနေ့ ဖြုတ်ချလို့ရပါတယ်။

အိန္ဒိယမှာ- အင်မတန်မှ ဟိန္ဒူကြီးစိုးတဲ့ အိန္ဒိယမှာ မွတ်စလင်ဝန်ကြီးချုပ်တွေ၊
သမ္မတတွေ တက်လာတာ အိန္ဒိယနိုင်ငံသားတွေရဲ့ ပြည့်ဝမှု၊ တရားမျှတမှုကို
မြတ်နိုးမှုကို ပြသတာပါ။ကိုယ့်လူမျိုးဟာ ကိုယ့်လူ့အဖွဲ့အစည်းဟာ တရားတဲ့ လူ့အဖွဲ့အစည်းလား၊ ဘုရားဟောနဲ့ညီတဲ့ မျှတတဲ့လူအဖွဲ့အစည်းလား ..
ဒေ၀ဒတ်လမ်းကို လျှောက်နေ၊ ဟောပြောလှုံ့ဆော်နေတဲ့ လူ့အဖွဲ့အစည်း
ဖြစ်နေသလားလို့ ကိုယ့်ဖါသာပဲ ဆင်ခြင်ကြည့်ကြစေချင်တယ်။

တရား ဆိုပြီး ဟောချင်တိုင်း မဟောပါနဲ့။
မတရားတာကို လက်ပိုက်ကြည့်မနေမယ့်သူတွေ အများကြီး။

ချိုတူးဇော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: