Dilemma of Islamophobia in Myanmar

IF DASSK and NLD win….Myanmar Military and USDP would increase their Anti-Islam activities through their lap dogs Ma Ba Thas to discredit the new government. As Military, Home Affairs and Border Affairs are not under the new gov…DASSK led NLD could not protect Muslims.

IF USDP and Military continue to rule, BY HOOK OR BY CROOK, Ma Ba Thas will become megalomaniacs and proud and would increase their activities…

So it is important that UN, US, EU OIC etc…NEED to declare that they knew that Myanmar Gov IS COMMITTING CRIMES AGAINST HUMANITY and severely warned them and impose sanctions. And request Myanmar Gov to allow ICC Investigators.

အစွန်းရောက် အမျိုးသားရေးဝါဒ အားကောင်း လာတော့

အစိုးရ ရော ဒေါ်စု လိုအတိုက်အခံတွေရော NLD တွေပါ

တခါ ရှစ်ပူးလို ကျောင်းသား အုပ်စုတွေ နဲ့ အတိုက်အခံ

တွေပါ သူတို့အခေါ်လက်ငင်းအန္ဒရာယ် ကြည့်ပြီး စည်းလုံး

သွားကြလေတယ်။

သူတို့သတိမထားမိတာနဲ့ မလေ့လာမိတာက

လင်နောက်လိုက်ဖူးရင် အပျိုပြန်မဖြစ်ဖူး ဆိုတာရယ်

ဟစ်တလာl ဘောမန်း lမီလိုဆီဗစ်တို့ ကာရာဒစ်တို့ ရဲ့

လူတမြုံတခေါင်းကြီး အရေးယူခံရတဲ့ သမိုင်းကြောင်းတွေပဲ။

“By hook or by crook” is an English phrase meaning “by any means necessary”, suggesting that one need not be concerned with morality or other considerations when accomplishing some goal. The phrase is very old, first recorded in the Middle English text Controversial Tracts by John Wyclif in 1380.[1]
en.wikipedia.org

6 Responses to “Dilemma of Islamophobia in Myanmar”

  1. drkokogyi Says:

    Twal Har
    29 mins ·

    ပြန်စဉ်းစားကြည့်တော့ ကျုပ်တို့ အဖြစ်က ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတယ်။

    အကယ်လို့ ၂၀၁၅ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ NLD နိုင်သွားခဲ့မယ်ဆိုရင် မြန်မာစစ်တပ်နဲ့ ကြံ့ဖွတ်က သူတို့အခုလက်ရှိသုံးနေတဲ့ မွတ်စလင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေကို လက်သုံးတော်တာဝန်ခွေးတွေကို အသုံးချပြီး အရှိန်တိုးမြှင့်လုပ်ဆောင်ကြမှာ မလွဲမသွေပါပဲ။ စစ်အစိုးရလက်ပါးစေ မဘသ ဟာလည်း အစိုးရအဖွဲ့သစ်ကို လက်သစ်မခံပဲ အုံကြွမှုတွေလုပ်ဆောင်လာနိုင်ပါတယ်။ စစ်တပ်တို့ ပြည်ထဲရေးတို့ကလည်း အစိုးရသစ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ လွတ်ကင်းမှာဖြစ်တာကြောင့် ဒေါ်စုအနေနဲ့လည်း လူနည်းစုတွေကို ထိရောက်စွာကိုင်တွယ်နိုင်လိမ့်မယ်ဆိုတာ သံသယရှိပါတယ်။

    အကယ်လို့ စစ်တပ်ကြီးစိုးတဲ့ကြံ့ဖွတ်က ဆက်လက်အနိုင်ရသွားမယ်ဆိုရင်တော့ လက်ရှိမှာ တံခိုးထွားနေတဲ့ သူတို့ရဲ့လက်ပါးစေ မဘသ တွေက အင်အားကြီးထွားလွန်းမက ကြီးထွားလာနိုင်သလို အဖျက်အမှောင့်လုပ်ရပ်တွေကိုလည်း တနိုင်ငံလုံးပြဲပြဲစင်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။

    ဒီပိုစ်ရဲ့ အိုင်ဒီယာကတော့ Dr. Ko Ko Gyi ပါ။ သူရေးတဲ့ Comment တစ်ခုကို မှီငြမ်းပါတယ်။

    နိုင်ငံရေးလမ်းကြောင်း တစ်ခုလိုအပ်နေပါပြီ။

    မွတ်စလင်တွေဘာလုပ်မလဲ?

  2. drkokogyi Says:

    Although I wrote in the post :
    “So it is important that UN, US, EU OIC etc…NEED to declare that they knew that Myanmar Gov IS COMMITTING CRIMES AGAINST HUMANITY and severely warned them and impose sanctions. And request Myanmar Gov to allow ICC Investigators.”

    I don’t think that International community and UN would act as…

    (1) they have their own agenda to exploit from Myanmar Government,
    (2) There are more urgent, serious and bigger issues in other parts of the world,
    (3) Muslim extremism/terrorist is more important than Buddhist extremism/terrorism
    (4) Amount of causality is still lower
    (5) The returns or profits they could get back is smaller
    (6) They are scared of 600 thousand Bama Buddhist soldiers and similar amount of monks plus BRAIN-WASHED Rakhine and Bama Racists
    (7) even the so called opposition is also “turned over” or brain-washed to become BIGOTS.
    (8) They wish to wait and see, at least whether their (un)democratic icon (sic) and NLD would be allowed to govern Myanmar….etc.
    (9) And OIC led Muslim governments all over the world are selfish cowards who mind their own business interests.

  3. drkokogyi Says:

    Ni Lynn>>> ဒီချုပ်နိုင်ရင် တပ်အားကိုးနဲ့ ပိုထကြွသောင်းကျန်းလိမ့်မှာဘဲ။ ဒါ့ကြောင့် ဖွတ်ကိုမဲပေးရင်လဲ ညှာလိမ့်မယ်တော့ မထင်နဲ့ဗျာ။ ကြောက်လို့မဲပေးခါမှ ပိုဆိုးလိမ့်မယ်။

    Saifullah Zaid>>> 100% right bro

    Twal Har>> ဖွတ်ကိုမဲပေးဖို့တော့ ယောင်လို့တောင်မစဉ်းစားဘူးဘူး အကို။ @Ni Lynn ထွက်ပေါက်ပိတ်နေတဲ့ ကိုယ်တွေအဖြစ်ကို သုံးသပ်ကြည့်နေတာပါ။

    Ilyas Meah>>> ဖြစ်နိုင်ချေကတော့ ကြံဖွတ်နိုင်ရင် နဲနဲ သက်သာမယ် ထင်တယ် ဘာလို့လဲ ဆိုတော့ ဒီနိုင်ငံက ဒီမိုကရေစီ နဲ့  မတန်သေးဘူး မရင့်ကျက်ဘူး NLD မှာက အပေါ်ပိုင်းလူကဘဲ ပညာတတ်ပြီး အောက်ခြေကလူတွေ အများစုက ပညာမတတ်ဘူး ဘလိုမှ အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘူး အကောင်းဆုံးက စစ်တပ် အုပ်ချုပ်တာဘဲ သူတို့ အာဏာမြဲဖို့ ဘုန်းကြီးတောင် မလွတ်ဘူး စစ်တပ်အုပ်ချုပ်တုန်းက အပ္ပနားအများကြီး တိုးတက် သွားတယ် ဘာလို့ ခုဒီလိုလုပ်လဲဆိုတော့ စားတုန်းကစားပြီး ဒေါ်စုလဲ လာရော အားလုံး ကို့ပိုက်ဆံထုတ်ပြီး ပွဲ အပျက် ခံ လိုက်တော့ လွတ်သွားတယ်လို့ ကျနော် အမြင်ကို တင်ပြတာပါ

    ထိုင်ကြည့်နေရအောင် ကျုပ်တို့က ဒီနိုင်ငံသားတွေလေဗျာ။ နိုင်ငံတစ်နိုင်ငံရဲ့ အပြောင်းအလဲဆိုတာ ရွေးကောက်ပွဲက ရာခိုင်နှုန်းပြည့်နီးပါးသက်ဆိုင်တယ်

    ခေတ် မင်း ခ>>> လောလောဆယ်တော့ ဒေါ်စုကို အားမရကြတာ တိုင်းရင်သား ဘာသာခြား ဗကသ ကျောင်းသား အချို့နဲ့ တချို့တချို့တွေပါများလာတယ်။ တကယ်တော့ ဒီလူအားလုံးဟာ တခဲနက် ဒေါ်စုကို စဉ်ဆက်မပြတ် အားပေးလာတဲ့သူတွေဖြစ်တယ်။ ၂၀၁၂ နောက်ပိုင်း နိုင်ငံရေးအရွေ့မှာ ဒေါ်စုဟာ ဖွတ်အစိုးရထက် အနည်းငယ် စည်းရုံးနိုင်မှု စွမ်းရည်ကျဆင်းလာတာ တွေ့ရတယ်။ သို့သော်ငြားလည်း ကျနော်တို့အတွက် လောလောဆယ် နိုင်ငံရေးအရ ရွေးစရာလမ်းဟာ ဒေါ်စုဘက်ကရပ်ဖို့ပဲ။ နောင်ဖြစ်လာမှာကတော့ အဖြူအမဲ သဲကွဲပီဆို ရဲရဲကြီး ချဲရမှာပဲ မှားတဲ့ဘက် ရပ်တဲ့သူကို ဘယ်သူဖြစ်ဖြစ် ။ ဖွတ်အစိုးရကတော့ ဒီတသက် နွေနေ့လည်တရေးနိုးအိပ်မက်မှာတောင် ရွံလို့ အန်မိမှာပါ။

    Ni Lynn>>> ကြံဖွတ်နိုင်ရင် နဲနဲ သက်သာမယ် ထင်သူတွေလဲ ရှိသေးသကိုး။ ဒီလိုပါဘဲ တိုင်းရင်းသားပါတီတချို့လဲကြံ့ဖွံ့နဲ့ မဟာမိတ်ဖွဲ့ရင် ကိုယ်ကျိုးစီးပွါးတော့ မထိခိုက်ဘူး ပြည်မကြီး ဘာဖြစ်ဖြစ်လို့ တွေးတယ်။ တကယ်တော့ အာဏာရှင်က ကုလားရော ဗမာပါ တိုင်းရင်းသားလဲမချန် ဘယ်သူ့မှ ညှာမှာ မဟုတ်ဘူး။

    Twal Har >>>ကျနော်ရေးဘူးတဲ့ ပိုစ်ထဲက တပိုဒ်ချင်းပြန်တင်ကြည့်မယ်
    ——-
    တချို့မွတ်စလင်တွေ စိတ်ဓာတ်ကျကျနဲ့ပြောကြတယ်။
    “စစ်အစိုးရ သန်းရွှေတို့ခေတ်တုန်းကတောင် ငါတို့မွတ်စလင်တွေ ဒီလောက်ဒုက္ခမရောက်ဘူး။ အာဏာသိမ်းရင်လည်း မြန်မြန်သိမ်းပါတော့။ NLD တွေ ၈၈ တွေလုပ်မနေနဲ့။ စစ်တပ်အာဏာပြန်သိမ်းပြီးတာနဲ့ သူတို့လိုချင်တာရပြီးသွားပြီဆိုရင် ငါတို့တတွေ အေးဆေးဖြစ်သွားပြီ” တဲ့။

    စိတ်ဓာတ်ကျကျနဲ့ မခံစားနိုင်တော့တဲ့အဆုံး ပွင့်အန်ကျလာတဲ့စကားတွေပေါ့ဗျာ။
    ဒီလိုပြောလည်းပြောချင်စရာပဲလေ။ ရွေးကောက်ပွဲကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ ပြုပြင်ပြောင်းလဲရေးတို့လုပ်မယ်ဆိုပြီးအာဏာရလာခဲ့တဲ့ ဦးသိန်းစိန်ရုပ်သေးအစိုးရအုပ်ချုပ်တဲ့ ၂၀၁၂ခုနှစ်ကနေစပြီး မွတ်စလင်တွေအပေါ်အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေက ပုံစံအမျိုးမျိုးနဲ့ ဆိုးဆိုးဝါးဝါးတွေဖြစ်လာခဲ့တယ်။ မွတ်စလင်တွေအပေါ် ဖြစ်သလို ကြုံရင်ကြုံသလိုအကြမ်းဖက်တာမဟုတ်ပဲ နည်းစနစ်ကျကျအကြမ်းဖက်တာမျိုးဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ နည်းစနစ်ကျကျ အမြစ်ပြတ်အောင်သုတ်သင်တဲ့ အခုနိုင်ငံတကာကသတ်မှတ်ထားသလို “Slow Burning Genocide” လုပ်နေတာခမြ။
    အဆိပ်ကိုတစ်ခွက်ထဲအပြည့်ထည့်တိုက်ပြီးသေသွားတာ ရုပ်သိပ်ပေါက်လွန်းတယ်မဟုတ်လား။ တစ်နေ့နည်းနည်းချင်းကျွေးပြီးအသက်တိုပြီးစောစောသေသွားရင် လူသိပ်မရိပ်မိဘူးလေ။ အဲဒီလမ်းကြောင်းကိုသွားနေတာ။ အခုအနေအထားအရ စစ်တပ်အာဏာပြန်သိမ်းတယ်ဆိုပါစို့။ ပြည်သူအယုတ်အလတ်မရွေး နင်းပြားဘ၀၊ ဂုပ်သွေးစုပ်ခံဘ၀ကိုပြန်ရောက်သွားမှာသေချာတယ်။ အားလုံးတန်းတူညီတူပြန်ခွဲခြားဆက်ဆံတာခံရလိမ့်မယ်။ ဒါပေမယ့် မွတ်စလင်တွေအတွက်ပိုဆိုးလိမ့်မယ်။ အရင်စစ်အစိုးရလက်ထဲမှာ လူမျိုးရေးဘာသာရေးအခြေခံပြီးစနစ်တကျဖွဲ့စည်းထားတဲ့ မဘသ ၉၆၉ လိုအဖွဲ့အစည်းမျိုးမရှိသေးဘူး။ အဲဒီတုန်းက သံဃာတွေနဲ့လည်း စစ်အစိုးရတည့်တာမဟုတ်ဘူး။ အခုမှာတော့ စနစ်တကျ သံဃာသင်းခွဲပြီး မွတ်စလင်ဆန့်ကျင်ရေးနဲ့ အာဏာရပါတီထောက်ခံရေးကိုလုပ်ဖို့ သင်္ကန်းခြုံတွေကိုလက်သပ်မွေးခဲ့တယ်။ ထေရ်ကြီးဝါကြီးဆရာတော်တွေရှိရဲ့သားနဲ့ ဦးဝီရသူကို ဦးအောင်သောင်းတို့ ဦးခင်ညွှန့်တို့ ချဉ်းကပ်ခဲ့တာကိုကြည့်ရင် ဘာကြောင့်လဲဆိုတာ အရိပ်အမြွက်လောက်တော့ သိနိုင်မှာပါ။

    ဒီတော့ပြောချင်တာက စစ်အာဏာပြန်သိမ်းသွားပြီဆိုရင်လည်း မွတ်စလင်တွေပိုခံရဖို့ပဲရှိတယ်။ ၉၆၉ မဘသ ကတော့ နိဂုံးချုပ်သွားဦးမှာမဟုတ်ဘူး။ သက်ဆိုးရှည်လိမ့်မယ်။ အမည်းအောင်သောင်းလိုလူတွေက ရှက်ရမ်းရမ်းပြီး ပိုကြမ်းလိမ့်မယ်။ ဒီတစ်ခေါက်အာဏာရှင်က ဘာနဲ့မှမတူအောင် ရိုင်းလိမ့်မယ်။ စနစ်တကျနဲ့ နေရှင်းစတိတ်ဆိုတာကြီးကိုတည်ဆောက်၊ အစွန်းရောက်အမျိုးသားရေး နာဇီလက်သစ်ဝါဒကိုရိုက်သွင်းထားတဲ့ အနေအထားကြီးနဲ့ စစ်အာဏာသာ ဆက်သိမ်းခဲ့မယ်ဆိုရင်တော့ … လား… လား… မတွေးဝံ့စရာနော်။
    အခုလက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အများဆုံးစတေးလိုက်ရတာက မွတ်စလင်တွေ။ အသက်ရော၊ ပစ္စည်းဥစ္စာရော၊ ဗလီဝတ်ကျောင်းတွေရော။ ဒါပေမယ့်လည်း မွတ်စလင်တွေကို စာနာနားလည်စိတ်ပေါက်ပြီး လက်တွဲခေါ်ဖို့ဝေးစွ။ ဝေးရာကိုကန်ထုတ်ချင်နေကြတယ်။

    ဂျာမဏီမှာနာဇီကြီးစိုးသွားတော့ ဂျူးတွေကိုတရားဝင်သတ်ခွင့်၊ မောင်းထုတ်ခွင့်ရှိလာသလို မြန်မာပြည်မှာ စစ်အာဏာ တကျော့ပြန် ကြီးစိုးလာရင် နာဇီလမ်းကြောင်းအတိုင်း မောင်းသွားလိမ့်မယ်။ အရင်ကထက် အဆပေါင်းများစွာဆိုးဝါးလွန်းတဲ့ မွတ်စလင်တွေအတွက် ကပ်ဘေးကြီးတစ်ခုဆိုက်တာနဲ့ အလားသဏ္ဍန်တူလိမ့်မယ်။ စစ်အာဏာသိမ်းမှုကိုအားပေးအားမြှောက်လုပ်တဲ့ အနားကို အရိပ်တောင် မသီစေနဲ့။ လက်ရှိစစ်ဘောင်းဘီချွတ်ပြီး သမ္မတတို့၊ ၀န်ကြီးတို့၊ လွှတ်တော်တို့လိုနေရာတွေမှာ အခန့်သားတက်ထိုင်နေတဲ့ စစ်ဘီလူးတွေကို အ၀တ်စားဆက်ချွတ်ဖို့ပဲစဉ်းစားကြပါ။ စစ်ဘောင်းဘီပြန်ဝတ်ဖို့အတွက်အားမပေးကြပါနဲ့လို့ …
    ကျနော်စစ်အစိုးရကို ရွံမုန်းသူပါဗျာ။

  4. drkokogyi Says:

    Maung Maung Skw
    9 hrs · Edited ·

    မြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် များဟာ အခက်ခဲ အကြပ်တည်းဆုံးအခြေအနေကို ရင်ဆိုင်နေရပါ တယ်

    လက်ရှိအချိန်မှာကို နေ့စဉ်နဲ့ အမျှ ခြိမ်းခြောက်ခံရမှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရပါတယ်

    ၂၀၁၅ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ချယ်လှယ်ပြီး အနိုင်ရရေးမျှော်မှန်းချက်နဲ့ ကြံ့ဖွတ်အစိုးရဟာ မဘသ တို့ လိုအဖွဲ့အစည်းတွေ နေမျိုးဝေတို့လို လူလွန်မသားတွေ ကို ပြောင်ပြောင်တင်းတင်း အကာအကွယ်ပေးပြီးတော့ ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်လျက် ရှိနေပါတယ်

    အတိုက်အခံပါတီဝင်တွေကလဲ မျက်ကန်းမျိုးချစ်တွေဖြစ်နေ ပြီးတော့ မဘသ နောက်လိုက်တွေဖြစ်နေပါတယ်

    အတိုက်အခံခေါင်းဆောင်ကိုယ်တိုင်က မဲရှိရေးသက် သက်ကိုသာကြည့်ပြီး လုပ်စားနိုင်ငံရေးသမားလေသံ ဖမ်းလို့ ဖြစ်ခဲ့ပြီးသမျှကိုဘဲ တရားမျှတသယောင် စကား ဆိုနေပါတယ်

    မွတ်စလင်တွေအတွက်ကတော့ လက်ရှိအခြေအနေတွေက ပြင်းထန် ကျပ်တည်းထိတ်လန့်နေရသလို ၂၀၁၅ ရွေး ကောက်ပွဲအပြီးမှာလဲ ငြိမ်းချမ်းသွားဘွယ် မမြင်ပါဘူး

    လက်ရှိအာဏာရ ကြံ့ဖွံ့ ပဲ အာဏာဆက်ရမယ်ဆိုရင်
    လက်ရှိသူတို့အာဏာရှိရေးအတွက် ကူညီပေးနေတဲ့ မဘသ နဲ့ ကလေကချေများကို ထိန်းသိမ်းနိုင်မှာ မဟုတ် ပဲ အခြေအနေတွေပိုဆိုးလာဖို့ပဲ ရှိပါတယ်

    အကယ်၍များ ကြံ့ဖွံ့ က အနည်းစုလေးဘဲ အနိုင်ရခဲ့ပြီး
    NLD က အများစုအနိုင်ရလို့ အစိုးရဖွဲ့နိုင်ခဲ့ရင်လဲ အခြေ အနေက ကောင်းလာစရာမရှိပါဘူး

    စစ်တပ်နဲ့ ကြံ့ဖွံ့ ဆိုတာကသီးခြားစီမဟုတ်ပါဘူး တဖွဲ့ထဲ တခြံထဲပေါက် ပုလင်းတူ ဗူးဆို့တွေပါ

    အဲ့ဒီတော့ ကာချုပ်ကကိုင်ထားတဲ့ စစ်တပ် ပြည်ထဲရေး တွေအားကိုးအားထားပြု ပြီး မဘသတွေက NLD ဘာမှ လုပ်မရအောင် ကောင်းကောင်း ဒုက္ခ ပေးနေမှာပါ

    အဲ့ဒီတော့ မွတ်စလင်တွေအပေါ် ရန်ရှာမှုတွေရပ်တန့် သွားအောင် အခွင့်အရေးဘယ်မှာရှိတုန်း ကြည့်ရအောင်

    UN, US, EU, OIC အစရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေ နိုင်ငံတွေက မြန်မာအစိုးရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို တကမ္ဘာလုံးက သိရှိ နေကြောင်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ကြေငြာပေးရပါမယ်

    မြန်မာနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့မှုတွေ တင်းတင်း ကျပ်ကျပ်ချမှတ်သင့်ပါတယ်

    မြန်မာအစိုးရ အပေါ်ဖိအားပေး တောင်းဆိုပြီး နိုင်ငံတကာတရားရုံးမှ စုံစမ်းစစ်ဆေးသူများကို စေလွှတ်သင့်ပါတယ်

    ပြစ်မှုကျုးလွန်ခဲ့သူ စာရင်းကိုထုတ်ပြန်ပြီး တရားခံများကို နိုင်ငံတကာ တရားရုံးသို့ လွှဲပြောင်းပေးအပ်ရန် ဖိအားပေး တောင်းဆိုသင့်ပါတယ်

    အထိရောက်ဆုံးကတော့ ပြသနာကြီးထွားစွာ ဖြစ်နေတဲ့ နေရာဒေသတွေကို ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တွေချထားပြီး ပဋိပက္ခ တွေမဖြစ်ပွား အောင် တားဆီးသင့်ပါတယ်

    ဒါပေမဲ့ ဒါပေမဲ့ ဒါပေမဲ့

    UN အစရှိတဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေက

    ( ၁)သူတို့မှာ မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရအတွက်သီးခြား အစီအစဉ်များချမှတ်ထားပြီးဖြစ်နေခြင်း

    (၂)မြန်မာနိုင်ငံထက် ပိုမိုအရေးကြီးတဲ့ ပိုမိုအရေးပါတဲ့ ပိုမိုကြီးမားတဲ့ ပြသနာတွေဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ အခြား နေရာက ပြသနာတွေကို ဦးစားပေး လုပ်ကိုင်နေရခြင်း

    (၃)ဗုဒ္ဓဘာသာအစွန်းရောက်တွေထက် အစ္စလာမ်ဘာ သာအစွန်းရောက်တွေက ပိုမိုအန္တရာယ်ရှိသည်ဟု ထင်နေခြင်း

    (၄)မွတ်စလင်တွေ တိုင်းရင်းသားတွေ အနိုင့်အထက်ပြု ကျင့်ခံရတာ အသတ်အဖြတ်ခံရတာ အရေအတွက် နဲနေ သေးသည်ဟု ထင်မြင်နေခြင်း

    (၅)မြန်မာနိုင်ငံကနေ သူတို့ ပြန်လည် ရရှိနိုင်သော အကျိုး အမြတ်နဲနေခြင်း

    (၆)အင်အား ၆သိန်းလောက်ရှိတဲ့ မြန်မာ့တပ်မတော် -သူနဲ့ အင်အားမတိမ်းမယိမ်းရှိတဲ့ ဘုန်းကြီးအင်အား- ဥာဏ်ပညာ နိမ့်ပါးလှတဲ့ အစွန်းရောက် ရခိုင်နဲ့ ဗမာ မျိုးချစ် မျိုးညစ်တွေရဲ့ အင်အား တွေကို ရင်ဆိုင်ရမှာ ကြောက်ရွံ့နေခြင်း

    (၇)ဒီမိုလို့အမည်ခံထားတဲ့ အတိုက်အခံများရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ အချိန်မရွေး အစွန်းရောက်များဖြစ် သွားနိုင်ခြင်း

    (၈)သူတို့ အထင်ကြီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်များ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီး အစိုးရ ဖွဲ့ နိုင်လိမ့်မလားလို့ ထင်နေခြင်း

    (၉)OIC အဖွဲ့ဝင်တွေအပါအဝင် အခြားမွတ်စလင်နိုင်ငံ ခေါင်းဆောင်များဟာ သူရဲဘောကြောင်တဲ့ ကိုယ်ကျိုး ရှာသူများဖြစ်နေကြခြင်း

    ———-တွေကြောင့် မြန်မာမွတ်စလင်တွေရဲ့အရေးဟာ မျှော်လင့် ချက်မဲ့နေပါတော့တယ်

    အဲ့ဒီတော့ မြန်မာမွတ်စလင်တွေရဲ့အရေးဟာ မြန်မာမွတ် စလင်တွေဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဆောင်ရွက်ကြရ တော့မဲ့ အခြေအနေကို ရောက်နေပြီလား

    လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို လုံးဝ လက်မခံ ကြတဲ့သူတွေက မိမိကိုယ်မိမိ ကာကွယ်နိုင်ရေးအတွက် ငါတို့မှာ သေနတ်ကလေးရှိရင်တော့ ဒီလို နိုင့်ထက် စီးနင်း အလုပ်ခံရမှာမဟုတ်ဘူးလို့ စဉ်းစားလာမိနေပါပြီ

    ဒီအချိန်မှာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်များရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် စဉ်းစားပေးဖို့တာဝန် ဟာ အာစီယံနိုင်ငံတွေရဲ့ တာဝန်ဖြစ်လာပါပြီ

    မြန်မာနိုင်ငံဟာ အာစီယံနိုင်ငံတွေထဲမှာ အရေးပါတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်

    မြန်မာနိုင်ငံထဲမှာ မတည်မငြိမ်တွေဖြစ်လာရင် အာစီယံရဲ့ အခြားအရေးပါတဲ့နိုင်ငံတွေမှာလဲ ရိုက်ခတ်မှုတွေ ကြုံတွေ့လာရမှာ မလွဲပါဘူး

    အချိန်တွေက အလျှင်အမြန် ကုန်ဆုံးနေပါပြီ

    သည်းခံတယ်ဆိုတာဟာလဲ အတိုင်းအတာတခုရှိပါတယ်

    အသေအခြာ စဉ်းစားကြဖို့ အချိန်တန်ပါပြီ-။

  5. drkokogyi Says:

    Phyu Win ဖစ်နိုင်မယ်ဆိုရင်ပေါ့လေ Muslimနိုင်ငံရေးအင်အားစုတခုရှိစေချင်တယ်
    muslimတွေကသာmuslimတွေအတွက်စဉ်းစားမှာ ကျန်တဲ့ဘယ်သူကမဆို
    ကိုယ်တွေကိုချနင်းမှာချည်းပဲ အာ့ကြောင့်nldသောဘာသောလည်း
    အားမထားဘူးလူထုခေါင်းဆောင် လည်းမယုံဘူး ကြံ့ဖွတ်ကတော့ရွံပီးသား
    အတိုက်အခိုက်တွေသိပ်များမယ်ဆိုတာသိပေမယ့်လည်း
    မွတ်စလင်အင်အားစုတခုရှိစေချင်တယ် ရသင့်တဲ့အခွင့်အရေးရအောင်ယူဖို့
    muslimကိုယ်စားလှယ်တွေ လိုချင်မိတယ် ဦးရွှေမောင်တို့လို
    ကိုယ့်muslimထဲက လူတွေ ထပ်ပြီးလွတ်တော်ထဲရှိနေစေချင်တယ်
    ခက်ခဲပြီးအရမ်းအတိုက်အခိုက်များမယ်ဆိုတာသိပေမယ့်
    ဒိလိုကကိုယ်တွေအတွက်အဖြေ တခုဖြစ်လာနိုင် မလားလို့ ပါ
    အချိန်တော့အများကြီးရင်းရအုန်းမှာပေါ့ ခုကတော့ ဘော်လီဘောဖြစ်ဆဲပါပဲ

  6. drkokogyi Says:

    Aung Tin
    9 hrs · Edited ·

    တပည့်တော်တို့ မွတ်စလင်တွေမှာတော့

    ဘုန်းကြီးက ဈေးဝယ်ပြီး ပိုက်ဆံမပေးလဲ မတောင်းရဲ

    ဆိုင်မှာ ဘုန်းပေးပြီး ထသွားလည်း မပြောရဲ

    ကားစီးပြီး ကားခမပေးရင်လည်း မဟရဲ

    လမ်းလျှောက်နေရင်း ဘုန်ကြီးက ဆွဲရိုက်သွားရင်လဲ မတိုင်ရဲ

    အိမ်ပေါ်တက်လာပြီး အလှူခံရင်လည်း မငြင်းရဲ

    မင်းတို့ကုလားတွေ ပြသနာတက်သွားချင်လားလို့ ငေါက်ရင်လည်း မလှုပ်ရဲ

    ဒေါသထွက်နေသော လူအုပ်ကြီးက အစ၊ ဆယ်အိမ်ခေါင်းအဆုံး

    ရန်သူမျိုး ဘယ်နှစ်ပါးလည်း မရေတွက်နိုင်တော့ပါဘူး ဦးဇင်းရယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: