ရွေးကောက်ပွဲနီးမှ ရေငုတ်ပြီး ချီးပါသော NLD

ရွေးကောက်ပွဲနီးမှ ရေငုတ်ပြီး ချီးပါသော NLD

ဒီဆောင်းပါးမှာ လက်မဲတွေအကြောင်းကို ကျနော်အဓိကထား ပြောမှာ မဟုတ်ဘူး။ လက်ဖြူကနေ လက်မဲဖြစ်သွားတဲ့ အခြေအနေကိုသာ အလေးထား ဆွေးနွေးမှာဖြစ်တယ်။

၂၀၁၃ခု ဇန္နဝါရီလမှာ ဦးတင်ဦးနဲ့တွေ့တော့ NLD ပါတီဝင်တွေ တစ်နိုင်ငံလုံးက ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုတွေ၊ အဓိကရုန်းတွေမှာ အတိအလင်းတစ်မျိုး၊ နောက်ကွယ်ကတစ်သွယ် ပါဝင်ပတ်သက်နေတဲ့ သတင်းအချက်အလက်တွေကို တင်ပြခဲ့တယ်။ ပါတီစည်းကမ်းအရ၄င်း၊ တည်ဆဲဥပဒေများအရ၄င်း ပါတီဝင်တွေ မလုပ်သင့်တဲ့အလုပ်တွေဖြစ်လို့ လူမျိုးရေး ဘာသာရေး အမုန်းပွား လှုံ့ဆော်မှုတွေမှာ ပါတီဝင်တွေ မပါဝင်ကြဖို့ ပါတီဌာနချုပ်က တားမြစ်စာ ထုတ်ပြန်ပေးဖို့ တင်ပြခဲ့တယ်။

ဦးတင်ဦးက ဒါလုပ်သင့်တယ်။ အမှုဆောင်ကိုတင်ပြီး စာထုတ်ပေးမယ်လို့ ပြန်ပြောခဲ့တယ်။ စာမထွက်လာပါဘူး။ (ဦးတင်ဦးက အင်မတန် ရိုးသားဖြူစင်ပါတယ်။ ယနေ့အထိ လေးစားလျှက်ပါ။)

၉၆၉အကြမ်းဖက် လှုံ့ဆော်မှုတွေ အမြင့်ဆုံးဖြစ်နေတဲ့၂၀၁၃ခု ဖေဖော်ဝါရီလ(ခန့်မှန်း)မှာရိုက်တာသတင်းထောက်က ပါတီဝင်တွေ ၉၆၉ရဲ့ အကြမ်းဖက် လှုံ့ဆော်မှုတွေမှာ ပါနေတာကို အထောက်အထားနဲ့ပြပြီး မေးတော့ ဦးညာဏ်ဝင်းက ၉၆၉က လူမှုရေးအဖွဲ့ဖြစ်လို့ ပါတီဝင်တွေ လွတ်လွတ်လပ်လပ် ပါခွင့်ရှိတယ်လို့ ဖြေခဲ့တယ်။ သဘောကတော့ ပါတီဝင်တွေကို လူမျိုးရေး ဘာသာရေး အမုန်းတရား လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေ လုပ်ခွင့်ရှိတယ်လို့ ဗြောင်ခွင့်ပြုလိုက်၊ မြှောက်ပေးလိုက်တာဖြစ်တယ်။

၂၀၁၃ မတ်လမှာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ မိတ္ထီလာအကြမ်းဖက်မှုကြီး ဖြစ်ခဲ့တယ်။ ခလေးတွေကို အရှင်လတ်လတ် မီးရှို့သတ်တာအပါအဝင် မိန်းမတွေ အပါအဝင် လူရာဂဏန်းလောက် အသတ်ခံရတယ်။ သောင်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်။ အိမ်တွေ ထောင်ချီပြီ အဖျက်ခံ၊ အရှို့ခံ၊ အလုခံရတယ်။ ရှိ ရှိသမျှ ပလီတွေလည်း အကုန်လောက် ဖျက်ဆီးခံခဲ့ရတယ်။ ဒီမိတ္ထီလာ အကြမ်းဖက်မှုကြီး မဖြစ်ခင်ကတည်းက NLD ပါတီဝင်တွေနဲ့ ရှစ်လေးလုံး အဖွဲ့ဝင်တွေ လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါ်ထင်ထင် လုပ်နေကြတာကို သိသိကြီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လစ်လျူရှုနေခဲ့ကြတယ်။ (မိတ္ထီလာမြို့နယ် NLD ဥက္ကဌကိုယ်တိုင် ပါဝင်ပတ်သက်တဲ့ စွပ်စွဲချက်တွေလည်း ကြားမိတယ်။)

၂၀၁၃ခု ဧပြီလမှာ ဘာသာရေးပညာ သင်နေသော ခလေးတွေ ညအိပ်နေတဲ့ ၄၈လမ်း(ဗိုလ်တထောင်)ပလီ မီးရှို့ခံရတယ်။ ခလေး(၁၃)ယောက် အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရတယ်။ အာဏာပိုင်တွေက ပလီတာဝန်ရှိသူတွေကို ပါးစပ်ပိတ်ထားရင် ပလီပြန်ဖွင့်ခွင့်ပေးမယ်။ ပါးစပ် မပိတ်ရင် ပလီကို ချိတ်ပိတ်ပြီး အကုန်အဖမ်းခံရမယ်လို့ ခြိမ်းခြောက်တဲ့အတွက် တာဝန်ရှိသူတွေက ပါးစပ်ပိတ်ထားရတယ်။ လျှပ်စစ်ဝါယာရှော့ဖြစ်လို့ မီးလောင်ရတယ်ဆိုပြီး ပလီဆရာနှစ်ယောက်ကို ပေါ့ဆမှုနဲ့ မတရားနှစ်ရှည် ထောင်ချလိုက်တယ်။

မီးလောင်ကျွမ်းရာ ဗလပွဖြစ်နေတဲ့ပလီကို လက်စလက်နပျောက်အောင် နေ့ချင်းညချင်း အမြန်ဆေးသုတ်ပြီး ချက်ချင်းပြန်ဖွင့်ပေးတာ စစ်အာဏာရှင်သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ အစဉ်အလာဘဲ။

တစ်ကယ်တန်းသာ ပေါ့ဆမီးဖြစ်ခဲ့ရိုးမှန်ရင် ဘာပြောကောင်းမလဲဗျာ။ ပလီဂေါပကတစ်ဖွဲ့လုံးကို ဖမ်းပြီး ထောင်ချမဲ့အပြင် ပလီကိုလည်း ရာသက်ပန် ချိတ်ပိတ်လိုက်မှာကို ဦးနှောက်ရှိတဲ့လူတိုင်း သိကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် နိုင်ငံတကာသံရုံးတွေကပါ အလန့်တကြား သတိပေးကြေညာချက်တွေ ထွက်လာတော့မှ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက နိုင်ငံရေးပါတီတွေ အားလုံးကို ဆင့်ခေါ်ပြီး လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ သူ့မှာရှိနေတယ်။ ပါတီတာဝန်ရှိသူတွေက အချိန်မီ ထိန်းပါ။ မထိန်းရင် ပါတီတွေကို အရေးယူမယ်ဆိုပြီး ခေါ်ကြိမ်းပါတယ်။ ဘယ်ပါတီမှ ကျနော်တို့ပါတီဝင်တွေက လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေမှာ မပါဘူးလို့ ပြန်ပြောရဲတာ မကြားမိဘူး။

လူထုပါတီကြီးဖြစ်တဲ့ NLDက ဘာပြောတယ်ထင်သလဲ။ အဲဒီတွေ့ဆုံပွဲကို မီဒီယာ(RFA ထင်တယ်)က မေးတော့ ဦးညာဏ်ဝင်းက ဝန်ကြီးချုပ် ဦးမြင့်ဆွေ စွပ်စွဲတာ မှန်ပါတယ်တဲ့ဗျာ။ မမှန်ဘူး။ ကျနော်တို့ NLD မပါဘူးလို့ မငြင်းနိုင်ခဲ့ရှာဘူး။ (ဝန်ခံတဲ့သူက မရှက်ပေမဲ့၊ ကြားရသူတွေအဖို့တော့ နားရှက်စရာပါတင်မက ကြက်သီးထစရာပါ။)

နောက်တစ်နေ့မှာ NLD ပါတီဌာနချုပ်က ပါတီဝင်တွေကို လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေမှာ မပါဝင်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်တားမြစ်တယ်။ တစ်နိုင်ငံလုံးမှာ အထူးသဖြင့် မိတ္ထီလာရဲ့ အကြီးအကျယ် အကြမ်းဖက်မှုကြီးတွေ ဖြစ်ပြီးနောက်မှ ရန်ကုန်ကို တစတစကူးစက်လာတဲ့ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်လို့ NLDက တားမြစ်တဲ့စာက တစ်နိုင်ငံလုံးက NLD အဖွဲ့ဝင်တွေကို တားမြစ်ထားမယ်လို့ ထင်ကြရင်တော့ အကျင့်ပျက်နေတာ ကြာပြီဖြစ်တဲ့ အနှစ်မရှိသော NLDကို အသားလွတ် အထင်ကြီးနေကြသူတွေဘဲ ဖြစ်မယ်။

တားမြစ်စာက ရန်ကုန်တိုင်းအတွက်သာ ဖြစ်ပါတယ်တဲ့ဗျာ။ ရန်ကုန်တိုင်းပြင်ပ တစ်နိုင်ငံလုံးက NLD ပါတီဝင်တွေအတွက်ကတော့ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေမှာ ပါဝင်နေတာကို လုံးဝ မတားဆီးထားပါဘူး။ ဆက်လက်ပါဝင်ခွင့် ပြုထားတဲ့သဘောဖြစ်ပါတယ်။ သူ့ထက် စုတ်ပြတ်တဲ့ပါတီ ရှိနေရင်တောင် သူ့လောက် မစုတ်ပြတ် မယုတ်မာဘူးလို့ ဆိုရမှာပါ။

ဦးသိန်းစိန်ကို ကျနော်တို့ မယုံပါဘူး။ အခုဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဦးသိန်းစိန်အစိုးရ ပါဝင်ပတ်သက်နေပါတယ်လို့ ကျနော်တို့ အများကြီး သံသယရှိပါတယ်။ သို့သော် ဦးသိန်းစိန်ဟာ နောက်ကွယ်က ဘာလုပ်လုပ်၊ တရားဝင်အားဖြင့်တော့ မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်နေတာကို အကြိမ်ကြိမ် အသိအမှတ်ပြုတယ်။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို သူ့အစိုးရကလည်း ဆန့်ကျင်ကြောင်း အကြိမ်ကြိမ်ပြောတယ်။ ပြည်သူတွေလည်း ပါဝင်ဆန့်ကျင်ကြပါလို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်။ ဦးသိန်းစိန်က နောက်ကွယ်မှာ မဟုတ်တာလုပ်နေရင်တောင် တရားဝင်အားဖြင့် အရှိတရားကို အရှိတရားတိုင်း အသိအမှတ်ပြုတာကို ထောက်ပြလိုရင်းဖြစ်တယ်။ ဦးသိန်းစိန်ကောင်းတယ်၊ မှန်တယ်လို့ ပြောခြင်း မဟုတ်ဘူး။

ဒေါ်စုအကြောင်း ပြောကြည့်ရအေင်။

ဒေါ်စုက မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ရှိနေပါတယ်လို့ တစ်ခါလောက် ပြောဘူးလား။ ရှိရင်ပြ။

လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပါတယ်လို့ တစ်ခါပြောဘူးလား။ ရှိရင်ပြ။

လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို ပြည်သူတွေ၊ ပါတီဝင်တွေ ဆန့်ကျင်ကြဖို့ တစ်ခါလောက် ပန်ကြားဘူးလား။ ရှိရင်ပြ။

လုံးဝ မရှိဘူး။

အခု ရွေးကောက်ပွဲနီးမှ အကြံအဖန်လုပ်ပြီး မိုးလွန်မှ ထွန်ချတဲ့ ၂၀၁၅ ဧပြီလ(၇)ရက်ထုတ်စာမှာတောင် ဘယ်လိုရေးထားသလဲဆိုတော့

“ပါတီဝင်များသည် နိုင်ငံတော်အရေးအခင်းများနဲ့ ကြုံတွေ့သည့်အခါတိုင်း (ဥပမာ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေး) အဖွဲ့ချုပ်အဖွဲ့ဝင်များအနေဖြင့် ဝင်ရောက်ဆောင်ရွက်ခွင့် ရှိ မရှိ၊ မည်သို့လုပ်ဆောင်ရမည် စသည်တို့ကို – – အချုပ်ကတော့ – – ပါတီညွှန်ကြားချက် ရှိရင် လုပ်။ မရှိရင် မလုပ်ကြနဲ့” (ညွှန်ကြားစာ ပူးတွဲ) မလိမ့်တစ်ပတ် ရေးထားပြန်တယ်။

ဒါ့အပြင် လူမျိုးရေး ဘာသာရေးကိစ္စများကို သူတို့ခွင့်ပြုချင်လည်း ခွင့်ပြုအုံးမယ်ဆိုတာကတော့ အတော်လေးကို လွန်သွားပြီ။

ကျနော်မှတ်မိသလောက်ပြောရရင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အကြိမ်းခံရပြီးနောက် ရန်ကုန်တိုင်းက NLDတွေအတွက် ဌာနချုပ်က ထုတ်တဲ့စာမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ပါတီဝင်တွေ မပါဝင်ဖို့ ရှင်းရှင်းလင်းလင်းရေးပြီး တားမြစ်ထားတယ်။

မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ရှိနေကြောင်းကို ဦးသိန်းစိန်အစိုးရ အပါအဝင် ကုလသမဂ္ဂ၊ ကမ္ဘာ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေ၊ ပြည်တွင်းက ပါတီ အဖွဲ့အစည်းတွေက အသိအမှတ်ပြုထားသော်လည်း –

NLDရဲ့ ယနေ့ထက်ထိ ထုတ်ပြန်ချက်တွေမှာ၎င်း၊ ဒေါ်စုရဲ့ မြောက်များစွာသော ပြောကြားချက်တွေမှာသော်၎င်း မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ရှိနေပါတယ်၊ ကာကွယ်ရမယ်၊ ဆန့်ကျင်ရမယ်လို့ အသိအမှတ်ပြုထားတာ လုံးဝ မရှိဘူး။

ဘာကြောင့်လဲ။

အချက်အလက်တွေအရ NLDပါတီမှာ လူမျိုးရေး ဘာသာရေး အမြင်ကျဉ်းမြောင်းတဲ့ အစွန်းရောက်အယူဝါဒတွေ ပါတီထိပ်ပိုင်းမှာ လွှမ်းမိုးနေပြီဆိုတဲ့ ကောက်ချက်ကလွဲလို့ တခြားကောက်ချက် ကျနော်မတွေ့တော့ဘူး။

ကျနော်တို့ လူနည်းစု မွတ်စလင်တွေအတွက်ကတော့ ပြည်ခိုင်ဖြိုးလည်း မစွံဘူး။ NLDလည်း အားထားလို့ မရဘူး။

ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းဒုတ်၊

ဒယ်အိုးထဲမှာ အချက်ခံမလား။ ခုန်ချပြီး မီးဖိုထဲမှာ အလောင်ခံမလားဖြစ်နေပြီ။

သို့သော် လူထုထောက်ခံတဲ့ ပါတီတစ်ခုက အမျိုးသားရေး အစွန်းရောက်သွားရင် လူတစ်စု အာဏာရှင်ပါတီထက် ပိုပြီး အဖျက်စွမ်းအားကြီးပါတယ်။

လူထုထောက်ခံတဲ့ပါတီ အစွန်းရောက်သွားရင် ရန်သူပျောက်သွားတယ်။ လူထုထဲကဘဲ အစွန်းရောက်သူတွေက နေ့ချင်းညချင်း ရန်သူဖြစ်လာလို့ဖြစ်တယ်။

ကမ္ဘာ့သမိုင်း သာဓကတွေ အများကြီးပါ။ ဒါကိုလည်း အလေးအနက် စဉ်းစားရပါမယ်။

ဘာသာရေးလူနည်းစုဖြစ်တဲ့ မွတ်စလင်တွေ မဟာဗျူဟာမြောက် တွက်ချက်ပြီး လက်တွေ့ နည်းဗျူဟာကျကျ ညီညီညွတ်ညွတ် လျှောက်လှမ်းကြဖို့ လိုပြီ။

2 Responses to “ရွေးကောက်ပွဲနီးမှ ရေငုတ်ပြီး ချီးပါသော NLD”

  1. drkokogyi Says:

    I heard from Mg Mg that B4 last election…Aung Thaung promised to “Tha Khin Lay”…so ordered all his sect followers to vote for USDP…

    But during the ongoing atrocities… Aung Thaung…even fail to reply his attempts to contact.

    I strongly believe that most of us should support NLD…Try to talk to them about possible back-lashes…And to promise to call UN, US, EU investigators and UN Forces …if these Bastard Generals dare to commit atrocities on Muslims to sabotage NLD Gov. IT MAY BE GOOD FOR THEM ALSO.
    To get the Muslim votes…DASSK led NLD need to give promise of calling in the UN Peace keepers IF USDP gov DARE TO COMMIT ANOTHER atrocity ON Muslims of Myanmar…For USDP IF THEY want Muslim votes…arrest Aung Thaung, Khin Nyunt, Wirathu, Nay Myo Wai and 969 Swarn Arr Shins responsible for murders and atrocities in ALL the ATROCITIES on ALL MUSLIMS around Myanmar.
    I hope and pray that WE MUSLIMS NEED TO OPENLY DEMAND to both groups. IF all of us keep on writing and demanding, officially writing letters, talk to them, write on FBs Blogs Muslim Media…even if we could not forced them to answer…THEIR denial or replies could be sent to UN, USA, EU, OIC etc….Our Muslims’ struggle and conditions would be noticed by the world.

  2. drkokogyi Says:

    Maung Maung Skw
    44 mins · Edited ·

    အပွင့်တွေဆိုင်မယ်လို့ပြောတာလေ
    အပွင့်တွေဆိုင်လိုက်တယ်လေ
    ပြီးပြီပေါ့
    အောင်မြင်တာဘဲပေါ့
    သြော်-ဘာတွေပြောကြလဲ ဟုတ်လား
    အပွင့်ဆိုင်ရတာ အဆင်ပြေလို့
    နောက်လဲ တလတခါလောက် ဆိုင်ကြမယ်လို့ ပြောပါတယ်
    …………………….
    အဲ့ဒါတွေခက်တာဘဲ
    ခင်ဗျားတို့က အကုန်သိချင်နေကြတာ
    တိုင်းပြည်အတွက် စကားပြောနေကြတာ
    ဖွဲ့စည်းပုံပြင်ရေးပါတယ်
    ရွေးကောက်ပွဲကိစ္စတွေပါတယ်
    ခေါင်းဆောင်တွေစကားပြောနေတာ
    ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ
    အေးအေးဆေးဆေးနေကြ
    ဆူဆူပူပူမလုပ်နဲ့
    မဲပေးရမဲ့နေ့ မဲပေးလိုက်ကြ
    လက်ပတ်နီတွေ
    လည်ပတ်နီတွေ
    တကိုယ်လုံးနီတွေ
    အားလုံးအဆင်သင့်ပြင်ပြီးသား
    နောက်တခါ ဆူဆူပူပူလုပ်မယ်ကြံလို့ ကတော့
    အနီဇယား၃ခုစလုံးက မိုးပေါ်ထောင်မရိုက်ဘူး
    တည့်တည့်ရိုက်မှာ
    ကျိုးအောင်ရိုက်မှာ
    ကန်းအောင်ရိုက်မှာ
    လူလဲရိုက်တတ်တယ် ကားလဲရိုက်တတ်တယ်
    အိမ်လဲမီးနဲ့ ရှို့ တတ်တယ်
    လူလဲ သတ်တတ်တယ်
    အမှောင့် ပရောဂတွေ သတိသာထားနေကြပေရော့

    အခုတော့ ခေါင်ဆောင်ကြီးတွေစကားပြောကြတာ
    ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး
    ရှင်းပြီလား-။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: