မတရားနှိပ်စက်ပြီးအခိုင်းခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာတွေကို အင်ဒိုနီးရှားအစ္စလာမ် အာဏာ ပိုင်တွေက ဘေးကင်းစေဖို့ဆောင်ရွက်ခဲ့ကြတယ်…

အင်ဒိုနီးရှားလို အစ္စလာမ် နိုင်ငံမျိုးမှာ မတရားနှိပ်စက်ပြီးအခိုင်းခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာတွေကို အင်ဒိုနီးရှားအစ္စလာမ် အာဏာ ပိုင်တွေက ဘေးကင်းစေဖို့ဆောင်ရွက်ခဲ့ကြတယ်…

(ဒီနေရာမှာ…ဗုဒ္ဓဘာသာမြန်မာအစိုးရဆိုရင်…ဘာလုပ်မလဲ…စဉ်းစားကြည့်စေချင်ပါတယ်)

အင်ဒိုနီးရှားလို နိုင်ငံမျိုးမှာ မတရားနှိပ်စက်ပြီးအခိုင်းခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာတွေကို အင်ဒိုနီးရှား အာဏာ
ပိုင်တွေက ဘေးကင်းစေဖို့ဆောင်ရွက်ခဲ့ကြတယ်…

လူဦးရေအင်မတန်များတဲ့ အစ္စလာမ်နိုင်ငံကြီးတနျိင်ငံဖြစ်တဲ့အင်ဒိုနီးရှားအစီုးရနဲ့ လက်ရှိမြန်မာနိုင်ငံအစီုးရတို့ရဲ့
ဆက်ဆံရေးလည်းအင်မတန်ချောမွေ့ကောင်းမွန်ကြတယ်…

ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံသားအချို့က ဗုဒ္ဓဘာသာ
ဝင်တွေဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားအချို့နဲ့ မြန်မာ
နိုင်ငံသားအချို့ကို အင်းဒိုနီးရှားနိုင်ငံပိုင်နက်ထဲက ကျွန်း
အချို့မှာ မတရားချုပ်နှောင်နှိပ်စက်ပြီး ခိုင်းစေခဲ့ကြတယ်…

မလေးရှားလို အစ္စလာမ်နိုင်ငံမှာ မြန်မာ၊ကမ္ဘောဒီးယား၊
ထိုင်း၊နီပေါ အစရှိတဲ့လူမျိုးတွေလာရောက်လုပ်ကိုင်နေကြတယ်၊မလေးအစိုးရနဲ့ပြည်သူတွေကလည်းလက်ခံထားပြီးထိုက်သင့်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ
ဖန်တီးပေးထားကြတယ်…

မလေးအစိုးရနဲ့ လက်ရှိမြန်မာအစိုးရဆိုလည်း အင်မတန်
သင့်တင့်ကြတယ်…

လက်ရှိမြန်မာအစိုးရရဲ့ ထိပ်ပိုင်းက လူကြီး တွေဆိုရင်လည်း မြန်မာမွတ်စလင် လုပ်ငန်းရှင်ကြီးတွေနဲ့စီးပွားရေးဖက်စပ်တာတွေ၊စီပွားရေးလုပ်ငန်းလိုင်စင်ကြီးတွေ
ချပေးထားမူ့တွေရှိ နေကြတယ်…

အားလုံးကအဆင်ပြေချောမွေ့စွာဆက်ဆံကူးလူးပေါင်း
သင်းနေကြတာပါပဲ…

ဒါပေမဲ့ ဘာသာရေးကိုအကြောင်းပြပြီး တိုင်းပြည်တွင်းမှာ
ဆူပူမူ့တွေဖြစ်အောင်၊သေကြေပျက်စီးဆုံးရှုံးမူ့တွေဖြစ်အောင်လှုံဆော်နေသူတွေ၊ဦးဆောင်နေသူတွေကြပြန်တော့လည်းကျွန်တော်တို့မြန်မာအစီုးရက လက်သပ်မွေးထားသလို ထင်ရလောက်အောင်ကို လှစ်လျုရှုပြီး
အခွင့်အရေးတွေပေးထားကြပြန်တယ်…

Fb စာမျက်နှာတွေပေါ်မှာ မတူညီတဲ့ ဘာသာ၂ဖက်က
လူအချို့ဟာလည်း ဘာသာရေးစစ်ပွဲကြီးပဲ နက်ဖန်၊သ
ဘက်ခါထဖြစ်တော့မယောင်ပြောဆိုနေကြသလိုတဖက်နဲ့တဖက်၊တဦးနဲ့တဦးဆဲဆိုကြိမ်းမောင်းနေကြတယ်…

အဲ့ဒီအကျိုးဆက်တွေအဖြစ် မြန်မာပြည်တွင်းမှာရှိနေတဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်စိမ်အချို့ပျက်ဆီးဆုံးရှုံးခဲ့ကြရတယ်၊ဓားစာခံတွေဖြစ်ခဲ့ကြရတယ်….တိုင်းပြည်နစ်နာရတာပါပဲ….

အဲ့ဒီအကျိုးဆက်တွေကြောင့်ပဲ မလေးရှားနိုင်ငံမှာရောက်
နေကြတဲ့ လုပ်သားတွေထဲကအချို့ မျက်စိသူငယ်နား
ူငယ် ကလေးတွေ အသက်သေခဲ့ကြရပြန်တယ်၊အသတ်ခံကြရပြန်တယ်၊ဓားစားခံတွေဖြစ်ခဲ့ရပြန်တယ်၊
တိုင်းပြည်အတွက်ဆုံးရှုံးရပြန်တာပါပဲ….

ဖြစ်ပျက်ခဲ့သမျှတွေဟာ ကိုးကွယ်ရာဘာသာတွေနဲ့ လား
လားမှမပါတ်သက်ပါဘူး…

ကျူးလွန်သူတွေနဲ့သာ သက်ဆိုင်တာပါ….

မည်သည့်ဘာသာဝင်တွေထဲမှာမဆိုယုတ်ညံ့တဲ့သူတွေ
ရှိနေတတ်တာပါ…

မည့်သည့်အစီုးရအဖွဲ့အစည်း…

မည်သည့်လူမျိုး…မှာမဆို ယုတ်ညံ့ရက်စက်တတ်တဲ့သူတွေရှိနေတတ်တာပါ….

အောက်ခြေမှာ…

ဒီလိုတွေသာဖြစ်ခဲ့၊ပျက်ခဲ့ ကြပေမဲ့…

ဒီလိုတွေသာဖြစ်နေ၊ပျက်နေပေမဲ့…

အထက်မှာပြောခဲ့သလို မြန်မာနိုင်ငံတွင်းမှာမီးထိုးခဲ့သူ
တွေ…

လမ်းဖွင့်ပေးခဲ့သူတွေ…

ဟပေးခဲ့သူတွေ…

တဖက်နဲ့တဖက်သံသယတွေကြီးထွားပြီး
ဒီမိုကရေစီကိုရှေ့ရှုပြီးသွားခြင်နေကြသူတွေရဲ့
အင်အားတွေအစိတ်စိတ် အမွှာမွှာဖြစ်သွားအောင်
ဖန်တီးခဲ့ကြသူတွေကတော့…

ယနေ့အထိ…

အပြုံးမပျက်…

ခရီးဆက်…

လက်ဆွဲနုတ်ဆက်နေကြဆဲပဲဆိုတာတော့
သိကြစေခြင်ပါတယ်….

အိမ်ကြက်ခြင်းအိုးမဲသုတ်ခံထားကြရတယ် ဆိုတာ
သိပြုမိကြစေခြင်တာပါပဲခင်ဗျား…………။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ အောင်(နီလိုင်း)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 6.4.2015

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: